Transparency Myanmar

transparency.myanmar@gmail.com

ဘင်္ဂလားဒေ့ရှ် တပ်များ မြန်မာ နယ်စပ်တွင် တပ်လှန့်ထား

(Daily Star, 11th Oct 2009)

ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တွင် မြန်မာစစ်တပ်များ မြောက်မြားစွာ ချထားပြီးနောက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် မြန်မာတို့၏ လုပ်ဆောင်မှုများကို ဖော်ထုတ်ရန် အတွက် လိုအပ်သောပြင်ဆင်မှုများ  ပြုလုပ်ထားကြောင်း အစိုးရ၏ အဆင့်မြင့် သတင်းပေးချက် တစ်ခုအရ သိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်က ၎င်း၏ တပ်ရင်း ၃ ရင်းကို တောင်ထူထပ်သော မြန်မာနယ်စပ်သို့ စေလွှတ်ထားပြီး အပိုတပ်ရင်းတစ်ခုကိုလည်း သက်သက်မဲ့ရန်စမှုကို ရင်ဆိုင်ရန် အသင့်ပြင်ထားကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားခဲ့ပါသည်။

သံတမန်ရေးရာ လမ်းကြောင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းခြင်း ပြုလုပ်နိုင်ခြင်း မရှိပါက ဘင်္ဂလားဒေ့ရှ် စစ်တပ်သည် အဆိုပါကိစ္စကို ရင်ဆိုင်ရန် အထူးလေ့ကျင့်ပေးထားကြောင်း ထောက်လှမ်းရေးအရာရှိများက ပြောကြားခဲ့ပါသည်။

သံတမန်ရေးရာ လမ်းကြောင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းနိုင်ခြင်း မရှိပါက ဘင်္ဂလားဒေ့ရှ် စစ်တပ်သည် အဆိုပါကိစ္စကို ရင်ဆိုင်ရန် အထူးလေ့ကျင့်နေကြောင်း ထောက်လှမ်းရေး အရာရှိများက ပြောကြားပါသည်။

နယ်ခြားစောင့် ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ်တပ်ရင်း (BDR) သည် နယ်စပ် အဝင်အထွက်များကို ကန့်သတ်ထားကြောင်း သိရှိရပါသည်။ ပုံမှန်မဟုတ်သော အခြေအနေမျိုးအတွက်သာ အဆိုပါ ကန့်သတ်မှုမျိုးကို ပြုလုပ်လေ့ရှိကြောင်း BDR ညွှန်ကြားရေးမှူးချုပ် Mainul Islam က ပြောကြားပါသည်။

အားလုံးသော ပြဿနာများကို သံတမန်ရေးရာ နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးမှ ပြောကြားခဲ့ပါသည်။ သို့သော် မိမိတို့ အနေဖြင့် နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုကို ထိပါးလာပါက့ သံတမန်နည်းဖြင့် ဖြေရှင်းမည် မဟုတ်ကြောင်း ပြောကြားပါ သည်။

ညွှန်ကြားရေးမှူးချုပ်က ဤကိစ္စသည် မူမှန်မဟုတ်သော အနေအထားဖြစ်ကြောင်း၊ မည်သည့် နိုင်ငံမှ သူတို့၏ စစ်တပ်များကို နယ်ခြားဒေသတွင် တပ်စွဲလေ့မရှိကြောင်း၊ သံဆူးကြိုး ကာရံမှုကိုလည်း မိမိတို့ မနှစ်သက်ကြောင်း ပြောပါသည်။ မိမိ၏တပ်များသည် စစ်ပြင်ထားပြီး ဖြစ်ပြီး တပ်သားများသည် နိုင်ငံအ တွင်း ကျူးကျော်ဝင်ရောက်လာသူများကို ပစ်ခတ်မည် ဖြစ်ကြောင်း Daily Star သို့ ပြောကြားခဲ့သည်။

လောလောဆယ်တွင် မြန်မာနယ်ခြားအစောင့်တပ် (နစက) သည် နယ်စပ်အနီးရှိ ရိုဟင်ဂျာ ၁၀၀၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ပြန်လည် နှင်ထုတ်ရန် စုစည်းထားပြီးယင်းသည်  မြန်မာအစိုးရ၏ နောက်ဆုံးဖြစ်ပေါ်လာသည့် ရန်စမှု၏ တစ်စိတ်တစ်ဒေသ ဖြစ်ကြောင်း၊ ထောက်လှမ်းရေးအေဂျင်စီမှ ယမန်နေ့ညက ပြောကြားခဲ့ပါသည်။ သူတို့ကို Bandarban ရှိ Naikhongchhari မြို့၏ ဆန့်ကျင်ဘက်တွင် ရှိသော နယ်ခြား စုရပ်များတွင် ထားရှိကြောင်း ရိုဟင်ဂျာလူမျိုးစုက ပြောကြားခဲ့ပါသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် မြန်မာအစိုးရတပ်များ တပ်စွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ် စစ်တပ်သည် နယ်စပ်တွင် အင်အားပိုမိုဖြည့်တင်းခဲ့သည်။

ဤကိစ္စနှင့် ပတ်သက်၍ မေးမြန်းချက်အပေါ် Mainul က BDR ကို နယ်ခြားစောင့်စခန်းများ (Border Operations Outposts-BOP) များတွင် ပိုမိုအင်အားဖြည့်တင်းထားရန် ရှိကြောင်း ပြောပါသည်။ မြန်မာစစ်အစိုးရသည် နယ်စပ်မှ ၅ ကီလိုမီတာ အကွာအဝေးအတွင်း လက်နက်ကြီးများနှင့် အင်အားကြီးမားစွာ တပ်စွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်မှလည်း အင်အားဖြည့်တင်းရန် လိုအပ်လာကြောင်း ပြောကြားပါသည်။

မတူညီသော သတင်းရရှိချက်များအရ မြန်မာသည် နယ်စပ်ဒေသတွင် တပ်မ (၉) ခုကို တပ်စွဲထားကြောင်း၊ မောင်တောမှ ပလက်ဝအကြား နယ်စပ်တလျှောက်တွင် အောက်တိုဘာ ၉ ရက် သောကြာနေ့က ချထားခဲ့ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တွင်နေထိုင်သော သူများသည် စစ်ဖြစ်မည့် အသွင်ကြောင့် ထိတ်လန့်နေကြကြောင်း Bandarban Daily Star သတင်းထောက် Monirul Islam Monu က သတင်းပေးပို့ပါသည်။

မြန်မာ အာဏာပိုင်များသည် သံဆူးကြိုးများ ကာရံထားသည့် နောက်ကွယ်တွင် စစ်တပ်အင်အား ပိုမိုချထားကြောင်း ဒေသခံများက ပြောကြားပါသည်။

 

 

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment