Transparency Myanmar

transparency.myanmar@gmail.com

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

(AFP မှ 28 Aug 2013 ရက်စွဲပါ “Malaysia to launch biggest crackdown on illegals” သတင်းကို ဘာသာပြန်ဆိုသည်)

(Thanh Nien News မှ 29 Aug 2013 ရက်စွဲပါ “ Myanmar vessel caught smuggling fuel into Vietnam” သတင်းကို ဘာသာပြန်ဆိုသည်)

(26 Aug 2013 ရက်စွဲပါ Bangkok Post သတင်းစာပါ Myanmar’s land-grab problem သတင်းကို ဘာသာပြန်ဆိုသည်)


တရားမဝင်လုပ်သားများအပေါ် အကြီးစားနှိမ်နင်းမှု မလေးရှားစတင်တော့မည်

(AFP မှ 28 Aug 2013 ရက်စွဲပါ “Malaysia to launch biggest crackdown on illegals” သတင်းကို ဘာသာပြန်ဆိုသည်)

မလေးရှားနိုင်ငံ၏ လုံခြုံမှုကို ရာဇဝတ်မှုခင်းများက ရိုက်ခတ်လာခြင်းကြောင့် တရားမဝင် ပြည်ပလုပ်သားခန့်မှန်းခြေ ငါးသိန်းခန့်အပေါ် အကြီးစားနှိမ်နင်းမှုပြုလုပ်တော့မည်ပာု မလေးရှားပြည်တွင်းမီဒီာညက ဗုဒ္ဓပာူးနေ့တွင် ဖော်ပြ ထားပါသည်။

တနင်္ဂနွေနေ့တွင်စတင်မည့် ၃ လကြာစီမံချက်တွင် တရားမဝင်ပြည်ပလုပ်သား ၅၀၀,၀၀၀ ခန့်ကိုနေရပ်ပြန်ပို့ရန် အာဏာပိုင်များက ကြိုးပမ်းကြမည်ဖြစ်ပြီး ၎င်းတို့အများစုမှာ ဖွံ့ဖြိုးမှုနောက်ကျနေသော အကြီးဆုံးအိမ်နီးချင်းနိုင်ငံ အင်ဒိုနီးရှားမှ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် အေလီယပ်အာမက်ကပြောကြားသည်။

၎င်းစီမံချက်ကို လူဝင်မှုကြီးကြပ်ရေးဌာနက ဦးဆောင်မည်ဖြစ်ပြီး ဝန်ထမ်းအင်အား ၁၃၅,၀၀၀ ပါဝင်လှုပ်ရှား ကြမည် ဖြစ်ကြောင်း အေလီယပ်အာမက်က ပြောကြားသည်ပာု The Star သတင်းစာတွင် ရေးသားထားသည်။

ပုံမှန်အားဖြင့် အေးချမ်းငြိမ်သက်သော မလေးရှားနိုင်ငံတွင် ယခုအခါ လူသေဆုံးသော ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိပြီး အုပ်စုဖွဲ့တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း အာဏာပိုင်များက အပြစ်တင်ထားသည်။

ပြည်ပနိုင်ငံခြားသားများသည် ယေဘူယျအားဖြင့် ရာဇဝတ်များနှင့် ပတ်သက်မှုမရှိသော်လည်း ယခုအခါ တရားမဝင်အလုပ်သမားများ အရေအတွက် ကြီးထွားလာခြင်းက လုံခြုံရေးပြဿနာများကို မီးထိုးပေးနေခြင်းဖြစ်ပါသည်။

အစိုးရကိန်းဂဏန်းများက ရာဇဝတ်မှုသိသာစွာကျဆင်းကြောင်း ပြသနေသော်လည်း အကြမ်းဖက်မှုများကြောင့် ရာဇဝတ်မှုများ တိုးပွားလာသည်ပာု ပြည်သူတို့က ယူဆလာကြပြီး အစိုးရကိန်းဂဏန်းများအပေါ် ကျယ်ကျယ်ပြန့်ပြန့် အငြင်းပွားစရာ ဖြစ်လာခဲ့သည်။

သေနတ်ပစ်ခတ် အကြမ်းဖက်မှုများအပေါ် ကြိုတင်ပြင်ဆင်ထားခြင်းမရှိကြောင်း ပေါ်လွင်သွားကာ လက်ရှိလပိုင်းများအတွင်း ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရသော ရဲတပ်ဖွဲ့က သြဂုတ်လ ၁၇ ရက်တွင် ရာဇဝတ်ဂိုဏ်းများကို စတင် နှိမ်နင်းခဲ့သည်။

၎င်းစီမံချက်အတွင်း သံသယရှိတရားခံ ၁၄၀၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ပာု ရဲတပ်ဖွဲ့က ပြောကြားသည်။

“တရားမဝင်နေထိုင်သူတွေကို အပြည့်အဝနှိမ်နင်းဖို့အချိန်ကျပါပြီ။ သူတို့ပုန်းနိုင်ပေမယ့် ဘယ်လောက်ကြာကြာ ပုန်းနိုင် မှာလဲ”ပာု လူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူးချုပ် အေလီယပ်အာမက်က ပြောကြားပါသည်။

အရှေ့တောင်အာရှ တတိယစီးပွားရေးအင်အားကြီး မလေးရှားနိုင်ငံသို့ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဗီယက်နမ်၊ နီပေါနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားမြောက်များစွာ ရောက်ရှိလာပြီး လစာနည်းသော ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ စက်ရုံနှင့် စိုက်ခင်းများတွင် လုပ်ကိုင်နေကြသည်။


ဗီယက်နမ်သို့ တရားမဝင်ဒီဇယ်တင်သွင်းလာသော မြန်မာသင်္ဘောကို ဖမ်းဆီးမိ

(Thanh Nien News မှ 29 Aug 2013 ရက်စွဲပါ “ Myanmar vessel caught smuggling fuel into Vietnam ” သတင်းကို ဘာသာပြန်ဆိုသည်)

ရန်ဝင်း ၁၈ အမည်ရှိ မြန်မာသင်္ဘောသည် ဗီယက်နမ်နိုင်ငံအတွင်းသို့ တရားမဝင်ဒီဇယ် တင်သွင်းလာခြင်း ကြောင့် ဗီယက်နမ်မြောက်ပိုင်း ပြည်နယ်နမ်ဒင်းမှ ကမ်းခြေစောင့်တပ်ဖွဲ့က အင်္ဂါနေ့တွင် ဖမ်းဆီးလိုက်ပါသည်။

နမ်ဒင်းပြည်နယ် နင်ကိုမှ အရှေ့တောင်ဘက်ရေမိုင် ၂၁ မိုင်ခန့်ကွာဝေးသောနေရာတွင် သံသယဖြစ်ဖွယ် သင်္ဘောနှစ်စင်းကို ကမ်းခြေစောင့်တပ်က တွေ့ရှိစစ်ဆေးခဲ့သည်ဟု ဆိုပါသည်။

ထိုသို့သွားရောက်စစ်ဆေးချိန်တွင် မြန်မာသင်္ဘောမှ ဒီဇယ်များကို ဗီယက်နမ်သင်္ဘောသို့ ရွှေ့ပြောင်းနေသည်ကို တွေ့ရှိရသောကြောင့် သင်္ဘောအဖွဲ့သားအားလုံးကို စစ်ဆေးမေးမြန်းရန် ဟိုင်သင်းဆိပ်ကမ်းသို့ ခေါ်ဆောင်လာခဲ့သည်ဟု သိရှိရသည်။

မြန်မာသင်္ဘောအဖွဲ့သားများက တရားမဝင်ဒီဇယ်ရောင်းဝယ်မှုတွင် ပတ်သက်မိကြောင်း ဝန်ခံ ခံကြပြီး၊ အဖွဲ့သား ၇ ဦးပါ ဗီယက်နမ်သင်္ဘောက ရန်ဝင်း ၁၈ သင်္ဘောမှ ဒီဇယ်တန်ချိန် ၅၀၀၀ ကျော်ကို လာရောက် ဝယ်ယူခြင်းဖြစ်သည်ဟု သိရှိရသည်။

ရန်ဝင်း ၁၈ သင်္ဘောပေါ်တွင် မြန်မာလူမျိုး သင်္ဘောကပ္ပတိန်နှင့်အတူ သင်္ဘောသား ၁၆ ဦး လိုက်ပါလာရာ မြနမာ ၁၄ ဦးနှင့် တရုတ် ၂ ဦးပါဝင်သည်။

အဆိုပါအမှုကို ဗီယက်နမ် အာဏာပိုင်များက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။


မြန်မာနိုင်ငံ၏ မြေယာပိုင်ဆိုင်မှု ပြဿနာ

(26 Aug 2013 ရက်စွဲပါ Bangkok Post သတင်းစာပါ Myanmar’s land-grab problem သတင်းကို ဘာသာပြန်ဆိုသည်)

ပြုပြင်ပြောင်းလဲမှု၏ မရေရာသော အဆင့်များက ပိုင်ဆိုင်မှုမှတ်တမ်းများ မှုန်ဝါးနေပြီး လမ်းကြောင်းရှိပြီးသား လူချမ်းသာ ခရိုနီများရှိသည့် နိုင်ငံတစ်ခုတွင် အလွဲသုံးစားပြုမှုများကို အနည်းငယ်သာ ကန့်သတ်ထိန်းချုပ်ရန် လုပ်ဆောင် ကြသည်။

အနောက်မြောက်ဘက် စစ်ကိုင်းတိုင်း တောင်တန်းများမှ ရန်ကုန်မြို့ပြင်နေရာများရှိ စက်မှုဇုန်များအထိ မြေယာသိမ်းဆည်းမှုများနှင့်ပတ်သက်၍ အစိုးရ၏ ကိုင်တွယ်ပုံအပေါ် လူထုဖိအားတိုးလျက်ရှိပါသည်။ အများက စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်မှာလား၊ ဖျက်မှာလားဟုဆိုနေကြပါသည်။