Transparency Myanmar

transparency.myanmar@gmail.com

(New York Times 30th Sept, 2009)

ဟီးရိုးအင်းကို ထိုင်းနိုင်ငံရှိ သစ်တောများ ဖုံးလွှမ်းနေသော တောင်ကုန်းများကို ဖြတ်ကျော်၍ သယ်ယူပို့ဆောင်ခဲ့သည်မှာ ရာစုနှစ် တစ်ဝက်ခန့် ရှိပြီ ဖြစ်သည်။ ပထမအဆင့်ခရီးစဉ်အဖြစ် ဆစ်ဒနီ၊ ဗင်ကူးဗား၊ ကနေဒါတို့ အထိ သယ်ယူပို့ဆောင် ပေးခဲ့သည်။ ယခုအခါ မြောက်မြားစွာသော ဟီးရိုးအင်းနှင့် မက်သာဖီတာမင်း (Methamphetamines) တို့သည် မြန်မာအတွင်းမှ ဖြတ်ကျော်သယ်ဆောင်လာပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများက ထိတ်လန့် ရောင်းချနေကြသည်ကို မူးယစ် ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့ဝင်များက တွေ့ရှိနေရပါသည်။
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန၏ မြောက်ပိုင်းဌာနခွဲ၏ ဒါရိုက်တာ Pornthep Eamprapai က ပစ္စည်း အပြတ်ဖြတ်၊ အပြောင်ရှင်း ရောင်းချခြင်း ဖြစ်ကြောင်း ပြောကြားပါသည်။ ၎င်းသည် မြန်မာနိုင်ငံ တရားမဝင် မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍ အနှစ် (၃၀) ခန့် အတွေ့အကြုံရှိနေသူ ဖြစ်သည်။ နယ်စပ်ရှိ အရောင်းအဝယ် သမားအ ချို့မှာ အကြွေးဖြင့် ဝယ်ယူနေပြီး ငွေသားဖြင့် ပေးချေရန်ပင် မလိုကြောင်း၊ ဤသည်မှာ သူ ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ဟီးရိုးအင်း ဖမ်းဆီးရရှိမှုသည် မနှစ်ကထက် အဆ ၂၁၀၀ ခန့် တိုးလာသည်။ ဩဂုတ်လအထိ (၁၀) လအတွင်း ဟီးရိုးအင်း ၁၂၆၈ ကီလိုဂရမ် (၂၇၉၅) ပေါင် ဖမ်းဆီး ရမိခဲ့သည်။ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန၏ ပြောဆိုချက်အရ လွန်ခဲ့သည့် နှစ်က ၅၇ ကီလိုဂရမ်သာ ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါ ရောင်းဝယ်မှု မြင့်တက်လာရခြင်းမှာ မြန်မာနိုင်ငံ မြောက်ပိုင်းစွန်းဒေသများ တွင် နိုင်ငံရေးအခြေအနေ ဆိုးရွားလာသောကြောင့် ဖြစ်သည်။ လာမည့်နှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ကျင့်သုံးခြင်းမပြုမီ ကာလအတွင်း စစ်အစိုးရသည် ထိုင်း၊ လာအိုနှင့် တရုတ်နယ်စပ်ရှိ လက်နက်ကိုင် လူမျိုးစုများကို တိုက်ခိုက်လျက် ရှိပါသည်။ အဆိုပါ လူမျိုးစုအဖွဲ့များအတွင်း အများစုမှာ တရားမဝင် မူးယစ်ဆေးဝါးများ ထုတ်လုပ်နေပြီး မြန်မာစစ်အစိုးရနှင့် တိုက်ခိုက်ရာတွင် အင်အားတောင့်တင်းအောင် သူတို့ သိုလှောင်ထားသော ဟီးရိုးအင်းနှင့် မက်သာဖီတမင်းများ ရောင်း၍ လက်နက်များ ဝယ်ယူလျက်ရှိသည်။
ထိုင်းနိုင်ငံ ချင်းမိုင်တွင် အခြေစိုက်သော အမေရိကန် မူးယစ်ဆေးဝါးထိန်းချုပ်ရေး အဖွဲ့ (DEA) မှ အေးဂျင့် Pamela Brown က မူးယစ်ဆေးဝါးရောင်းသူအမျိုးမျိုးသည် သူတို့ စုထားသည့် ကုန်များကို အကုန်ရောင်းနေကြကြောင်း၊ ဟီးရိုးအင်းများကို အစုလိုက် အပြုံလိုက် ရောင်းထုတ်ရန် ကြိုးပမ်းနေပြီး အချို့သင်္ဘောဖြင့် ပို့ဆောင်မှုများပင် အောင်မြင်လျက်ရှိကြောင်း ပြောပါသည်။
ဝ၊ ကချင်နှင့် ရှမ်းလူမျိုးများပါသော လူမျိုးစု အဖွဲ့များသည် ပြင်ပနှင့် ခပ်ခွာခွာ နေကြသည်။ ကျွမ်းကျင်သူများ၏ ပြောဆိုချက်အရ ကမ္ဘာ့ဟီးရိုးအင်း ထုတ်လုပ် ဖြန့်ဖြူးမှုသည် အဆိုပါ လူမျိုးစုများ၏ အနာဂတ်အခြေအနေပေါ်တွင် မူတည်နေကြောင်း ပြောကြားပါသည်။
မြန်မာနိုင်ငံ၏ မြောက်ပိုင်း တောင်ထူထပ်သော နေရာများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းသည် တစ်ခုတည်းသော ငွေရရှိနိုင်သည့် နည်းလမ်းဖြစ်သည်။
မြန်မာပြည်မြောက်ပိုင်းတွင် လူမျိုးစု အဖွဲ့များနှင့် ဗဟိုအစိုးရတို့ ခွာပြဲကြခြင်းသည် ခေတ်သစ်အာရှအတွက် ပုံမှန်မဟုတ်ကြောင်း၊ တည်ငြိမ်မှုမရှိသော အခြေအနေမျိုး ဖြစ်ပေါ်အောင် ဖန်တီးမှုသာ ဖြစ်ပါသည်။ ဝ နှင့် ကချင်တို့သည် လက်နက်စုံလင်စွာ တပ်ဆင်ထားသော စစ်တပ်များ ရှိပြီး ဥရောပကိုလိုနီများက ပြည်နယ်အဖြစ် ပြဋ္ဌာန်းမှု မရှိစဉ်က စော်ဘွားအုပ်ချုပ်မှုမျိုးအောက်တွင် ရှိခဲ့ပါသည်။ အဆိုပါ လူမျိုးစုကလေးများကို ကိုယ်ပိုင်နိုင်ငံအဖြစ် ခွဲထွက်ရေးစိတ်ဓာတ်ကို ဥရောပကိုလိုနီက သွတ်သွင်းပေးခဲ့ပါသည်။
ယခုအခါ သူတို့၏ လွတ်လပ်မှုကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားသည့်အနေဖြင့် လက်နက်အင်အားပိုမိုရရှိအောင် ကွန်ယက်ဆက်သွယ်မှု ပြုလုပ်ထားကြောင်း၊ ချင်းမိုင်တွင် အခြေစိုက်သော ထိုင်းမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအထူးအဖွဲ့မှ ဗိုလ်မှူးကြီး Peeranate Katetem ကပြောကြားခဲ့ပါသည်။ လွန်ခဲ့သည့် သုံးလခန့်က ကိုယ်စားလှယ်တစ်ဦးထံမှ ဒေါ်လာ ၂၅ သန်းတန်ဖိုးရှိသော M-16 သေနတ်များ ဝယ်ယူလိုကြောင်း ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း ပြောပါသည်။ ပေါက်ကွဲ ပျက်စီးအား ရှိသည့် မည်သည့်အရာကိုမဆို ဝယ်လိုကြောင်း၊ လက်နက်နှင့် ဟီးရိုးအင်း လဲလှယ်ရန် ဆန္ဒရှိကြောင်း ပြောကြားသည်။ သို့သော် ၎င်းမှ ကူညီပေးရန် ငြင်းဆိုခဲ့ကြောင်းလည်း သိရှိရသည်။
မြန်မာစစ်အစိုးရနှင့် သူ၏ မိတ်ဖက်အဖွဲ့ဝင်များသည် ဇွန်လအတွင်းက ကရင်လူမျိုးစုများကို တိုက်ထုတ်ခဲ့ပြီး ဩဂုတ်လအတွင်းက တရုတ်လူမျိုးစု ကိုးကန့်တို့ကိုလည်း အောင်မြင်စွာ တိုက်ခိုက်ခဲ့သည်။ ဤအဖြစ်အပျက်ကြောင့် လူမျိုးစုခေါင်းဆောင်များအတွင်း နောက်တစ်လှည့်မှာ မိမိတို့ ဖြစ်နိုင်သည်ဟု ယူဆထားကြောင်း သိရှိရပါသည်။
ရွှေတြိဂံဟု အမည်တွင်သော ဤဒေသသည် တစ်ချိန်က ကမ္ဘာတွင် ဟီးရိုးအင်းထုတ်လုပ်မှုအတွက် အကျော်ကြားဆုံးဒေသ ဖြစ်ခဲ့ပါသည်။ ယခုနှစ်ပိုင်းအတွင်း ကမ္ဘာ့မူးယစ်ဆေးဝါး ထုတ်လုပ်မှု၏ () ရာခိုင်နှုန်းကို ထုတ်လုပ်ခဲ့ကြောင်း၊ ယခုအခါ အာဖဂန်နစ္စတန်မှ အများဆုံးထုတ်လုပ်သည့် နေရာကို ယူထားပါသည်။
အကယ်၍ မြန်မာပြည်တွင်းစစ် ပြန်လည် ဖြစ်ပွားပါက အထက်ပါ အနေအထားသည် ပြောင်းလဲသွားနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်။ Rutgers University မှ ရာဇဝတ်မှု ကျွမ်းကျင် ပညာရှင်နှင့် Golden Triangle စာအုပ်ရေးသားသူ Ko-Lin Chin က မူးယစ်ဆေးဝါး ရောင်းဝယ်မှုသည် ပိုမိုကြီးမားလာ မည်ဖြစ်ကြောင်း၊ ယခုထိန်းချုပ်ထားသော ဒေသအများစုတွင် ဘိန်းစိုက် ပျိုးထုတ်လုပ်မှုကို ချဲ့ထွင် စိုက်ပျိုးလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောပါသည်။
ဘိန်းကို သန့်စင်ခြင်းဖြင့် ရသည့် ဟီးရိုးအင်းကို သမားရိုးကျအတိုင်း ထိုင်း၊ လာအိုနှင့် ဗီယက်နမ်တို့မှ တစ်ဆင့် သယ်ဆောင်လာပြီး ဩစတြေးလျ၊ ဂျပန်၊ မလေးရှားနှင့် ထိုင်ဝမ်တို့အထိ ရောက်ရှိသွားကြောင်း၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့ အေးဂျင့်မှ ပြောကြားသည်။
ဟီးရိုးအင်းကို တရုတ်ပြည်သို့ တိုက်ရိုက်တင်ပို့ကြောင်း၊ တရုတ်ပြည်တွင် မူးယစ်ဆေးဝါး သုံးစွဲမှုသည် ၁၉၉၀ ခုနှစ်ပိုင်းများတွင် ပိုမိုများလာကြောင်း၊ ရောင်းဝယ် သူများအတွက် အလွန်ကြီးမားသော ဈေးကွက်ရှိနေကြောင်း သိရှိရသည်။ အမေရိကန် နိုင်ငံတွင် ရောင်းချသော ဟီးရိုးအင်းမှာ ကိုလံဘီယာနိုင်ငံမှ လာကြောင်း အမေရိကန် အစိုးရ အရာရှိများမှ ပြောကြားပါသည်။
တောတောင်ထူထပ်၍ တောလမ်းများ ရှုပ်ထွေးနေသော မြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို တားဆီးရန် ခက်ခဲကြောင်း၊ ထိုင်းနယ်စပ်သည် မြန်မာနိုင်ငံနှင့် ဆက်စပ်မှု  ရှိသည့် မြောက်ပိုင်းနယ်စပ်တွင် မူးယစ်ဆေးဝါးများကို တားဆီးရန် အင်အား ၁၅၀၀ ရှိသော တပ်တစ်ခုရှိကြောင်း၊ အဆိုပါ တပ်အတွက် ပိုမိုခေတ်မီသော လက်နက်များ၊ အထူးသဖြင့် ညကြည့်မျက်မှန်များ လိုအပ်ကြောင်း ပြောကြားသွားသည်။
ယခုအခါ မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ အသေးစား ရောင်းဝယ်မှုပုံစံသို့ ပြောင်းလာနေကြောင်း၊ ယခင်က မူးယစ်ဆေးဝါးရောင်းဝယ်သူများသည် လူ ၁၂ ယောက်ခန့်ပါဝင်သော လက်နက်အင်အား အပြည့်အစုံ တပ်ဆင်ထားသော လက်နက်ကိုင် အုပ်စုဖြင့် နယ်ခြားကို ဖြတ်ကျော်သယ်ဆောင်ကြောင်း သိရသည်။ ယခုအခါတွင် ပုရွက်ဆိတ်များကဲ့သို့ အရပ်ဒေသအမျိုးမျိုးကို ခွဲခြား၍ သယ်ယူကြောင်း ဗိုလ်မှူးကြီး Peeranate က ပြောပါသည်။
 Doi Chang Moob စစ်စခန်းမှ ဒုဗိုလ် Rungrot Lobbamrung က ညတိုင်း မူးယစ်ဆေးဝါးရောင်းဝယ်မှု အတွက် လှုပ်ရှားလေ့ရှိသော တောင်ကုန်းဒေသများတွင် မိမိတို့ သိလျက်နှင့် နေခဲ့ဖူးကြောင်း၊ သူနှင့် အဖွဲ့ဝင် ၂၃ ဦးတို့သည် မူးယစ်ဆေးဝါးရောင်းဝယ်သူများအား ခြုံခိုတိုက်ခိုက်ခဲ့ပြီး ဝေးလံ၍ ခေါင်သော ဒေသများရှိ တောင်ပေါ်သားများအကြားတွင် သတင်းပေးများ ခန့်ထားခဲ့ကြောင်း ပြောသည်။ ၎င်းတို့ သတင်းပေးမှုကြောင့် ဖမ်းဆီးမိသော မူးယစ်ဆေးဝါးများအတွက်လည်း ဆုကြေးများ ပေးခဲ့ကြောင်း၊ သို့သော် ၎င်းတို့မှာ ရောင်းဝယ်မှု၏ ပမာဏ အနည်းငယ်ကိုသာ ဖမ်းဆီးရရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ယခုနှစ်တွင် ရောင်းဝယ်သူ (၁၄) ဦးကို ဖမ်းခဲ့နိုင်ကြောင်း ယခင်နှစ်က () ဦးသာ ဖမ်းမိကြောင်း သိရှိရပါသည်။
မူးယစ်ဆေးဝါးရောင်းဝယ်သူများအတွက် ငွေကြေးမက်လုံးမှာ အလွန်ကောင်း သည်။ အသေးစားရောင်းဝယ်သူ ဆယ်ကျော်သက်များသည် လက်သည်းခွံခန့်ရှိသော အိတ်ကလေးများဖြင့် ထည့်ထားသော ဟီးရိုးအင်းကို မြန်မာနယ်စပ်တွင် (.) ဒေါ်လာသာ ပေးရပြီး တောလမ်းမှ အနည်းငယ်ဖြတ်ပြီး ထိုင်းနိုင်ငံ အရောက်တွင် ဒေါ်လာ (၃၀) ခန့် ဖြစ်သွားကြောင်း Lieutenant Rungrot က ပြောပါသည်။
လူမျိုးစု အဖွဲ့များသည် မူးယစ်ဆေးဝါးများကို ထိုင်းနယ်စပ်တွင် စုပြုံသိုလှောင် ထားပြီး အထုပ်သေးလေးများဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ပေးပို့နေကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရာရှိက ပြောကြားသည်။
မြန်မာတို့၏ မိတ်ဆွေများ အကျိုးအတွက်နှင့် စစ်တပ်အရာရှိအချို့၏ အမြတ်အစွန်းရရှိမှုအတွက် မြန်မာစစ်တပ်သည် မူးယစ်ဆေးဝါးရောင်းဝယ်မှုကို လျစ်လျူရှုထားခဲ့သည်။ ယခုအခါ မက်လုံးများပေး၍ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် မူးယစ်ဆေးဝါးကြောင့် ရရှိထားသော ငွေဖြင့် လက်နက်ဝယ်ယူ တပ်ဆင်ထားသော လူမျိုးစု အဖွဲ့များကို တိုက်ခိုက်စေခဲ့ပါသည်။ ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါးအရာရှိတစ်ဦး၏ ပြောကြားချက်အရ မြန်မာအာဏာပိုင်များသည် မကြာသေးမီ ကာလအတွင်းက (၇၆၀) ကီလိုဂရမ် ဖမ်းမိကြောင်း သိရှိရပါသည်။ မီသာဖက်တမင်းဆေးပြား သန်းပေါင်းများ စွာကိုလည်း မြန်မာနယ်ခြားမြို့ တာချီလိတ်တွင် ဖမ်းဆီးရမိခဲ့သည်။
လာအိုတွင် ရှိသော ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုအဖွဲ့ရုံး (The United Nations Office on Drugs and Crime) မှ ကိုယ်စားလှယ် Leik Boonwaat က လွန်ခဲ့သည့်နှစ်က အထက်ပါကဲ့သို့ အမြောက်အမြား ဖမ်းဆီးခဲ့မှုမျိုး မရှိခဲ့ကြောင်း ပြောပါသည်။
ကမ္ဘာ့ ဟီးရိုးအင်းရောင်းဝယ်မှုတွင်လည်း အဓိက လမ်းကြောင်းပြောင်းလဲမှု တစ်ခုဖြစ်ခဲ့သည်။ ထိုင်းမူးယစ်ဆန့်ကျင်ရေး အရာရှိများ၏ ပြောကြားချက်အရ မူးယစ်ဆေးဝါး သယ်ဆောင်မှု လမ်းကြောင်းအသစ်ကိုသတိပြုမိလာခြင်းသည် ရွှေတြိဂံ ဒေသမှ မူးယစ်ဆေးဝါး ပိုမိုထွက်ရှိလာခြင်း၏ အကြောင်းရင်း ဖြစ်ကြောင်း သိရှိရသည်။ အာဖဂန်နစတန်တွင် ထုတ်လုပ်သော အဆင့်နိမ့် ဟီးရိုးအင်းများ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဝ နယ်မြေအတွင်းသို့ သယ်ဆောင်ကာ သန့်စင်မှု ပြုလုပ်ပြီးမှ ပြန်လည်ရောင်းချမှု ပြုလုပ်ပါသည်။
မူးယစ်ဆေးဝါးအများဆုံး ထုတ်လုပ်သော အာဖဂန်နစ္စတန်နှင့် မြန်မာဒေသ နှစ်ခု၏ ဆက်နွယ်မှုအရ အာဖဂန်က ဘိန်းစိုက်ပျိုးမှုကို ပြုလုပ်ပြီး ဝ တို့၏ နည်းပညာကျွမ်းကျင် မှုနှင့် ဖြန့်ဖြူးရေးကွန်ရက်ကို ပေါင်းစည်းစေခဲ့ပါသည်။ ဝ ဓာတုဗေဒပညာရှင်များသည် အဆင့်မြင့်ဟီးရိုးအင်း ထုတ်လုပ်ရာတွင် နာမည်ရထားပါသည်။
မကြာသေးမီ နှစ်ပိုင်းအတွင်းက ၎င်းတို့အပေါ် အပြည်ပြည်ဆိုင်ရာ၏ အမြင်ကို စိုးရိမ်ခဲ့ကြောင်း၊ အမေရိကန် တရားရုံးမှ ဝ ခေါင်းဆောင် () ဦးအား လွန်ခဲ့သော () နှစ်က ဝ စစ်တပ်အား မူးယစ်ဆေးဝါးရောင်းဝယ်မှု ပြုလုပ်သော ရာဇဝတ်အဖွဲ့အစည်းဟု သတ်မှတ်လျက် တရားစွဲမှု ရှိခဲ့သောကြောင့် ဖြစ်ကြောင်း ပြောသည်။ တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် ဝ တို့ကသူတို့၏ တောင်ယာလယ် သမားများကို ၎င်းတို့၏ နယ်မြေအတွင်း ဘိန်းမစိုက်ရန် တားဆီးခဲ့သည်။ အခြားသော အဖွဲ့များက ထိန်းချုပ်ထားသော ဆက်စပ်လျက် ရှိသော နယ်မြေများတွင်မူ ဘိန်းစိုက်ပျိုးလျက် ရှိပါသည်။ သို့သော် လူထုဆက်ဆံရေးနှင့် ဆိုင်သော ကိစ္စများမှာ ပဋိပက္ခများ ဖြစ်လာသည့်အခါတွင် ရှေ့တန်းတင် မစဉ်းစားနိုင်ကြောင်း မစ္စတာ ချင် က ပြောပါသည်။
စစ်ဖြစ်လာပါက မည်သူကမှ အပြည်ပြည်ဆိုင်ရာတွင် သိက္ခာရှိရေးကိစ္စကို ဂရုစိုက်တော့မည် မဟုတ်ပါ။ ရှင်သန်ရပ်တည်မှုကိုသာ ဦးစားပေးလာမည်သာ ဖြစ်ပါသည်။



--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment