Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ သံလွင်မြစ်အနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဟက်ကြီး ရေလှောင်တမံ အပါအင် အခြားသော ရေလှောင်တမံ ဆောက်လုပ်ရေး စီမံကိန်းများ၌ ပါင် လုပ်ကိုင်နေမှုများမှ အမြန်ဆုံး ပြန်လည်နုတ်ထွက်ရန် အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) ၁၈၉ ဖွဲ့မှ ခေါင်းဆောင်များက ထိုင်းနိုင်ငံ အစိုးရ န်ကြီးချုပ် အဘီဇစ်ဗီဂျာဂျီဗားထံသို့ စာတစ်စောင် ရေးသားပေးပို့ တောင်းဆို လိုက်သည်။

မြန်မာနိုင်ငံ သံလွင်မြစ်တစ်လျှောက် တည်ဆောက်နေသော ဟက်ကြီးနှင့် အခြား ရေလှောင်တမံ စီမံကိန်းများတွင် ထိုင်းနိုင်ငံက ပါင် ဆောင်ရွက်နေခြင်းသည် နိုင်ငံတကာက ကြိုးပမ်း ဆောင်ရွက်လျက် ရှိသော မြန်မာ တပ်မတော်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရေးကို ထိခိုက်နိုင်ကြောင်း၊ ဟက်ကြီး ရေလှောင်တမံတွင် ပါင် ရင်းနှီး မြှုပ်နှံခြင်းကြောင့် ထိုင်းနိုင်ငံအတွက် အကျိုးအမြတ် တစ်စုံတရာ ရရှိမည် မဟုတ်ကြောင်း Civil Society ခေါင်းဆောင်များ ရေးသားသော စာတွင် ဖော်ပြပါရှိသည်။ အဆိုပါ ဟက်ကြီးအပါအင် အခြားသော ရေလှောင်တမံများသည် ထိုင်းနိုင်ငံသို့ လျှပ်စစ်စွမ်းအား ပေးပို့ သွယ်တန်းရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်နေခြင်း ဖြစ်သည်။

"တကယ်လို့ ဟက်ကြီးလို ရေလှောင်တမံ မျိုးတွေကို ဆက်လက် အကောင်အထည် ဖော်နေမယ်ဆိုရင် အဲဒီနေရာဒေသမှာ နေတဲ့ မြန်မာပြည်သူတွေ ဒုက္ခရောက်ကြလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားနိုင်ငံတွေက လူတွေက အခုအချိန်မှာ မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး အပြောင်းအလဲတွေ ရှိနေတယ်လို့ မှားယွင်းတဲ့ ထင်မြင်ချက်တွေ ပေးနေကြလို့ပါ" ဟု Living River Siam-Southeast Asia Rivers Network အဖွဲ့မှ Coordinator ဖြစ်သူ Pianporn Deetes က ပြောကြားသည်။

 

ထိုင်းနှင့် တရုတ်နိုင်ငံများသို့ လျှပ်စစ်ဓာတ်အား အဓိက သွယ်တန်း ပေးပို့နိုင်ရေး အတွက် မြန်မာနိုင်ငံ၏ နာမည်ကျော် သံလွင်မြစ်ပေါ်တွင် ရေလှောင်တမံ စီမံကိန်း ခုနစ်ခု တည်ဆောက်ရန် ထိုင်း၊ မြန်မာနှင့် တရုတ်နိုင်ငံ အစိုးရများ စီစဉ်ထားပြီး ဖြစ်သည်။ ယခု အချိန်အထိ အသေးစား ပြင်ဆင်မှုများ ပြုလုပ်ပြီးသော်လည်း တည်ဆောက်ရေးနှင့် ပတ်သက်၍ ထူးထူးခြားခြား ပြုလုပ်နိုင်ခြင်း မရှိသေးပေ။ သို့သော် ထိုင်းနိုင်ငံမှ လူ့အခွင့်အရေးသမားများက ထိုင်း လျှပ်စစ်စွမ်းအင် ဌာနအနေဖြင့် အဆိုပါ ရေလှောင်တမံ စီမံကိန်းမှ လျှပ်စစ်ဓာတ်အားများ ရယူမည်ကို စိုးရိမ်လျက် ရှိကြသည်။

 

လျှပ်စစ်စွမ်းအား မီဂါပ် ၁၃၆၀ ထွက်မည်ဟု အဆိုပြုထားသည့် အဆိုပါ ဟက်ကြီးရေလှောင်တမံ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ပါက မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆိုးရွားစွာ ဖြစ်ပေါ်စေနိုင်ကြေင်း၊ အဆိုပါဒေသတွင် နေထိုင်သော တိုင်းရင်းသားလူနည်းစုများ၏ လူမှုဘကိုလည်း ပျက်ယွင်းစေနိုင်ကြောင်း၊ ထို့အတူ နှစ်နိုင်စလုံး၏ နယ်စပ်ဒေသများတွင် ရေလွှမ်းမိုးမှုများလည်း ဆိုးရွားစွာ ထွက်ပေါ်လာနိုင်ကြောင်း ထိုင်းန်ကြီးချုပ်ထံသို့ ပေးပို့သော စာထဲတွင် သတိပေး ရေးသားထားသည်။ စစ်အစိုးရ အုပ်ချုပ်နေသော နိုင်ငံတစ်ခုတွင် ထိုကဲ့သို့သော ရေလှောင်တမံများ တည်ဆောက်ရာ၌ ပွင့်လင်းမြင်သာမှု ရှိမည် မဟုတ်ပါကြောင်း န်ကြီးချုပ်ထံသို့ ပေးပို့သောစာက ဆိုသည်။

 

မြန်မာစစ်အစိုးရအား အနောက်ကမ္ဘာက စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နေသော်လည်း ထိုင်းနိုင်ငံအစိုးရသည် မြန်မာစစ်အစိုးရနှင့် စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

 

အမေရိကန်နှင့် အနောက်ကမ္ဘာက ပြုလုပ်လျက် ရှိသော စီးပွားရေး ပိတ်ဆို့ အရေးယူမှုများသည် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မဖော်ပြနိုင်သောကြောင့် ထိုင်း၊ အိန္ဒိယနှင့် တရုတ်နိုင်ငံများက မြန်မာစစ်အစိုးရအား အလားတူ ပိတ်ဆို့မှုများ ပြုလုပ်မည် မဟုတ်ဟု ငြင်းဆိုလျက် ရှိသည်။

 

DPA သတင်းဌာန ၏ Thai activists demand pull-out from Myanmar dam project ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment