Transparency Myanmar

transparency.myanmar@gmail.com


 Bernama, 1st October 2010

တရုတ်သည် ၎င်း၏ အရှေ့ဘက် မြောက်ကိုရီးယားနှင့် နယ်စပ်တွင် အထီးကျန် တိုင်းပြည်နှင့် ကုန်သွယ်ရေး တိုးမြှင့်ရန် ရည်ရွယ်၍ စီးပွားရေးဇုန် တည်ထောင်ရန် ကြိုးစားနေကြောင်း သောကြာနေ့က အစိုးရ တာဝန်ရှိသူများက ပြောခဲ့သည်ဟု ကိုးကား၍ Yonhap သတင်း အေဂျင်စီက သတင်း ပေးပို့ခဲ့သည်။

မန်ချူးရီးယားဟု လူသိများသော Dongbei ဒေသရှိ မြို့ (၃) မြို့သည် မြောက်ကိုရီးယားနှင့် ကုန်သွယ်ရေး မြှင့်တင်ရန် Yalu မြစ် စီးပွားရေးဇုန် တည်ဆောက်ရေးအတွက် ကြာသပတေးနေ့က ပူးတွဲ အဆိုပြုချက် ထုတ်ပြန်ခဲ့သည်။

ကိုရီးယားတွင် Amnok မြစ်ဟု ခေါ်သော Yalu မြစ်သည် တရုတ်နှင့် မြောက်ကိုရီးယား နယ်စပ်တွင် ရှိသောမြစ် ဖြစ်သည်။

ပါဝင်သော မြို့များမှာ Dandong၊ Dalian၊ Tonghua နှင့် Mudanjiang မြို့များ ဖြစ်ပြီး ၎င်းတို့သည် Liaoning ပြည်နယ်၊ Jili ပြည်နယ် (သို့မဟုတ်) Heilongjiang ပြည်နယ်များတွင် ပါဝင်သည်။ ၎င်းပြည်နယ် သုံးခုကို ပေါင်း၍ Dongbei ဒေသဟု ခေါ်သည်။

မြောက်ကိုရီးယားသည် နယ်စပ်မြစ် အနီးတွင် လွတ်လပ်သော စီးပွားရေးဇုန် ထူထောင်မည့် အစီအစဉ်ကို အစောပိုင်းကတည်းက သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ မြစ်ပေါ်တွင် ဆိပ်ကမ်း အတော်များများ ရှိနှင့်ပြီး ဖြစ်ကာ နှစ်နိုင်ငံ အကြား နယ်စပ် ကုန်သွယ်ရေး အတွက် အသုံးပြုလျက် ရှိသည်။

Liaoning ပြည်နယ်ရှိ Dandong မြို့သည် မြောက်ကိုရီးယား၏ Sinuiju မြို့နှင့် နယ်စပ်ချင်း ဆက်နေပြီး အကြီးဆုံး ကုန်ပစ္စည်း ရောင်းဝယ်ရေးကို လုပ်ကိုင်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး၏ ၇ဝ % ရှိသည်။

မေလလယ်ခန့်က မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနမှ ကိုယ်စားလှယ် အဖွဲ့သည် တရုတ် နယ်စပ်မြို့များသို့ လာရောက်၍ နှစ်နိုင်ငံ နယ်ခြားမြစ်ပေါ်တွင် တံတား ဆောက်လုပ်ရေး အတွက် ဆွေးနွေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment