Transparency Myanmar

transparency.myanmar@gmail.com

DVB, By Joseph Allchin, 8th April 2010

ယခု အပတ်တွင် ဘယ်လာရုစ် နိုင်ငံမှ Alexander Lukashenko ၏ အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်သို့ ရောက်ရှိခဲ့သောကြောင့် မြန်မာ အစိုးရသည် နောက်ထပ် ပြဿနာ နိုင်ငံ တစ်ခုနှင့် ပတ်သက်မိပြန်ပြီဟု ဆိုနိုင်သည်။

ဘယ်လာရုစ်မှာ ယခင် ဆိုဗီယက် ပြည်ထောင်စုမှ ကုန်းတွင်းပိတ် နိုင်ငံတစ်ခု ဖြစ်ပြီး၊ ခေါင်းဆောင် Alexander Lukashenko ကိုယ်တိုင် အာဏာရှင် ဖြစ်ကြောင်း ဝန်ခံထားသည်။ ပုံမှန် မဟုတ်သော နိုင်ငံရေး အခြေအနေကြောင့် ပြင်းထန်သော ဝေဖန်မှုများကို ခံနေရသော နိုင်ငံ ဖြစ်ပြီး၊ ၎င်းသည် ၁၉၉၄ ကတည်းက အငြင်းပွားဖွယ် ရွေးကောက်ပွဲများဖြင့် အာဏာ ဆက်လက် ကိုင်စွဲထားသူ ဖြစ်သည်။

ဘယ်လာရုစ်သည် ဥရောပတွင် တစ်ခုတည်းသော ဒီမိုကရေစီ နိုင်ငံ မဟုတ်သော နိုင်ငံ ဖြစ်ပြီး၊ သေဒဏ်စနစ် ကျင့်သုံးဆဲ တစ်ခုတည်းသော ဥရောပ နိုင်ငံလည်း ဖြစ်သည်။

ဘယ်လာရုစ် အစိုးရသည် အစိုးရ စစ်တပ်နှင့် နည်းပညာ ကော်မတီ ပထမ ဒုတိယ ဌာနမှူး Roman Halowchanka ခေါင်းဆောင်သော အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် လေးရက်ကြာ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံသို့ ဧပြီလ ၅ ရက်နေ့တွင် ရောက်လာပြီး၊ နှစ်နိုင်ငံ စစ်ရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများ အတွက် ဒုတိယ အကြိမ် ဆွေးနွေးမည် ဖြစ်ကြောင်း၊ ကော်မတီ ပြောခွင့်ရ ပုဂ္ဂိုလ် Uladzimar Lawranyak က ဘယ်လာရုစ် သတင်းဌာန Belapan သို့ ပြောကြားခဲ့သည်။

ပထမ အကြိမ် ဆွေးနွေးပွဲမှာ ပြီးခဲ့သည့်နှစ် ဇွန်လက ဘယ်လာရုစ် နိုင်ငံ မြို့တော် Minsk တွင် ကျင်းပခဲ့ကြောင်း ကော်မတီက ပြောကြားခဲ့သည်။ ဘယ်လာရုစ် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာ ဗိုလ်ချုပ်များနှင့် ကာကွယ်ရေး ဆိုင်ရာ စာချုပ်များ ပိုမို သေချာစေရန် ပြုလုပ်သွားမည်ဟု ဆိုသည်။

ဘယ်လာရုစ်သည် ပြီးခဲ့သည့် နှစ်များ အတွင်း စစ်ရေးနှင့် နည်းပညာ ဆက်ဆံမှုများ ထူထောင် နိုင်ခဲ့ကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။ ကန်ထရိုက်များမှ နိုင်ငံခြားငွေ အဖြစ် အခွန် ကောက်ခံမှုများမှာမူ မရနိုင်သေးကြောင်း၊ စစ်ရေးနှင့် နည်းပညာ နယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်လာရန် အလားအလာများ ရှိနေသေးကြောင်း ၎င်းက ပြောသည်။

မြန်မာ အစိုးရသည် လက်နက်များကို တရုတ်၊ ရုရှား၊ စင်္ကာပူ၊ ယူကရိန်း၊ အစ္စရေး နှင့် ဆားဗီးယားတို့မှ ရရှိသည်။ မြန်မာနိုင်ငံသည် အာရှတိုက်တွင် အဆင်းရဲဆုံး နိုင်ငံ စာရင်းတွင် ပါဝင်ပြီး ကလေး လူဦးရေ၏ ၃၅ % သည် အစာရေစာ လုံလောက်အောင် မရသော်လည်း၊ အစိုးရ ဘတ်ဂျက်၏ ၄၀ % ကို စစ်ရေး ကဏ္ဍတွင် အသုံးပြုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက ရုရှားသည် မြန်မာနိုင်ငံသို့ ဒေါ်လာ သန်း ၅၇၀ ဖိုးရှိ MIG – 29 တိုက်လေယာဉ် အစီး ၂၀ ရောင်းချခဲ့သည်။ အစိုးရအား ဝေဖန်သူများက မြန်မာနိုင်ငံတွင် လက်ရှိ ပြင်ပ ရန်သူ မရှိဘဲ တိုက်လေယာဉ်များ ဝယ်ယူမှု အတွက် စစ်တပ်၏ အမြင် ကျဉ်းမြောင်းသော ဝါဒ အတွက် မေးခွန်းထုတ်ခဲ့သည်။

ဗြိတိန် ဝန်ကြီးချုပ် Gordon Brown နှင့် အရှေ့ တီမော ခေါင်းဆောင် Dr. Jose Ramos – Horta အပါအဝင် ကမ္ဘာ့ ခေါင်းဆောင်များက မြန်မာနိုင်ငံကို လက်နက် ရောင်းဝယ်မှု ပိတ်ဆို့ရန် တောင်းဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment