Transparency Myanmar

transparency.myanmar@gmail.com

Asian Correspondent, 31st Oct 2010

၂၀၀၉ ခုနှစ် စက်တင်ဘာတွင် သမ္မတ Barack Obama သည် မြန်မာ နိုင်ငံကို ပစ်ပယ်ထားမှုအား ဘေးဖယ်၍ နှစ်နိုင်ငံ ဆက်သွယ်ရန် လမ်းကြောင်းများ စတင် ချဲ့ထွင်ခြင်းကို မြန်မာ စစ်တပ် အစိုးရ အဆင့်မြင့် အာဏာပိုင် အဆင့်နှင့် ဆက်ဆံခြင်းဖြင့် ပြုလုပ်ခဲ့သည်။ စီးပွားရေး အရ အရေးယူ ပိတ်ဆို့မှုကို လက်တွေ့ ကျသော ဆက်ဆံရေးဖြင့် ချိန်ညှိခဲ့သည်။

အဆိုပါ အချက်များကြောင့် Asia Society သည် မြန်မာနိုင်ငံ အပေါ် အမေရိကန်၏ မူဝါဒအတွက် လုပ်ငန်း အင်အားစု (Task Force) ကို တည်ထောင်ခဲ့ပြီး အမေရိကန် မူဝါဒ ပြောင်းလဲမှုနှင့် ဆက်ဆံရေး လမ်းကြောင်းသစ်တွင် အမေရိကန် အနေဖြင့် မည်သို့ အကောင်းဆုံး ချဉ်းကပ်ရန် ခိုင်မာသော အကြောင်းများကို အကဲခတ် တင်ပြရန် ဖြစ်သည်။ လုပ်ငန်း အင်အားစု၏ အစီရင်ခံစာ ဖြစ်သော " Current Realities and Future Possibilities in Burma: Option For U.S. Policy"ကို ၂၀၁၀ မတ်လတွင် ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲများကို နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည် ဖြစ်ရာ၊ လုပ်ငန်း အင်အားစု၏ အစီရင်ခံစာ ထုတ်ဝေပြီး ကတည်းက မြန်မာနိုင်ငံတွင် အဓိက တိုးတက်လာမှုများ အပေါ် ခြုံငုံ၍ ထပ်မံ ဖြည့်စွက်ထားသည်။ ထပ်မံ ဖြည့်စွက်ချက်တွင် လာမည့် ရွေးကောက်ပွဲသည် အားလုံး ပါဝင်မှု သို့မဟုတ် တရား မျှတမှု ရှိလိမ့်မည် မဟုတ်သည်မှာ ထင်ရှားကြောင်း ဖော်ပြထားသည်။ အတိုချုပ် ပြောရလျှင် မြန်မာ စစ်ခေါင်းဆောင်များသည် နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုသော ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင်များနှင့် တိုင်းရင်းသားများ အပြည့်အဝ ပါဝင်ရေးကို ရည်ရွယ်ချက် ရှိရှိဖြင့် လစ်လျူရှုခဲ့သည်။

ထိုနည်းတူစွာပင် အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် ချဉ်းကပ်မှု အသစ်ကလည်း အရေးပါသော တိုးတက်မှု သို့မဟုတ် ရလဒ် ရရှိခြင်း မရှိသေး ဆိုသည်မှာလည်း ထင်ရှားသည်။ ထို့ကြောင့် အမေရိကန် ပြည်ထောင်စုသည် ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရ၏ ဒီမိုကရေစီရေး လုပ်ဆောင်မှုများ၊ အမျိုးသား ပြန်လည် ပေါင်းစည်းမှုနှင့် လူ့အခွင့်အရေး ကိစ္စရပ်များ အပေါ် သဘောထားကို သေချာစွာ စောင့်ကြည့် သင့်ပေသည်။ တချိန်တည်းမှာပင် ဆက်ဆံရေး လုပ်ငန်းစဉ်ကို မြန်မာ့ အနာဂတ် ခေါင်းဆောင်များကြား အထက်ပါ ရည်မှန်းချက်များ ပိုမို နားလည် သဘော ပေါက်ရေးအတွက် ရည်ရွယ်ပြီး ရှေ့ဆက် ခြေလှမ်းသင့်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် ထိရောက်စွာ တုန့်ပြန်နိုင်ရန်နှင့် အသွင် ကူးပြောင်းရေး အလား အလာများ၏ အချိန်ယူမှု အလှည့်အပြောင်းများအပေါ် ပြုပြင် ပြောင်းလဲလွယ်သည့် ရပ်တည်မှု ရှိရန် လိုအပ်မည် ဖြစ်သည်။ မြန်မာ အစိုးရသစ် အနေဖြင့် အပေါင်း လက္ခဏာ ဆောင်သော ဦးတည်ချက်များ အတွက် ဖိအားပေးရန် မျက်ခြေ မပြတ် ရှိနေသင့်လှပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment