Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၅.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. UPP Holdings ၏ ကုမ္ပဏီခွဲနှင့် မြန်မာကုမ္ပဏီတို့ ဖက်စပ်ကုမ္ပဏီထူထောင်ရန် သဘောတူညီမှုရရှိ

(The Business Times မှ 5 July 2012 ရက်စွဲပါ “UPP Holdings Unit Enters JV agreement with Myanmar firm”သတင်းကို ဘာသာပြန်ဆိုသည်)

  1. အိန္ဒိယနယ်ထဲသို့ ဝင်ရောက်သွားသော မြန်မာစစ်သားနှစ်ဦး ဖမ်းခံရ

(5 July 2012 ရက်စွဲပါ Bernama မှ Myanmarex soildders detained for entering Indian territory ကိုဘာသာပြန်ဆိုသည်)

                                         ***************************************************************

ဘာသာပြန်သတင်းများ

UPP Holdings ၏ ကုမ္ပဏီခွဲနှင့် မြန်မာကုမ္ပဏီတို့ ဖက်စပ်ကုမ္ပဏီထူထောင်ရန် သဘောတူညီမှုရရှိ

(The Business Times မှ 5 July 2012 ရက်စွဲပါ “UPP Holdings Unit Enters JV agreement with Myanmar firm”သတင်းကို ဘာသာပြန်ဆိုသည်)

UPP Holding Limited(UPP)၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော UPP Greentech Pte.Ltd သည် မြန်မာပြည်တွင်းကုမ္ပဏီ မြန်ရွှေပြည်လီမီတက် MSPL နှင့်ပူးပေါင်း၍ Kanaung Engineering Limited အမည်ဖြင့် ဖက်စပ်ကုမ္ပဏီထူထောင်ရန် သဘောတူညီချက်ရရှိသွားပြီပာု UPP က ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ကနောင်အင်ဂျင်နီယာရင်းလီမိတက် ဖက်စပ်ကုမ္ပဏီ၏ ရှယ်ယာပါဝင်မှုအချိုးမှာ မြန်မာကုမ္ပဏီ MSPL က ၃၃ ရာခိုင်နှုန်းနှင့် UPP Greentech က ၆၇ ရာခိုင်နှုန်းအသီးသီး ထည့်ဝင်ကြမည်ပာု သိရှိရသည်။

၎င်း ကနောင်အင်ဂျင်နီယာရင်း ဖက်စပ်ကုမ္ပဏီကလုပ်ဆောင်သွားမည့် အဓိကလုပ်ငန်းများထဲတွင် ကျောက်ဆောင်ဖောက်ခြင်း၊ ကျောက်မိုင်းခွဲခြင်းမှထွက်ရှိသော ကျောက်စရစ်များကို မြန်မာနိုင်ငံတွင်း အဓိကအခြေခံအဆောက်အဦး စီမံကိန်းများသို့ပေးသွင်းခြင်းတို့ ပါဝင်လိမ့်မည်ပာု မျှော်လင့်ရသည်။

ကနောင် ဖက်စပ်ကုမ္ပဏီ၏ စုစုပေါင်းမတည်ရင်းနှီးငွေမှာ ရှယ်ယာတစ်စုလျှင် ၁ ဒေါ်လာ တန်ဖိုးရှိ ရှယ်ယာပေါင်း ၂၀,၈၅၉,၅၂၃ ခုပါဝင်သော ဒေါ်လာ ၂၀,၈၅၉,၅၂၃ ဒေါ်လာ(ဒေါ်လာ သန်း ၂၀)ဖြစ်သည်ပာု သိရှိရသည်။

                                                                        *********************************

အိန္ဒိယနယ်ထဲသို့ ဝင်ရောက်သွားသော မြန်မာစစ်သားနှစ်ဦး ဖမ်းခံရ

(5 July 2012 ရက်စွဲပါ Bernama မှ Myanmarex soildders detained for entering Indian territory ကိုဘာသာပြန်ဆိုသည်)

(၄၀၄)ကီလိုမီတာရှည်သော မိုဇိုရမ်-မြန်မာနိုင်ငံတကာ နယ်စပ်တစ်လျှောက်တွင် ကင်းလှည့်နေသော အာသံရိုင်ဖယ်မှ တာဝန်ရှိသူများသည် မီဇိုရမ်သို့ နယ်စပ်ကိုဖြတ်၍ ဝင်ရောက်လာသော မြန်မာစစ်သားနှစ်ဦးအား ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ဗုဒ္ဓပာူးနေ့တွင် ပြောကြားမှုအားကိုးကား၍ Prese Trust of India က ဖော်ပြခဲ့သည်။

မြန်မာစစ်သားနှစ်ဦးသည် မီဇိုရမ်၏ Champhai နယ်ရှိ Ngur ရွာအနီး Zilhriphai သို့လက်နက်များဖြင့် ဝင်လာပြီး လယ်သမားတစ်ဦးအား မြန်မာ ငွေကျပ်တစ်သိန်း ခြိမ်းခြောက်တောင်းယူစဉ် အာသံရိုင်ဖယ်မှ တာဝန်ရှိသူများက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။

မြန်မာစစ်သားများသည် AK-47 တစ်လက်၊ ကျည်တစ်ကဒ်တစ်ခုနှင့် မိုဘိုင်းဖုန်းတစ်လုံး သယ်ဆောင်လာသည်ပာု ၎င်းတို့က ပြောသည်။

ဖမ်းဆီး ခံရသော မြန်မာစစ်သားများအား အာသံရိုင်ဖယ်မှ တာဝန်ရှိသူများက Champai ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်ပာု သတင်းများက ဆိုသည်။

                                           ******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment