(22 ဖေဖော်ဝါရီ 2011 ရက်စွဲပါ The Christian Science Monitor မှ Simon Montlake ရေးသားသော Why Aung San Suu Kyi wants to keep sanctions on Burma ကိုဘာသာပြန်ပါသည်။
မြန်မာနိုင်ငံသည် ၎င်း၏ အာရှတိုက်မှ အိမ်နီးချင်းများ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများရှိနေခြင်း ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ Sanction ထောက်ခံသော မဟာဗျူဟာသည် အချည်းအနှီးဖြစ်ကောင်းဖြစ် နိုင်သည်ဟု အချို့ဝေဖန်သုံးသပ်သူများက သတိပေးခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး သုံးလအကြာတွင် အနောက်နိုင်ငံ Sanction များအပေါ်ထောက်ခံမှုကြောင့် မြန်မာနိုင်ငံမြင်ကွင်းအောက်သို့ ပြန်လည်ရောက်ရှိလာ ပါသည်။ အဆိုပါ ရပ်တည်ချက်သည် သူမ၏ နိုင်ငံရေးပါတီနှင့် စစ်အစိုးရကြားတင်းမာမှုများပိုမိုလာစေပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်လူထုအုံကြွမှုမှစတင်ပေါက်ဖွားလာသော ဒီမိုကရေစီခေါင်း ဆောင်တစ်ဦး ဖြစ်ပြီး၊ မြန်မာနိုင်ငံကိုအုပ်ချုပ်သော စစ်ဗိုလ်ချုပ်များက သူမအား ဆူးတစ်ချောင်းသဖွယ်ရှုမြင်ခဲ့ ကြပါသည်။
၂၀၀၇ ခုနှစ်က ဘုန်းတော်ကြီးများ ဦးဆောင်သော ဆန္ဒပြမှုများမြို့အတော်များများတွင် ဖြစ်ပေါ်ခဲ့ရာ ရက်ရက်စက်စက်နှိမ်နှင်းခြင်းခံခဲ့ရပါသည်။ ပြီးခဲ့သည် အပတ်က ကနေဒါ၏ Globe and Mail နှင့် အင်တာဗျူး တွင် ဒေါ်အောင်ဆန်းစုကြည်က အီဂျစ်နိုင်ငံ၏ ဆန္ဒပြမှုများတွင် အီဂျစ်တပ်မတော်က လူထုအားပစ်ခတ်ရန် ငြင်းဆိုခြင်းအတွက် ချီးမွမ်းခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ အီဂျစ်မှာ ကဲ့သို့ ပြည်သူများလမ်းပေါ်မထွက် နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မိမိ၏ စစ်တပ်က ပြည်သူများကို နှိမ်နင်းရန် ဆန္ဒပြင်းပြနေခြင်းကြောင့် ဖြစ်သည်ဟု သူမကဆိုပါသည်။
"ဒါပေမယ့် မြန်မာ့စစ်တပ်ဟာ အမြဲတမ်းလူတွေကို ပစ်မယ်လို့တော့ တထစ်ချပြောမရပါဘူး" ဟု သူမက Globe and Mail သို့ပြောပါသည်။
မြန်မာ့မီဒီယာသည် အီဂျစ်နှင့် အခြားတော်လှန်မှုများနှင့်ပတ်သက်သော သတင်းများကို အမှောင်ချ ထားကြောင်း ဝေဖန်သူများနှင့် သံတမန်များက ပြောဆိုကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလသူမလွတ်မြောက်ပြီးကတည်းက သူမ၏ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပြန်လည်တည်ဆောက်ရေးကို ပြုလုပ်ခဲ့ပြီး လူထုသို့ မိန့်ခွန်းပြောမှုအနည်းငယ်ပြုလုပ်ခဲ့ပါသည်။ သူမ သည် လက်လှမ်းမီထိတွေ့နိုင်ရေးအတွက် မီဒီယာအသစ်တစ်မျိုးအသုံးပြုလိုကြောင်းပြောခဲ့ပါသည်။
မြန်မာနိုင်ငံ၌ ဆယ်စုနှစ်မျာစွာ စစ်အာဏာရှင်စနစ်မှ အခြေခံဥပဒေအုပ်ချုပ်ရေးသို့ ခြေလှမ်းလှမ်းလာ ချိန်တွင် Sanction နှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ထွက်ပေါ်လာပါသည်။ ဝေဖန်သုံးသပ်သူများက ယခုအသွင်ကူးပြောင်းရေးကာလမှာ အတုအယောင်သာ ဖြစ်ပြီး စစ်တပ်မှသာအာဏာဆက်လက်ချုပ်ကိုင်ထား မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ အခြားစောင့်ကြည့်လေ့လာသူများကမူ အာဏာ၏ ဗဟိုချက်အသစ်ထွက် ပေါ်ပြီဖြစ်ကြောင်း၊ ဒီမိုကရေစီတစ်စိတ်တစ်ပိုင်းစတင်အလုပ်လုပ်မည်ဖြစ်ကြောင်း ငြင်းချက်ထုတ်ခဲ့ကြပါသည်။
အမေရိကန်အစိုးရသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းများကြောင့် စီးပွားရေးနှင့် နိုင်ငံရေး Sanction များချမှတ်ထားသော နိုင်ငံများတွင် ပါဝင်ပါသည်။ သို့သော် အမေရိကန်သည် သံတမန်ဆက်ဆံရေး ကိုလည်းဦးစားပေးပါသည်။ ဥရောပသမဂ္ဂ၊ ကနေဒါ၊ နယူးဇီလန်နှင့် သြစတြေးလျတို့သည်လည်း ကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးမှုအကူအညီများကို တင်းကြပ်စွာပိတ်ပင်ထားပါသည်။
ပြီးခဲ့သည့် လက ပါလီမန်မှ အတိုက်အခံပါတီများက မြန်မာနိုင်ငံတွင် စီးပွားရေးအရ ဝန်ထုပ်ဝန်ပိုးဖြစ်နေမှုများ လျော့ကျသွားစေရန် Sanction များရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ပါသည်။ မြန်မာ နိုင်ငံသည် အာရှတိုက်တွင် အဆင်းရဲဆုံးနိုင်ငံများပါဝင်ပြီး၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ရရှိသော နိုင်ငံတကာအကူအညီများ၏ တစ်စိတ် တစ်ပိုင်းပင်မရရှိခဲ့ပေ။
အီးယူ အဖွဲ့တွင် သုံးသပ်ချက်များအရ မကြာမီက တွေ့ရှိရာတွင် Sanction များသည် ၎င်း၏ နိုင်ငံရေးအရ ရည်မှန်းချက်များ မအောင်မြင်ဖြစ်ရသည့်ပြင် ပြည်သူများဆင်းရဲမွဲတေမှုကိုဆက်လက်ဖြစ်ပေါ်စေရန် ဖြစ်စေသည်မှာ သံသယဖြစ်ဖွယ်မရှိကြောင်း ဖော်ပြခဲ့ပါသည်။ အီးယူအဖွဲ့၏ သုံးသပ်ချက်တွင် နိဂုံးချုပ်ဖော် ပြထားရာ၌ ဥပဒေဖြင့် ကန့်သတ်ထားခြင်းမရှိပဲ ကမ္ဘာ့ဘဏ်ခဲ့သို့သော အဖွဲ့များ၏ ချေးငွေအကူအညီများ မရရှိ ခြင်းသည် ကျေးလက်ပြည်သူများ ဆင်ရဲမှုကို ထိခိုက်ကြောင်းဆိုခဲ့ပါသည်။
သို့သော် NLD က Sanction များရုတ်သိမ်းရန် စောသေးကြောင်း ငြင်းချက်ထုတ်ခဲ့ပါသည်။ ဖေဖော်ဝါရီ (၈)ရက်နေ့က ထုတ်ပြန်သော ကျေညာချက်တွင် NLD က Sanction များသည် စီးပွားရေးအခြေအနေများကို သိသာ လောက်သည့် အတိုင်းအတာအထိ ထိခိုက်ခြင်းမရှိကြောင်း ဖော်ပြခဲ့ပြီး ဆင်းရဲမွဲတေမှုနှင့် အုပ်ချုပ်မှု ညံ့ဖျင်းခြင်းအတွက် စစ်တပ်ကို အပြစ်တင်ခဲ့ပါသည်။ ကြေညာချက်တွင် လူ့အခွင့်အရေးတိုးတက်ရေး အတွက် ရှေးရှုလျက် Sanction များကို မည်သို့မွမ်းမံပြင်ဆင်မည်ဆိုသည်ကို အနောက်နိုင်ငံများနှင့် ဆွေးနွေးလိုကြောင်း NLD က ဆိုပါသည်။
ဝေဖန်သုံးသပ်သူများက ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် Sanction များကို နိုင်ငံရေးအရ သြဇာထူထောင်နိုင်ရန် ရှုမြင်ပုံရကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမေရိကန်နှင့် အခြားအစိုးရများသည် သူမ၏ ရပ်တည် ချက်ကို အလေးထားခဲ့ကြသောကြောင့်ဖြစ်ပါသည်။ "သူမအနေနဲ့ သူဟာ ခေတ်မှီနေဆဲဖြစ်ပြီး တိုင်းပြည်လိုအပ်ချက်ကို နားလည်သူဖြစ်ကြောင်း ပြသလိုပုံရပါတယ်။ ဒါပေမဲ့ သူမဟာ Sanction ဆိုတဲ့ ဝှက်ဖဲကို လွှတ်မပစ်လိုက်ချင်ပါဘူး" ဟု အနောက်နိုင်ငံသံတမန်တစ်ဦးကပြောပါသည်။ သူမအား ထောက်ခံသူများက အစိုးရသည် Sanction များ ရုတ်သိမ်းရန် အရူးအမူးအလိုရှိကြောင်း၊ အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးပြီး အနောက်နိုင်ငံမူဝါဒပြောင်းရေးအတွက် မျှော်လင့်ခဲ့ကြောင်း ငြင်းချက်ထုတ်ခဲ့ပါသည်။
ဖေဖော်ဝါရီ (၁၃)ရက်နေ့က ထုတ်ဝေသော သတင်းစာများတွင် NLD ၏ Sanction ထောက်ခံသော ရပ်တည်ချက်အား တိုက်ခိုက်ခဲ့ပြီး ပါတီနှင့် ၎င်း၏ ခေါင်းဆောင်အပေါ် ကြေကွဲဖွယ်ဇာတ်သိမ်းရမည်ဟု သတိပေး ခဲ့ပါ သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ်က စစ်အစိုးရသည် ဓာတ်ပြားဟောင်းအတိုင်း ဒေါ်အောင်ဆန်းစုကြည်အား ခြိမ်းခြောက်လျက်သာရှိကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါသည်။ သို့သော် ပညာရှင်တစ်ဦး၏ အဆိုအရ မူရင်းမြန်မာဘာသာဆောင်းပါးတွင် ဖော်ပြချက်မှာ အင်္ဂလိပ်ဘာသာ ဖော်ပြချက်လောက် မပြင်းထန်ကြောင်း ပြောဆိုခဲ့ပါသည်။
မြန်မာနိုင်ငံသည် ၎င်း၏အာရှတိုက်မှ အိမ်နီးချင်းများ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများရှိနေခြင်း ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ Sanction ထောက်ခံသော မဟာဗျူဟာသည် အချည်းအနှီးဖြစ်ကောင်းဖြစ် နိုင်မည်ဟု အချို့ဝေဖန် သုံးသပ်သူများက သတိပေးခဲ့ပါသည်။ တရုတ်သည် ရေနံနှင့် သဘာဝဓာတ်ငွေပိုက် လိုင်းများတည်ဆောက် လျက်ရှိပြီး၊ ထိုင်းဦးဆောင်သော စက်မှုဇုန်တွင်လည်း ရင်းနှီးမြှုပ်နှံလိမ့်မည်ဖြစ်ပါသည်။ အမေရိကန်နှင့် ဥရောပကုမ္ပဏီ များသည် မြန်မာနိုင်ငံတွင် ကန့်သတ်မှုများနှင့်သာ တည်ရှိပြီး၊ NLD ၏ မဟာ မိတ်ပြည်ပရောက် မြန်မာအုပ်စုများ၏ ပစ်မှတ်ဖြစ်လျက်ရှိပါသည်။ သမိုင်းပညာရှင်ဦးသန့်မြင့်ဦးက ပြောကြားရာတွင် အစိုးရသည် အနောက်နိုင်ငံများ တောင်းဆိုသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို မစဉ်းစားပဲ Sanction များကိုသာ ရုတ်သိမ်းရေး မြင်တွေ့လို ခြင်းဖြစ်ကြောင်းဆိုပါသည်။ "ကျွန်တော်ထင်တယ် အစိုးရက တရုတ်ရယ် ဒေသတွင်းနိုင်ငံများနဲ့ရယ် ဆက်ဆံရေးတွေ တိုးချဲ့လုပ်ပြီး အနောက်နိုင်ငံ Sanction တွေအလုပ်မဖြစ်အောင် ကြိုးစားတဲ့ ချဉ်းကပ်နည်းကိုသုံးလိမ့်မည်"ဟု ၎င်းက ပြောပါသည်။
အမည်မဖော်လိုသူ မြန်မာနိုင်ငံကိုကာလရှည်ကြာကပင်စောင့်ကြည့်လေ့လာသူတစ်ဦးကပြောကြားရာတွင် ကုန်သွယ်ရေး ပိတ်ပင်မှုများ ခြုံငုံ၍ ချမှတ်ခြင်းထက်စာလျှင် စစ်အစိုးရအဖွဲ့ဝင်များအပေါ်ငွေကြေးအရေးယူ မှုများချမှတ်ခြင်းက ပို၍ထိရောက်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အရှေ့အလယ်ပိုင်းက အုံကြွမှုများအားကြည့်ပါက ထိုအာဏာရှင်များနှင့် စီးပွားရေးလုပ်ရန် အန္တရာယ်ကြီးကြောင်းပြသခြင်းဖြစ်ကြောင်း ၎င်းကပြောပါသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.