Transparency Myanmar

transparency.myanmar@gmail.com

ဘာသာပြန်သတင်းများ

ဂျပန် အာဏာရ ပါတီ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်နှင့် ဒေါ်အောင်ဆန်းစုကြည် တယ်လီဖုန်းဖြင့် ပြောဆိုဆွေးနွေး


(Japan Today မှ 5 March 2011 ရက်စွဲပါ “DPJ’s Okada Speaks by Phone to Suu Kyi” ကို ဘာသာ ပြန်ဆိုသည်)

ဂျပန် နိုင်ငံ၏ အာဏာရ ဒီမို ကရက်တစ် ပါတီ အထွေထွေ အတွင်း ရေးမှူးချုပ် ကာဆူယာ အိုကာဒါက ကြာသ ပတေး နေ့တွင် မြန်မာ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တယ်လီ ဖုန်းဖြင့် ဆက်သွယ် စကား ပြောဆို ခဲ့သည်ဟု သိရသည်။

ဒေါ်အောင်ဆန်း စုကြည် မနှစ်က နိုဝင်ဘာ လက နေအိမ် အကျယ် ချုပ်မှ လွတ်မြောက် လာပြီး နောက်ပိုင်း ဂျပန် အာဏာရ ပါတီ၏ ထိပ်ပိုင်း အဖွဲ့ဝင် တစ်ဦးနှင့် ပြောဆို ဆွေးနွေး ခြင်းမှာ ယခု ပထမဆုံး အကြိမ်ပင် ဖြစ်သည်။

ဒေါ်အောင်ဆန်း စုကြည်နှင့် အိုကာဒါတို့၏ မိနစ် ၄၀ ကြာ ပြောဆိုမှု အတွင်း မြန်မာ နိုင်ငံမှ ဒီမိုကရေစီ ထွန်းကား ရေးနှင့် Sanctions များ အကြောင်းကို ဆွေးနွေး ခဲ့ကြသည် ဟု NLD ပါတီမှ ထိပ်ပိုင်း တာဝန် ရှိသူ တစ်ဦး၏ အဆိုအရ သိရသည်။

၇ နှစ် ဆက်တိုက် နေအိမ် အကျယ်ချုပ် ထိန်းသိမ်း ခံရပြီးနောက် နိုဝင်ဘာ ၁၃ ရက်က လွတ်မြောက် လာခဲ့သော ဒေါ်အောင်ဆန်း စုကြည်က “နိုင်ငံ တကာ အသိုင်း အဝိုင်းက မြန်မာ တပ်မတော် အစိုးရ အပေါ် အရေးယူ ချမှတ် ထားသော Sanctions များကို ဆက်လက် ထားရှိ စေလိုကြောင်း” ပြောကြား ထားသည်။
--------------------------------------------------------

မြန်မာ အစိုးရ ဘတ်ဂျက်ကို ဒီမိုကရေစီ လိုလားသော အုပ်စု ပြစ်တင် ဝေဖန်

(Associated Press မှ 4 March 2011 ရက်စွဲပါ Kate McGeoun ရေးသားသော “Myanmar Pro-Democracy Group Slams Govt’s Budget” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ အစိုးရက လတ်တလော ထုတ်ပြန် ကြေညာ ခဲ့သော ဘတ်ဂျက်တွင် လူမှု ဝန်ဆောင်မှု ကဏ္ဍများ အတွက် လုံလောက် အောင် မပေးဘဲ တပ်မတော်ကိုသာ ငွေများစွာ သုံးစွဲခွင့် ပေးခဲ့ခြင်းကို မြန်မာ နိုင်ငံမှ ဒီမိုကရေစီ လိုလားသော အုပ်စုက ပြစ်တင် ဝေဖန် လိုက်သည်။

ဒေါ်အောင်ဆန်း စုကြည်၏ “တရားဝင် ဖျက်သိမ်းခံ” အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သောကြာ နေ့တွင် အဆိုပါ ဘတ်ဂျက်ကို ဖျက်သိမ်း ကာနီး တပ်မတော် အစိုးရက ဆုံးဖြတ် သည်ထက် အသစ် တင်မြှောက်သော လွှတ်တော် ကသာ ထုတ်ပြန် သင့်သည်ဟုလည်း ဖော်ပြ ထားသည်။

မြန်မာ နိုင်ငံ တွင် နှစ်ပေါင်း ၂၀ ကျော် အတွင်း ပထမဆုံး အကြိမ် လွှတ်တော် ခေါ်ယူခြင်း မပြုမီ ရက်အနည်းငယ် အလို ဇန်နဝါရီ ၂၇ တွင် အဆိုပါ ဘတ်ဂျက်ကို လက်ရှိ အစိုးရက ပြဋ္ဌာန်း ခဲ့ခြင်း ဖြစ်သည်။

