Transparency Myanmar

transparency.myanmar@gmail.com

(Associated Press မှ 26 January 2011 ရက်စွဲပါ Malaysia releases lab mosquito to fight dengue ကို ဘာသာ ပြန်ဆိုသည်)

Dengue အဖျား ရောဂါကို ထိန်းချုပ်ရန် ကြိုးစားရာတွင် အာရှတိုက်၌ ပထမဆုံး စမ်းသပ်မှု အဖြစ် မလေးရှား နိုင်ငံက မျိုးရိုးဗီဇ ပြုပြင်ထားသော ခြင်ကောင်ရေ ၆ဝဝဝ ခန့်ကို တောထဲသို့ လွှတ်ပေး လိုက်သည်ဟု တာဝန် ရှိသူများက ပြောကြားလိုက်သည်။

ယခု လက်တွေ့ စမ်းသပ်မှုသည် ခြင်အမ များနှင့် မိတ်လိုက်ရန် မျိုးရိုး ဗီဇ ပြုပြင်ထားသော Aedes aegypti ခြင်ထီးများကို တရားဝင် အသုံးပြုရေး အတွက် ကြိုးစားခဲ့ခြင်း ဖြစ်ပြီး မျိုးပွားမှု သက်တမ်းကို လျှော့ချကာ ခြင်ကောင်ရေ ထိန်းချုပ်ရန် ဖြစ်သည်ဟု သိရှိရသည်။ Aedes aegypti ခြင်အမက သာလျှင် dengue အဖျား ရောဂါကို ပြန့်ပွား စေနိုင်ပြီး ၎င်း ရောဂါကြောင့် မလေးရှား နိုင်ငံတွင် ယခင်နှစ်က ၁၃၄ ဦး သေဆုံး ခဲ့ရသည်။

ဗုဒ္ဓဟူးနေ့က ရရှိသော မလေးရှား အစိုးရ၏ ဆေးသုတေသန ဌာန ထုတ်ပြန် ကြေညာချက်တွင် လူကို မကိုက်သော ဓာတ်ခွဲခန်း ခြင်ထီး အမြုံများကို မလေးရှား အရှေ့ပိုင်း လူမနေသော တောနက် ဒေသသို့ ဒီဇင်ဘာ ၂၁ ရက်နေ့က လွှတ်ပေးခဲ့သည်ဟု ဖော်ပြထားသည်။ ယခု အချိန်ထိ စမ်းသပ်မှု ရလဒ် မည်သို့ ရှိသည်ကို ဆေးသုတေသန ဌာနက ပြောကြားခြင်း မရှိသေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment