Transparency Myanmar

transparency.myanmar@gmail.com

(New kerala.com မှ 25 January 2011 ရက်စွဲပါ Myanmar to launch new private airline ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံတွင် ပုဂ္ဂလိက လေကြောင်း လိုင်းသစ် Asian Wings သည် ပြည်တွင်း ခရီးစဉ်နှင့် စင်းလုံးငှား ဝန်ဆောင် ပျံသန်းမှုများကို ကြာသပတေးနေ့၌ စတင် ပြုလုပ်တော့မည် ဖြစ်သည်။

ခရီင်္းစဉ် ၁၁ ခု ပျံသန်းပေးမည့် ပြည်တွင်း လေကြောင်း ခရီးစဉ်များတွင် အသုံး ပြုရန် အတွက် လူ ၇၀ ဆန့် TR 72- 500 လေယာဉ် နှစ်စင်း ရန်ကုန် မြို့တွင် ရောက်ရှိနေပြီ ဖြစ်သည်ဟု ပြည်တွင်း ထုတ် သတင်း ဂျာနယ်ကို ကိုးကားကာ ဆင်ဟွာ (Xinhua ) က ဖော်ပြသည်။

Asian Wings လေကြောင်းလိုင်းသည် နိုင်ငံတကာ ခရီးစဉ်များကိုလည်း စီစဉ်နေသည်ဟု သိရှိရသည်။

လက်ရှိ အချိန်တွင် မြန်မာ နိုင်ငံရှိ ပြည်တွင်း လေကြောင်းလိုင်း ၃ ခုမှာ နိုင်ငံပိုင် Myanmar Airways ၊ ပုဂ္ဂလိကပိုင် Air Mandalay ၊ Air Bagan တို့ ဖြစ်၍ Myanmar Airways International မှာမူ တစ်ခုတည်းသော နိုင်ငံတကာ လေကြောင်းလိုင်း ဖြစ်သည်။

အစိုးရ ရုံးစိုက်ခြင်း မရှိတော့သော ရန်ကုန် မြို့တော်သို့ ပျံသန်းလျက် ရှိသည့် ပြည်ပ လေကြောင်းလိုင်း ၁၃ လိုင်းတွင် Air China ၊ China Southern Airline ၊ Thai Airways International၊ Indian Airlines ၊ Quatar Airways ၊ Silk Air ၊Malaysian Airlines ၊ Bangkok Airways ၊ Mandarin ၊ Jetstar Asia ၊ Phuket Airlines ၊Thai Air Asia နှင့် Vietnam Airlines တို့ ပါဝင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment