Transparency Myanmar

transparency.myanmar@gmail.com

တိုင်းရင်းသားလူမျိုး စုံလင်လှသော မြန်မာနိုင်ငံတွင် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်နယ်တပ်မတော် (SSA) သည် အင်အားအကြီးများဆုံး သူပုန်အုပ်စုများထဲတွင် ပါဝင်သည်။ သတင်းများအရ မြန်မာစစ်အစိုးရကသာ တိုင်းရင်းသားလူနည်းစုအုပ်စုများနှင့် ဒိုင်ယာလော့ခ် မပြုလုပ်ပါက တိုက်ခိုက်မှုများ ပိုမိုမြင့်တင်လာမည်ဖြစ်သည်ဟု SSA ကသတိပေးကြေညာလိုက်သည်။

"တကယ်လို့သာ ပြည်နယ်တွေအားလုံးနဲ့ လက်နက်ကိုင်အုပ်စုတွေအားလုံး စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ရာမှာ ညီညွတ်မှုရှိကြမယ်ဆိုရင် ကျွန်တော်တို့တတွေမှာ မြန်မာစစ်တပ်နဲ့ညီမျှတဲ့ စစ်အင်အား ရှိလာမှာပါ။ စစ်အစိုးရမှာ စစ်လက်နက်ပစ္စည်းတွေ ပိုရှိနေမယ်ဆိုရင်တောင်မှ ကျွန်တော်တို့ အားလုံးကို တိုက်ခိုက်နိုင်မှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်သားတွေမှာ ဦးတည်ချက် မရှိလို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ စစ်တိုက်တယ်ဆိုတာက ကိုယ့်ဦးတည်ချက် ကိုယ်စီရှိကြလို့ပါ" SSA ၏ ဥက္ကဌဖြစ်သူ ရွက်ဆစ်၏ ပြောကြားချက်ကို ကိုးကား၍ Reuters သတင်းဌာနက ပြောကြားသည်။

နိုင်ငံရေးအရ အဆုံးအဖြတ်ပြုလုပ်ရမည့် ဖြစ်စဉ်များတွင် စစ်အစိုးရက တိုင်းရင်းသား လူနည်းစုများကို ဖယ်ထုတ်ခဲ့ပါက နယ်စပ်ဒေသများ၌ တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ရွက်ဆစ်က ပြောကြားသည်။ "တကယ်လို့သာ နောင်တက်မယ့်အစိုးရအဖွဲ့သစ်က ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ တိုင်းရင်းသား လူနည်းစုတွေကို ပါဝင်ခွင့်မပြုဘူးဘဲ လက်နက်အသုံးပြုပြီး ဖိအားပေးမှုတွေ လုပ်နေမယ်ဆိုရင် နယ်စပ်ဒေသမှာ အခုထက် တိုက်ပွဲတွေဖြစ်ပွားလာပါလိမ့်မယ်" ဟု ၎င်းကဆိုသည်။

မြန်မာစစ်အစိုးရသည် နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များနှင့် အရပ်ဘက်အစိုးရသစ်တစ်ရပ် ဖွဲ့စည်းရန်စီစဉ်လျက်ရှိသည်။ မြန်မာနိုင်ငံရှိ အချို့နေရာများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သဘောတူညီချက် ရှိထားသည့်တိုင် စစ်အစိုးရက အချို့သော ပြည်နယ်များ၌ ရွေးကောက်ပွဲကျင်းပခွင့်ပိတ်ပင်ခဲ့သည်။ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် သူပုန်အုပ်စုများသည် အရှေ့တောင်အာရှတွင် အင်အားအကြီးဆုံး မြန်မာစစ်တပ်ကို ဆန့်ကျင်ရန် ထောင်ပေါင်းများစွာသော စစ်သားများ လေ့ကျင့်မွေးထုတ်ပေးလျက် ရှိကြောင်းသိရသည်။

Press TV မှသတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment