Transparency Myanmar

transparency.myanmar@gmail.com

24 Nov 2009 Asia News

          ယခုနောက်ဆုံး ကုလသမဂ္ဂ အေဂျင်စီများက မြန်မာနိုင်ငံအပေါ် ပြစ်တင် ဝေဖန်မှုများသည် အသုံးမဝင်ကြောင်း National Coalition Government of the Union of Burma (NCGUB) မှ အဖွဲ့ဝင် ဒေါက်တာတင့်ဆွေက ပြောကြားလိုက်ပါသည်။ ၎င်းက ဆက်လက်ပြောကြားရာတွင် မကြာသေးမီက ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်များ၊ မြန်မာနိုင်ငံ၏ အဓမ္မ လုပ်အားပေး စေခိုင်းမှုများနှင့် ကလေးစစ်သားများအတွက် စွပ်စွဲချက်များကို ILO မှ အစီရင်ခံစာတွင် ဖော်ပြမှုများသည် လုပ်ရိုးလုပ်စဉ်များသာ ဖြစ်ပြီး မိမိတို့ တိုင်းပြည်ပြောင်းလဲမှုများ ဖြစ်ပေါ်အောင် အကျိုးသက်ရောက်မှုများ မရှိကြောင်း ထည့်သွင်း ပြောကြားသွားပါသည်။

          မြန်မာနိုင်ငံရှိ ပြည်သူများသည် ကုလသမဂ္ဂမှ သတင်းများကို စိတ်မဝင်စားကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများသည် နှစ်စဉ် လုပ်ရိုးလုပ်စဉ်များကိုသာ လုပ်နေဦးမည် ဖြစ်ပြီး၊ စစ်တပ်မှလည်း အာဏာကို ဆက်လက် ကိုင်ထားဦးမည် ဖြစ်၍ မြန်မာများသည် ကုလသမဂ္ဂကို စိတ်မဝင်စားဟု ဒေါက်တာတင့်ဆွေက ပြောပါသည်။

          ရှုတ်ချပြောဆိုမှုများ၏ အကြောင်းပြချက်များမှာ မဲပြာပုဆိုး ဖြစ်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာအကြောင်း၊ ထိန်းသိမ်းခံထားရမှု အကြောင်း၊ အဓမ္မ ရွှေ့ပြောင်းစေမှုများ၊ အဓမ္မ ပြုကျင့်မှုများ၊ ရက်စက်စွာ ညဉ်းပမ်း နှိပ်စက်မှုများ၊ လူမဆန်မှုနှင့် ခွဲခြားဆက်ဆံမှုများမှ လွဲ၍ အခြား အပြောင်းအလဲများ မရှိဟု ဆိုပါသည်။

          မြန်မာစစ်အစိုးရသည် တရုတ်၊ ရုရှား၊ လစ်ဗျား၊ ဆူဒန်၊ ဆီးရီးယား၊ အီဂျစ်၊ ဇင်ဘာဘွေ၊ ဗင်နီဇွဲလား၊ ကျူးဘားတို့၏ ထောက်ခံမှုများကြောင့် များစွာ အကျိုး ဖြစ်ထွန်းပါသည်။ အခြား အဖွဲ့ဝင်နိုင်ငံများ ဖြစ်သော အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နှင့် ဘရာဇီးတို့ကလည်း ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို သဘောမတူကြပါ။

          နိုင်ငံတကာဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို အတည်ပြုခြင်းမှာ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ပြီး စစ်အစိုးရကို စိတ်ကသိကအောက် ဖြစ်စေသည်ကလွဲ၍ တိုင်းပြည် ပြောင်းလဲမှုအတွက် အထောက်အကူ မဖြစ်ကြောင်း၊ ဦးတင့်ဆွေက ဆက်လက် ပြောကြားပါသည်။ ယခု အချိန်အထိ ဆုံးဖြတ်ချက် ၃၀ ကျော် အတည်ပြုပြီး ဖြစ်သော်လည်း၊ လိုက်နာဆောင်ရွက်ရန် သတ်မှတ်ထားခြင်း မရှိပါ။

          လာမည့်နှစ် မြန်မာနိုင်ငံ လွှတ်တော် ရွေးကောက်ပွဲအတွက် အာရုံပြုရမည့် အကြောင်းအရာသစ်သည် မည်သည့်အရာ ဖြစ်ပါသနည်း။ ကုလသမဂ္ဂကမူ မြန်မာအစိုးရအား လွတ်လပ်မျှတ၊ မြင်သာ ထင်သာ ရှိ၍ အားလုံး ပါဝင်နိုင်ရေးကို သေချာအောင် ပြုလုပ်ရန် တိုက်တွန်းထားပြီး ဖြစ်ပါသည်။ ယခု အချိန်ထိ ကုလအထွေထွေ ညီလာခံ အဖွဲ့ဝင်နိုင်ငံများ၏ ဖိအားပေးမှုမှာ အားနည်းနေဆဲ ဖြစ်ပြီး နိုင်ငံတွင်း ဒီမိုကရေစီ ထွန်းကားရေး မျှော်လင့်ချက်မှာလည်း ပါးပါးလေးသာ ရှိနေဆဲ ဖြစ်ပါသည်။

          တစ်ရက်မှာပင် နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO ကလည်း မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ ဖြစ်ပွားနေသော ငြင်းမရနိုင်သည့် အဓမ္မခိုင်းစေခြင်း ခံရသည့် လုပ်သားများ ကိစ္စကို ပြစ်တင် ဝေဖန်ခဲ့ပါ သည်။

          အိန္ဒိယနိုင်ငံကမူ ကုလသမဂ္ဂနှင့် ILO အစည်းအဝေးများတွင် မြန်မာနိုင်ငံကို ကာကွယ်ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ကတိပေးထားပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment