Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၂၀.၁၀.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. နီပွန်ဖောင်ဒေးရှင်း၏ လူသားချင်း စာနာမှုဆိုင်ရာ ကူညီမှုကို ဆွေးနွေးရန် မြန်မာတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ တိုကျိုတွင် စည်းဝေး

(PR News wireမှ 18October 2012ရက်စွဲပါ “Myanmar’s amed ethnic groups meet in Tokyo to discuss Nippon Foundation’s humanitarian aid” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. နိုင်ငံခြား ခရတ်ဒ်ကတ်များကို မြန်မာမီးစိမ်းပြ

(AFPသတင်းမှ 19October 2012ရက်စွဲပါ “Myanmar gives green light to foreign credit card” သတင်း ကို ဘာသာပြန်ဆိုသည်။)

***********************************************************

ဘာသာပြန်သတင်းများ

နီပွန်ဖောင်ဒေးရှင်း၏ လူသားချင်း စာနာမှုဆိုင်ရာ ကူညီမှုကို ဆွေးနွေးရန် မြန်မာတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ တိုကျို တွင် စည်းဝေး

(PR News wireမှ 18October 2012ရက်စွဲပါ “Myanmar’s amed ethnic groups meet in Tokyo to discuss Nippon Foundation’s humanitarian aid” သတင်းကို ဘာသာပြန်ဆိုသည်။)

ချင်းမိုင်အခြေစိုက် မြန်မာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မဟာမိတ်ကောင်စီ(United Nationalities Federal Council)၏အရေးပါသော အဖွဲ့ဝင် ၂၀ခန့်သည် နီပွန်ဖောင်ဒေးရှင်းနှင့် အစောပိုင်း သဘောတူထားသော ဒေါ်လာ၃သန်းဖိုး အရေးပေါ် လူသားချင်း စာနာကူညီမှု အစီအစဉ် အတွက် အသေးစိတ် ဆွေးနွေးရန် အောက်တိုဘာ ၁၈ရက်တွင် တိုကျို၌ ဖောင်ဒေးရှင်း တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်။

၎င်းအစည်းအဝေးသို KNU,KIAတို့ အပါအဝင် မနှစ်ကUNFCကို ထူထောင်ဖွဲ့စည်းကြသော လက်နက်ကိုင် ၁၁ဖွဲ့တို့အနက် ၁၀ဖွဲ့မှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဂျပန်တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် အစည်းအဝေး ဖြစ်သည်ဟုလည်း သိရ သည်။

မြန်မာအစိုးရက UNFCကို တရားဝင် ဆွေးနွေးဖက်အဖြစ် အသိအမှတ် မပြုသော်လည်း ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု အစီအစဉ် တစ်ရပ်အနေဖြင့် အရေးပေါ် ထောက်ပံ့ကူညီမှုပေးရန် နီပွန်ဖောင်ဒေးရှင်း ကိုတိုက်တွန်းထားသည်။ အစိုးရနှင့် လက်နက်ကိုင် အုပ်စုများသည် အဆိုပါ ကယ်ဆယ်ထောက်ပံ့ ရေး ဖောင်ဒေးရှင်း၏ ကြိုးပမ်းမှုများ တိုးတက်အောင် ပြုလုပ်နိုင် လိမ့်မည်ဟု မျှော်လင့်ရသည်။

တိုင်းရင်းသား မျိုးကွဲပေါင်း၁၃၀ခန့် နေထိုင်သော မြန်မာနိုင်ငံတွင် အစိုးရတပ်ဖွဲ့များ၏ ထိုးစစ်များကြောင့် ဒေသခံပြည်သူ တစ်သန်းခန့်မှာ နေရပ် များကို စွန့်ခွာကာ လူသူမနီးသော တောတောင်များသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု သိရသည်။

နီပွန်ဖောင်ဒေးရှင်း၏ အရေးပေါ် ရန်ပုံငွေကို ပြည်တွင်းစစ်ဘေးရှောင် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီအဖြစ် ထောက်ပံ့သွားရန် သဘောတူညီ ထားသည်ဟု ဆိုသည်။

နီပွန်ဖောင်ဒေးရှင်းသည် ယခင်တပ်မတော် အစိုးရ လက်ထက်ကပင် တိုင်းရင်းသား ဒေသများ၌ စာသင်ကျောင်းများ တည်ဆောက်ပေး ခြင်း အပါအဝင် စာနာမှု အကူအညီများပေးအပ်ခဲ့သည်။ တောင်တန်းဒေသရှိ တိုင်းရင်းသားများကို ထောက်ပံ့ကူညီပေးရန် သမ္မတ ဦးသိန်းစိန်နှင့် အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ထံမှ မေတ္တာရပ်ခံ တောင်းဆိုမှုများကိုလည်း နီပွန်ဖောင်ဒေးရှင်းက လက်ခံရရှိ ထားသည်ဟု သိရှိရသည်။

---------------------------------------------------------------------------------------------------------------------

နိုင်ငံခြား ခရတ်ဒ်ကတ်များကို မြန်မာမီးစိမ်းပြ

(AFPသတင်းမှ 19October 2012ရက်စွဲပါ “Myanmar gives green light to foreign credit card” သတင်း ကို ဘာသာပြန်ဆိုသည်။)

ယခင်သုံးစွဲနိုင်ခြင်း မရှိသောကြောင့် ခရီးသွား ဧည့်သည်များ ခေါင်းခဲနာ ပြဿနာတစ်ခု ဖြစ်ခဲ့သည့် နိုင်ငံတကာ ခရတ်ဒစ်ကတ်များကို မြန်မာနိုင် ငံတွင် သုံးစွဲရန် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ကြာမြင့်စွာ တံခါးပိတ် ထားခဲ့သော နိုင်ငံတွင် ယခုအခါ Visa,Master Card,China Union Partyနှင့် Japan Cerdit Bureauကဒ်များကို အသုံးပြု ရန် ဘဏ္ဍာရေးဝန်ကြီး ဌာနက ခွင့်ပြုလိုက်ပြီဟု အစိုးရအာဘော် New Light of Myanmarသတင်းစာတွင် သောကြာနေ့က ထုတ်ပြန်ကြေညာသည်။

သို့သော်စတင် အသုံးပြုနိုင်သည့် အချိန်ကိုမူ ဖော်ပြခြင်းမရှိပါ။ ပြည်တွင်းဘဏ်များ၊ နှင့်စားသောက် ဆိုင်များတွင် ခရတ်ဒစ်ကတ် ဝန်ဆောင်မှုများ ပေးမည့် နည်းပညာပိုင်းကို မြန်မာ့ဆက်သွယ်ရေးဌာနနှင့် Myanmar Information Technology Coတို့က ကိုင်တွယ်ဆောင်ရွက် သွားမည်ဟု သိရှိရသည်။

နှစ်ပေါင်း၂၀အမေရိကန် Sanctionများကြောင့် မြန်မာနိုင်ငံတွင် ကမ္ဘာသုံး ခရတ်ဒစ်ကတ်များ လက်ခံ သုံးစွဲခြင်း မရှိသည့်အတွက်  ခရီးသွား ဧည့် သည်များနှင့် စီးပွားရေး လုပ်ငန်းရှင်များမှာ ငွေစက္ကူ အထုပ်လိုက် သယ်ယူသုံးစွဲခွင့် ရကြသည်။

သို့သော်သမ္မတ ဦးသိန်းစိန် အစိုးရက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေး ကောက် ပွဲတွင် ဝင်ခွင့်ပေးခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှုများ လုပ်ပြခဲ့သည့် နောက်တွင်  ဝါရှင်တန်ကလည်း အရေးယဒဏ်ခတ်မှု sanctionများကိုဆက် တိုက် ဖြေလျှော့ပေးခဲ့သောကြောင့် နိုင်ငံတကာ ခရတ်ဒစ်ကတ်များ မြန်မာနိုင်ငံသို့ ဝင်ရန်တံခါး ပွင့်သွားခဲ့သည်။

Master Card ကုမ္ပဏီက “မြန်မာပြည်တွင် CBဘဏ်နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးထားကြောင်း သတင်းရရှိသည်။ အီလက်ထရော နစ် ငွေပေးငွေယူစနစ် လမ်းပွင့်သွားမည်ဟု မျှော်လင့်ကြောင်း ခရီးသွား စီးပွားရေး ကဏ္ဍကို ကြီးမားစွာ သက်ရောက်မှုဖြစ်ကြောင်း ယခင်ကလက ပြော ကြားသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment