Transparency Myanmar

transparency.myanmar@gmail.com

Dr.P.A Samaraweera , Australia (Oct 3 , 2009)

ကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က သီရိလင်္ကာနိုင်ငံသည် LTTE တမီးလ်များနှင့် စစ်ပွဲတွင် အောင်မြင်ရေးအတွက် အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းကို လက်နက်သဖွယ် ကျင့်သုံးခဲ့သည်ဟု သက်သေပြခြင်းမရှိဘဲ အောက်တိုဘာ ၂ရက်က စွပ်စွဲလိုက်သည်။

ဟီလာရီက ကုလသမ္မဂ္ဂ လုံခြုံရေးကောင်စီ အစည်းဝေးတွင် သဘာပတိပြုလုပ်စဉ် ဘော်လကန်နိုင်ငံများ၊ မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ကို ရည်ညွှန်း၍စစ်ပွဲများတွင်အဓမ္မကျင့်မှုများ ကျူးလွန်ခဲ့ပြီး အပြစ်ပေး မခံခဲ့ရဟု ပြောကြားသွားပါသည်။

သူမက အဆိုပါစွပ်စွဲမှုများကို သက်သေနှင့် ထောက်ပြပြောသွားနိုင်ခြင်း မရှိပေ။ သူမအနေဖြင့် အမေရိကန် တပ်ဖွဲ့များအတွင်း ဖြစ်ခဲ့သည့် ပြဿနာများပေါ်တွင် အခြေခံပြီး အဆိုပါ ပေတံဖြင့် တိုင်း၍ သီရိလင်္ကာတပ် အပေါ်တွင် စွပ်စွဲသွားသည်မှာ ထင်သာ မြင်သာပါသည်။

သီရိလင်္ကာကမူ သူတို့တပ်မတော်သည် ကမ္ဘာပေါ်တွင် စည်းစနစ်အကျဆုံး လက်နက်ကိုင် အဖြစ် ဂုဏ်ယူနေဆဲဖြစ်သည်။ ဟီလာရီကိုလည်း မိမိတို့နိုင်ငံသည် သူမပြောသကဲ့သို့ မဟုတ်ကြောင်းကို သက်သေ ပြသနိုင်ကြောင်း စိန်ခေါ်နိုင်သည်ဟု ဆိုပါသည်။

ဟီလာရီမသိသော အချက်တစ်ချက်မှာ ဗြိတိန်နိုင်ငံ အပါအဝင် အချို့သောနိုင်ငံများ က သီရိလင်္ကာတပ်ထံမှ အကြမ်းဖက်မှုများအား နှိမ်နင်းရာတွင် ကျင့်သုံးရမည့် နည်းဗျူဟာများကို လာရောက် သင်ကြားရသည် ဆိုသော အချက်ဖြစ်သည်။

သူမအနေဖြင့် ငြင်းမရနိုင်သော အချက်မှာ သူမသမ္မတရွေးကောက်ပွဲ ဝင်စဉ်က တမီးလ်များ၏ ထောက်ပံ့ငွေနှင့် ထောက်ခံမဲများ ရရှိခဲ့ခြင်းကြောင့် သူတို့ကို ပြန်လည်ကာ ကွယ်ပေးသည့်အနေဖြင့် အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုလုပ်ခြင်း ဖြစ်သည်ဟု သုံး သပ်ပါသည်။

ထို့ကြောင့် သူမအနေဖြင့် သီရိလင်္ကာတပ်တို့ကို လက်ညှိုးထိုးနေမည့်အစား အီရတ်နှင့် အာဖဂန်ရှိ အမေရိကန်တပ်များ၏ လုပ်ဆောင်ချက်များအား ပြန်လည် သုံးသပ်သင့်ကြောင်း၊ အခြား တိုင်းပြည်များ ကလည်း အမေရိကန်၏ မူဝါဒအပေါ်သိရှိကြ၊ သဘောပေါက်ကြပြီး ဖြစ်သည်ဟု ဆိုပါသည်။

အမေရိကန် ပြည်သူများကပါ သူမ၏ စွပ်စွဲချက်များကို အလေးအနက် မထားကြသည့် အတွက် သူမအနေဖြင့် ခံသာသည်ဟု ဆိုရပေမည်။

0 comments:

Post a Comment