အစိုးရ အာဘော် နေ့စဉ် သတင်းစာတွင် ဖော်ပြ ခဲ့သော အသေးစိတ် အချက် အလက်များ အရ နိုင်ငံတော် ဘတ်ဂျက်၏ လေးပုံ တစ်ပုံ နီးပါး ဖြစ်သော ကျပ်ငွေ ၇.၆ ထရီလီယံ (ဒေါ်လာ ၈.၄၅ ဘီလျံ) ကို ကာကွယ်ရေး ကဏ္ဍ အတွက် သုံးစွဲခွင့် ပေးထားသည်။ ပညာရေး ကဏ္ဍ အတွက် ၄.၃ % နှင့် ကျန်းမာရေး ကဏ္ဍ အတွက် ၁.၃ % သာ ခွဲတမ်း ချပေး ခဲ့သည်ဟု သိရသည်။
-----------------------------------------------------

၂၀၁၁ တွင် တရုတ် ကာကွယ်ရေး ဘတ်ဂျက် ၁၃ % နီးပါး တိုးမြှင့်

(AFP မှ 4 March 2011 ရက်စွဲပါ “China’s Defence Budget to Rise 12.7% in 2011” ကို ဘာသာ ပြန်ဆိုသည်)

နိုင်ငံ တကာတွင် ဘေဂျင်း၏ စစ်ရေး တည်ဆောက် မှုနှင့် ပတ်သက်၍ အဆက် မပြတ် စိုးရိမ် ပူပန် မှုများ ဖြစ်ပေါ် နေသည့် ကြားမှပင် ၂၀၁၁ ခုနှစ်တွင် တရုတ် နိုင်ငံ၏ ကာကွယ်ရေး ဘတ်ဂျက်ကို ၁၂.၇ % တိုးမြှင့်ကာ ယွမ် ၆၀၁.၁ ဘီလျံ (အမေရိကန် ဒေါ်လာ ၉၂ ဘီလျံ) သုံးစွဲ သွားမည်ဟု တရုတ် အစိုးရ ပြောရေး ဆိုခွင့် ရှိသူက သောကြာ နေ့တွင် ပြောကြား လိုက်သည်။

အဆိုပါ ကိန်းဂဏန်းသည် အမျိုးသား ပြည်သူ့ ကွန်ဂရက် NPC သို့ တင်ပြသည့် ဘတ်ဂျက် အစီရင် ခံစာတွင် ပါဝင် သည်ဟု NPC နှစ်ပတ်လည် အစည်း အဝေး ဖွင့်ပွဲတွင် လွှတ်တော် ပြောရေး ဆိုခွင့် ရှိသူ လီရှောက်ဇင်က သတင်းထောက် များအား ပြောကြား ခဲ့သည်။

“တရုတ် နိုင်ငံက ကာကွယ်ရေး အသုံး စရိတ် ပမာဏကို ထိန်းချုပ်ဖို့ အမြဲတမ်း ဂရုတစိုက် သတိ ထားခဲ့ ပါတယ်၊ တရုတ် နိုင်ငံရဲ့ သုံးစွဲ မှုဟာ ကျန်ကမ္ဘာ့ နိုင်ငံ ကြီးတွေနဲ့ နှိုင်းယှဉ် ကြည့်ရင် မများ ပါဘူး” ဟု လီရှောက်ဇင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဒီပမာဏဟာ စုစုပေါင်း နိုင်ငံတော် ဘတ်ဂျက်ရဲ့ ၆ % ပဲ ရှိပါတယ်၊ ဒီလောက် နဲ့တော့ တခြား နိုင်ငံ တွေကို ခြိမ်းခြောက် နိုင်မှာ မဟုတ်ပါဘူး” ဟု ယခင် နိုင်ငံခြားရေး ဝန်ကြီးဟောင်း လီရှောက်ဇင်က ဆက်လက် ပြောသည်။

မည်သို့ပင် ဆိုသော်လည်း အဆိုပါ ပမာဏသည် ဂဏန်း ၂ လုံး မြင့်တက် လာခြင်း ဖြစ်သောကြောင့် တရုတ်၏ အိမ်နီးချင်း အာရှ နိုင်ငံ များနှင့် အမေရိကန် ပြည်ထောင်စု တို့ကို သတိပေး တပ်လှန့် သကဲ့သို့ ဖြစ်စေခဲ့သည်။ မနှစ်က ကာကွယ်ရေး ဘတ်ဂျက်ကို ၇.၅% တိုးမြှင့် ခဲ့ချိန် တွင် နိုင်ငံ တကာ၏ စိုးရိမ် ပူပန်များ စတင် ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ အကြီးဆုံး ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် ယင်း၏ ကာကွယ်ရေး အစီ အစဉ် များနှင့် ပတ်သက်၍ အလွန် အမင်း လျှို့ဝှက် ထားသော်လည်း တရုတ် တပ်မတော် ခေတ်မီ တိုးတက်ရေး ဆောင်ရွက်မှု များသည် မိမိ နိုင်ငံ မိမိ ကာကွယ်ရေး အတွက်သာ ဖြစ်သည်ဟု ခုခံ ကာကွယ် ပြောကြားလျက် ရှိသည်။

သို့သော်လည်း တိုကျို၊ ဝါရှင်တန်နှင့် အခြား အာရှ အစိုးရ များက တရုတ် နိုင်ငံ၏ စစ်ရေး ရည်ရွယ်ချက် များ အပေါ် စိုးရိမ် ပူပန် နေမှု လုံးယ လျော့ပါး သွားခြင်း မရှိဟု သိရှိ ရသည်။
------------------------------------------------

အရှေ့တီမော အာဆီယံ အဖွဲ့ဝင် ဖြစ်ရန် လျှောက်ထား

(BBC News မှ 4 March 2011 ရက်စွဲပါ Kate McGeoun ရေးသားသော “East Timor Applies to Join Asean” ကို ဘာသာ ပြန်ဆိုသည်)

အရှေ့ တီမောသည် အရှေ့တောင် အာရှ ဒေသတွင်း အသင်းကြီး ဖြစ်သော အာဆီယံသို့ ဝင်ရောက်ရန် တရားဝင် လျှောက်ထား လာသည်။

နိုင်ငံခြားရေး ဝန်ကြီး Zacarias da Costa သည် ယင်း၏ အင်ဒိုနီးရှား နိုင်ငံ ခရီးစဉ်တွင် အဖွဲ့ဝင် အဖြစ် လက်ခံရန် လျှောက်လွှာတွင် လက်မှတ် ရေးထိုး ခဲ့သည်။ အင်ဒိုနီးရှားသည် လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖြစ်သည်။ အရှေ့တီမော နိုင်ငံ အနေနှင့်မူ အာဆီယံ အဖွဲ့ဝင် အမြန်ဆုံး ဖြစ်ရန် ဆန္ဒ ရှိလျက် ရှိသည်။

သို့သော် ဝေဖန် သုံးသပ် သူများက ပြောကြား ရာတွင် အာဆီယံ အနေဖြင့် ပြဿနာ ပေါင်းစုံ ရှိနေပြီး ဖြစ်ရာ ဆင်းရဲသော တိုင်းပြည် တစ်ခု ဝင်ရောက် လာခြင်း ကြောင့် ရှိရင်းစွဲ စီးပွားရေး ဝန်ထုတ် ဝန်ပိုးများ ပိုလာဖွယ်သာ ရှိသည်ဟု ဆိုသည်။

အရှေ့ တီမောသည် တစ်နေ့တွင် အာဆီယံ အဖွဲ့ဝင် ဖြစ်လာမည် ဆိုသည်မှာ သံသယ ဖြစ်ဖွယ် မရှိ သော်လ်း မည်သည့် အချိန်တွင် ဖြစ်လာမည် ဆိုသည်သာ မေးခွန်း ထုတ်ဖွယ် ဖြစ်သည်။

အင်ဒိုနီးရှား ကဲ့သို့သော နိုင်ငံ များက အဖွဲ့ဝင် အဖြစ် လက်ခံရန် ချက်ချင်း ထောက်ခံ ကြမည် ဖြစ်သည်။ အင်ဒိုနီးရှားသည် လွန်ခဲ့သော ၁၂ နှစ်က အရှေ့ တီမောကို သိမ်းပိုက် ထားခဲ့သည်။

အရှေ့ တီမော၏ အဖွဲ့ဝင် အဖြစ် လျှောက်လွှာကို တရားဝင် လက်ခံ ပြီးနောက် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ပြောကြား ရာတွင် အရှေ့ တီမောသည် ပထဝီ အနေ အထား အရ လည်းကောင်း၊ နိုင်ငံရေး အရ လည်းကောင်း၊ စီးပွားရေး အရ လည်းကောင်း အရှေ့တောင် အာရှ၏ အနာဂတ်နှင့် ဆက်နွယ်လျက် ရှိခြင်းကြောင့် မဆိုင်းမတွ ကြိုဆို သင့်ကြောင်း ဆိုခဲ့သည်။

သို့သော် အခြား အာဆီယံ အဖွဲ့ဝင် များက ရှိနှင့်နေ ပြီးသော ဆင်းရဲသော အဖွဲ့ဝင်များ ဖြစ်သော မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံ များကို ကူညီ ရန်သာ အာရုံ ပြုသင့် ကြောင်း ယုံကြည်လျက် ရှိသည်။ အာဆီယံသည် ၂၀၁၅ တွင် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဇုန် ဖွင့်လှစ်ရန် ပြင်ဆင်လျက် ရှိသည်။
---------------------------------------------------

စင်ကာပူတွင် တပ်မတော် အကြီးအကဲသစ် ပြောင်းလဲ ခန့်အပ်မည်

(Straits Times မှ 4 March 2011 ရက်စွဲပါ “New Chief of Army for Singapore” ကို ဘာသာ ပြန်ဆိုသည်)

လာမည့် မတ်လ ၂၅ ရက်တွင် ဗိုလ်မှူးချုပ် ရာဗင်ဒါဆင်းသည် စင်ကာပူ တပ်မတော်၏ အကြီး အကဲသစ် ဖြစ်လာ တော့မည် ဖြစ်သည်။ ဗိုလ်မှူးချုပ် ရာဗင်ဒါ ဆင်းသည် လက်ရှိ အကြီး အကဲ ဗိုလ်ချုပ် ချန်ချွန်စင်း ထံမှ တာဝန် ပြောင်းလဲ လက်ခံ မည်ဟု ဆိုသည်။
ဗိုလ်ချုပ် ချန်ချွန်စင်း (၄၁ နှစ်) သည် စင်ကာပူ လက်နက်ကိုင် တပ်ဖွဲ့ SAF မှ အနား ယူတော့ မည် ဖြစ်ပြီး တာဝန် ဆက်ခံမည့် ဗိုလ်မှူးချုပ် ရာဗင်ဒါဆင်း (၄၆ နှစ်) သည် လတ်တလောတွင် ကာကွယ်ရေး ဝန်ကြီးဌာန နည်းပညာ ဆိုင်ရာ ဒုတိယ ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် နေသည်။

ဗိုလ်မှူးချုပ် ရာဗင်ဒါ ဆင်းသည် ၁၉၈၂ ခုနှစ် ဒီဇင်ဘာ လတွင် စင်ကာပူ လက်နက်ကိုင် တပ်ဖွဲ့သို့ ဝင်ရောက် အမှု ထမ်းခဲ့ သည်။ သူသည် စင်ကာပူ လက်နက်ကိုင် တပ်ဖွဲ့ SAF အသွင် ပြောင်းလဲရေး ကြိုးပမ်းမှု များတွင် အဓိက ပဲ့ကိုင် သူ အဖြစ် ပေါင်းစည်း ဗဟု သုတ အခြေပြု ကွပ်ကဲရေး ဌာန အသုံး ပြုခြင်း အပါ အဝင် SAF တတိယ မျိုးဆက်များ တိုးတက် ပြောင်းလဲ ရေး အတွက် အဓိက ကျစွာ ပါဝင် ဆောင်ရွက် ခဲ့သူ ဖြစ်သည်။

လက်ရှိ SAF အကြီးအကဲ ဗိုလ်ချုပ် ချန်ချွန်စင်းသည် ၁၉၈၇ ခုနှစ်တွင် သူ၏ စစ်မှုထမ်း ဘဝကို စတင် ခဲ့သည်။ သူသည်လည်း SAF တတိယ မျိုးဆက် အသွင် ပြောင်းလဲရေး အစီ အစဉ်၏ စစ်ဆင်ရေး စွမ်းရည် ဆိုင်ရာ အရေးကြီး ကဏ္ဍ ရပ် များတွင် အဓိက ကျသော နေရာမှ ပါဝင် ဆောင်ရွက် ခဲ့သူ ဖြစ်သည်။ ယင်း လုပ်ဆောင် ခဲ့သော အစီ အစဉ် များထဲတွင် တပ်မတော်၏ သံချပ်ကာ ခြေလျင် စစ်ဆင်ရေး ယှဉ်ပြိုင်မှု စွမ်းရည် တိုးတက် စေရန် သံချပ်ကာ ခြေလျင် လေ့ကျင့်ရေး တက္ကသိုလ် တည်ထောင် မှုလည်း တစ်ခု အပါ အဝင် ဖြစ်သည်။
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

0 comments:

Post a Comment