Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၅.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ရန်ကုန်မှာ တစ်ပတ်အတွင်း ကျူးကျော်အိမ် ၂၀၀ ကျော်ကို အင်အားသုံး ဖျက်ဆီး
  2. အလုပ်သမား ငါးဦးနှင့်အထက်ရှိပါက မှတ်ပုံတင်ရမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခြင်းရှိ၊ မရှိ စောင့်ကြည့်မည်
  2. မြစ်ဆုံကိစ္စပြောကြားမှုမှာ တရုတ်သတင်းစာဘာသာပြန်လွဲမှားခြင်းကြောင့်ပာု ဦးအောင်သိန်းလင်း ဖြေရှင်း
  3. ရွေးကောက်ပွဲစနစ်အကြောင်း ဆွေးနွေးရန် ဒီမိတ်ပါတီများနှင့် ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*************************

ပြည်တွင်းသတင်းများ

ရန်ကုန်မှာ တစ်ပတ်အတွင်း ကျူးကျော်အိမ် ၂၀၀ ကျော်ကို အင်အားသုံး ဖျက်ဆီး

စီးပွားရေးမြို့တော် ရန်ကုန်မြို့အတွင်းက အစိုးရဌာနပိုင် မြေနေရာတွေမှာ လခပေးနေထိုင်နေသည့် ကျူးကျော်အိမ် ၂၀၀ ကျော်ကို စည်ပင်၊ ရဲနှင့် သက်ဆိုင်ရာဌာန ဝန်ထမ်းတွေပါတဲ့ ပူးပေါင်းအဖွဲ့တွေက အင်အားသုံး ဖျက်ဆီးခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုစိုးထွန်းက ဆို သည်။

ဇူလိုင် ၂၁ ရက်က မရမ်းကုန်းမြို့နယ်၊ လေကြောင်း ညွှန်ကြားမှုဦးစီးဌာနပိုင် မြေနေရာတွေမှာ ဆယ်နှစ်ကျော် နေထိုင်လာခဲ့သည့် အိမ်ခြေ တစ်ရာနီးပါးကို မနက်လင်းအားကြီးချိန်မှာ ဝင်ရောက်ဖျက်ဆီးခဲ့တဲ့အတွက် မိသားစုတစ်ရာကျော် အိုးမဲ့၊အိမ်မဲ့ဘဝသို့ ရောက်ရှိသွားပြီး မိသားစုဝင် ကလေးငယ်တို့၏ ကျောင်းပညာရေးမှာလည်း ဆုံးခန်းတိုင်သည့် ဘဝသို့ ရောက်ရှိသွားကြောင်း ကာယကံရှင်တစ်ဦးက ပြောကြားသည်။

"အကုန်လုံး အိပ်နေချိန်မှာ အကြမ်းပတမ်းလုပ်သွားတာ၊ ဒီနေရာမှာ နေထိုင်ဖို့ကို တစ်လ ကျပ်၅၀၀၀ ရယကကို ပေးနေရတာ၊ တကယ် ဖြစ်တော့ ရယကကလည်း ဝင်ဖျက်ဆီးတဲ့ အထဲမှာပါတယ်"ဟု ယင်းက ဆက်လက်ပြောကြားသည်။

ရွှေပြည်သာ၊ ထန်းခြောက်ပင်ကျေးရွာမှာလည်း အိမ်ခြေ ၅၀ ကျော်ကို ရဲနဲ့စည်ပင်တွေက သုဿန်မြေနေရာမှာ ပါဝင်တယ်ဆိုပြီး အင်အားသုံး ဖျက်ဆီးခဲ့တဲ့အတွက် ရွှေညဝါဆရာတော် ဦးပညာသီဟ ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေက ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေရ ကြောင်း ဦးကိုကိုကြီး(စမ်းချောင်း)က ပြောကြားသည်။

"ဒီလိုလုပ်တာကတော့ လူမဆန်ဘူး။ မကောင်းဘူး။ အိမ်တွေ ဖျက်မယ်ဆိုလည်း နောက်နေရာမှာ အစားပြန်ပေးသင့်တယ်"ဟု ယင်းက ဆိုသည်။

မီးရထားပိုင်မြေနေရာတွေမှာ ဆယ်စုနှစ်တစ်ခုနီးပါး နေထိုင်ရောင်းဝယ်ခဲ့သည့် သမိုင်း၊ ဘူတာရုံလမ်းမပေါ်က ဆိုင်ခန်း ၅၀ ကျော်ကိုလည်း မီးရထားရဲနဲ့စည်ပင်က ဇူလိုင် ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တွေမှာ အင်အားသုံး ဖျက်ဆီးခဲ့ကြောင်း သိရသည်။

"ဒီနေရာတွေမှာ မြန်မာ့မီးရထားရဲ့ လုပ်ငန်းတွေကို အဆင့်မြှင့်တင်ဖို့အတွက် ဖယ်ရှားခိုင်းရတာပါ"ဟု မြန်မာ့မီးရထား၊ တိုင်း(၇)မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

နှစ်ပေါင်းများစွာ အစိုးရပိုင်မြေနေရာတွေမှာ နေထိုင်လုပ်ကိုင်လာကြတဲ့ အိမ်ခြေတွေ၊လုပ်ငန်းတွေကို ဖယ်ရှားနေခြင်းဟာ ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ပြီး၊လူသားချင်း စာနာထောက်ထားရန် အလွန်လိုအပ်ပါကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဆိုသည်။

အောင်စည်

-----------------------------------------------------------------------------------------------------------------------------------

အလုပ်သမား ငါးဦးနှင့်အထက်ရှိပါက မှတ်ပုံတင်ရမည်

ပြည်တွင်းရှိ စက်မှုလက်မှုလုပ်ငန်း၊ လက်ဖက်ရည်ဆိုင်လုပ်ငန်း၊ စတိုင်းဆိုင်နှင့် စားသောက်ဆိုင် အစရှိသည့် လုပ်ငန်းများတွင် အလုပ်သမား ငါးဦးနှင့်အထက်ရှိပါက လူမှုဖူလုံရေးဥပဒေအရ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း လူမှုဖူလုံရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ငါးဦးနဲ့အထက် လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေကို မှတ်ပုံတင်ခိုင်းတာပါ။ စက်မှု၊ လက်မှု လုပ်ငန်း၊ စတိုးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ အလုပ်သမားငါးယောက်ကျော်ရင် မှတ်ပုံတင်ရမှာပါ။ အရင်ကတည်းက ဒီအတိုင်းလုပ်တာပါ”ပာု ရန်ကုန်တိုင်းဒေသကြီး လူမှု ဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် Venus ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့်လည်း လူမှုဖူလုံရေးအဖွဲ့မှတ်ပုံတင်မရှိပါက တရားဝင်မှတ်ပုံတင်၍ အထောက်အထား ပြနိုင်မှသာ သက်တမ်းတိုးပေးမည်ဖြစ်ပြီး မှတ်ပုံတင်ထားသော်လည်း အလုပ်သမားများအတွက် ပေးသွင်းရမည့် ထည့်ဝင်ကြေးနှင့် ကြွေးကျန်များရှိပါက လုပ်ငန်း လိုင်စင်နှင့် သက်တမ်းတိုးခြင်းကိစ္စများကို ဆောင်ရွက်ပေးမည် မပာုတ်ကြောင်း သိရသည်။

“သက်ဆိုင်ရာက လူမှုဖူလုံရေးမှတ်ပုံတင်တွေ လာတင်ဖို့ အကြောင်းကြားထားပေမယ့် လုပ်ငန်းရှင်တွေက လိုက်နာဆောင်ရွက်မှု မရှိပါဘူး။ တချို့လုပ်ငန်းရှင်တွေကျတော့ မှတ်ပုံတင်တော့ လာတင်ထားပါတယ်။ ဒါပေမယ့် အလုပ်သမားတွေအတွက် ထည့်ဝင်ကြေးတို့၊ ကြွေးကျန်တို့ဆို လက် ရှောင်နေကြတာကများတယ်။ ဒီလိုမျိုးလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို လုံးဝ သက်တမ်းမတိုးပေးပါဘူး”ပာု အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့်အပြင် ပြည်တွင်းရှိ အလုပ် သမားများလူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Ref:Venus

*************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခြင်းရှိ၊ မရှိ စောင့်ကြည့်မည်

အစိုးရအဖွဲ့၏ အခြေခံအကျဆုံးအုပ်ချုပ်ရေးဖြစ်သည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား ခန့်အပ်တာဝန်ပေးအပ်ရာတွင် ဥပဒေနှင့်အညီ လျှိ့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခန့်အပ်ခြင်း ရှိ၊ မရှိ ပြည်သူ့ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူတို့က စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“နိုင်ငံပာာ ဒီမိုကရေစီလမ်းကိုလျှောက်နေပြီဆိုတော့ အစိုးရပိုင်းတွေမှာ ပြောင်းလဲနေသလို အခြေခံကျတဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း ပြောင်းလဲခန့်အပ်မှာပါ။ ရပ်/ကျေး အုပ်ချုပ်ရေးမှုးတွေကို လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးချယ်ခြင်းရှိ၊ မရှိဆိုတာကို ကိုယ် စားလှယ်တွေနဲ့ နိုင်ငံရေးပါတီအသီးသီးက စောင့်ကြည့်နေမှာပါ။ ပြည်သူတွေအနေနဲ့လည်း ကိုယ်ကြိုက်နှစ်သက်တဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိပါ တယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်အစိုးရမှ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှုးများအား ရုံးအသုံးစရိတ်နှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးသွားမည်ဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများအား နည်းဥပဒေနှင့်အညီ ခန့်အပ်ပြီးပါက ၎င်းတို့မှ ပြည်သူများထံမှ ရုံးအသုံးစရိတ် ကောက်ခံခြင်း၊ အလှူငွေ ကောက်ခံခြင်းနှင့် အခြားအပိုစရိတ်များကောက်ခံပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

                “နည်းဥပဒေမှာလည်း ဖော်ပြထားပါတယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို လစာအနေနဲ့ ၇၀၀၀၀ အပြင် ရုံး အသုံးစရိတ်က ၅၀၀၀၀ ဆိုပြီးပေးသွားမှာပါ။ ဒီလိုပေးနေရဲ့သားနဲ့ ပြည်သူတွေဆီက အခကြေးငွေကောက်ခံတယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုင်ကြားပါ။ ထိရောက်စွာ အရေးယူသွားမှာပါ”ပာု ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

                ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒဿမနေ့တွင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခန့်အပ်ရေးကိစ္စရပ်နှင် ပတ်သက်၍ မေးမြန်းမှုအား ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးက ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ချီးမြှင့်ထောက်ပံ့ငွေနှင့် ရုံးအသုံးစရိတ် ကိစ္စရပ်များဆိုင်ရာ ဘဏ္ဍာရေး အတည်ပြုချက်များ ရရှိပါက ရွေးချယ် တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေကို ဇူလိုင်လ ၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ပြီး အဆိုပါ နည်းဥပဒေတွင် အခန်း ၁၁ ခန်းပါရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများအတွက် တစ်လလျှင် ချီးမြှင့်ထောက်ပံ့ငွေပေးမည့် အစီအစဉ်များ ကိုပါ ထည့်သွင်းထားကြောင်း သိရသည်။  

                 YC

-----------------------------------------------------------------------------------------------------------------------------------

မြစ်ဆုံကိစ္စပြောကြားမှုမှာ တရုတ်သတင်းစာဘာသာပြန်လွဲမှားခြင်းကြောင့်ပာု ဦးအောင်သိန်းလင်း ဖြေရှင်း

မြစ်ဆုံကိစ္စရပ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ အပတ်စဉ်ထုတ် Southern Weekend သတင်းစာတွင် ဖော်ပြထားသည်မှာ မိမိ၏ ဖြေဆိုမှု မပာုတ်ဘဲ တရုတ်သတင်းစာ၏ ဘာသာပြန်လွဲမှားမှုများသာဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗပာိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက ပြန်လည် ဖြေရှင်း ပြောကြားခဲ့သည်။

“ဒီကိစ္စကြီးက မဖြစ်နိုင်တဲ့ကိစ္စကြီးပါ။ တရုတ်နိုင်ငံသတင်းစာတိုက်က သူမပြောဘဲနဲ့ ပြောပါတယ်ဆိုပြီးတော့ ရေးမှာတော့ မပာုတ်ဘူး။ သမ္မတ ကြီးရဲ့အမိန့်ကို ဦးအောင်သိန်းလင်းက ရဲရဲကြီး ဖီဆန်ပြလိုက်တာပါ။ ပြီးတော့ ခုလို ဖြေရှင်းချက်ပေးတယ်ဆိုတာက ကလေးကလား ဆန်လွန်းပါတယ်။ ကိုယ့်အပြစ်ကို ဖုံးဖိဖို့အတွက် သူများအပေါ် ပုံချတယ်ဆိုတဲ့ လုပ် ရပ်ကလည်း တကယ်ကိုယောကျာင်္းမပီသရာကျပါတယ်”ပာု မြန်မာ့အရေး လေ့လာ နေသူတစ်ဦးက ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ၎င်း၏ သက်တမ်းအတွင်း ပြည်သူများမှ ကန့်ကွက်လျက်ရှိသည့် မြစ်ဆုံစီမံကိန်း ကို ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ပြည်သူများသို့ ကတိပေးပြောကြားခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီဗပိာုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက ဧရာဝတီမြစ်ဆုံဆည်ကို မဖြစ်မနေ ပြန်လည်စတင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း တရုတ် နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားပြောဆိုခဲ့သည်။

“ပာိုနေ့ကဆို ယောက်လမ်းထိပ်မှာ ဂျာနယ်လက်ပွေ့ရောင်းတဲ့သူက “အောင်သိန်းလင်းရူးသွားပြီ။ ရူးသွားပြီ” ဆိုပြီးတော့ကို အော်ရောင်း နေ့တာ။ ပြည်သူတွေကလည်း ဘာလဲဆိုပြီး သိချင်လို့ဝယ်ဖတ်တော့မှာ သိရပါတယ်။ ဒီကိစ္စပာာ သူတကယ်ပြောလား မပြောလားဆိုတာ ပိာုဘက်က သတင်းစာကို လှမ်းမေးလိုက်ရင် သိနိုင်ပါတယ်။ အမှန်တကယ် ပြောခဲ့တယ်ဆိုရင်တော့ ကိုယ့်တာဝန်ကိုယ်ယူနိုင်ရမှာပေါ့”ပာု သတင်းထောက်တစ်ဦးက ဆိုသည်။

                ထို့ပြင် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဦးအောင်သိန်းလင်းက မြစ်ဆုံကိစ္စရပ်ဆိုင်း ခြင်းသည် သမ္မတကြီး တစ်ဦးတည်း၏ သဘောထားဖြစ်သည့်အပြင် သမ္မတသည် မြန်မာ-တရုတ်ဆက်ဆံရေးကို ပျက်ပြားစေရန် လုပ်ဆောင်ခဲ့သည့်အတွက် မိမိအနေဖြင့် ဆန့်ကျင်ကြောင်း၊ အနောက်နိုင်ငံများမှာ မြန်မာ-တရုတ် ဆက်ဆံရေး ပျက်ပြားနိုင်စေရန် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် ကုလသမဂ္ဂကိုလည်း အယုံအကြည်မရှိကြောင်း၊ မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီ ကလင်တန်လာရောက်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးအတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ အမေရိကန်နှင့် EU နိုင်ငံများမှာ မြန်မာ နိုင်ငံအတွင်း ရုပ်သေးအစိုးရတင်ရန် လုပ်ဆောင်နေသည့်အတွက် မိမိအနေဖြင့် ၎င်းတို့အား ယုံကြည်မှု မရှိကြောင်း၊ ပြည်တွင်းရှိ ပြည်သူများသည် ရူးသွပ်ခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်နေသည့်အတွက် ဒေါ်အောင် ဆန်းစုကြည်အား လူကြိုက်များရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရွေးကောက်ပွဲစနစ်အကြောင်း ဆွေးနွေးရန် ဒီမိတ်ပါတီများနှင့် ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံမည်

ဒီမိုကရေစီနှင့် မိတ်ဆွေပါတီများမှ ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားသည့် အချိုးကျ တင်မြှောက်သည့် ရွေးကောက်ပွဲစနစ်အကြောင်း ဆွေးနွေးနိုင်ရန် ဇူလိုင်လ ၂၇ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံး၌ ပြည်ထောင်စုရွေးကောက်ပွဲရှင်နှင့် ဒီမိုကရေစီ မိတ်ဆွေများမှတွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ရွေးကောက်ပွဲစနစ်ပြုပြင်ရေးစာတမ်းနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဒီမို မိတ်ပါတီများသို့ ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ပါတီတစ်ခုလျှင် ဥက္ကဋ္ဌ(သို့) အတွင်းရေးမှူး(သို့) အလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဦး မပျက်မကွက် တက်ရာက် ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေး စာတမ်းတစ်စောင် တင်ထားပါတယ်။ ဒီအတွက် ဇူလိုင် ၂၇ ရက်နေ့မှ တွေ့ဆုံဆွေးနွေးမယ်ဆိုပြီး ဖိတ်ကြားထားပါတယ်။ အခုတင်ပြထားတဲ့ ရွေးကောက်ပွဲ အချိုးကျစနစ်ပာာ ဥရောပနိုင်ငံတွေမှာ လက်ရှိ ကျင့်သုံး နေတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ပါတီတစ်ခုတည်းကပဲ လွှတ်တော်ကိုတက်တာမျိုးမပာုတ်ဘဲနဲ့ ပါတီတိုင်း လွှတ်တော်ကိုတက်ရောက်ခွင့်ရှိတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်”ပာု အမျိုး သား ဒီမိုကရေစီအင်အားစုပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့တွင် ဒီမိုမိတ်ဆွေပါတီများမှ လွှတ်တော်တွင်း အချိုးကျ ပါဝင်နိုင်သည့်စနစ်နှင့် ပတ်သက်၍ ဗပိာုအလုပ်အမှု ဆောင်အစည်းအဝေးကို ပြုလုပ်ကျင်းပဆုံးဖြတ်၍ ဇွန်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သမ္မတကြီးနဲ့ တွေ့ခဲ့တုန်းကလည်း ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးစေပေမယ့် အစိုးရအနေနဲ့က လုပ်ပါလို့ ပြောလို့မရဘူးလို့ သမ္မတကြီးကပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း တင်ပြပြီးသားဆိုတော့ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို လွှတ်တော်မှ ဆွေးနွေးနိုင်ရင် ပိုကောင်းပါတယ်။ ဒီစနစ်ပာာ ဥရောပနိုင်ငံတွေမှာ လက်ရှိကျင့်သုံးနေတဲ့ စနစ်တစ်ခုပါ”ပာု ဒီမိုမိတ်ဆွေပါတီများမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့တွင် စစ်တပ်မှကျင်းပပြုလုပ်ပေးခဲ့သည့် ရွေးကောက်ပွဲသည် အငြင်းပွားဖွယ် ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာမှ သတ်မှတ်ခဲ့သော်လည်း အစိုးရသစ်လက်ထက်တွင် ကျင်းပခဲ့သည့် ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ရှိကြောင်း မြန်မာ့အရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။

YC

**************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ပြည်သူ့လွှတ်တော် ဥပဒေကြမ်းရေးဆွဲရာတွင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသော ကော်မတီကော်မရှင် တို့သည် ပြည်ထောင်စုအဆင့် ဖြစ်သည်ဟု ရေးဆွဲထားပါသည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက လွှတ်တော်များက ဖွဲ့စည်းထားသော ကော်မတီကော်မရှင်များကို ပြည်ထောင်စုအဆင့်ဟု သတ်မှတ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိဟု ဆုံးဖြတ်ထားကြောင်း ထို့သို့ဆုံးဖြတ်ချက်သည် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကို အတည်ပြုနိုင်ရေးကိစ္စတွင် ဥပဒေ အကြပ်အတည်း ဖြစ်ပေါ်လျက်ရှိသည်။”

ဇူလိုင်လ(၂၅)ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂)အမှတ်(၁၀၄) တွင်ပါရှိသည့် “လွှတ်တော်ဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းရာတွင် ပြည်ထောင်စု အဆင့် မဟုတ်ဟူသော ဆုံးဖြတ်ချက်သည် ဥပဒေဆိုင်ရာ အကျပ်အတည်း  ဖြစ်ပေါ်စေ”သတင်းမှ ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ၏ အစီရင်ခံစာပါ ဖော်ပြချက် အပေါ်ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

“၁၉၈၈ ခုနှစ်နောက်ပိုင်း၌ မြို့တွင်းမှ မြို့ပြင်သို့ မောင်းထုတ်ခံခဲ့ရသော အခြေခံလူတန်းစားများ ရှိကြောင်း မြို့ပြတည်ဆောက်သည်ဟုဆိုပြီး လယ်ကွင်းထဲမှာ ပစ်ချခြင်းခံခဲ့ရတယ်၊ ယနေ့အချိန်အထိ ကိုယ့်အားကိုယ်ကိုး ရပ်တည်ခဲ့ရတယ်။ နိုင်ငံတော်၏ ကူညီပံ့ပိုးမှုမှာက လယ်ကွင်းမြေကွက်ကို လက်ညှိုးထိုးထိုးခဲ့ခြင်း ဖြစ်တယ်။ နိုင်ငံတော်မှ လုပ်ပေးနိုင်သည့် အနေအထားကိုလည်း လုပ်ပေးနိုင်အောင် တွန်းအားပေးရမှာဖြစ်တယ်”

ဇူလိုင်လ(၂၅)ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂)အမှတ်(၁၀၄) တွင်ပါရှိသည့် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တွင် ၈၈မျိုးဆက် ကျောင်းသား များမှ အာဇာနည်နေ့နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအကြောင်းပြော ကြားသတင်းမှ (၈၈)မျိုးဆက် တစ်ဦးဖြစ်သူကိုမင်းဇေယျ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

“ဧရာဝတီမြစ်ဆုံဒေသမှ ရေကာတာကြီးကို CPI ကုမ္ပဏီက လုံးဝလက်မလျှော့သေးပါ၊ CPI တင်ပြသော အချက်အလက်များ၌ လွဲမှားနေတဲ့ အချက်များ ပါနေတယ်၊ ဧရာဝတီ မြစ်ဆုံစီမံကိန်းကို စောင့်ကြည့်ရမယ့်အချိန်က ၂၀၁၅ရွေးကောက်ပွဲအပြီး ဖြစ်တယ်။ ဘာ့ကြောင့်ဆိုတော့ နိုင်ငံတော် သမ္မတကြီးမှ ၎င်း၏ သက်တမ်းကာလအတွင်း ရေကာတာစီမံကိန်းကို ရပ်ဆိုင်းထားမည်ဟုကတိရှိသောကြောင့် ဖြစ်တယ်။”

ဇူလိုင်လ(၂၅)ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂) အမှတ်(၁၀၄) တွင်ပါရှိသည့် “မြန်မာပြည် ဦးခေါင်းကိုထိသော် ရင်ဘတ်ထဲကနာသည် ဧရာဝတီမြစ်ဆုံကိစ္စ နောက်ဆုံးအခြေအနေ”သတင်းမှ ကိုဂျင်မီ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

**************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment