Transparency Myanmar

transparency.myanmar@gmail.com

(The straits Times မှ 22 Feb 2011 ရက်စွဲပါ "UM Seurity Council to meet on libya" သတင်းကိုဘာသာ ပြန်ဆိုသည်။)

 

          ကုလသမဂ္ဂလံခြုံရေးကောင်စီသည် လစ်ဗျားနိုင်ငံမှ ပြသနာကို ဆွေးနွေးရန် အင်္ဂါနေ့တွင် အစည်းအဝေး ကျင်းပမည်ပာု ပြောကြားခဲ့သော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ၎င်းအနေဖြင့် လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီ နှင့် စကားပြောဆိုခဲ့ပြီး စိတ်ရှည်သည်းခံရန် တောင်းဆို ခဲ့သည်ပာု ဆက်လက် ပြောဆိုပါသည်။

            လစ်ဗျားနိုင်ငံကို ၄၁ နှစ်ကြာအုပ်စိုးခဲ့သော ပုဂ္ဂိုလ်နှင့် မိနစ် ၄၀ ခန့်တယ်လီဖုန်း ဆက်သွယ် ပြောဆိုရာတွင် ဘန်ကီမွန်းက ကဒါဖီအား လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာစည်းဝေးခွင့်၊ လူ့အခွင့်အရေး များကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ရမည်ပာု တိုက်တွန်းခဲ့ကြောင်း သိရသည်။

            "ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုကို ရပ်ဆိုင်းဖို့ သူ့ကို ကျွန်တော် ဖိအားပေး တိုက်တွန်းခဲ့ပါတယ်၊ ဆန္ဒပြသူတွေရဲ့ လူ့အခွင့်အရေးကို လေးစားရမယ့် ကိစ္စပာာ အရေးကြီးတယ် ဆိုတာကိုလည်း ပြင်းပြင်းထန်ထန် ပြောကြားခဲ့ပါတယ်" ပာု ဘန်ကီမွန်းက ဆိုပါသည်။           

            "ပြည်သူတွေရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများအား စစ်လေယာဉ်များ၊ ရပာတ်ယာဉ်များ ပေါ်မှ ပစ်ခတ်ခဲ့ဆိုသော သတင်းကိုကြားသိရ၍ အလွန်ပင်တုန်လှုပ်မိကြောင်း ဖော်ပြထားသည့် ကြေဋ္ဌာချက်ကို ထုတ်ပြန်အပြီးတွင် ဘန်ကီမွန်းက လော့စ်အိန်ဂျယ်လိစ် မှ သတင်းထောက်တစ်ခုကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

            အရပ်သားတွေအပေါ် ဒီလိုတိုက်ခိုက်ခဲ့တာကို အတည်ပြုနိုင်ပြီဆိုရင် ဒီကိစ္စပာာ နိုင်ငံတကာ လူသားချင်း ထောက်ထားရမည့် ဥပဒေကို ချိုးဖောက်မှုနဲ့ အကျုံးဝင်သွားမှာပါ၊ အထွေထွေအတွင်းရေးမှူးချုပ်က အပြင်းထန်ဆုံး အသုံးအနှုန်းတွေနဲ့ ပြစ်တင်ရှုံချတာကိုလည်း ခံရပါလိမ့်မယ်" ပာု ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူ မာတင်နက်ဆာကီ က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment