Transparency Myanmar

transparency.myanmar@gmail.com

VOA News, 12th November 2010

ကနေဒါ အစိုးရ အာဏာပိုင်များသည် ကနေဒါ ပြည်တွင်း လေကြောင်းလိုင်း တစ်ခုနှင့် ၎င်း၏ အထွေထွေ မန်နေဂျာဟောင်း မြန်မာနိုင်ငံသို့ လေယာဉ် တစ်စီးနှင့် လေယာဉ် အစိတ်အပိုင်းများ တရားမဝင် တင်ပို့ခြင်း အတွက် တရား စွဲဆိုခဲ့သည်။ Canada Border Services Agency က ပြောကြားရာတွင် Kenn Borek Air သည် Havilland DHC-6 တွင် အော်တာ လေယာဉ် တစ်စီးနှင့် လေယာဉ် အစိတ် အပိုင်း (၁၄၉) ခုအား မြန်မာ နိုင်ငံသို့ ၂၀၀၇ ခုနှစ် နိုဝင်ဘာတွင် တရားဝင် ပါမစ် မရှိပဲ တင်ပို့ခဲ့ကြောင်း စုံစမ်း စစ်ဆေးသူများက တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ကနေဒါ နိုင်ငံ ဥပဒေတွင် စစ်တပ် အုပ်ချုပ်သော မြန်မာနိုင်ငံသို့ အစိုးရ ခွင့်ပြုချက် မရပဲ ကုန်ပစ္စည်းများ ရောင်းချခြင်း မပြုရန် တားမြစ် ထားသည်။ ထို့ကြောင့် အစိုးရ အာဏာပိုင်များက Calgary အခြေစိုက် လေကြောင်းလိုင်းနှင့် ၎င်း၏ အထွေထွေ မန်နေဂျာဟောင်း Stephen Penikett အား ကနေဒါ အကောက်ခွန် အက်ဥပဒေနှင့် ထုတ်ကုန် သွင်းကုန် ခွင့်ပြုချက် အက်ဥပဒေတို့အား ချိုးဖောက်မှုဖြင့် ကြာသပတေးနေ့က တရားစွဲခဲ့သည်။

အကောက်ခွန် ဥပဒေ ချိုးဖောက်မှုအတွက် ဒဏ်ငွေ ဒေါ်လာ ငါးသိန်းခန့် ပေးဆောင်ရနိုင်ပြီး၊ ထုတ်ကုန် ဥပဒေ ချိုးဖောက်မှုအတွက် အများဆုံး ထောင်ဒဏ် (၁၀) နှစ် ချမှတ် ခံရနိုင်သည်။ Calgary တရားရုံးက အဆိုပါ အမှုကို ဒီဇင်ဘာ (၁၄) ရက်တွင် ကြားနာရန် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment