Transparency Myanmar

transparency.myanmar@gmail.com

(The Straits Times မှ 26 January 2011 ရက်စွဲပါ Restive Chinese Cities to be under full surveillance ကို ဘာသာ ပြန်ဆိုသည်)

၂၀၀၉ ခုနှစ်က လူအသေ အပျောက် ရှိခဲ့သော လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားခဲ့သည့် တရုတ်ပြည် အနောက်ပိုင်း မြို့တော်တွင် အတိမ်း အစောင်း မခံသော နယ်မြေများကို ကင်မရာ လုံးရေ သောင်းဂဏန်းဖြင့် နေရာ မလပ် စောင့်ကြည့်ခြင်း အပါအဝင် အပြည့်အဝ ထိန်းချုပ် စောင့်ကြပ်လျက် ရှိသည်ဟု နိုင်ငံပိုင် မီဒီယာက အင်္ဂါနေ့တွင် သတင်း ထုတ်ပြန်လိုက်သည်။

အူရမ်ကီ ပြည်နယ်တွင် နယ်ခံလူများစု မွတ်စလင် အူဟာများနှင့် တိုင်းပြည်၏ လူများစု ဟန်လူမျိုးများကြား တင်းမာမှုများသည် ၂၀၀၉ ခုနှစ်တွင် အဓိကရုဏ်း ဖြစ်ပွားသည်ထိ ကြီးထွား လာခဲ့ပြီးချိန်မှ စ၍ လုံခြုံရေးကို တင်းကြပ်ထားခြင်း ဖြစ်သည်။ အူဟာ မျိုးနွယ်စုများက ၎င်းတို့ ရှေးအစဉ် အဆက် နေထိုင်ရာ ဇင်ဂျီယန်း ဒေသသို့ ဟန်လူမျိုး ပြောင်းရွှေ့ နေထိုင်သူများက ကျူးကျော် ဝင်ရောက်လာသည်ဟု ယူဆကာ ယခင်ကပင် မကျေနပ်မှုများ ရှိခဲ့ကြသည်။

ယမန်နှစ်က အဓိကရုဏ်း ဖြစ်ပွားစဉ် လူ ၁၉၇ ဦး အသက် ဆုံးရှုံးခဲ့ရာ နှစ်ပေါင်းများစွာတွင် ဇင်ဂျီယန်း ဒေသ၌ အများဆုံး သေပျောက်မှု ဖြစ်သည်ဟု အစိုးရက ပြောကြားသည်။ ရုန်းရင်း ဆန်ခတ်မှုများတွင် ပါဝင် ပတ်သက်သူများကို ဒါဇင်နှင့် ချီ၍ အစိုးရက ဖမ်းဆီးခဲ့ရာတွင် အများစုမှာ အူဟာများ ဖြစ်သည်။ ပင်လယ် ရပ်ခြားမှ အူဟာ အုပ်စုများက အဓိကရုဏ်း ဖြစ်အောင် လှုံ့ဆော်ခဲ့သည်ဟု ဘေဂျင်းက အပြစ် တင်ခဲ့သော်လည်း ပြည်ပရောက် အူဟာ အုပ်စုများက ယင်း စွပ်စွဲချက်ကို ငြင်းဆန်ထားသည်။

အဓိကရုဏ်း နှစ်ပတ်လည်နေ့ မတိုင်မီက အဆိုပါ ဒေသ တစ်ခုလုံးတွင် လုံခြုံရေး HD ကင်မရာ ၄ သောင်းခန့်ကို အကာ အကွယ်များဖြင့် တပ်ဆင် ထားပြီး ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

အူရမ်ကီတွင် ယခင်နှစ်ကပင် ကင်မရာ တစ်သောင်း ခုနစ်ထောင်ခန့် တပ်ဆင် ထားခဲ့သည်ဟု ဆင်ဟွာ (Xinhua) သတင်းဌာနက အင်္ဂါနေ့တွင် ကြေညာထားသည်။

ပြီးခဲ့သော သတင်းပတ်ကုန် ရက်က မြို့တော် ကောင်စီသို့ မိန့်ခွန်း ပြောကြားခဲ့သော အူရမ်ကီ မြို့တော်ဝန် ဂျာလာ အစ်စမာ ဒင်ဟီ၏ အဆိုအရ လုံခြုံရေး ကြပ်မတ် စောင့်ကြည့်မှုကို ယခုနှစ် အတွင်း ဆက်လက် တိုးချဲ့သွားမည်ဟု သိရှိရသည်။ နေရာ မလပ် စောင့်ကြပ်မှု ဆိုသည်မှာ မြို့တော်၏ အတိမ်း အစောင်း မခံသော နယ်မြေများတွင် မမြင်နိုင်သော နေရာ မရှိဟု ဆိုလိုကြောင်း မြို့တော် အိုင်တီဌာန အကြီးအကဲ ဝမ်ယန်နီယဉ်၏ ပြောကြားမှုကို ကိုးကားကာ သတင်းတွင် ဖော်ပြထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment