Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

အန်ကယ်ဆမ်တို့ မြန်မာနိုင်ငံတွင် ပေါက်ဖော်ကိုပြိုင်၍ မနိုင်နိုင်ပေ

(7 August 2013 ရက်စွဲပါ The China Post မှ Uncle Sam can’t beat out the Chinese in Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အရေးယူမှုများ ရုတ်သိမ်းသွားခြင်းနှင့်အတူ အမေရိကန်သမ္မတ Barak Obama သည် မြန်မာနိုင်ငံမှ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုအများဆုံး တရုတ်နိုင်ငံကိုယှဉ်နိုင်ရန် ဖော်ဖော်ရွေရွေဆက်ဆံသော အမေရိကန်၏ ဝါဒသစ်ကို ကျင့်သုံးလာပါသည်။ ဂျပန်ဝန်ကြီးချုပ် Shino Abe ကလည်း အားကျမခံ လုပ်ဆောင်ခဲ့ပါသည်။ နှစ်ဦးစလုံးသည် မြန်မာနိုင်ငံသို့သွားရောက်၍ သမ္မတဦးသိန်းစိန်ကို အကူအညီများပေးမည်ဖြစ်ကြောင်း ကတိများပေးခဲ့ကြပါသည်။

မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကြွယ်ဝသော နိုင်ငံဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကလည်း ကာလရှည်ကြာကပင် စောင့်ဆိုင်းနေကြပါသည်။ ယခင်ကဆိုးရွားသော လူ့အခွင့်အရေးမှတ်တမ်းနှင့် အာဏာရှင်အုပ်ချုပ် မှုကြောင့် အရေးယူမှုများ ရှိခဲ့ခြင်းကြောင့် တရုတ်မှလွဲ၍ အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အနည်းငယ်သာ ဝင်ရောက်ခဲ့ပါသည်။ ယခု ဇူလိုင်လ ၂၉ ရက်နေ့က စတင်ပို့လွှတ်ခဲ့သော တရုတ်-မြန်မာဓာတ်ငွေ့ပိုက်လိုင်းသည် မိုင် ၁၇၀၀ ရှည်ပြီး တရုတ် ပြည်မကြီး ယူနန်နှင့် ဂေါင်ဇီပြည်နယ်များသို့ ဓာတ်ငွေ့တစ်နှစ်လျှင် ခန့်မှန်း(၁၂)ဘီလီယံကုဗမီတာရှိပါသည်။ အဆိုပါ ပမာဏသည် တရုတ်နိုင်ငံ ဓာတ်ငွေ့လိုအပ်ချက်၏ ၆% ရှိပါသည်။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းကို စီစဉ် ဆောက်လုပ်ခဲ့ခြင်းကို နိုင်ငံတကာက အရေးယူမှုများ မရုတ်သိမ်းမီ အချိန် အတော်ကြာကပင်ဖြစ်ပြီး ဆောက်လုပ်မှုကုန်ကျစရိတ်ဒေါ်လာ(၁.၀၄)ဘီလီယံရှိခဲ့ပါသည်။

အဆိုပါဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် တောင်ကိုရီးယားနှင့် အိန္ဒိယအပါအဝင် ခြောက်နိုင်ငံသည် ငွေထည့်ဝင်၍ ပါဝင်ပတ်သက်မှုရှိသော်လည်း China National Petroleum Corporation က ၅၀.၉% ပိုင်ဆိုင်မှုပါဝင်ပါသည်။ တရုတ်နိုင်ငံက ငွေအများဆုံးထည့်ဝင်ထားပါသည်။ ၎င်းမှာ တရုတ်ရော မြန်မာ နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမည် ဖြစ်ပါသည်။ ရေနံပိုက်လိုင်းကြောင့် တရုတ်နိုင်ငံသည် မလက္ကာရေလက်ကြားမှ ရေနံတင်သွင်းသော လမ်းကြောင်းကို ရှောင်ရှားနိုင်ပြီး တရုတ်အတွက် အကျိုးအမြတ်ပိုရှိစေပါသည်။

Beijing သည် ဆယ်စုနှစ်များစွာ မြန်မာနိုင်ငံ၌ စီးပွားရေးအရ လုပ်ဆောင်မှုများရှိသော်လည်း ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများက အမေရိကန်နှင့် တရုတ်ကြား ကွဲလွဲစွာပြိုင်ဆိုင်နေမှုများအတွက် တန်းတူအခွင့်အရေး ပေးလာ ပါသည်။ မြန်မာနိုင်ငံက ယခင်အနေအထားကို ပြောင်းလဲရန်စိတ်အား ထက်သန်နေပုံရပါသည်။ နေပြည်တော်၏ ယခင်တရုတ်မူဝါဒပောာင်းမှာ ပြီးဆံုးသွားသည့် သဘောရှိပါသည်။ ဦးသိန်းစိန်သည် မြစ်ဆုံရေလှောင်တမံ ဆောက်လုပ်ရေးကို ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါ စီမံကိန်းမှာ တရုတ်တို့၏ရည်မှန်းချက်ကြီးသော စီမံကိန်းဖြစ်ပြီး ကမ္ဘာပေါ်တွင် နံပါတ်(၁၅) အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းဖြစ်၍ ယူနန်ပြည်နယ်အား လျှပ်စစ် ဓာတ်အားပေးရန် ရည်ရွယ်ခဲ့ပါသည်။ မကြာသေးမီက နေပြည်တော်တွင်ကျင်းပသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု ကို ဆွဲဆောင်သည့် ကွန်ဖရင့်တွင် တရုတ်ကိုဖိတ်ကြား ခဲ့ခြင်းမရှိပေ။

ဆယ်စုနှစ်များစွာ စီးပွားရေးတွင် တရုတ်တို့လွှမ်းမိုးမှုရှိထားသော မြန်မာနိုင်ငံမှ အများစုသည်လက်ရှိ နှစ်နိုင်ငံ ဆက်ဆံရေးကို ပြောင်းလဲရန် ဆန္ဒရှိနေကြပါသည်။ ၎င်းတို့သည် အမေရိကန်နှင့် ဂျပန်တို့၏အကူအညီကို ရွေးချယ်ရန် ကြိုးစားနေကြပါသည်။ သို့သော် အမေရိကန်များနှင့် ဂျပန်လူမျိုးများ မမေ့သင့်သောအချက်မှာ မြန်မာ-တရုတ်အား “ဆွေမျိုး ပေါက်ဖော်”ပာု ခေါ်ဝေါ်သည့် အချက်ဖြစ်ပြီး ထိုအသုံးအနှုန်းကို မည်သည့်နိုင်ငံခြားတိုင်းပြည်အတွက်မျှ မသုံးခြင်းကို သိရှိသင့် ပါသည်။ ၎င်းမှာ နှစ်နိုင်ငံကြား နီးကပ်ပြီး ရင်းနှီးသောဆက်ဆံရေးကို ထင်ပာပ်ပါသည်။

သမိုင်းကြောင်းအရ မုန်းတီးမှုအချို့ကျန်ရှိနေသေးသည်မှာလည်း သဘာဝတရားပင်ဖြစ်ပါသည်။ Ming တရုတ်နှင့် Ring တရုတ်တို့သည် မြန်မာနိုင်ငံကို ကျုးကျော်ခဲ့ပါသည်။ တရုတ်၏လွှမ်းမိုးမှုအပေါ် စိတ်မသက်မသာခံစားရသော မြန်မာ အများစုသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပိုမို၍လွတ်လပ်ခွင့်ရလာသောအခါ တရုတ်နိုင်ငံသည် ၎င်းတို့လေနှင့် တိုက်ခိုက်ရန် ပစ်မှတ်ဖြစ်လာပါသည်။ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြသူတစ်ဦး ကိုင်ဆောင်ထားသော ပိုစတာတွင် “ဒါတို့တိုင်းပြည်-သွေးစုပ်သောတရုတ်ထွက်သွား”ပာု ရေးသားထားသည်ကိုတွေ့ရပါသည်။

အမေရိကန်၏အစီအစဉ်သစ်များ၏ အဓိကရည်ရွယ်ချက်တစ်ခုမှာ ၎င်း၏အာရှသို့ပြန်လာရေးတွင် တရုတ်၏သြဇာ လွှမ်းမိုးမှုကို ကန့်သတ်ရန် မြန်မာနိုင်ငံအား အချိတ်အဆက်တစ်ခုအဖြစ် ပြုလုပ်ရန်ဖြစ်ပါသည်။ ဝါရှင်တန်သည် ဒေါ်လာဗန်းပြသော ဆက်ဆံရေးကို ထပ်မံကြိုးစားလာဖွယ်ရှိရာ သမ္မတ William Howard Taft လက်ထက်က လက်တင်အမေရိကနှင့် အရှေ့အာရှတို့တွင် သူ၏စီးပွားရေးအင်အားကြီးမှုကို အသုံးပြု၍ ရည်ရွယ်ချက်ပြည့်အောင် လုပ်ဆောင်ခဲ့ဖူးပါသည်။ သို့သော် အခွင့်အလမ်းကတော့ အောင်မြင်ရန်မဖြစ်နိုင်ပေ။ အချိန်များက ပြောင်းလဲခဲ့ပါပြီ။ ပို၍အရေးကြီးသော အချက်မှာ မြန်မာနိုင်ငံသည် ငှက်ပျောသီးတင်ပို့မှုကိုသာ အားထားရသည့်မတည်ငြိမ်သည့် အာဏာရှင်နိုင်ငံငယ်လေး(Banana republic)မပာုတ်ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံသည် တရုတ်၏ဆွေမျိုးပေါက်ဖော်ဖြစ်ပါသည်။ဆွေမျိုးဆိုသည်မှာ အချင်းချင်းရန်ဖြစ်နေတတ်သော်လည်း အရေးကြီးတော့ သွေးနီးကြပါသည်။ အန်ကယ်ဆမ်သည် မြန်မာနိုင်ငံအပေါ် ဒေါ်လာပြ၍တော့ အနိုင်မရနိုင်တော့ပေ။ သမ္မတ Taft လက်ထက်ကလို ဒေါ်လာကလည်း ပေါပေါများများ မရနိုင်တော့ပေ။


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

 “မေး။  ။ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်တွေ ဒီနေ့အချိန်အထိ မအောင်မြင်သေးဘူးလို့ ပြောဆိုနေကြတယ်။

 ဖြေ။   ။။ခေတ်ကြီးပြောင်းသွားသလားဆိုတော့ မပြောင်းဘူး။ မပြောင်းဘူးလားဆိုတော့လည်း မဟုတ်ဘူး။ လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီအရေးဆိုတာ မှုန်ပျပျပဲမြင်ရသေးတယ်။ ခပ်ရိုင်းရိုင်းပြောရရင် ၁၉၆၂ ကနေ ကနေ့အချိန်အထိ နှစ်ပေါင်းငါးဆယ်ကျော် နိုင်ငံရေး သင်းသတ်ခံခဲ့ရတယ်။ ကျွန်တော်အပါအဝင် ပြည်သူလူထုဟာ အဖွဲ့အစည်းသဘော၊ နိုင်ငံရေးသဘော အားနည်းသွားတယ်။ အာဏာရှင်စနစ်က ချက်ချင်းပြောင်းလို့ရတယ်။ ဒီမိုကရေစီစနစ်ကိုပြောင်းတဲ့ အခါကျတော့ ချက်ချင်းဆိုတာ မလွယ်နိုင်ဘူး။ အုပ်ချုပ်သူ အစိုးရပိုင်းကလည်း ဒီမိုကရေစီ ဖော်ဆောင်မှုမှာ အားနည်းသလို၊ ပြည်သူကလည်း အားနည်းတယ်။ တချို့ကနောက်ပြန်လှည့်နေတယ်လို့ပြောတယ်။ ကျွန်တော်ကတော့ အဲဒီလို မသုံးသပ်ဘူး။ ကမ္ဘာနိုင်ငံရေး အနေအထားအရ မြန်မာ့နိုင်ငံရေး မလှည့်နိုင်ဘူး။ တစ်ခုရှိတာက တပ်မတော်ဟာ သမ္မတရဲ့ အမိန့်အောက်မှာ ရှိနေရတယ်။ အခုဟာက အရင်ခေတ်ရဲ့ အကြွင်းအကျန်တွေ မပျောက်သေးဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဝိုင်းလု ကြလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထောက်ခံသူက သမ္မတဖြစ်လိမ့်မယ်။ ဒါဟာ မကောင်းတဲ့လက္ခဏာပဲ။ သို့သော် စိတ်ရှည်စွာနဲ့ တွန်းရတော့မယ်။ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြည်သူတွေ ညီညီညွတ်ညွတ်သွားရမယ်”

 

၂၀၁၃ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ်   မြန်မာပို့စ်ဂျာနယ် အမှတ် (၁၂၁)တွင် ပါရှိသော “ဒီမိုကရေစီ အရေးတော်ပုံ တိုက်ပွဲကြီးတွင် ပါဝင်ခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးညီညီထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း”သတင်းမှ  နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးညီညီထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ဌာနက ဝန်ထမ်းတွေအနေနဲ့ မမှန်မကန် လုပ်ငန်းဆောင်ရွက်နေခြင်း၊ မမှန်မကန် ငွေတောင်းခံ နေခြင်းများရှိပါက ဝန်ထမ်းအမည် တိကျစွာဖြင့် တိုင်ကြားလာပါက အဖြေမှန်ကို စစ်ဆေးဖော်ထုတ်၍ ထိရောက်စွာ စံနာမူနာပြ အရေးယူ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ လက်ယာဖွံ့ဖြိုးရေးဘဏ်က ဘဏ်ဝန်ထမ်းတစ်ဦးဦးက ငွေကောက်ခံခွင့်မရှိတဲ့ ငွေကောက်ခံ ခဲ့ပါက ငွေတောင်းခံတဲ့အကြောင်း မြို့နယ်ဘဏ်ခွဲနာမည်၊ ဝန်ထမ်းနာမည်ကို တိတိကျကျတိုင်ပါ။ အဖြစ်မှန်ကိုစစ်ဆေး ဖော်ထုတ်ပြီး ပြင်းထန်စွာအရေးယူဆောင်ရွက် သွားမှာဖြစ်ပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက် 7 Day  Daily နေ့စဉ်ထုတ်သတင်းစာ  အမှတ်(၁၀၆)တွင် ပါရှိသော  “ဝန်ထမ်းများ မမှန်ကန်လုပ်ပါက စံနမူနာပြ အရေးယူမည်ဟု ဒုဝန်ကြီးပြော” သတင်းမှ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လိုအပ်ချက်တွေကို တိုင်းရင်းသားတွေချည်း ထိုင်ဆွေးနွေးနေလို့မရဘူး။ အစိုးရနဲ့ ထိပ်တိုက် တွေ့ပြီး ဘယ်တိုင်းရင်းသားတွေက ဘာတွေလိုအပ်တယ်၊ ဘယ်လိုလုပ်ပေးနိုင်မယ်ဆိုတာက အဓိကကျတယ်။ တိုင်းရင်း သားတွေ ကြားမှာ ဘယ်ကြောင့်မလုံခြုံဘူး။ မငြိမ်းချမ်းဘူးလို့ ခံစားရတာလဲ ဆိုတာကိုအစိုးရအနေနဲ့ တိတိကျကျ အဖြေရှာ သင့်တယ်။ ဒီအဖြေပေါ်မှာ ဆွေးနွေးမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်နိုင်မယ်”

 

၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာ အတွဲ (၁ ) အမှတ် (၅၄) တွင် ပါရှိသော “ပထမဦးဆုံး ကျင်းပခွင့်ရသည့် ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ်တွင် ဆွေးနွေးမှုများ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အကြောင်းအရာများ လွှမ်းမိုး”သတင်းမှ ရှမ်းနီပါတီမှ အတွင်းရေးမှူး ဦးစောဝင်းထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“အပစ်အခတ်ရပ်စဲရေးဟာ ဖြစ်နိုင်မယ်လို့ ရှိရင်တော့ ကျွန်တော်တို့ တောင်းဆိုခဲ့တာကြာပါပြီး။ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို ကြေငြာပေးဖို့ ကျွန်တော်တို့ဘက်က တောင်းဆိုခဲ့တယ်။ ဒါပေမယ့် အခုလိုတစ်ဖွဲ့တစ်ဖွဲ့ချင်း စီအလိုက် တွေ့တဲ့အခါမှာလည်း ကျန်နေတဲ့အခြားအဖွဲ့တွေကိုပါ အမြန်ဆုံးအကောင်အထည်ဖော်နိုင်မယ်ဆိုရင် ပိုကောင်း ပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ထုတ် ရွှေနိုင်ငံသစ်  နေ့စဉ်ထုတ် သတင်းစာ တွင် ပါရှိသော “ABSDDFနဲ့ အပစ်ရပ်လို့  DKBA  ကြိုဆို ” သတင်းမှ DKBA မှ ဗိုလ်ကြီးရဲထက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“အသင်းဖွဲ့ ဥပဒေမူကြမ်းမှာ သမဂ္ဂတွေ၊ ကွန်ရက်တွေ၊ ဆန္ဒတူညီတဲ့ လူတွေစု ပေါင်းဖွဲ့စည်းထားသော အသင်းအဖွဲ့တွေ အစရှိသဖြင့်ပေါ့။ ဒီအဖွဲ့အစည်းတွေက မှတ်ပုံတင်ရမယ်လို့ပါတယ်။ မှတ်ပုံမတင်ဘဲနဲ့ ဆောင်ရွက်လို့ရှိရင် တာဝန်ရှိတဲ့ သူတွေက ထောင်ဒဏ်သုံးနှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းနဲ့ မပိုသောငွေဒဏ်ဖြစ်စေ ချလို့ရတယ်။ အဲဒီအဖွဲ့အစည်းမှာ ဝင်ရောက်မိတဲ့ လူတွေကိုလည်း ခြောက်လထက်မပိုသော ထောင်ဒဏ်၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်အစရှိသဖြင့်ပါတယ်။ ယနေ့ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို သွားနေပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ် ဒီကြေငြာချက်မှာ လွတ်လပ်စွာ စုဝေးခွင့်၊  ဖွဲ့စည်းပုံအခြခံဥပဒေမှာရှိပါတယ်။ ဒီလိုရှိပြီးသားကို ဒီလိုဥပဒေတွေ ပြဋ္ဌာန်းပြီး လုပ်ထုံးလုပ်နည်းတွေနဲ့ ပြန်ပြီးထိန်းချုပ်မယ် ဆိုရင်တော့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို ဖွဲ့စည်းပုံကပေးပါလျက်နဲ့ ပေးကာပေး၏မရသလို ဖြစ်မယ်လို့ ပြောချင်ပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ထုတ်  The Hot  News ဂျာနယ် အတွဲ (၄) အမှတ် (၁၅၂)တွင် ပါရှိသော “ ဥပဒေက ပြည်သူကို လုံခြုံမှုပေးဖို့ လိုအပ်တယ်” သတင်းမှ တရားလွှတ်တော်ရှေ့နေ၊ ရှေ့နေကွန်ရက်မှ ဦးအောင်သိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive