Transparency Myanmar

transparency.myanmar@gmail.com

23 Nov 2009 (China Knowledge)

          Petro China ကုမ္ပဏီ လီမိတက်၏ မိခင်အဖွဲ့အစည်းဖြစ်သော China National Petroleum Corp (CNPC) သည် တရုတ် - မြန်မာ ဆက်သွယ်မည့် ၇၇၁ ကီလိုမီတာ ရှည်သော ရေနံပိုက်လိုင်းကို စတင် တည်ဆောက်နေပြီဟု သတင်းများ ကြားသိရပါသည်။

          CNPC အရာရှိများ၏ အဆိုအရ ယခုပိုက်လိုင်းသည် ရခိုင်ပြည်နယ် မဒါးကျွန်းမှ ယူနန်ပြည်နယ် ကူးမင်းသို့ ဒါလီနှင့် ချူကောင်းကို ဖြတ်၍ ဆက်သွယ်သွားမည် ဖြစ်ပြီး အစပိုင်း၌ တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၁၂ သန်း သယ်ဆောင်မည် ဖြစ်၍ အများဆုံး တစ်နှစ်လျှင် တန်ချိန် ၂၂ သန်း သယ်ပို့နိုင်သည်ဟု သိရပါသည်။

          ထို့အပြင် ကူမင်း၌ တစ်နှစ်လျှင် တန်ချိန် ၁၀ သန်းနှင့် အထက် ထုတ်လုပ်နိုင်စွမ်းရှိသော သန့်စင်ရေးစက်ရုံ တည်ဆောက်ရေးအတွက် ဖြစ်နိုင်ချေ လေ့လာမှုများကို CNPC က ဦးစီးလုပ်ကိုင် လျက်ရှိသည်ဟု ဆိုပါသည်။

          တရုတ်နိုင်ငံသည် ကာဇက်စတန်မှ ရေနံစိမ်း တစ်နှစ်လျှင် တန် ၁၀ သန်းကျော်ကိုလည်း ပိုက်လိုင်းမှ တစ်ဆင့် ရယူမည် ဖြစ်၍ အဆိုပါ တရုတ် - ရုရှား ဆက်သွယ်မည့် ပိုက်လိုင်းကို ယခုနှစ်ကုန်တွင် စတင်နိုင်ရန် မျှော်လင့်ထားကြပါသည်။

          ၎င်းအပြင် CNPC သည် ဆူဒန်နိုင်ငံ ခါတွမ်ရှိ ရေနံစိမ်း သန့်စင်ရေး စက်ရုံကို တိုးချဲ့မွမ်းမံရန် နားလည်မှု စာချွန်လွှာကို နိုဝင်ဘာ ၂၂ ရက်က လက်မှတ် ရေးထိုးခဲ့ပြန်ပါသည်။

          တရုတ်ရေနံဘီလူးကြီးနှင့် ဒေသခံ အဖွဲ့အစည်းတို့ ၅၀% စီ ရင်းနှီးမြှုပ်နှံမည့် အထက်ပါ သန့်စင်ရေးစက်ရုံသည် ၂၀၀၀ ခုနှစ် မေလက စတင် လည်ပတ်ခဲ့ခြင်း ဖြစ်၍ တည်လျှင် ရေနံစိမ်း တန်ချိန် . သန်း သန့်စင်ထုတ်လုပ်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ တစ်နှစ်ပတ်လုံး ရေနံစိမ်း သန့်စင်ထုတ်လုပ်နိုင်စွမ်းမှာ ၂၀၀၆ ဇွန်လ တွင် တန်ချိန် သန်း အထိမြင့်တက်ခဲ့ပါသည်။

          လက်ရှိ အချိန်တွင် ဆူဒန်နိုင်ငံ၏ သန့်စင်ပြီး ရေနံ ၈၀ % ကို ထုတ်လုပ်ပေးနေပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment