Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၂.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပိုမိုမျှော်လင့်လာနိုင်သည့် အလုံးစုံငြိမ်းချမ်းရေးနှင့် ရွေးချယ်စရာ နည်းလမ်းနည်းလာသည့် KIA

*****************************************

ဆောင်းပါးကဏ္ဍ

ပိုမိုမျှော်လင့်လာနိုင်သည့် အလုံးစုံငြိမ်းချမ်းရေးနှင့် ရွေးချယ်စရာ နည်းလမ်းနည်းလာသည့် KIA

အောင်မောင်း

အစိုးရသစ်လက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပြီး KNU ကဲ့သို့ နိုင်ငံရေးအစဉ်အလာ ကြီးမားသည့် အစည်းအရုံးကြီးတစ်ခုနှင့်ပင် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် ရလဒ်ကောင်းများ ရရှိနေချိန်တွင် KIA နှင့် ငြိမ်းချမ်းရေး သဘောတူညီမှု မရနိုင်သေးသည့်ကိစ္စမှာ မေးခွန်းတစ်ခုဖြစ်နေသည်။ ဗမာအပါအဝင်  ပင်မတိုင်းရင်းသားအုပ်စုကြီး ၈ ခုရှိပြီး တိုင်းရင်း သားမျိုးနွယ်စုပေါင်း ၁၃၅မျိုးကျော်ရှိသည့် ပြည်ထောင်စုနိုင်ငံတစ်ခုတွင် ယုံကြည်ကိုးကွယ်ရာ ဘာသာနှင့် ဓလေ့ထုံးတမ်းများ ကွဲပြားမှု ကြောင့် မျိုးနွယ်စုများ၏ လိုအင်ဆန္ဒနှင့် လိုလားချက်များက မတူညီပေ။ ထို့ကြောင့် ယခုလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး တည်ဆောက် မှုတွင် တိုင်းရင်းသားလက်နက်ကိုင်များအား တစ်ဖွဲ့ချင်းအလိုက် ဆွေးနွေးညှိနှိုင်းခဲ့ရခြင်းလည်းဖြစ်သည်။ ထိုအထဲတွင် KIA နှင့် ပြဿနာ က ပြေလည်မှုမရသေးခြင်း ဖြစ်သည်။

Negotiating တွင် နှစ်ဦးနှစ်ဖက်လုံးက မိမိတို့၏ ယူဆချက်များ၊ လိုလားချက်များကို လျော့ပေးရသည့် သဘောရှိပါသည်။ တစ် ဖက်နှင့်တစ်ဖက် မိမိ၏လိုလားချက်ကို အတင်းစွဲကိုင်ထားခြင်းထက် နှစ်ဦးနှစ်ဖက်လုံးက လက်ခံနိုင်မည့် အခြေအနေတစ်ခုဖြစ်သည့် တတိ ယလမ်းကြောင်းတစ်ခုကိုလည်း ဖော်ဆောင်ပေးရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင် အစိုးရနှင့် အတိုက်အခံအကြား ရွေးကောက်ပွဲကို တတိ ယလမ်းကြောင်းအဖြစ် အသုံးပြု၍ ဒီမိုကရေစီစနစ်ကို စတင်ပြောင်းလဲနိုင်ရန် ကြိုးပမ်းခဲ့သည့် သာဓကမှာ အကြီးမားဆုံးအောင်မြင်မှု အဖြစ် ရှုမြင်နိုင်ကြပါလိမ့်မည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့်လည်း ထိုနည်းတူစွာ နှစ်ဦးနှစ်ဖက် အလျော့ပေး၍ ငြိမ်းချမ်းရေး ဆွေး နွေးခဲ့ရခြင်းလည်း ဖြစ်ပါသည်။ ဥပမာ ဆိုရလျှင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်ခုတည်းသော တပ်မတော်အဖြစ်သာထား၍ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များကို လက်နက်ချခိုင်းရန် ရှိသော်လည်း လက်ရှိအခြေအနေတွင် ဆက်လက်ပြီး လက်နက်ကိုင်ခွင့်ပြုထား သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း လိုက်လျောရန် ခက်ခဲသည့် အခြေအနေအချို့ကို အလျော့ပေးခဲ့ကြသည်။ ဤနည်းဖြင့် ငြိမ်းချမ်းရေး ရုပ်လုံးပေါ်လာခြင်းဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်များတွင်လည်း အမျိုးသားရေးအတွက် အမှန်တကယ် လက်နက်စွဲကိုင်နေရသူများ ရှိသလို၊ ကိုယ် ကျိုးစီးပွားအတွက် လက်နက်စွဲကိုင်ထားသူများလည်း ရှိသည်။ လက်နက်မရှိတော့လျှင် မိမိတို့ဒေသ၌ အာဏာမရှိတော့ဟု လွဲမှားစွာ အထင်ရောက်နေသည့် တိုင်းရင်းသားခေါင်းဆောင်များ ရှိသလို ပြည်တွင်းစစ်ကို အလျှင်အမြန်ရပ်စဲပြီး ရွေးကောက်တင်မြှောက်ပွဲများမှ တဆင့်၊ စားပွဲဝိုင်းပေါ်မှတဆင့် တိုင်းရင်းသားအရေးကို လုပ်ဆောင်လိုသည့် ခေါင်းဆောင်များလည်း ရှိပါသည်။ အဓိကမှာ  တိုင်းရင်းသား အရေး လူမျိုးရေးအတွက် ရသည့်နည်းဖြင့် ကြိုးပမ်းလိုစိတ်က အဓိကဖြစ်ပြီး မဖြစ်သာ၍ လက်နက်ကိုင်စွဲနေရသည့် အခြေအနေကို အလျင်အမြန်ဆုံး ရပ်တန့်ရန် စိတ်ရင်းစေတနာ မှန်ကန်မှုပင် ဖြစ်ပါသည်။ အစိုးရအဖွဲ့ထဲတွင်လည်း တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ တင်းမာသူများ၊ ကိုယ်ကျိုးစီးပွားရှာသူများ ရှိနိုင်သလို ပြည်တွင်းစစ်ကို ပါဝင်တိုက်ခိုက်ခဲ့ရပြီး အမှန်တကယ်ရပ်ဆိုင်းလိုသည့် ပုဂ္ဂိုလ်များ လည်းရှိပါသည်။ အဓိကမှာ ထိုကဲ့သို့ ခေါင်းဆောင်များ ပွင့်လင်းစွာ ပြောဆို ဆွေးနွေးနိုင်ရေးပင်ဖြစ်သည်။

KIA အဖွဲ့ကို တာဝန်ယူဆွေးနွေးနေသည့် ဦးအောင်သောင်း နှုတ်ထွက်သွားပြီးနောက်ပိုင်းတွင် ဦးအောင်သောင်းအနေဖြင့် သ ဘောထားမမှန်ကန်ဘဲ အစိုးရသို့ အချက်အလက် ပြည့်စုံစွာတင်ပြမှုမရှိကြောင်း KIA အဖွဲ့မှ စွပ်စွဲပြောဆိုခဲ့သည်။ သဘောထားတင်းမာ သူဟု ထင်ကြေးပေးခံရသူ ဦးအောင်သောင်းအနေဖြင့် လက်နက်ကိုင်တိုက်ခိုက်နေရသည့် အချိန် တစ်ဖက်နှင့်တစ်ဖက် သံသယကြီးစွာ ထားရှိနေသည့် အချိန်တွင် သံသယများ လျော့ပါးအောင် မစွမ်းဆောင်နိုင်သကဲ့သို့ KIA ဘက်မှလည်း လိုအပ်သည်ထက် ပို၍ စိုးရိမ်ခဲ့ဖွယ် ရှိပါသည်။ ထို့ပြင် KIA ကိစ္စ၌ တရုတ်ပြည်၏ အကျိုးစီးပွားလည်း ပါကောင်းပါနိုင်ပေရာ ဤပြဿနာ၏ အတိမ်အနက်မှာ အခြားသော တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များထက် ပို၍ ရှုပ်ထွေးဖွယ်ရှိပါသည်။ အထူးသဖြင့် တရုတ်ပြည်၏ အကျိုးစီးပွားနှင့် မိမိအကျိုးစီးပွား ချိတ် ဆက်နေသော အစိုးရအဖွဲ့ဝင်များ၊ စစ်တပ်အသိုင်းအဝိုင်းများလည်း ရှိနေသေးသည်။ ထို့ပြင် တစ်ဖက်တွင်လည်း KIA ၏ အကျိုးစီးပွား လည်း ရှိနေပြန်သေးသည်။

ယခု ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟိုကော်မတီကို နိုင်ငံတော်သမ္မတကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းခဲ့ပြီးဖြစ်သလို လုပ်ငန်းကော်မ တီတွင်လည်း စစ်တပ်အသိုင်းအဝိုင်းမှ မဟုတ်သော အရပ်သားများဖြစ်သော တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်လာ ခဲ့ပါသည်။ ယခုတစ်ကြိမ်တွင်မူ အစိုးရဘက်က တစ်ထစ်လျော့၍ ပိုမို ပျော့ပြောင်းသည့်နည်းလမ်းဖြင့် ချဉ်းကပ်ခဲ့ခြင်းဟု ဆိုရမည်လည်း ဖြစ်ပါသည်။ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အောင်မြင်မှုမရရှိခဲ့သော ပုဂ္ဂိုလ်များ နှုတ်ထွက်သွားကြသလို အောင်မြင်မှုရရှိခဲ့သော ပုဂ္ဂိုလ်များလည်း ပါဝင်လာတော့မည်ဖြစ်၍ ယခင်ကထက်ပို၍ ရလဒ်ကောင်းများ ရရှိရန် မျှော်လင့်လာနိုင်ပါသည်။ ယခင်အစိုးရလက်ထက် က ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးများသည် မူဝါဒ ပုံသေမရှိခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များကို ဥပဒေအထက်တွင်ရှိသော အခွင့်အ ရေးအချို့ပေးခဲ့ခြင်း၊ ပြည်သူလူထုကို ကိုယ်စားမပြုခဲ့ခြင်းတို့ကြောင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့စေကာမူ အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက် သော အခြေအနေ တည်ဆောက်ရန်အတွက် လက်နက်ဖြုတ်သိမ်းရန် ကြိုးပမ်းရာမှ ယခုအစိုးရသစ်လက်ထက်တွင် အခက်အခဲများ ပေါ် ပေါက်ခဲ့ရခြင်းလည်း ဖြစ်သည်။ သို့ရာတွင် ယခုအစိုးရသစ်လက်ထက်၌ ပြုလုပ်နေသော ငြိမ်းချမ်းရေးများသည် အဖြစ်မဟုတ်ဘဲ စနစ်ကျ သည့် ငြိမ်းချမ်းရေးတည်ဆောက်မှုများ ဖြစ်သည်ကိုတော့ အသိအမှတ်ပြုနိုင်ပါသည်။ အဓိကမှာ ဖွံ့ဖြိုးရေးရှုထောင့်မှနေ၍ ပြည်သူကို အ ခြေခံ၍ စဉ်းစားသည့်ပုံစံမျိုးကြောင့် ယခုကဲ့သို့  စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် သရုပ်မှန်သော ငြိမ်းချမ်းရေးတည်ဆောက်မှုပုံစံ ရုပ်လုံးပေါ် လာခြင်းဖြစ်သည်။  သမ္မတကိုယ်တိုင်ဦးဆောင်၍ ငြိမ်းချမ်းရေးတည်ဆောက်မှုကို ဖော်ဆောင်ရာတွင် တိုင်းရင်းသာများ၏ အမျိုးသားရေး၊ တန်းတူရည်တူရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် ရှုထောင့်မှ ငြိမ်းချမ်းရေးတည်ဆောက်ရန် ကြိုးပမ်းမှုမှာ အောင်မြင်ဖွယ်ရာ များ စွာရှိပါသည်။ အထူးသဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ကမ္ဘာ့အသိုင်းအဝိုင်းက ကူညီပံ့ပိုးလိုမှု မြင့်တက်နေချိန်ဖြစ်ရာ တရုတ် ပြည်၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားခဲ့ရသော အခြေအနေများလည်း မလိုအပ်တော့သည့်အချိန်တွင် အကယ်၍များ ငြိမ်းချမ်းရေး တည်ဆောက်မှု မအောင်မမြင်ဖြစ်ခဲ့ပါက KIA အတွက် ရွေးချယ်စရာမရှိတော့သည့် အနေအထားတစ်ခုသို့ မလွဲမသွေရောက်ရှိ နိုင်သည့် ကိစ္စမှာလည်း ………………

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၁၂.၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အလုပ်သမားသမဂ္ဂဖွဲ့ရန် စည်းရုံးသူများ အလုပ်ထုတ်မည်ပာု ခြိမ်းခြောက်
  1. ရွှေနံ့သာလယ်မြေများအား မည်သူမျှလုပ်ကိုင်ခွင့် မရှိ
  2. ဘယ်ညာ မောင်းမခွဲဘဲ ကားတင်သွင်းခွင့်ပြုမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. NNDP ပါတီမှ မေ ၂၇ ရက်နေ့တွင် ဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်မည်
  2. တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ တည်ထောင်ခွင့်ရ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

အလုပ်သမားသမဂ္ဂဖွဲ့ရန် စည်းရုံးသူများ အလုပ်ထုတ်မည်ပာု ခြိမ်းခြောက်

မြန်မာနိုင်ငံအတွင်း အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရန် နိုင်ငံတော်မှ တရားဝင်ခွင့်ပြုထားသော်လည်း အချို့ စက်ရုံများတွင် အလုပ်ရှင်များမှ အလုပ်သမားသမဂ္ဂဖွဲ့စည်းရန် စည်းရုံးလှုံဆော်သည့် အလုပ်သမားများအား အလုပ်ထုတ်ပယ်သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေကြောင်း လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ရုံမှ အလုပ်သမားတစ်ဦး၏ ပြော ပြချက်အရ သိရသည်။

“အလုပ်သမား အလုပ်သမားသမဂ္ဂထဲကိုဝင်ရင် အလုပ်ထုတ်ပစ်မယ်။ သက်ဆိုင်ရာနဲ့ စကားပြောရမယ်။ ကိုယ့်ပာာကိုယ် အေးအေး နေဆိုပြီး အလုပ်ရှင်တွေကိုယ်တိုင်က ပြောကြတယ်။ တချို့အလုပ်သမားတွေကတော့ ကြောက်တော့ ဝင်ပြီးသားဆိုရင်တောင် ပြန်ထွက်ဖို့ အတွက် လုပ်နေကြပြီ”ပာု လှိုင်သာယာ တိုင်ရီစက်ရုံမှ အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

ထိုသို့ အလုပ်သမား ခြိမ်းခြောက်မှုကိစ္စရပ်များ ဖြစ်ပွားနေသည့်အတွက် အလုပ်သမားသမဂ္ဂဖွဲ့စည်းသည့် ကိစ္စရပ်အား ကာကွယ် ပေးမည့် ဥပဒေပြဋ္ဌာန်းနိုင်ရန် လိုအပ်လျက်ရှိပြီး ပြီးခဲ့သည့် မတ်လအတွင်းက ရွှေပြည်သာမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် အလုပ်သမားတစ်ဦး မှ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရန် စည်းရုံးခဲ့သည့်အတွက် အလုပ်ရှင်မှ အလုပ်ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

“အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့အတွက် နိုင်ငံတော်က တရားဝင်ခွင့်ပြုပေးထားတာပါ။ ဒါမှလည်း အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်နိုင်မှာ ဖြစ်တဲ့အပြင် အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ဖြစ်နေတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်မှာပေါ့။ ဒီအ ပေါ်မှာ အလုပ်သမားတွေကို အလုပ်သမားသမဂ္ဂ ဖွဲ့စည်းဖို့ စည်းရုံးလှုံ့ဆော်ရင် အလုပ်ထုတ်ပယ်မယ်ဆိုတာပာာ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာပါပဲ”ပာု ဥပဒေရေးရာကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

နိုင်ငံတကာမှ မကြာသေးမီကာလများအတွင်း အလုပ်သမားတို့၏ ရပိုင်ခွင့်များနှင့် အလုပ်ရှင် အလုပ်သမားကြား ပြဿနာများ ပြေ လည်နိုင်စေရန် အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းခွင့် ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ကြောင်း သိရသည်။

Ref:The Voice

-----------------------------------------------------------------------------------------------------------------------------------

ရွှေနံ့သာလယ်မြေများအား မည်သူမျှ လုပ်ကိုင်ခွင့်မရှိ

ဇေကမ္ဘာနဲ့ရွှေနံ့သာ လယ်မြေအငြင်းပွားမှုကြောင့် အဆိုပါ လယ်မြေများတွင် မြေပြင်ခြင်း၊ စိုက်ပျိုးခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ခွင့်ပြုချက်မရပဲ မည်သူမျှ ပြုလုပ်ခွင့်မရှိကြောင်း မေလ ၁၂ရက်နေ့တွင် သက်ဆိုင်ရာခရိုင်ရုံး၏ ထုတ်ပြန်ချက်အရ သိရ သည်။

“ဇေကမ္ဘာဘက်ကလုပ်လို့ လယ်သမားတွေက လိုက်လုပ်တာပါ။ အခုနောက်ဆုံးကတော့ ဒီလယ်မြေတွေမှာ နှစ်ဖက်လုံးက လယ်ယာ လုပ်ငန်းခွင် ပြင်ဆင်တာ၊ စိုက်ပျိုးတာမလုပ်ဖို့ တားမြစ်ထားတယ်“ဟု အဆိုပါပြဿနာအား လယ်သမားများဘက်မှ ကူညီပေးနေသူ ဦးနေ မျိုးဝေမှ ပြောကြားသည်။

မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပေါင်းကူး ရွှေနံ့သာ-ဗားလားကွင်း၊ ကွင်းအမှတ် ၅၃၁/၅၃၃ တွင် ရွှေနံ့သာနေ လယ်သ မားများသည် မေလ ၁၀ရက်နေ့က လယ်ထွန်မင်္ဂလာ ဆင်းသည်ဟုဆိုကာ လယ်ထွန်ဟန်ဆောင်ပြီး လယ်ထွန်စက်ကို ဟိုက်ဒရောလစ်ဖြင့် မ၍ လယ်ကွက်များတွင် ပတ်မောင်းခဲ့သည်။ ရွှေနံ့သာလယ်သမားများ ထိုသို့ မပြုခင်ကပင် ဦးခင်ရွှေ၏ ဇေကမ္ဘာလုပ်သားများမှ ကန်သင်း ရိုးများအား ဖြတ်ခြင်း၊ တူးခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း လယ်သမားများထံမှ သိရသည်။

သို့သော် ဇေကမ္ဘာမှ လုပ်ဆောင်နေမှုများအား မတားဆီးခဲ့သော်လည်း လယ်သမားများ၏ ဟန်ဆောင်လယ်ထွန်မှုအား မြို့နယ် အုပ်ချုပ်ရေးမှူးမှ လာရောက်တားဆီးကြောင်း သိရသည်။

“ကျွန်တော်တို့ လယ်သမားတွေဘက်က ဥပဒေကို မချိုးဖောက်ပါဘူး။ တကယ်လယ်ထွန်တာလည်း မဟုတ်ပါဘူး။ တားချင်ရင် တကယ်လုပ်နေတဲ့ ဇေကမ္ဘာကိုပါ တားပါလို့ သွားပြောတော့မှ အကုန်ရပ်သွားတာ“ဟု ရွှေနံ့သာရွာမှ လယ်သမားတစ်ဦးက ဆိုသည်။

မေလ ၁၀ရက်နေ့တွင် ပြေလည်စွာ ပြီးခဲ့သော်လည်း မေလ ၁၁ရက်နေ့ နံနက်တွင်ဇေကမ္ဘာမှ လုပ်သားများနှင့်အတူ ဗိုလ်ကြီး မြင့်ဇော်ဆိုသူပါ ဓါးများ၊ တုတ်များအား ကိုင်ဆောင်ကာ လယ်မြေများအား ဆက်လက် တူးဖော်နေကြသည်။ လယ်သမားများဘက်မှ မေတ္တာရပ်ခံမှုများ ပြုလုပ်သော်လည်း ဇေကမ္ဘာမှ ရပ်ဆိုင်းမှုမရှိတာကြောင့် လယ်သမားများသည်လည်း ထွန်စက်ကိုယူပြီး လယ်ထွန်မှုများ ပြုလုပ်ကြသည်ဟုလည်း သိရှိရသည်။

ထိုအခါ ဇေကမ္ဘာနှင့် ရွှေနံ့သာလယ်သမားများသည် အငြင်းပွားမှုဖြစ်နေစဉ်မှာပင် ရ.ယ.ကမှ တာဝန်ရှိသူများ ရောက်လာပြီး တားဆီးခဲ့သော်လည်း ဇေကမ္ဘာနှင့် လယ်သမားများသည် ရပ်တန့်မှုမရှိတာကြောင့် ခရိုင်အဆင့်မှ တားဆီးရသည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဟိုလူတွေက မနက်ထဲက လယ်တွေဖျက်နေတာ သူတို့ကိုအရင်မတားပဲနဲ့တော့ မရဘူး။ သူတို့ရပ်မှ ကျုပ်တို့လည်း ရပ်နိုင်မယ် ပြောမှ ရ.ယ.ကလူတွေက ခရိုင်ကို အကြောင်းကြားပြီး ခရိုင်ကလှမ်းတားမှရတာ”ဟု ရွှေနံ့သာလယ်သမားတစ်ဦးမှ ဆက်လက် ဆိုသည်။

အဆိုပါ မေလ ၁၁ရက်နေ့ ညအချိန်၌ ရ.ယ.ကမှ အကြောင်းကြားစာ ထွက်ရှိလာပြီး နှစ်ဖက်စလုံးမှ လယ်ယာလုပ်ငန်းခွင် ပြင်ဆင် ခြင်း၊ စိုက်ပျိုးခြင်းများ ပြုလုပ်ခွင့်မရှိကြောင်း ကြေညာသည်။ ထို့နောက် မေလ ၁၂ ရက်နေ့တွင် ပိုမိုတိကျသော အချက်အလက်များဖြင့် မည်သူမျှ လယ်ယာလုပ်ငန်းခွင်ပြင်ဆင်ခြင်း၊ စိုက်ပျိုးခြင်းများ ပြုလုပ်ခွင့်မရှိကြောင်း ခရိုင်အဆင့်မှ စာထပ်ထွက်လာကြောင်း သိရှိရသည်။

ယခု ဖြစ်ပွားခဲ့မှုများနှင့် ပတ်သက်၍ ဦးနေမျိုးဝေမှ “အခုက လယ်ယာမြေပိုင်ဆိုင်ခွင့်ကို ဇေကမ္ဘာနဲ့ လယ်သမားတွေ အငြင်းပွားတဲ့ အခြေအနေပါ။ လယ်ယာမြေပိုင်ဆိုင်ခွင့်ကို ဥပဒေနဲ့အညီ ချပေးတော့မယ်ဆိုရင် ဒေသခံ လယ်ယာမဲ့တဲ့သူတွေကို ဦးစားပေးရမှာပါ။ ချမ်း သာတဲ့လူက နောက်ဆုံးအဆင့်မှာပဲရှိတယ်။ တရားနဲ့အညီသာဆို လယ်သမားတွေပဲ ရဖို့ များတယ်”ဟု သုံးသပ်ပြောကြားသည်။

ရွှေနံ့သာ လယ်သမားများလုပ်ကိုင်နေသည့် မြေဧက ၈၀၀ ကျော်အား၂၀၁၀ ခုနှစ် ဧပြီလတွင် ရ.ယ.က မှ တာဝန်ရှိသူများသည် လယ်သမားများနှင့် တွေ့ဆုံပြီး အဆိုပါလယ်မြေများအား စက်မှုဇုံထောင်ရန်အတွက် ဇေကမ္ဘာအား လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ လယ် သမားများအား လျော်ကြေးငွေအဖြစ် တစ်ဧကအား ငါးသောင်းကျပ် ပေးမည်ဖြစ်ကြောင်း စတင်ဆွေးနွေးရာမှ ပြဿနာစတင်လာခြင်း ဖြစ်သည်။ ထိုမှတဆင့် စက်မှုဇုံမှ လယ်ယာမြေပိုင်ဆိုင်မှုအတွက် အငြင်းပွားသည်အထိ ဖြစ်လာခဲ့ကြောင်း သိရသည်။

အလင်းရောင်

-----------------------------------------------------------------------------------------------------------------------------------

ဘယ်ညာ မောင်းမခွဲဘဲ ကားတင်သွင်းခွင့်ပြုမည်

မြန်မာ့ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များ၌ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသူ တိုင်း ၂၀၀၇ ခုနှစ်နှင့် အထက်(ခရီးသည်တင်ဘက်စ်မှအပ) ကားတင်သွင်းခွင့်ပြုရာတွင် ဘယ်မောင်းညာမောင်း မခွဲခြားဘဲ ကားတင်သွင်း ခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

၂၀၁၂ မေလ ၇ ရက်နေ့တွင် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၂) ကို ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးပွဲတွင် နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များ တွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသော နိုင်ငံသားများအား ၂၀၀၇ ခုနှစ်နှင့်အထက် ကားများ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သက် ဆိုင်ရာ တာဝန်ရှိသူများက ဆုံးဖြတ်ကြသည်။

မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားရာတွင် မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်လွှာ၊ မှတ်ပုံတင်(သို့) နိုင်ငံသားစိစစ်ရေး ကတ်ပြား မူရင်းနှင့်မိတ္တူ၊ ဘဏ်စာအုပ်မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ၊ တင်သွင်းမည့် မော်တော်ယာဉ်အတွက် Invoice မူရင်းနှင့် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ စိစစ်ခွင့်ပြုသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းအား ခွင့်ပြုပါမစ် ထုတ်ပေးခဲ့သည့် စာရင်းတွင် မပါဝင်ကြောင်း ခံဝန်ကတိပြုချက်တို့နှင့်အတူ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီသို့ လာရောက် လျှောက်ထားရမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီအနေဖြင့် မော်တော်ယာဉ်တင်သွင်းခွင့် လာရောက်လျှောက်ထားသူ များ အဆင်ပြေချောမွေ့စေရေးနှင့် စိတ်ချမ်းသာစွာ ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၃) တွင် ဝန်ထမ်းများ အဆင်သင့် စုဖွဲ့စီစဉ်ထားရှိပြီး ၂၀၁၂နှစ် မေလ ၁၁ ရက်(သောကြာနေ့) မှစတင်၍ မော်တော် ယာဉ် တင်သွင်းခွင့်ပါမစ်များ ထုတ်ပေးနေပြီဖြစ်ကြောင်းနှင့် အဆိုပါ နိုင်ငံခြားငွေစာရင်းရှိသူ နိုင်ငံသားများအား မော်တော်ယာဉ် တင် သွင်းခွင့် ပြုမည့် အစီအစဉ် ဆိုင်းငံ့ထားသည်ဟု ဖြစ်ပေါ်နေသည့် ကောလာဟလသတင်းများ မှန်ကန်မှုမရှိကြောင်း ထုတ်ပြန်ကြေညာအပ် ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

YC

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

NNDP ပါတီမှ မေ ၂၇ ရက်နေ့တွင် ဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်မည်

အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)မှ လာမည့် ၂၀၁၂ မေလ ၂၇ ရက်နေ့တွင် ဥပဒေဆိုင်ရာဆွေးနွေးပွဲကို သင်္ဃန်းကျွန်းရုံးချုပ် ၌ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း NNDP ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လာမယ့် မေ ၂၇ ရက်နေ့မှာ NNDP ပါတီရုံးချုပ်မှ ဥပဒေဆိုင်ရာဆွေးနွေးပွဲတစ်ခုကို ကျင်းပပြုလုပ်သွားမှာပါ။ ငြိမ်းချမ်းစွာစုဝေး ခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေနဲ့ ရပ်ကွက်(သို့) ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်းဥပဒေတွေနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေနှင့် ရပ်ကွက်(သို့) ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်း ဥပဒေများကို ပြည်သူများ သိရှိနားလည်နိုင်ရန် ဆွေးနွေးပွဲပုံစံမျိုးဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဥပဒေစိတ်ပါဝင်စားသူ မည်သူမဆို တက် ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့တွင်ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၁၂ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းကြေညာခဲ့ကြောင်း သိရသည်။

Ref:Bi Weekly Eleven

-----------------------------------------------------------------------------------------------------------------------------------

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ တည်ထောင်ခွင့်ရ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၂ ခုနှစ် မေလ ၁၀  ရက်နေ့မှ စတင်၍ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီ (TNDP) အား နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများမှ ဖော်ပြချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မပာာအောင်မြေမြို့နယ်၊ မပာာမြိုင်(၁)ရပ်ကွက်၊ ၄၀x၄၁၊ ၆၇x၆၈ လမ်းကြား၊ ကံ့ကော်လမ်း၊ အမှတ် (ဓ-၁/၇၀ ခ) တွင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ၏ ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိပြီး တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) အား ၂၀၁၂ မေလ ၁၀ ရက်နေ့မှ စတင်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

"အရမ်းဝမ်းသာတာပေါ့ရှင် ဘယ်လိုပြောရမှန်းတောင် မသိဘူး၊ ခုလိုမျိုး ပါတီမှတ်ပုံတင်ကျလာပြီဆိုတော့ ကိုယ့်လူမျိုးတွေရဲ့ အ ကျိုးစီးပွားကို ဒီ့ထက်ပိုလုပ်နိုင်တော့မှာပေါ့။ ကျွန်တော်တို့ရဲ့ ပါတီဆိုင်ရာမူဝါဒတွေအရ ကိုယ့်လူမျိုးနဲ့ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရတော့မှာပေါ့"ပာု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)၏ မှတ်ပုံတင်အမှတ်စဉ်မှ (၅၃) ဖြစ်ကြောင်း သိရသည်။                                        YC

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့လယ်သမားတွေ ဘာလိုလယ်ထွန်ရသလဲဆိုတော့ သက်ဆိုင်ရာဒီလယ်တွေဟာ ဇေကမ္ဘာက လုပ်ပိုင်ခွင့်ရှိပါတယ်တို့၊ လယ် သမားတွေ လုပ်ပိုင်ခွင့်ရှိပါတယ်တို့၊ ဘာမှ အတိအလင်းမပြောထားဘူး။ အဲဒီတော့ လယ်သမားတွေက သူ့လယ်သူထွန်မယ်။ ဥပဒေအ ဟောင်းနဲ့ပဲလာလာ၊ ဥပဒေအသစ်နဲ့ပဲလာလာ လယ်သမားတွေ လယ်လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ မှန်တယ်”

မေလ ၁၁ ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၂၉ အမှတ် ၅၆၈ “ဇေကမ္ဘာမှ ယူထားသော လယ်မြေများပေါ်တွင် မိုးစပါးပြန် စိုက်မည်ဟု မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာစံပြကျေးရွာမှ လယ်သမားများပြောကြား”သတင်းမှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဥက္ကဋ္ဌ ဦးနေမျိုးဝေပြောကြားချက်မှ ကောက်နုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံနှင့် နိုင်ငံသားတို့၏ အနာဂတ်အတွက် ရလဒ်ကောင်းများထွက်ပေါ်လာရေးသည် မှန်ကန်သည့် ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်များ ကို ချမှတ်လုပ်ဆောင်ခွင့်ရှိသည့် နိုင်ငံတော်သမ္မတကြီးပေါ်တွင် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ပေါ်တွင် လည်းကောင်း၊ လွှတ် တော်ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ် အသီးသီးအပေါ်တွင် လည်းကောင်း အပြည့်အဝတာဝန်ရှိနေသည့်အပြင် ယနေ့အချိန် သည် မှန်ကန်သည့် သမိုင်းဝင်ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်များဖြင့် သမိုင်းမော် ကွန်းတင်ကြရမည့်အချိန်လည်း ဖြစ်နေပါတော့သည်။

မေလ ၁၀ရက်နေ့ထုတ် Envoy ဂျာနယ် အတွဲ ၃ အမှတ် ၁ “သမိုင်းဝင်ဆုံးဖြတ်လုပ်ဆောင်ချက်များဖြင့် သမိုင်းဝင်မော်ကွန်း တင်ကြ ရမည့်အချိန်”ဆောင်းပါးမှ ကောက်နုတ်ဖော်ပြချက်

-----------------------------------------------------------------------------------------------------------------------------------

“အစိုးရပညာရေးစနစ်မှာ လိုအပ်နေတာတွေက အရည်အချင်းရှိတဲ့ ဆရာ၊ ဆရာမတွေနဲ့ ရှိနေဖို့ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်း တမ်းတွေ ရေးဆွဲဖို့လိုအပ်ပါတယ်၊ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ပညာရေးလှုပ်ရှားမှုတွေ၊ သုတေသနစမ်းသပ်ချက်တွေ လုပ်ဖို့ ဖြစ်ပါ တယ်”

မေလ ၁၀ရက်နေ့ထုတ် Envoy ဂျာနယ် အတွဲ ၃ အမှတ် ၁ “လွှတ်တော်၌ ပျံသန်းလျက်ရှိသည့် ခွပ်ဒေါင်းများသို့ ပြည်သူဆန္ဒနှင့် ပေး စာ”မှ တာမွေမြို့နယ် ပစ္စိမာရုံ ပညာဒါနကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအေးချစ်၏ ပြောကြားချက်မှ ကောက်နုတ်ဖော်ပြချက်

 **************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs