Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၁၃.၅.၂၀၁၁

ဘာသာပြန်သတင်းများ

တရုတ် စစ်တပ် ခေါင်းဆောင် မြန်မာပြည်သို့ ထွက်ခွာ

(12th May 2011 ရက်စွဲပါ Xinhua မှ Chinese military leader leaves for Myanmar ကို ဘာသာပြန်သည်။)

တရုတ်ဗဟို စစ်ကော်မရှင် ဒုတိယ ဥက္ကဌ Xu Caihou သည် ကြာသပတေးနေ့ မနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီး သွားရောက်ရန် Beijing မှ ထွက်ခွာသွားသည်။ ၎င်းအား မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဖိတ်ကြားခဲ့ခြင်း ဖြစ် သည်။

ယင်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း Xu သည် အစိုးရခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံ အမြင်ချင်း ဖလှယ်မည် ဖြစ်ပြီး၊ စစ်တပ် ခေါင်းဆောင်ပိုင်းနှင့် နိုင်ငံတကာနှင့် ဒေသတွင်း လုံခြုံရေး ကိစ္စများ နှစ်နိုင်ငံ စစ်တပ်ကြား ဆက်ဆံရေးများ ဆွေးနွေးကြမည် ဖြစ်သည်။

**************************************************************************

မြန်မာနိုင်ငံတွင် အဓိပ္ပာယ်ရှိသော ပြောင်းလဲမှု မရှိသေးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

(11th May 2011 ရက်စွဲပါ Yahoo News မှ AFP ၏ No meaningful change in Myanmar: Suu Kyi ကို ဘာသာပြန်သည်။)

ပြီးခဲ့သည့် နိုဝင်ဘာလက အနှစ်နှစ်ဆယ် အတွင်း ပထမဆုံး ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီးသည့် နောက်ပိုင်း အဓိပ္ပာယ်ရှိသော မည်သည့် ပြောင်းလဲမှုမျှ မရှိသေးဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ပြောကြားလိုက်သည်။

“အခုချိန်ထိတော့ အဓိပ္ပာယ်ရှိတဲ့ ပြောင်းလဲမှုကို ကျွန်မ မတွေ့မိသေးပါဘူး” ဟု သူမက ဂျာမန် အသံလွှင့်ဌာန DW-TW သို့ ဖုန်းဖြင့် ပြောကြား ခဲ့ပြီး၊ ဘာလင်မြို့ရှိ Hertie Scool of Management မှ ကျောင်းသားများကလည်း အင်္ဂါနေ့က အသံဖမ်းယူခဲ့သည်။ “ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရ လာတဲ့ အစိုးရမှာပါတဲ့ လူတွေက အရင် အစိုးရက လူတွေနဲ့ အတူတူပါပဲ။ စစ်မှန်တဲ့ ပြောင်းလဲမှု ဖြစ်မလားလို့ ကျွန်မတို့ စောင့်ကြည့်နေပါတယ်” ဟု သူမ က ပြောကြားခဲ့သည်။

မတ်လက စစ်အစိုးရသည် ရာစုနှစ် တစ်ဝက်ခန့် အာဏာရယူထားရာမှ ရွေးကောက်တင်မြှောက်ထားသည် ဆိုသော အရပ်သား အစိုးရသို့ အာဏာလွှဲပေးခဲ့သည်။ တိုင်းပြည်ကို ၁၉ နှစ်ခန့် တင်းကြပ်စွာ အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စစ်တပ် အကြီးအကဲ အဖြစ်မှ အနားယူခဲ့ ကာ ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်၏ သူငယ်ချင်းဖြစ်သူ ဦးမြင့်အား သမ္မတ၏ အကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။

သို့သော် စစ်တပ်သည် အာဏာကို မြဲမြံစွာ ကိုင်စွဲထားနိုင်ရန် အစိုးရအဖွဲ့ကို ဂရုတစိုက် ဖွဲ့စည်းထားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲ ဥပဒေများမှာ ဒေါ်အောင်ဆန်းစုကြည်အား မပါဝင်နိုင်ရန် ရေးဆွဲထားခြင်းကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်သဖြင့် ဖျက်သိမ်းခံခဲ့ရသည်။ “နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပဲနဲ့တော့၊ ကျွန်မတို့ တိုင်းပြည်ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့် မပြုပဲနဲ့တော့ တကယ့် ပြောင်းလဲမှုလို့ မပြောနိုင်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က DW-TV သို့ ပြောကြားခဲ့သည်။

အာဆီယံမှ မြန်မာနိုင်ငံအား အဆိုပြုထားသည့် ၂၀၁၄ တွင် အာဆီယံ ဥက္ကဌ နေရာကို ခွင့်ပြုခဲ့မည် ဆိုပါက ထိုကိစ္စသည် မြန်မာနိုင်ငံ၏ ဒီမို ကရေစီ အတွက် မည်သို့မျှ အထောက်အကူ ဖြစ်မည် မဟုတ်ဟု သူမက ပြောကြားခဲ့သည်။

“၂၀၁၄ မှာ မြန်မာ ဥက္ကဌ ရာထူးပေးရာမှာ သတ်မှတ်ချက်တွေ ချမှတ်ထားရင်တော့ တမျိုးပေါ့။ ဥပမာ အာဆီယံက သဘောမတူမီ ပြောင်းလဲမှု တစ်ခုခု လိုအပ်တယ်လို့ ကန့်သတ်ပေးတာမျိုး ဆိုရင်တော့၊ အထောက်အကူ ရနိုင်ပါတယ်” ဟု သူမက ပြောသည်။

************************************************************

ကမ္ဘောဒီးယားနှင့် နယ်စပ် ပြဿနာ အပေါ် ထိုင်းကို မလေးရှား အပြစ်တင်

(AFP သတင်းမှ 9th May 2011 ရက်စွဲပါ “Malasia blames Thailand over Cambodia border clash” သတင်းကို ဘာသာပြန်ဆိုသည်။)

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် အသစ်ထပ်မံ ဖြစ်ပွားလျက်ရှိသော အခြေအတင် ပဋိပက္ခအတွက် တနင်္လာနေ့တွင် မလေးရှားနိုင်ငံက ထိုင်း နိုင်ငံကို အပြစ်တင်လိုက်ပြီး ထိုင်းနိုင်ငံသည် အငြင်းပွားဒေသသို့ လေ့လာ စောင့်ကြည့်သူများ စေလွှတ်ရေး သဘောတူညီချက် နှင့်ပတ်သက်၍ နောက် ပြန်ဆုတ် သွားခဲ့သည်ဟု ပြောကြားခဲ့သည်။

အဆိုပါပြဿနာသည် ပြီးခဲ့သော သီတင်းပတ်ကုန်က အာဆီယံ ၁၀ နိုင်ငံ ထိပ်သီး ညီလာခံကို လောင်းရိပ်မိုး ထားခဲ့ပြီး ယခင်လကစ၍ လူ ၁၈ ဦး သေဆုံးခဲ့ရသော ပဋိပက္ခနှင့်ပတ်သက်၍ ထိုင်းနိုင်ငံကို ကန့်ကွက်သည့် မိန့်ခွန်းရှည်ကြီးကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ညီလာခံတွင် ပြော ကြားခဲ့သည်။

အငြင်းပွား နယ်စပ်တွင် အင်ဒိုနီးရှား စစ်ရေးအကဲခတ်များ ထားရှိမည့် အစီအစဉ်ကို လက်ခံရန် ထိုင်းနှင့် ကမ္ဘောဒီးယားတို့က ဖေဖော်ဝါရီလ တွင် သဘောတူခဲ့ကြသော်လည်း အငြင်းပွား ဘုရားကျောင်း အပြင်ဖက်သို့ ကမ္ဘောဒီးယား တပ်ဖွဲ့များ အရင်ဆုံး ဆုတ်ခွာပေးရန် ထိုင်းနိုင်ငံက တောင်း ဆိုခဲ့ခြင်းကြောင့် ထိုအစီအစဉ်ကို ဆောင်ရွက်ရန် ယခုတိုင် ကြန့်ကြာနေရခြင်း ဖြစ်သည်။

“ထိုင်းနိုင်ငံက လိုက်နာရမည့် တာဝန်ပေါ် မူတည်ပြီး သဘောတူညီမှု ရခဲ့တာပါ။ ကျွန်တော့်အနေနဲ့ အယုံအကြည် ပျက်သွားပြီလို့ မပြောချင်ပေ မယ့် သဘောတူညီချက်ကို သူတို့ (ထိုင်းနိုင်ငံ) မလိုက်နာခဲ့ကြပါဘူး” ဟု မလေးရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Richard Riot Jaem က သတင်း ထောက်များအား ပြောကြားခဲ့သည်။

“ထိုင်းနိုင်ငံက ငြင်းဆန်ခဲ့ပါတယ်။ ဒါ့ကြောင့် အခြေအတင် ပစ်ခတ်မှုတွေ နောက်တစ်ခါ ဖြစ်ပွားရတာပါ” ဟု ပြောကြားလိုက်သော ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Riot သည် နယ်စပ်၏ တဖက်တစ်ချက်စီတွင် စစ်ရေး အကဲခတ် စောင့်ကြည့်သူ ၃၀ ထားရှိမည့် အစီအစဉ်ကို သဘောတူ ခဲ့ကြသည့် အာဆီယံ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဖြစ်သည်။

“ဒီသဘောတူညီချက်ကို ထိုင်းနဲ့ ကမ္ဘောဒီးယား အပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးက လက်ခံ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါပေမယ့် သက်ဆိုင်ရာ နှစ်နိုင်ငံကြောင့် သဘောတူညီချက် နောက်ဆုတ်သွားပြီလို့ ပြောရတာ စိတ်မကောင်းပါဘူး။ ကမ္ဘောဒီးယားက လက်ခံခဲ့ပါတယ်။ ထိုင်းနိုင်ငံက လက်မခံ ခဲ့ပါဘူး” ဟု ၎င်းက ပြောကြားသည်။

**********************************************************************

တရုတ်က လက်ဆောင်ပေးသော ရေဒါစခန်းကို စပိုင်ပြဿနာ စိုးရိမ်ရသဖြင့် အရှေ့တီမော ပယ်ချ

(AFP သတင်းမှ 10th May 2011 ရက်စွဲပါ “East Timor rejected chinese radar over spy fears” သတင်းကို ဘာသာပြန်ဆိုသည်။)

အရှေ့တီမော ပိုင်နက်အတွင်း ရေဒါစခန်း တစ်ခု တည်ဆောက်ရန် တရုတ်နိုင်ငံက အဆိုပြုခြင်းကို ထောက်လှမ်းရေး ရည်ရွယ်ချက်များ အ တွက် အသုံးပြုဖွယ် ရှိကြောင်း စိုးရိမ် ပူပန်သောကြောင့် အရှေ့တီမောနိုင်ငံက ပယ်ချခဲ့သည်ဟု အင်္ဂါနေ့ သတင်းများက ဆိုသည်။

အရှေ့တီမော မြောက်ဖက် ကမ်းရိုးတန်းတွင် ရေဒါ စခန်းတစ်ခုကို အခကြေးငွေ မယူပဲ တည်ဆောက်ပေးမည့် အစီအစဉ် နှင့်ပတ်သက်၍ ၂၀၀၇ ဒီဇင်ဘာတွင် တရုတ်နိုင်ငံက ဆက်သွယ် ချဉ်းကပ်ခဲ့ကြောင်းကို Sydney Morning Herald က ထုတ်ပြန်သည့် အမေရိကန် သံတမန် ဆက်သွယ် ရေး ကေဘယ်များတွင် တွေ့ရှိရသည်။

အရှေ့တီမောနိုင်ငံက တရားမဝင် ငါးခိုးဖမ်းမှု တိုက်ဖျက်နေခြင်းကို ကူညီပေးလိုခြင်း ဖြစ်သည်ဟု တရုတ်တို့က ပြောဆိုကြောင်း ပေါက်ကြား သည့် သံတမန် ကေဘယ်များ အဆိုအရ သိရှိရသည်။ သို့သော်လည်း အရှေ့တီမော ဒုတိယ ဝန်ကြီးချုပ် Jose Lois Guterres က စိုးရိမ် ပူပန်သော ကိစ္စမှာ တရုတ်တို့က သူတို့၏ ထောက်လှမ်းရေးခွင်ကို အရှေ့တောင်အာရှ တစ်ခွင် ချဲ့ထွင်ရာ၌ ထိုရေဒါစခန်းကို အသုံးပြုဖွယ် ရှိသည့် အချက်ပင် ဖြစ်သည်။

“တစ်ခုတည်းသော မြှုပ်ကွက်ကတော့ ဒီရေဒါစခန်းကို တရုတ်ပညာရှင်တွေက တာဝန်ခံ ဆောင်ရွက်မယ် ဆိုတဲ့ကိစ္စပါပဲ” ဟု Mr Guterres က အမေရိကန် သံရုံးကို ပြောကြားခဲ့ကြောင်း သိရှိရသည်။ တရုတ်တို့က ရေဒါစခန်းကို လက်ဆောင်ပေး စည်းရုံးခြင်းထက် အခြားကိစ္စများ အတွက် အသုံး ပြုဖွယ်ရှိခြင်းကို စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည် ဟုလည်း သိရှိရသည်။

“တရုတ်နိုင်ငံရဲ့ ရေဒါ အခြေခံ ထောက်လှမ်းရေးစနစ်ကို အရှေ့တောင် အာရှ နယ်မြေထဲအထိ နက်နက်ရှိုင်းရှိုင်း ချဲ့ထွင်ဖို့ အသုံးပြုနိုင်ချေ ရှိပါ တယ်” ဟု Mr Guterres က ပြောကြားခဲ့သည်ဟု ဆိုသည်။

*************************************************************************

ဗြိတိန်က နိုင်ငံတကာတွင် သံရုံးများ အသစ် တိုးချဲ့ဖွင့်မည်

(11th May 2011 ရက်စွဲပါ AFP မှ Geoff Caddick ရေးသားသော Britain to open new overseas embassies ကို ဘာသာပြန်သည်။)

ဗြိတိန်နိုင်ငံသည် သံရုံးအသစ် ငါးခု ထပ်မံ ဖွင့်လှစ်မည် ဖြစ်ပြီး၊ ၂၁ ရာစု၏ ကြီးထွားလာသော ပါဝါနိုင်ငံများ ဖြစ်သည့် တရုတ်နှင့် အိန္ဒိယသို့ သံတမန် အရာရှိများ ပိုမို စေလွှတ်မည် ဖြစ်ကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီး William Hague က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

တိုးချဲ့မှု အတွက် ငွေအသုံးပြုနိုင်ရန် အချို့ဥရောပနိုင်ငံများမှ ကောင်စစ်ဝန်ရုံးများကို ပိတ်သိမ်းမည် ဖြစ်ကြောင်း၊ ထို့အပြင် ဗြိတိသျှတပ်၏ ကဏ္ဍ လျော့ချထားသော အီရတ်နှင့် အာဖဂန် နစ္စတန်တို့ရှိ ဝန်ထမ်းအင်အားကိုလည်း လျှော့ချသွားမည် ဖြစ်ကြောင်း ၎င်းက ကြေညာသည်။

သံရုံးသစ်များကို အယ်ဆာဗေးဒေါ၊ ကိုင်ဇစတန်၊ ဆူဒန်တောင်ပိုင်းနှင့် ပြည်တွင်း တည်ငြိမ်မှု ရနေသော မဒါကစတားနှင့် ဆိုမာလီယာတို့တွင် ဖွင့်လှစ်မည် ဖြစ်သည်။ “ဆယ်စုနှစ်များစွာမှာ ပထမဆုံး အကြိမ် ကျွန်တော်တို့ ဆက်ဆံရေးဝါဒကို လျော့ချခြင်း မဟုတ်ပဲ ချဲ့ထွင်ခြင်း ဖြစ်ပါတယ်” ဟု Hague က ပါလီမန်သို့ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ဟာ ၂၁ ရာစု အတွက် အသင့်ဖြစ်အောင် သံတမန်ကွန်ယက်ကို သန်စွမ်း တက်ကြွနေစေရန် ထိထိရောက်ရောက် စတင် အကောင်အထည် ဖော်ပါမယ်။ ကမ္ဘာကြီးမှာ ပေါ်ထွက်လာတဲ့ အင်အားကြီး နိုင်ငံများနဲ့ ဆက်သွယ်ရေး ပိုမို တိုးချဲ့သွားမှာပါ။ ဗြိတိန်နိုင်ငံဟာ အားယူ နေခဲ့ပြီး အခုရှေ့ကို တက်လှမ်းနေပြီဆိုတာ အချက်ပြလိုပါတယ်” ဟု ၎င်းက ဖော်ပြခဲ့သည်။

ပေါ်ထွက်လာသော အင်အားကြီး နှစ်နိုင်ငံတွင် တရုတ်၌ သံတမန် ဝန်ထမ်း ၅၀ နှင့် အိန္ဒိယတွင် ၃၀ ထပ်မံ တိုးချဲ့စေလွှတ်မည် ဖြစ်ကြောင်း Hague က ပြောကြားခဲ့သည်။ ဝန်ထမ်းသစ်များကို အဆိုပါ နှစ်နိုင်ငံ၌ လျင်မြန်စွာ တိုးတက်နေသော မြို့များ ဒေသများတွင် နေရာချထားမည် ဖြစ် ကြောင်း သိရသည်။

ဘရာဇီး၊ တူရကီ၊ မက္ကဆီကိုနှင့် အင်ဒိုနီးရှား တို့တွင်လည်း သံတမန် အင်အားများ သိသာစွာ တိုးချဲ့သွားမည် ဖြစ်သည်။ တိုးတက်နေသော တိုင်းပြည်များတွင် ကောင်စစ်ဝန်ချုပ်ရုံး ၇ ခု ဖွင့်လှစ်မည် ဖြစ်ရာ၊ ဘရာဇီးနိုင်ငံ Recife တွင်လည်း ဖွင့်လှစ်မည် ဖြစ်သည်။

ဗြိတိန်သည် မြန်မာ၊ ထိုင်း၊ တောင်နှင့် မြောက်ကိုရီးယား၊ ထိုင်ဝမ်၊ မွန်ဂိုလီးယား၊ မလေးရှား၊ ပါကစ္စတန်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့တွင်လည်း သံတမန် ဝန်ထမ်းများ တိုးချဲ့စေလွှတ်သွားမည် ဖြစ်သည်။ ဗြိတိန်နိုင်ငံက ဖွင့်လှစ်ထားသော သံရုံး ၁၄၀ ခုနှင့် အဆင့်မြင့် ကော်မရှင်များကို ဆက်လက် ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း၊ တိုးချဲ့မှုများမှာ ငွေကုန်ကြေးကျများမည် ဖြစ်ကြောင်း Hague က ပြောကြားခဲ့သည်။

ဗြိတိန်သည် ဥရောပရှိ သံဝန်ထမ်းများ လျော့ချခြင်း၊ သံတမန် အရာရှိငယ်နေရာမျာား ဖျက်သိမ်းခြင်းများဖြင့် ငွေပေါင် သန်း ၁၀၀ (ယူရို ၁၁၄ သန်း၊ ဒေါ်လာ ၁၆၃ သန်း) သက်သာအောင် ပြုလုပ်မည် ဖြစ်သည်။ “ကမ္ဘာပေါ်မှာ အချမ်းသာဆုံး မြို့ ၃ မြို့ဟာ ဥရောပမှာ ရှိပါတယ်။ အဲဒီမြို့တွေမှာ ရှိတဲ့ ကျွန်တော်တို့ သံရုံးတွေဟာ တခြားနေရာမှာ ရှိတဲ့ သံရုံးတွေထက် ပိုပြီး ကုန်ကျမှုများပါတယ်” ဟု Hague က ပြောသည်။ “တခြား စရိတ်လျော့ချဖို့ ကတော့ အီရတ်နဲ့ အာဖဂန် နစ္စတန်မှာရှိတဲ့ ကျွန်တော်တို့ သံတမန် Network နဲ့ အချိန်တွေ လျော့ချဖို့ပါပဲ” ဟု ၎င်းက ဖြည့်စွက်ပြောသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment