Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၂၄.၅.၂၀၁၁

ဘာသာပြန်သတင်းများ - ၂

မြန်မာနိုင်ငံတွင် ညှင်းပန်းနှိပ်စက်မှုများ ပေါများနေဆဲဟု ကုလကိုယ်စားလှယ်ပြော

(Official Wire News Bureau မှ 23 May 2011 ရက်စွဲပါ UN-Envoy: Abuses Still-At-Large in Myanmar သတင်းကို ဘာသာ ပြန်ဆိုသည်)

                မြန်မာနိုင်ငံမှ အရပ်ဖက်အစိုးရသည် ပြီးခဲ့သော မတ်လက တပ်မတော်အစိုးရ၏ နေရာကို အစားထိုးရ ယူခဲ့ပြီး နောက်ပိုင်း အတင်းအကျပ် အဓမ္မခိုင်းစေမှုများ၊ ဥပဒေမဲ့ သတ်ဖြတ်မှုများအပါအဝင် နိုင်ငံတွင်း ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေး ညှင်းပန်းနှိပ်စက်မှုများကို ဖြေရှင်းရန် အနည်းငယ် သာ လုပ်ဆောင်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောကြားလိုက်သည်။

                “ဒီမိုကရေစီက အဝေးကြီးလိုပါသေးတယ်”ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Ojea Quintana ဘန်ကောက်တွင် သတင်းထောက် များအား ပြောကြားသည့် အတိုင်းပင် မြန်မာအစိုးရ၏ ဒီမိုကရေစီ လမ်းညွှန်မြေပုံမှာ ပစ်မှတ်ပန်းတိုင်နှင့် ဝေးကွာနေဆဲဖြစ်သည်။ အရှေ့တောင်အာရှမှ အာဏာရှင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသို့ ကုလအထူးကိုယ်စားလှယ် Mr.Quintana လာရောက်ခြင်းမပြုရန် မြန်မာအစိုးရက ပိတ်ပင်ထားသည်ဟု AP သတင်းတစ်ရပ်က ဆိုသည်။

                ယခင်က BURMA ဟုသာ လူသိများသော မြန်မာနိုင်ငံမှ စွန့်ခွာထွက်ပြေးလာသည့် ဒုက္ခသည် ၁၀၀၀၀၀ ကျော်နှင့် တွေ့ဆုံစကားပြောရန် ထိုင်းနိုင်ငံသို့ တစ်ပတ်ကြာခရီးစဉ် လာရောက်ခဲ့ပြီးနောက် ကုလ ကိုယ်စားလှယ်က အထက်ပါ အတိုင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

                မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသတစ်လျှောက်တွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ထိုဒေသများမှ တိုင်းရင်းသားလူမျိုးများ မှာ မြေယာသိမ်းဆည်းခံရခြင်း၊ အဓမ္မပေါ်တာဆွဲခံရခြင်း၊ နေစရာမရှိခြင်း ဥပဒေမဲ့ သတ်ဖြတ်ခံရခြင်းနှင့် လိင်အကြမ်းဖက်ခံရခြင်းတို့၏ သားကောင်များ ဖြစ်နေသည်ဟု Mr.Quintana က ပြောသည်။

                “ဒီလိုညှင်းပန်းနှိပ်စက်မှုတွေဟာ အရမ်းကို ပျံ့နှံ့ကျယ်ပြန့်နေပြီး ဒီနေ့အထိ ရှိနေတုန်းပဲ၊ အာဏာပိုင်တွေ ကလည်း သူတို့လိုအပ်ချက်အရ မဖြေ ရှင်းသေးပဲ ပစ်ထားတုန်းပဲ” ဟုလည်း ယင်းက ဆိုသည်။ အမျိုးသားများနှင့် အမျိုးသမီးများပါမကျန် စစ်တပ်ထဲသို့ အဓမ္မခေါ်ယူခံရမည်ကို ကြောက်ရွံ့၍ ထွက်ပြေးနေကြသော၊ စာသင်ကျောင်းများ မရှိသောကြောင့် အချို့မိဘများက ကလေးများကို အခြေခံပညာ သင်ကြားရန် ထိုင်းနိုင်ငံဒုက္ခသည် စခန်း များသို့ ပို့နေရသော၊ မြန်မာနိုင်ငံအရှေ့ပိုင်းမှ ကရင်ပြည်နယ်ကို Mr Quintana က သာဓကအဖြစ် ရည်ညွှန်းကိုးကား ပြောဆိုခဲ့သည်။

*******************************************************************************

ဂျပန်၊ တရုတ်နှင့်တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်မှုစာချုပ်အတွက် အရှိန်မြှင့်တင်

(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)

အာရှဒေသတွင် ကုန်သွယ်ရေး မြှင့်တင်နိုင်ရေးအတွက် ဖြစ်နိုင်ခြေရှိသော လွတ်လပ်စွာ ကုန်သွယ်မှု သဘော တူညီချက် ဆိုင်ရာ ဆွေးနွေးပွဲ များကို အရှိန်မြှင့်ရန် ဂျပန်၊ တရုတ် နှင့် တောင်ကိုရီးယားနိုင်ငံ ခေါင်းဆောင်များ သဘောတူညီခဲ့ကြပြီ ဖြစ်ကြောင်း မေလ ၂၂ ရက်နေ့ BBC သတင်းက ဆိုသည်။ ယခု ၂၀၁၀ ပြည့်နှစ် ကုန်ကာလ နောက်ဆုံးထား၍ သုံးနိုင်ငံကုန်သွယ်ရေး သဘောတူညီချက်စာချုပ်အတွက် ပူးတွဲလေ့လာမှုများကို အပြီးသတ် ဆောင်ရွက်ရန်လည်း ခေါင်းဆောင်များ သဘောတူခဲ့ကြသည်။

အဆိုပါပူးတွဲလေ့လာမှုများပြီးဆုံးသွားပါက လွတ်လပ်စွာ ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုများ လမ်းပွင့်လာမည် ဖြစ်သည်။ သို့သော် လွတ်လပ်စွာ ကုန်သွယ်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရာတွင် အငြင်းပွားစရာများ ရှိလာနိုင်သည်။ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား သုံးနိုင်ငံမှ ခေါင်း ဆောင်များဖြစ်သော ဝန်ကြီးချုပ် နာတိုကန်၊ ဝန်ကြီးချုပ်ဝမ်ကျာပေါင်း နှင့် သမ္မတလီမြောင်ဘတ်တို့သည် ဂျပန်နိုင်ငံမြို့တော် တိုကျိုတွင် ပုံမှန် ကျင်းပမြဲ ဖြစ်သော သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲ၌ ဆွေးနွေးခဲ့ကြသည်ဟု သတင်းဌာနများကဆိုသည်။ တရုတ်နှင့် တောင်ကိုရီးယားအစိုးရ တို့က ဂျပန်မြေငလျင် ဒဏ်သင့်သော ဒေသများပြန်လည်ထူထောင်ရေးအတွက် အကူအညီများ ပေးအပ်မည်ဟု ကတိကဝတ်ပြုခဲ့ပြီးနောက် သုံးနိုင်ငံလွတ်လပ်စွာ ကုန်သွယ် ရေး အတွက် လမ်းပွင့်လာခြင်းဖြစ်ကြောင်း BBC သတင်းက ဆိုသည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကမူ တရုတ်နိုင်ငံသို့တင်သွင်းသော ဂျပန်စားသောက်ကုန်ပစ္စည်းများအပေါ် ကန့်သတ် ပိတ်ပင်ထားမှုများအား လျှော့ချပေးရန် သဘောတူညီထားသည်။ တရုတ်နိုင်ငံသည် ဂျပန်၌ မြေငလျင် လှုပ်ခတ်ပြီး နျူကလီးယားစက်ရုံယိုစိမ့်မှုဖြစ်ပွားပြီးနောက် ဂျပန်စား သောက်ကုန်များ တင်သွင်းခွင့်အားပိတ်ပင်ခဲ့သည်။ BBC သတင်းဌာနက ရရှိလိုက်သော ဓာတ်ပုံတွင် မစ္စတာ ဝမ်ကျားပေါင်နှင့် မစ္စတာ လီမြောင်ဘတ် တို့ ဂျပန်နိုင်ငံ ဖူကူရှီးမား ပြည်နယ်တွင် အစားအစာများစားသောက်နေပုံပါရှိသည်။ အဆိုပါနေရာသည် နျူကလီးယားပြဿနာ ဖြစ်ပေါ်နေသော ဒေသ တစ်ခု ဖြစ်သည်။

****************************************************************

အီးယူက အီရန်အပေါ် Sanction များ ပိုမိုတင်းကြပ်

(23 May 2011 ရက်စွဲပါ Associated Press မှ EU tightens sanction on Iran ကို ဘာသာ ပြန်သည်)

                ဥရောပသမဂ္ဂသည် အီရန်နိုင်ငံအား ၄င်း၏ နျူကလီးယား အစီအစဉ်များအပေါ် စိုးရိမ်ပူပန်မှုကြောင့် ချမှတ်ထား သော sanction များကို ပိုမိုတင်းကြပ်ခဲ့သည်။

                အီရန်အစိုးရ တာဝန်ရှိသူများနှင့် နျူကလီးယား အစီအစဉ်များနှင့်ဆက်နွယ်မှုရှိသော ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများ ကို ထိန်းသိမ်းခြင်းနှင့် ခရီး သွားလာခွင့်ပိတ်ပင်ရန် အီးယူနိုင်ငံခြားရေးဝန်ကြီးများက တနင်္လာနေ့က ဆုံးဖြတ်ခဲ့ကြသည်။ အရေးယူမှုတွင် ပါဝင်သော အစိုးရတာဝန်ရှိသူနှင့် ကုမ္ပဏီ မည်မျှပါဝင်သည်ဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရပေ။

                ပြီးခဲ့သည့်လက အီးယူဝန်ကြီးများသည် အီရန်အစိုးရတာဝန်ရှိသူ (၃၂)ဦးအား လူ့အခွင့်အရေးချိုးဖောက်မှုဖြင့် အရေးယူမှုများ ချမှတ်ခဲ့သည်။ အီရန်နိုင်ငံသည် ယူရေနီယံသန့်စင်သည့် အစီအစဉ်များ ပြုလုပ်နေကြောင်း သတင်း ပေါက်ကြားခဲ့သောကြောင့် ၄င်းအပေါ်စောင့်ကြည့်နေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုခန့်ရှိပြီဖြစ်သည်။ အီရန်နိုင်ငံသည် ၄င်း၏ အစီအစဉ်များကို ရပ်တံ့ရန် ငြင်းဆိုခြင်းကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ sanction များကို လေးကြိမ်မြောက် ချမှတ်ခံခဲ့ရသည်။

********************************                        *******************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment