Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ၊ အထူးသဖြင့် ကျင်းပရန် ရှိသည့် ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Kasit Piromya က အာဆီယံ ခေါင်းဆောင်များကို အတိုချုံး ပြောဆိုမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ စစ်အစိုးရက ကျင်းပပေးမည့် ဒီမိုကရေစီ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိကာ နိုင်ငံရေးသမားများနှင့် တိုင်းရင်းသား လူနည်းစုများ အားလုံး ပါဝင်သင့်ကြောင်း မစ္စတာ Kasit Piromya က ပြောသည်။

ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပ ပြုလုပ်မည့် ၁၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအတွင်း ညပိုင်း အချိန်တွင် မစ္စတာ Kasit က အာဆီယံ ခေါင်းဆောင်များအား မြန်မာ့အရေးကို အလွတ်တမ်း သဘောဖြင့် အတိုချုံး ပြောဆိုရန် စီစဉ်ထားခြင်း ဖြစ်သည်။

ဧပြီလ ၈ ရက်နေ့တွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက အာဆီယံ အမျိုးသမီးများနှင့် ကလေးငယ်များ ကာကွယ် စောင့်ရှောက်ရေး ကော်မရှင် (ACWC) တစ်ရပ်ကို စတင် ထူထောင်လိုက်သည်။ သို့သော် ACWC သည် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ အစိုးရအဖွဲ့များ ကော်မရှင် (AICHR) ၏ လုပ်ထုံးလုပ်နည်း အတိုင်း လုပ်ဆောင်နိုင်မှု ရှိ၊ မရှိ ဟူသည်ကို မသိရသေးပေ။

သတင်းများအရ ဖိလစ်ပိုင်နိုင်ငံက ACWC ကို AICHR အဖွဲ့၏ လက်အောက်တွင် လုပ်ကိုင် လည်ပတ် စေလိုသည်။ ထိုင်းနိုင်ငံက ACWC သည် AICHR ၏ လုပ်ဆောင်မှုများကို ပြီးပြတ်အောင် လုပ်ဆောင်ပေးနိုင်ပြီး လူ့အခွင့်အရေးကို ကာကွယ် မြှင့်တင်ရေး အတွက်လည်း ဆောင်ရွက် ပေးနိုင်သည်ဟု လက်ခံ ပြောဆိုသည်။

The Nation သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment