![]() | yangonchronicle 2011 |
၂၁.၄.၂၀၁၁
ပြည်တွင်းသတင်းများ
ယာဉ်များအား ခြိမ်းခြောက် ငွေတောင်းမှု တရားခံ မပေါ်သေး
ရန်ကုန်၊ ဧပြီ ၂၂။
မတ်လ ၃၀ ရက်နေ့တွင် သာကေတမြို့နယ်မှ (၁)ဈေးကွေ့မှတ်တိုင်တွင် ဖြစ်ပွားခဲ့သည့် အမှတ် ၂၃၂ ပါရမီယာဉ်များအား ခြိမ်းခြောက် ငွေတောင်းရမ်းခဲ့မှုနှင့်ဆက်စပ်သည့် တရားခံများကို ယခုအချိန်ထိ ရှာဖွေဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း အရှေ့ပိုင်းခရိုင်အုပ်ချုပ်ရေးမှုးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
မော်တင်မှ ယုဇနဥယျာဉ်မြို့တော်သို့ နေ့စဉ် ပုံမှန်ပြေးဆွဲနေသော ပါရမီယာဉ် ၅ စီးအား မတ်လ ၃၀ ရက်နေ့ ည၇ နာရီခွဲနှင့် ည ၉ နာရီကြား ကာလတွင် လူအုပ်စုနှင့်ဝိုင်းကာ လုယက်ခဲ့ခြင်း ဖြစ်သည်။
ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးက “ယာဉ်နောက်လိုက်ကို ဓားထောက်ပြီး လုတာပါ။ ဓားထောက်တဲ့သူဘေးမှာလည်း သူ့ အဖော်တွေကလည်း တော် တော်များပါတယ်။ ဖြစ်တဲ့နေရာကလည်း (၁) ဈေးကွေ့မှတ်တိုင်ရဲ့ သာကေတကနေ ယုဇနကိုအသွား အမှောင်ဘက်ခြမ်းကျတဲ့ နေရာမှာပါ။ ရန်ကုန်ကို သွားတဲ့ဘက်ကကျတော့ ဒံပေါက်ဆိုင်က မီးထိန်နေအောင် လင်းနေတယ်”ဟု သူ မြင်တွေ့ခဲ့ရသည်များကို ပြောပြသည်။
အဆိုပါ ပြစ်မှုများကို ကျူးလွန်ခဲ့သောအဖွဲ့သည် “ရာဇာ”ဟု အမည်ရသော အဖွဲ့ဖြစ်ပြီး၊ လူအင်အား ၁၀ဦး ထက်မနည်းရှိကြောင်း စုံစမ်းသိရှိ ရသည်။
(၁)ဈေးကွေ့ မှတ်တိုင်သည် သာကေတမြို့နယ်ရဲစခန်းနှင့် ဒေါပုံရဲစခန်းတို့မှ ၅ မိနစ် ခရီးအကွာတွင်ရှိသော လူစည်ကားသည့် ဈေးရှေ့မှတ်တိုင် တစ်ခုဖြစ်သည်။ အဆိုပါ လူအုပ်စုနှင့် ဝိုင်းဝန်းလုယက်မှုကြောင့် ကာလတန်ဖိုး ၁ သိန်းခွဲဝန်းကျင်ခန့် ဆုံးရှုံးခဲ့ပြီး သာကေတရဲစခန်းသို့ အမှုဖြစ်ပွားပြီး နောက်တစ်ရက်တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် လက်အောက်ရှိ ဗန္ဓုလ သယ်ယူပို့ဆောင်ရေးလီမိတက်မှ တာဝန်ရှိသူများက အမှုဖွင့်တိုင်ကြားခဲ့ ကြောင်း သတင်း ရရှိရသည်။
ကျော်စွာ
-------------------------------------------------------------------------------------------------------------
အထက်တန်းလွန် မွန်အမျိုးသား စာသင်ကျောင်းများ ဖွင့်လှစ်မည်
ဧပြီ ၂၂။
လာမည့်ဇွန်လဆန်းပိုင်း စာသင်နှစ်မှ စတင်၌ Post-Ten အထက်တန်းလွန် မွန်အမျိုးသား စာသင်ကျောင်း ၃ ကျောင်း ဖွင့်လှစ်သွားမည်ဟု မွန်အမျိုးသား ပညာရေးကော်မတီမှ သတင်းရရှိသည်။
မွန်အမျိုးသား စာသင်ကျောင်းများ မပျောက်ပျက်စေရန်နှင့် ရေရှည်တည်တံ့နိုင်ရေးအတွက် အဆိုပါ စာသင်ကျောင်းများ ဖွင့်လှစ်ရခြင်းဖြစ်သည် ဟု အထက်ပါ ပညာရေးကော်မတီက ဆိုသည်။
ဧပြီလ ၃-၄-၅ ရက်ပိုင်းများ၌ မွန်အမျိုးသား ပညာရေးကော်မတီ အစည်းအဝေးကိုကျင်းပခဲ့ပြီး မွန် အထက်တန်းကျောင်းများ ဖွင့်လှစ်ထားရာ ညီစားစခန်း၊ မွန်ပြည်နယ် ရေးမြို့နယ် အင်ဒင်ကျေးရွာ၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး