Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၆.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာအင်အားကြီးကုမ္ပဏီ ထားဝယ်စီမံကိန်းမှ နှုတ်ထွက်ပာုဆို

(4 July 2012 ရက်စွဲပါ Reuters မှ Myanmar tycoon says pulling out of Dawei project ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ ဘာသာရေးအဓိကရုဏ်း အဆုံးသတ်အောင် ကူညီရန် ဒေါ်အောင်ဆန်းစုကြည်ကို မွတ်ဆလင်နှင့် နိုင်ငံများ တိုက်တွန်း

(AFP သတင်းမှ 4 July 2012 ရက်စွဲပါ “ Muslim states urge Suu Kyi to help end Myanmar violence”သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာအင်အားကြီးကုမ္ပဏီ ထားဝယ်စီမံကိန်းမှ နှုတ်ထွက်ပာုဆို

(4 July 2012 ရက်စွဲပါ Reuters မှ Myanmar tycoon says pulling out of Dawei project ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ Italian-Thai Development Pcl မှ ဦးဆောင်လုပ်ကိုင်နေသော မြန်မာနိုင်ငံမှ ထားဝယ်ဆိပ်ကမ်းနှင့် စက်မှုဇုန်တွင် မြန်မာပြည် အဓိကပါတနာတစ်ဦးဖြစ်သူက ဗုဒ္ဓပာူးနေ့က ပြောကြားရာတွင် ၎င်းသည် အဆိုပါ စီမံကိန်းတွင် ပါဝင်မည်မပာုတ်တော့ကြောင်း၊ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မှုအတွက် သံသယရှိသောကြောင့်ပာု ပြောဆိုခဲ့သည်။

ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမီတက်တွင် ၂၅% ပိုင်ဆိုင်သော Max Myanmar အုပ်စုသည် အဆိုပါစီမံကိန်းကို စိတ်ဝင်စားမှု မရှိတော့ကြောင်း သတင်းများ ထွက်ပေါ်နေခဲ့သည်။

“ကျွန်တော်တို့ ဒီစီမံကိန်းကနေ တဖြည်းဖြည်း ရုတ်သိမ်းပါမယ်”ပာု Max Myanmar ပိုင်ရှင် ဦးဇော်ဇော်က သတင်းများနှင့် ပတ်သက်၍ မှန်ကန်မှုရှိ၊ မရှိ Reuters ၏ မေးမြန်းချက်ကို တယ်လီဖုန်းဖြင့် ဖြေကြားခဲ့သည်။ အသေးစိတ်ရှင်းပြခြင်းကိုမူ မရှိခဲ့ပါ။

အီတာလျံ-ထိုင်း အနေဖြင့် ၂၅၀ စတုရန်းကီလိုမီတာ(၉၇ စတုရန်းမိုင်)ရှိသော အဆိုပါစီမံကိန်းတွင် ရေနက်ဆိပ်ကမ်း၊ သံမဏိစက်ရုံ၊ ရေနံချက် စက်ရုံနှင့် ရေနံဓာတုစက်ရုံများနှင့် ဓာတ်အားပေးစက်ရုံများအတွက် ဒေါ်လာ ၅၀ ဘီလီယံအား ငွေကြေးနောက်ခံ ရရှိမှုအား ကြိုးစားနေသည်ပာု မြင်နေကြသည်။ မြန်မာအစိုးရက ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ယခင် စစ်အစိုးရလက်ထက်က သဘောတူထားခဲ့ခြင်းဖြစ်သည်။

လက်ရှိ စွမ်းအင်ဝန်ကြီးက ဖေဖော်ဝါရီလက Reuters သို့ပြောကြားခဲ့ရာတွင် ထားဝယ်စီမံကိန်းထက် လျင်မြန်စွာ အထူးစီးပွားရေးဇုန် အနည်းဆုံး နှစ်ခုတည်ဆောက်မည်ပာု ပြောခဲ့သည်။

ထိုင်းအစိုးရကမူ ပို၍ စိတ်အားထက်သန်နေသည်။ မေလက ထိုင်းအစိုးရသည် ထားဝယ်ဧရိယာနှင့် ဆက်စပ်နိုင်သည့် ထိုင်းနိုင်ငံ အနောက်ပိုင်းရှိ အခြေခံအဆောက်အဦးလုပ်ငန်းများအတွက် ဘတ်ဂျက်၊ ထိုင်းဘတ် ၃၃.၁ ဘီလီယံ(ဒေါ်လာ ၁.၁ ဘီလီယံ)ချထားပေးခဲ့သည်။

ထိုင်းနိုင်ငံသည် ၎င်း၏ အနောက်ပိုင်းဒေသတွင် လေးလမ်းသွားလမ်း၊ အစိုးရရုံးများနှင့် မြန်မာနိုင်ငံတွင် အလုပ်လုပ်ကြမည့် ထိုင်းလူမျိုးများ အတွက် နေအိမ်များ ပါဝင်ရန်လိုလားပြီး ထိုင်းကုမ္ပဏီ အတော်များများက ထားဝယ်ကို ထူထောင်ရန်စိတ်အားထက်သန်နေပြီး၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှု အတွက် အစိုးရက ထောက်ပံ့ကူညီရမည်ဖြစ်သည်။

                                                                    ***************************************

မြန်မာနိုင်ငံမှ ဘာသာရေးအဓိကရုဏ်း အဆုံးသတ်အောင် ကူညီရန် ဒေါ်အောင်ဆန်းစုကြည်ကို မွတ်ဆလင်နှင့် နိုင်ငံများ တိုက်တွန်း

(AFP သတင်းမှ 4 July 2012 ရက်စွဲပါ “ Muslim states urge Suu Kyi to help end Myanmar violence”သတင်းကို ဘာသာပြန်ဆိုသည်)

အစ္စလမ်းမစ် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း OIC ဥက္ကဋ္ဌက မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်ဆလင်များအပေါ်အကြမ်းဖက်မှု အဆုံးသတ်သွားအောင် ကူညီပေးရန် ကြာသပတေးနေ့က တိုက်တွန်းလိုက်သည်။

“ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တစ်ဦးအနေနဲ့ ကမ္ဘာကြီးငြိမ်းချမ်းအောင်ကြိုးပမ်းမယ့် ပထမဆုံးခြေလှမ်းကို သင့်နိုင်ငံအတွင်းကနေ စတင် လိမ့်မယ်လို့ ကျွန်ုပ်တို့ယုံကြည်ပါတယ်”ဟု OIC ဥက္ကဋ္ဌ အက္ကမီလီဒင်က ဒေါ်အောင်ဆန်းစုကြည်ထံပေးစာတွင် ရေးသားဖော်ပြထားသည်။

၎င်းက ဆက်လက်၍ “မကြာသေးမီက အဓိကရုဏ်းအပေါ် နိုင်ငံတကာကစုံစမ်းစစ်ဆေးခြင်းကို မြန်မာအစိုးရက လက်ခံအောင်၊ ယခင်လက ဗုဒ္ဓဘာသာများနှင့် မွတ်ဆလင်များအကြား သွေးစွန်းသော အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာသော ကယ်ဆယ်ရေးအဖွဲ့များနှင့် နိုင်ငံတကာမီဒီယာများကို လွတ်လပ်စွာသွားရောက်ခွင့်ပြုအောင် မြန်မာအစိုးရအား စည်းရုံးပြောဆို ပေးပါရန်” အသစ်စက်စက် လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းထားသည်။

အဖွဲ့ဝင် ၅၇ နိုင်ငံ မွတ်ဆလင်အစည်းအရုံးဥက္ကဌက “အဓိကရုဏ်း ဘေးဒဏ်သင့်သူဒုက္ခသည်များ ၎င်းတို့ပိုင်ဆိုင်သော နေရာဒေသအသီးသီးသို့ အမြန်ဆုံးပြန်နိုင်ရေး”အတွက် တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံမှ ရိုဟင်ဂျာအခွင့်အရေး ချိုးဖောက်ခံရမှုများဆက်တိုက် ဖြစ်ပွားနေခြင်းအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

ထို့အပြင် OIC ဥက္ကဋ္ဌက ဆော်ဒီနိုင်ငံပင်လယ်နီကမ်းခြေ မြို့တော်ဂျက်ဒါးအခြေစိုက် OIC ဌာနချုပ်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက် လည်ပတ်ပါရန် ပေးစာတွင်ဖိတ်ကြားထားသည်။

ဇွန်လအတွင်း မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာရခိုင်များနှင့် ရိုဟင်ဂျာမွတ်ဆလင်များအကြားဖြစ်ပွားသော အပြန်အလှန် အကြမ်းဖက်မှုများကြောင့် လူပေါင်းဒါဇင်နှင့်ချီ၍ သေဆုံးကာ၊ အိုးမဲ့အိမ်မဲ့ နေစရာမရှိတော့သူအရေအတွက် ထောင်ပေါင်းများစွာ ရှိနေသည်ဟု သိရှိရသည်။

ထိုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် ယခုတိုင် ဒေသတွင်းအရေးပေါ်အခြေအနေ ကြေညာထားဆဲဖြစ်ပြီး၊ စစ်အုပ်ချုပ်ရေးနွံ့ထဲမှ ကုန်းရုန်း ထနေသော မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ယခုလို ဆူပူအုံကြွမှုများက ဆိုးကျိုးပေးနိုင်သည်ဟု ပြုပြင်ပြောင်းလဲရေးဝါဒီ သမ္မတ ဦးသိန်းစိန်က သတိပေးပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်းသားများကဲ့သို့ ဘင်္ဂါလီဘာသာစကားပြောဆိုသော ရိုဟင်ဂျာများသည် မြန်မာနိုင်ငံထဲတွင် အရေအတွက် ၈ သိန်း ကျော်ခန့် ရှိနေပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ၃ သိန်းခန့် နေထိုင်လျက်ရှိသည်ဟု ကုလသမဂ္ဂ ကိန်းဂဏန်းများအရ သိရှိရသည်။

ယင်းကဲ့သို့ ဘင်္ဂါလီစကားပြော ရိုဟင်ဂျာများကို တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများဟု မြန်မာအစိုးရနှင့် ပြည်သူအများစု သတ်မှတ် ထားကြသလို၊ လူဦးရေပေါက်ကွဲထူထပ်၍ ဆင်းရဲနွမ်းပါးသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း လက်ခံလိုခြင်း မရှိသဖြင့်၊ ရိုဟင်ဂျာအများစုမှာ စက်လှေများဖြင့် ပင်လယ်ဖြတ်ကူး၍ အခြားတတိယနိုင်ငံများသို့ သွားရောက်အခြေချရန် ကြိုးစားလျက်ရှိကြသည်ဟု သိရသည်။

                             ******************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment