Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၀.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရွှေမြွေဟောက်စစ်ရေး လေ့ကျင့်ခန်းသို့ မြန်မာ တက်ရောက်လေ့လာရန် အမေရိကန် ဖိတ်ကြား

(UPIသတင်းမှ 19 October2012ရက်စွဲပါ “Myanmar inviteed to observe military  drills”သတင်းကို ဘာသာပြန်ဆိုသည်။)

  1.  မြန်မာနိုင်ငံတွင် ဒီမိုကရေစီအတွက် မျှော်လင့်ချက်များနှင့် အာဏာရှင် စနစ်အတွက် စိုးရိမ်မှုများ လွန်ဆွဲ

(17 Oct 2012 ရက်စွဲပါ The Huffington Post မှ Doug Bandow ရေးသားသော Burma: Democratic hopes versus authoritarian fearsကို ဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်ခန်းသို့ မြန်မာ တက်ရောက်လေ့လာရန် အမေရိကန် ဖိတ်ကြား

(UPIသတင်းမှ 19 October2012ရက်စွဲပါ “Myanmar inviteed to observe military  drills”သတင်းကို ဘာသာပြန်ဆိုသည်။)

ဝါရှင်တန်နှင့် နေပြည်တော်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်သည့် လက္ခဏာဟု ရှုမြင်သော ဆောင်ရွက်ချက်အရ တိုးတက်သည့် ဆောင် ရွက်ချက်အဖြစ်  ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် အကြီးစား စစ်ရေးလေ့ကျင့်ခန်းသို့ မြန်မာနိုင်ငံ တက်ရောက်လေ့လာရန် အမေရိကန် ပြည်ထောင်စုက ဖိတ်ကြား လိုက်သည်။

အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုများသည် တပ်မတော် အစိုးရ၏ တစ်သီတစ်တန်း ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြု တုန့်ပြန်သည့် အနေဖြင့် ဝါရှင်တန်က sanctionများ တစ်ဆင့်ပြီးတစ်ဆင့် ဆက်တိုက်ရုတ်သိမ်း ပေးလျက်ရှိသည်။

ထိုင်းနှင့် အမေရိကန် တပ်ဖွဲ့များ ပါဝင်ဆင်နွှဲပြီး အာရှတစ်လွှား လေ့လာသူများ တက်ရောက်ကြသော ဘန်ကောက်အရှေ့ဖက် ချောင်ဘူရီ ပြည်နယ်တွင် ပြုလုပ်မည့် Cobra Goldရွှေမြွေဟောက် စစ်ဆင်ရေး လေ့ကျင့်မှုသို့ မြန်မာ့တပ်မတော် တက်ရောက်လေ့လာရန် ဖိတ်ကြားခြင်းကို ထိုင်းနှင့် မြန်မာအစိုးရ အသီးသီးမှ တာဝန်ရှိသူများက အတည်ပြု ပြောကြားခဲ့သည်။

ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆဝန်ဆန်က “Cobra Gold”သို့ တက်ရောက်လေ့လာသူများ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင် ကြောင်း၊ သို့သော် အပြီးသတ် အတည်မပြု ရသေးကြောင်း ရှင်းလင်းပြောကြားသည်။

လာမည့်နှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုသို့ တက်ရောက်လာမည့် ၁၃နိုင်ငံနှင့်အတူ စင်ကာပူ၊ ဂျပန်၊ တောင်ကိုးရီးယား၊ အင်ဒိုနီးရှားနှင့် မလေး ရှား နိုင်ငံတို့လည်း ပါဝင်တက်ရောက်ကြမည်ဟု မျှော်လင့်ရကြောင်း ထိုင်းတာဝန်ရှိ သူများက ပြောကြားသည်။

စစ်ရေးလေ့ကျင့်ခန်း ပူးတွဲကျင်းပသူ ထိုင်းနိုင်ငံ၏ အင်တိုက်အားတိုက် စည်းရုံးမှုများကြောင့် ယခုကဲ့သို့ ဖိတ်ကြားမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။ သို့သော် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများ ရှိနေဆဲ မြန်မာစစ်တပ် ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်နေသော ဝါရှင်တန်၏ ခြေလှမ်းများ မြန် လွန်းနေသည်ဟူသော ပြစ်တင်ဝေဖန်မှုများ ရှိလာနိုင်သည်ဟု သိရသည်။

---------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအတွက် မျှော်လင့်ချက်များနှင့် အာဏာရှင် စနစ်အတွက် စိုးရိမ်မှုများ လွန်ဆွဲ

(17 Oct 2012 ရက်စွဲပါ The Huffington Post မှ Doug Bandow ရေးသားသော Burma: Democratic hopes versus authoritarian fears ကိုဘာသာပြန်ဆိုသည်)

ယနေ့ကမ္ဘာကြီးသည် အကျည်းတန်နေသည့် နေရာကြီးတစ်ခု ဖြစ်နေပါပြီ။ အာဏာရှင်များကို ဝယ်ယူရခြင်းမှ ယခင်ကကဲ့သို့ ပထဝီ နိုင်ငံရေး ဆိုင်ရာ ရလာဒ်ကောင်းများ မရတော့။ တိုင်းပြည်များကို လွတ်မြောက်အောင် လုပ်ဆောင်ပေးခြင်းသည်လည်း အမေရိကန်မျှော်လင့်သော ကျေးဇူးတရားကို မထုတ် ဖော်နိုင်တော့ပေ။ အပေါင်းလက္ခဏာ ဆောင်သည့် လားရာသွားနေသော နိုင်ငံတစ်နိုင်ငံမှာမူ မြန်မာပင် ဖြစ် တော့သည်။

နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မကြာမီက အမေရိကန် ပြည်ထောင်စုသို့ နှစ်ပတ်ခန့် အလည်အပတ် လာရောက်ခဲ့သည်။ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည်လည်း ပြီးခဲ့သည့်လက ကုလသမဂ္ဂသို့ လာရောက်မိန့်ခွန်းပြောခဲ့သည်။ လွန်ခဲ့သည့် ၂ နှစ်ခန့်က အ ထိ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး အုပ်ချုပ်သော နိုင်ငံတစ်ခုဆိုသည့် ဆုတံဆိပ်အတွက် မြောက်ကိုရီးယားနှင့် အပြိုင်အဆိုင် ဖြစ်နေခဲ့ပါသည်။ ကာလကြာရှည် ဖြစ်နေသော တိုင်းရင်းသားများနှင့် ပဋိပက္ခများကလည်း လူထောင်ပေါင်းများစွာကို သေကြေပျက်စီးစေခဲ့ပြီး သန်းပေါင်း များစွာအား အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ဆယ်စုနှစ် နှစ်ခု အတွင်း အချိန်အတော်များများကို နေအိမ် အကျယ်ချုပ်ဖြင့် ကုန်ဆုံးခဲ့ရသည်။ အခြား ဒီမိုကရေစီရေး လှုပ်ရှားသူ အတော်များများသည်လည်း ထောင်ထဲသို့ ဝင်ခဲ့ရပါသည်။ ၂၀၀၈ ခုနှစ်၊ နာဂစ် ဆိုက်ကလုန်းဒဏ်ကို လူထောင်ပေါင်းများစွာ ခံစားခဲ့ရသော်လည်း အစိုးရ၏ တုံ့ပြန်မှုများမှာ ဆိုးရွားလှသည်။

အုပ်ချုပ်သူ ဗိုလ်ချုပ်ကြီးများသည် တစ်ချိန်လုံး ၎င်းတို့၏ အာဏာအတွက်သာ တိုက်ပွဲဝင်နေခဲ့ပြီး၊ ၎င်းတို့၏ မိသားစုများနှင့် မိတ်ဆွေများကိုသာ ချမ်းသာ စေခဲ့သည်။

လွန်ခဲ့သည့် ၂နှစ်ခန့်က စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကို ပါဝင်စေခဲ့ခြင်း မရှိဘဲ ရွေး ကောက်ပွဲ ကျင်းပပေးခဲ့သည်။ ထို့ကြောင့် ဘာမျှထူးထူးခြားခြား ပြောင်းလဲမည့် အသွင်သဏ္ဍာန် မရှိခဲ့ပေ။ သို့သော် ထိပ်ပိုင်းဗိုလ်ချုပ်ကြီးများ အငြိမ်းစား ယူ သွားခဲ့ပြီး ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်ပေးခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည်။ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာသည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့သည်။ စာနယ်ဇင်း ဆင်ဆာများကို လျှော့ချပေး လာခဲ့သည်။ အမည်မည်း (Black List)စာရင်း သွင်းထားသော နိုင်ငံခြား သားများကို ယင်းစာရင်းမှ ပယ်ဖျက် ပေးခဲ့သည်။ တိုင်းရင်းသား အုပ်စုများနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများ ရရှိခဲ့သည်။

မကြာသေးမီက စစ်တပ်လွှမ်းမိုးသော လွှတ်တော်သည် အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်များကို နုတ်ထွက်စေခဲ့ပြီး၊ လွတ်လပ်သော အဖွဲ့တစ်ခု ဖြစ် ကြောင်း ပြသခဲ့သည်။ မြန်မာပြည်သူ များသည် မျှော်လင့်ချက်များ ရှိလာသော်လည်း သတိတော့ ထားလျက်ရှိပါသည်။

လွန်ခဲ့သော ၁၀ နှစ်ကျော်က စစ်အစိုးရသည် ဖြေလျှော့မှုများ ပြုလုပ်ပေး ခဲ့သော်လည်း၊ ချက်ချင်းပင် နောက်ပြန် လှည့်သွားခဲ့သည်။ ယခုတစ်ကြိမ် တွင်မူ ဒီမိုကရေစီ လုပ်ငန်းစဉ်များ အတော်ပင် ခရီးရောက်ခဲ့သည်ဟု ဆိုရတော့မည်ဖြစ်သည်။ သို့သော် သတင်းစာဆရာ အောင်ဇော်ကမူ အခြေအနေမှာ ပျက်စီး လွယ်သေးသည်ဟုပင် ငြင်းချက်ထုတ်သည်။ ယခုနှစ် အစောပိုင်းက Human Rightsအဖွဲ့က ကျူးလွန်ခဲ့မှုများအတွက် တရားဥပဒေကို ရင်ဆိုင်ရန် တောင်းဆိုမှုများ လည်းရှိခဲ့သည်။

ရှေ့လာမည့် ရွေးကောက်ပွဲသည်လည်း ၃နှစ်မျှသာ လိုတော့ပြီး၊ ထိုအချိန်တွင် ယခုအသက် ၆၇နှစ်ရှိပြီဖြစ်သည့် ဦးသိန်းစိန်က အနားယူမည်ဟု ဆို ထားသည်။ အကြောင်းအတော်များများသည် ဦးသိန်းစိန်အပေါ် မူတည်နေသည်။ "သူ့ရဲ့ပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့ ရိုးသားမှုကို ကျွန်မယုံတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုပါသည်။ သို့သော် နေပြည်တော်မှ အာဏာအတွက် လိုင်းများမှာ နားလည်ရ ခက်ခဲနေဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း မြန်မာနိုင်ငံ၏ တိုးတက်မှုများကို အကဲဖြတ်ရာတွင် သတိထားကြရန် တိုက်တွန်းခဲ့ပြီး၊ အမှုမဲ့အမှတ်မဲ့ အကောင်း မြင် မှုများကို သတိပေးထားသည်။ သူနှင့်ဆွေမျိုး တော်စပ်ပြီး မကြာခင်က ဖျက်သိမ်းခဲ့သော ပြည်ပရောက် အစိုးရ အဖွဲ့ခေါင်းဆောင် ဦးစိန်ဝင်းက "ပြောင်းလဲ မှုတွေ အများကြီး ရှိလာပါတယ်။ ဒါပေမဲ့ လုပ်ရဦးမယ့် ပြောင်းလဲမှုတွေလည်း အများကြီး ရှိနေပါသေးတယ်"ဟု ပြောကြားသည်။

အစိုးရသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စုသို့ ရောက်မလာမီ အစိုးရသည် အကျဉ်းသား ၅၁၄ဦးကို လွှတ်ပေးခဲ့ရာ၊ နိုင်ငံရေး အကျဉ်းသား ၈၀ခန့် ပါဝင်ခဲ့သည်။ "ကျွန်တော်ထင်တယ်၊ အမေရိကန်ကလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ထောက်ခံကြောင်း ပြောလိုတယ်။ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွှတ်စေချင်ပုံ ရတယ်။ ဒါဆို ရင် ဖြစ်မယ်ပေါ့"ဟု သြစတြေးလျနိုင်ငံ၊ Macquarieတက္ကသိုလ်မှ Sean Turnellက ခန့်မှန်းပြောဆိုသည်။ တချိန်တည်းမှာပင် အစိုးရသည် စစ်အစိုးရ လက်ထက် က ဖိနှိပ်မှုများ ပြုလုပ်သည့် စာပေစိစစ်မှုကို ဖယ်ရှားပေးခဲ့သည်။

နောက်ထပ်အရေးကြီးသော အချက်တစ်ခုမှာ အစိုးရက ထိန်းချုပ်သည့် Kleptocratic စီးပွားရေး စနစ်ကို ပြုပြင်ပြောင်းလဲရန်ဖြစ်သည်။ လာမည့် နှစ်တွင် လွတ်လပ်သော ငွေကြေးမူဝါဒတစ်ခု စတင်မည်ဟု စီစဉ်နေကြောင်း အစိုးရက မကြာသေးမီက ကြေညာသွားသည်။ ထို့ပြင် ဦးသိန်းစိန် ဦးဆောင် သော အစိုးရသည် ရင်းနှီးမြှုပ်နှံမှုအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ပါမစ်များကို လေလံပစ်ခဲ့ပြီးဖြစ်သည်။ "မြန်မာနိုင်ငံမှာ ရှာဖွေနေဆဲ ဖြစ်ပါတယ်" ဟု အိန္ဒိယ ရေနံရှာဖွေရေး ကုမ္ပဏီဖြစ်သော ONGC Videsh Ltd မှ DK Sarrafက ပြောသည်။ အစိုးရ၏ ရည်မှန်းချက် များကလည်း လျင်မြန်စွာ တိုးတက် လျက်ရှိသည်။ ကမ္ဘာကို စောင့်ကြည့်မည့် ဂြိုလ်တုတစ်လုံးကို ဂျပန်နိုင်ငံ၏ အကူအညီငွေဖြင့် လွှတ်တင်ရန် လေ့လာမှုများ ပြုလုပ်လျက် ရှိသည်။

တစ်ချိန်တည်းမှာပင် အစိုးရသည် ၎င်း၏ အိမ်နီးချင်းလည်းဖြစ်၊ ကာလကြာရှည်စွာ ထောက်ပံ့ ကူညီခဲ့သူလည်း ဖြစ်သော တရုတ်နှင့် ခပ်ဝေးဝေးနေ ရန် စတင်လုပ်ဆောင်လျက် ရှိသည်။ ပထဝီ နိုင်ငံရေး ဆိုင်ရာ ချိန်ညှိမှုများ လုပ်ဆောင်နိုင်ရန် လိုအပ်မှုသည် မြန်မာအစိုးရအား အနောက် နိုင်ငံများနှင့် ဆက် ဆံရေး ပြုလုပ်အောင် အားပေးမှု ပြုသကဲ့သို့ ဖြစ်လာပါသည်။ သို့သော် ဘေဂျင်းအစိုးရကိုမူ လျစ်လျူရှုထား၍မရ။ ထို့ကြောင့်ပင် ဦးသိန်းစိန်သည် ပြီးခဲ့သည့် လက အမေရိကန် ပြည်ထောင်စုသို့ မသွားမီ တရုတ်သို့ အလည်အပတ်သွား ရောက်ခဲ့ခြင်းဖြစ်သည်။ ဝါရှင်တန်သည် ပြုပြင် ပြောင်း လဲရေး လုပ်ငန်းစဉ်များ ကို အားပေးသည့် အနေဖြင့် စီးပွားရေးအရ အရေးယူမှုများကို ဆက်လက်ဖယ်ရှားပေးသင့်သည်။ ဥပမာအားဖြင့်မြန်မာနိုင်ငံမှ သွင်းကုန်များ ပိတ်ပင်ခံထား ရဆဲ ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က အမေရိကန်၏ ဥပဒေများဖြေလျော့ရေးအတွက် အစိုးရသစ်နှင့် အတူလုပ် ကိုင်ရန် ကတိကဝတ်များကို ဖော်ပြခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သော အမေရိကန် ဥပဒေများမှာ နှစ်ပေါင်းများစွာ ပြောင်းလဲရန် ခက်ခဲပြီး ရှုပ်ထွေးစွာ ချမှတ်ထားခြင်းဖြစ်၍ လုံးဝဖယ်ရှား ပစ်ရေးမှာမူ အချိန်အနည်းငယ် ကြာနိုင်ပေသည်။ လုပ်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများကို ဆုလာဒ်ပေး သင့်သကဲ့သို့ အနာဂတ် ပြောင်းလဲမှုများ အတွက်လည်း အားပေးရမည်ဖြစ်ပါသည်။ အရေးယူမှုများအားလုံး ရုပ်သိမ်းရေးအတွက် အန္တိမရည်မှန်းချက်မှာ ဒီမိုကရေစီလုပ်ငန်းစဉ် မပြောင်းမလဲ သေချာစေရေးပင်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အရေးယူမှုများ အားလုံးဖယ်ရှားပေးရန်တောင်းဆိုခဲ့ရာ "ကျွန်မတို့ရဲ့ ဒီမိုကရေစီ အောင် မြင်ရေးအတွက် အမေရိကန် ပြည် ထောင်စုအနေနဲ့ ကူညီနိုင်တဲ့ နည်းပေါင်းစုံ ရှိပါတယ်"ဟု ပြောကြားသည်။

မြန်မာနိုင်ငံကို အသွင်ကူးပြောင်းရေးမှာ ရှည်လျားပြီး ခက်ခဲသည့် လုပ်ငန်းစဉ် ဖြစ်နေဆဲဖြစ်ပါသည်။ မမြင်နိုင်သော အခက်အခဲ၊ အန္တရာယ်များ ရှိနေဆဲ ဖြစ်သည်။ "ကျွန်တော်တို့ရဲ့ ကြိုးပမ်း ရုန်းကန်ရမှုများ မပြီးဆုံးသေးပါဘူး" ဟု ဦးစိန်ဝင်းကပြောပါသည်။ သို့သော် ဒေါ်အောင်ဆန်း စုကြည်၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ်သည် မြန်မာနိုင်ငံမည်မျှ ပြောင်းလဲသွားပြီဆိုသည့်အချက်ကို သရုပ်ဖော်နေပါသည်။ "ကျွန်မတို့ရဲ့ ရုန်းကန်ရမှုတွေ ဆုံးခန်းတိုင်မရောက်သေးပါဘူး။ ဒါပေမဲ့ ကျွန်မတို့ခရီးပေါက်ခဲ့ပါပြီ" ဟု သူမက မှတ်ချက်ပြုသည်။

လွန်ခဲ့သော ၂နှစ်ခန့်က မြန်မာနိုင်ငံတွင်းမှ သော်လည်းကောင်း၊ ပြည်ပကသော် လည်းကောင်း အနည်းငယ်ကသာ စစ်မှန်သော ပြုပြင်ပြောင်းလဲမှု ကို ဟောကိန်းထုတ်ခဲ့ကြသည်။ ယနေ့ဆိုလျှင် လူတိုင်းနီးပါးက ၎င်းကိုမျှော်လင့်နိုင်ပြီ ဖြစ်သည်။ နောက်ဆုံးရည်မှန်းချက်မှာ မြန်မာပြည်သူများက မိမိတို့ ကံ ကြမ္မာကို မိမိတို့ ကိုယ်တိုင် ဖန်တီးခွင့်ရရေးပင် ဖြစ်သည်။

***************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment