Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By William Boot, 3rd April 2010

မြန်မာနိုင်ငံသည် အနာဂတ်တွင် ဒေသတွင်း ငွေကြေး အကျပ်အတည်းများကို ကာကွယ်နိုင်ရန် အရှေ့ အာရှနိုင်ငံ ၁၃ နိုင်ငံ စုစုပေါင်း၍ တည်ထောင်ထားသော အမေရိကန် ဒေါ်လာ ဘီလီယံ ၁၂၀ ရှိသော ရန်ပုံငွေ တစ်ရပ်တွင် အနည်းငယ်သော အစိတ်အပိုင်း တစ်ခု ထည့်ဝင်ခဲ့သည်။

အဆိုပါ ရန်ပုံငွေကို နိုင်ငံ တစ်နိုင်ငံ သို့မဟုတ် နိုင်ငံ အများအပြားသည် ဖြစ်လာနိုင်သည့် အကျပ်အတည်းများကို ငွေကြေး လဲလှယ်သည့် ပုံစံဖြင့် ကူညီ ထောက်ပံ့ရန် ရည်ရွယ်၍ ထူထောင်ထားခြင်း ဖြစ်သည်။

အဆိုပါ ရန်ပုံငွေ အဖွဲ့တွင် အာဆီယံ ဆယ်နိုင်ငံ အပြင် တရုတ်၊ ဂျပန် နှင့် တောင်ကိုရီးယားတို့ ပါဝင်သည်။

စာရွက်ပေါ်တွင် မြန်မာနိုင်ငံသည် ဒေါ်လာ သန်း ၆၀ နှင့် ညီသော ငွေများကို ချင်းမိုင် အစပြု၍ သဘောတူညီချက် (Chiang Mai Initiative) အရ ထည့်ဝင်မည် ဖြစ်ပြီး မတ်လကုန်တွင် စတင် သက်ရောက်မည် ဖြစ်သည်။

မြန်မာနိုင်ငံထက် နည်းသော ငွေပမာဏ ထည့်ဝင်သော နိုင်ငံ နှစ်ခုမှာ ဘရှုနိုင်း နှင့် လာအို တို့ဖြစ်သည်။

ဂျပန်နှင့် တရုတ်သည် ဒေါ်လာ ၃၈ ဘီလီယံစီ ထည့်ဝင်မည် ဖြစ်ပြီး၊ တောင်ကိုရီးယားက ဒေါ်လာ ဘီလီယံ ၂၀ ထည့်ဝင်ကာ အာဆီယံ နိုင်ငံများက ဒေါ်လာ ၂၄ ဘီလီယံ ထည့်ဝင်မည် ဖြစ်သည်။

အဆိုပါ ရန်ပုံငွေဖြင့် ပြဿနာ ဖြစ်နေသော နိုင်ငံသည် ၎င်း၏ ကိုယ်ပိုင်ငွေနှင့် ဒေါ်လာကို လဲလှယ် ယူနိုင်ပြီး၊ ပြန်လည် ပေးဆပ်ရမည့် ကာလကို (၂) နှစ် သတ်မှတ်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment