Transparency Myanmar

transparency.myanmar@gmail.com

Date: 25 - Nov - 2009 / Bongkok Post

        ထိုင်း၊ အင်ဒိုနီးရှား၊ မြန်မာနှင့် ဘရူနိုင်းတို့သည် Comprehensive Nuclear Test Ban Treaty (နျူကလီးယားစမ်းသပ်မှု တားမြစ်သည့်စာချုပ်) ကို လက်မှတ်ရေးထိုးရန် တိုက်တွန်းခြင်း ခံနေရသော နိုင်ငံများ ဖြစ်သည်။

          အရှေ့တောင်အာရှ နိုင်ငံများသည် အန္တရာယ်များသော နျူကလီးယား စမ်းသပ်မှုများကို ၎င်းတို့ ဘာသာ စွန့်လွှတ်မည့်သူများ မဟုတ်ပါဟု ပြောကြားသူမှာ Comprehensive Nuclear Test Ban Treaty Organization (CTBTO) မှ ကြိုတင်ပြင်ဆင်ရေး ကော်မရှင် အလုပ် အမှုဆောင် အတွင်းရေးမှူး Tibor Toth ဖြစ်ပါသည်။ CTBTO ကို စာချုပ်ပါ စည်းကမ်းများ အကောင်အထည်ဖော်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

          ယူရေနီယံ ကုန်ကြမ်း ထောက်ပံ့ခြင်းနှင့် ငွေကြေး စီးဆင်းမှု လမ်းဆုံ ဖြစ်နေသောကြောင့် မဟာဗျူဟာမြောက် လမ်းကြောင်းအဖြစ် အရေးပါနေသည့် အာဆီယံဒေသ၏ CTBT စာချုပ်တွင် အကျုံးဝင် ပတ်သက်မှုသည် အလွန် အရေးကြီး၍ မှန်ကန်သော အချက် ဖြစ်သည်ဟု ၎င်းက ဒေသတွင်း ဘန်ကောက် ဆွေးနွေးပွဲတွင် ပြောကြားပါသည်။

          CTBT သည် အာဆီယံစာချုပ်ကို ဖြည့်စွက် မွမ်းမံ၍ အရှေ့တောင်အာရှဒေသကို နျူကလီးယား ကင်းစင်သော ဇုံ ဖြစ်လာစေရန် ဆောင်ရွက်မည် ဖြစ်သည်။ စာချုပ်၏ အရေးပါ မှန်ကန်မှုကို ယုံကြည်မှု တိုးပွားလာစေရေးအတွက် အားပေး မြှင့်တင်ရန် ယခု ဘန်ကောက် အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်သည်။ သို့မှသာလျှင် စာချုပ် စတင် သက်ဝင်သည့်အခါ အပြည့်အဝ ဆောင်ရွက်ရန် အသင့် ဖြစ်နေမည် ဖြစ်သည်။

          CTBT သည် နျူကလီးယား စွမ်းအင်ကို စစ်ရေးကိစ္စတွင် အသုံးပြုခြင်း မရှိကြောင်း သေချာအောင် ပြုလုပ်မည့် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် နောက်ဆုံး လုံခြုံရေးစည်းပင် ဖြစ်သည်။ နျူကလီးယား ဖောက်ခွဲ ဖျက်ဆီးမှု၏ ရာသီဥတု ပြောင်းလဲခြင်းအပေါ် သက်ရောက်မှုသည် ဆူနာမီကဲ့သို့ သဘာဝ ဘေးအန္တရာယ်ထက် ပိုမိုကြီးမားသည်ဟု Tibor Toth က ပြောပါသည်။

          လက်ရှိတွင် နိုင်ငံပေါင်း (၁၅၀) က နျူကလီးယား စမ်းသပ်မှု တားမြစ်ရေးစာချုပ် CTBT ကို လက်မှတ်ထိုးထားပါသည်။ တရုတ်၊ မြောက်ကိုရီးယား၊ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ အစ္စရေး၊ ပါကစ္စတန်နှင့် အမေရိကန် အပါဝင် ကျန် (၄၄) နိုင်ငံ ပါဝင် လက်မှတ်ရေးထိုးစေရန် ကြိုးစားနေဆဲ ဖြစ်သည်။

          နိုင်ငံတကာ လူထု၏ ဆန္ဒမှာ အကျပ်အတည်းများကို နိုင်ငံပေါင်းစုံ ပါဝင်၍ သံတမန်ရေး နည်းလမ်းများဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်း ဆုံးဖြတ်ခြင်းကို နျူကလီးယား ဆုံးဖြတ်ချက်ထက် ပို၍ နှစ်သက်သည်ဟု ဆိုပါသည်။

          ထိုင်းနိုင်ငံအနေဖြင့် စာချုပ်ကို လက်မှတ်ရေးထိုးခြင်း မပြုမီ သက်ဆိုင်သော ဥပဒေအချို့ကို ပြင်ဆင်ခြင်း အပါအဝင် တရားဝင် ဆောင်ရွက်ရန် လိုအပ်သော အဆင့်အချို့ကို ဆောင်ရွက်ရန် လိုအပ်သည်ဟု ငြိမ်းချမ်းစွာ နျူကလီးယား အသုံးပြုရေး ဌာန၏ အတွင်းရေးမှူးချုပ် Chaivat Toskulkao က ပြောကြားခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment