Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၈.၆.၂၀၁၁

ပြည်တွင်းသတင်းများ

သဘောင်္သား မှတ်ပုံတင်လက်မှတ် Valid SID ပါမှသာ ပြည်ပထွက်ခွာခွင့်ရ

မြန်မာနိုင်ငံရှိ သဘောင်္သားများ နိုင်ငံခြားသဘောင်္၌ သွားရောက်တာဝန်ထမ်းဆောင်ရာတွင် သဘောင်္သား မှတ်ပုံတင်လက်မှတ် (Valid SID) ရှိမှ သာ ပြည်ပသို့ သွားရောက်ခွင့် ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစတင်၍ မြန်မာသဘောင်္သားများ နိုင်ငံခြားသဘောင်္များပေါ်၌ တာဝန်ထမ်းဆောင်ရန် သဘောင်္သား အလုပ်အကိုင် ကြီးကြပ်ရေးဌာနခွဲ SECD မှ ထုတ်ပေးသည့် နိုင်ငံခြားသဘောင်္၌ သွားရောက်တာဝန်ထမ်းဆောင်ခွင့် သက်တမ်းရှိသော သဘောင်္သား မှတ်ပုံတင်လက် မှတ် (Valid SID) ရှိမှသာ သွားခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

အချို့နိုင်ငံများရှိ လူဝင်မှုကြီးကြပ်ရေးဌာနများသည် (CDC)စာအုပ်များ၌ သက်တမ်းကုန်ဆုံးချိန် (Validity) များ ဖော်ပြထားခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာသဘောင်္သားများသည် နိုင်ငံခြားသဘောင်္ပေါ်၌ သွားရောက်တာဝန်ထမ်းဆောင်ရာတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင် ရွက်နိုင်ရန်  မြန်မာသဘောင်္သားဖြစ်ကြောင်း အထောက်အထားကို သတ်တမ်းရှိ သဘောင်္သား မှတ်ပုံတင်လက်မှတ်(SID)ဖြင့်သာ အစစ်ဆေးခံသွားရမည် ဖြစ်ကြောင်း သိရသည်။

ယခင်က မြန်မာသဘောင်္သားများ အခြားနိုင်ငံရှိ သဘောင်္များ၌ တာဝန်ထမ်းဆောင်ရာ၌ တာဝန်ပြီးဆုံး၍ မိခင်နိုင်ငံသို့ ပြန်လာခြင်း(သို့မပာုတ်) တာဝန်ထမ်းဆောင်စဉ်တွင် ရောက်ရှိမည့် အခြားနိုင်ငံတိုင်းပြည်များရှိ ဆိပ်ကမ်းများ ဝင်ထွက်ခြင်းစသည့် ကိစ္စရပ်များတွင် သက်ဆိုင်ရာနိုင်ငံရှိ လူဝင်မှု ကြီးကြပ်ရေးဌာနများက စစ်ဆေးမှုတွင် သဘောင်္သားများ၏ မြန်မာနိုင်ငံကူးလက်မှတ်(Myanmar Seaman Passport)နှင့် သဘောင်္သားလုပ်သက် မှတ် တမ်းစာအုပ် (CDC) များဖြင့် စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

(Bi Weekly Eleven၊ အတွဲ-၁၁၊ အမှတ်-၄ ပါ “မြန်မာသဘောင်္သားများ နိုင်ငံခြားသို့ သွားရောက်တာဝန်ထမ်းဆောင်ရာတွင် သဘောင်္သား မှတ်ပုံတင်လက်မှတ် Valid SID ပါမှသာ ထွက်ခွာခွင့်ရတော့မည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

မွန်းလွဲသုံးနာရီနောက်ပိုင်းမှသာ ဈေးရောင်းချခွင့်ရ

ရန်ကုန်မြို့၏ ကားလမ်းဘေး၊ လူသွားစင်္ကြန်ဘေးများ၌ ဈေးရောင်းချလျက်ရှိသည့် လမ်းဘေးဈေးသည်များကို မွန်းလွဲသုံးနာရီနောက်ပိုင်းမှသာ ဈေးရောင်းချခွင့်ပြုတော့ကြောင်း သိရသည်။

လတ်တလော၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများသည် လမ်းဘေးဈေးသည်များအား စီမံချက်ချနှင့် ရှင်းလင်း လျက်ရှိပြီး မွန်းလွဲသုံးနာရီနောက်ပိုင်းမှသာ ဈေးရောင်းချခွင့်ပြုတော့ကြောင်း သိရသည်။

ယခင် နအဖ အစိုးရလက်ထက်၌ လမ်းဘေးဈေးသည်များအား နံနက် ၆ နာရီဝန်းကျင်ခန့်မှ မွန်းလွဲ ၃ နာရီထိ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ယခု အစိုးရသစ်လက်ထက်၌ ဈေးရောင်းချရန်မျဉ်းများ သတ်မှတ်ပေးထားပြီး  မွန်းလွဲသုံးနာရီမတိုင်မီ ဈေးရောင်းချခြင်း မပြုကြရန် မြို့တော်စည်ပင်ဝန်ထမ်း  များအား ဆောင်ရွက်နိုင်စေရန် တာဝန်များ ချထားပေးထားကြောင်း သိရသည်။

ယင်း တာဝန်ချထားပေးထားသည့် စည်ပင်ဝန်ထမ်းများသည် နံနက် ၆ နာရီမှ မွန်းလွဲ ၃ နာရီထိတိုင် ကြပ်ကြပ်မတ်မတ်ဖြင့် လမ်းဘေးဈေးသည် များ ဈေးရောင်းချခြင်း မပြုနိုင်ရန် စီစဉ်ဆောင်ရွက်ကြပြီး မွန်းလွဲ ၃ နာရီနောက်ပိုင်းမှသာ ကြပ်မတ်မှုမရှိဘဲ ဈေးပြန်လည်ရောင်းချခွင့်ပြုကြောင်း သိရသည်။

ထို့သို့ ဈေးရောင်းချခွင့်ပြုထားသော်လည်း လမ်းသွားလမ်းလာများ အနှောင့်အယှက်မဖြစ်စေရေး၊ ယာဉ်သွားလာမှုများ ပိတ်ဆို့မှုမရှိစေရေးနှင့် အနှောင့်အယှက်မဖြစ်စေရေး၊ စည်းကမ်းမဲ့အမှိုက်များ မစွန့်ပစ်ရေးကို ကြပ်မတ်စွာစစ်ဆေးပြီး စနစ်တကျဖြင့် ဈေးရောင်းချခွင့်ပြုထားကြောင်း သိရသည်။

(Bi Weekly Eleven၊ အတွဲ-၁၁၊ အမှတ်-၄ ပါ “လမ်းလေးဈေးသည်များ မွန်းလွဲ ၃ နာရီနောက်ပိုင်းမှ ဈေးရောင်းချခွင့်ရ” သတင်းအား အကျဉ်း ချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ငါးသိန်းဖုန်း စာရွက်စာတမ်း မပါဘဲ တစ်ဆင့်ပြန်ရောင်းဝယ်

လက်ရှိ နိုင်ငံတွင်း အသုံးပြုလျက်ရှိသည့် ငါးသိန်းဖုန်းများရောင်းဝယ်မှု ပြုလုပ်ရာတွင် စာရွက်စာတမ်း ပါရှိခြင်းမရှိဘဲ တစ်ဆင့်ပြန်ရောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မိမိသည် တစ်ရပ်ကွက်တည်းအတူနေထိုင်သည့် အမျိုးသမီတစ်ဦးအား ငါးသိန်းတန်ဖုန်းဝယ်ပေးထားကြောင်း၊ ဖုန်းအား ၎င်းကသုံးပြီး စာရွက် စာတမ်းများကိုမူ မိမိကသိမ်းဆည်းထားပြီး တစ်လတစ်ခါ ၎င်းထံမှ အတိုးယူကြောင်း၊ ၎င်းမှာ အခြားသူများဆီမှ အကြွေးပါ မပေးနိုင်သည့်အတွက် ထွက်ပြေး သွားကြောင်း၊ မိမိအနေဖြင့် စာရွက်စာတမ်းများကို ကိုင်၍ ဖုန်းသွားပိတ်ရန် ပြင်ဆင်ကြောင်း၊ နောက်အချိန်မှပြန်ကြားရသည်မှာ ၎င်းအမျိုးသမီး၏ ဖုန်းအား ကြွေးရှင်မှ သိမ်းသွားပြီး တစ်သိန်းခွဲဖြင့် သူများဆီသို့ ပြန်လည်ရောင်းချထားကြောင်း တောင်ဒဂုံမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ လုပ်ရပ်မျိုးကြောင့် ဖုန်းပိုင်ရှင်အမျိုးသမီးနှင့် ဖုန်းဝယ်သူအမျိုးသမီးတို့၌ မလိုလားအပ်သည့်ပြဿနာများ ဖြစ်ပွားခဲ့ရကြောင်း သိရ သည်။ ထို့ပြင် ဖုန်းစာရွက်စာတမ်းမပါပဲ ဝယ်ထားသူများမှာ မိမိတို့ငွေပြန်လည်ရမှသာ ယခုဖုန်းအား ပြန်ပေးမည်ပာု ပြန်လည်ပြောဆိုမှုများကို ကြုံခဲ့ရ ကြောင်းလည်း သိရသည်။

သူငယ်ချင်းတစ်ယောက်မှ ပိုက်ဆံမပြည့်မီ ဖုန်းလိုချင်သည့်အတွက် မိမိမှဝယ်ပေးလိုက်ကြောင်း၊ စာရွက်စာတမ်းအား ပိုက်ဆံပြည့်မှ ပေးမည်ပာု ဖုန်းပိုင်ရှင်က ပြောကြောင်း၊ ဝယ်ပေးပြီး လေးလခန့်ကြာသည့်အခါ ဖုန်းဝယ်ယူသူထံတွင် ဖုန်းမရှိတော့ဘဲ အခြားသူထံသို့ ဈေးပေါပေါဖြင့် ပြန်လည်ရောင်းချ ထားကြောင်း ဖုန်းပိုင်ရှင်တစ်ယောက်က ၎င်း၏ အတွေ့အကြုံအားပြောကြားခဲ့သည်။

ယခုကဲ့သို့ ဖြစ်ရပ်မျိုးရှိခဲ့သည့်အတွက် ဖုန်းဝယ်ယူမည့်သူများအနေဖြင့် မိမိဖုန်းဝယ်ယူသည့်အခါ စာရွက်စာတမ်းပြည့်စုံမှသာ ဝယ်ယူရန်နှင့် ဈေးပေါတိုင်း ဖုန်းမဝယ်သင့်ကြောင်း သိရသည်။

(မော်ဒန်၊ အမှတ်-၂၆၂ ပါ “ငါးသိန်းဖုန်းအချို့ စာရွက်စာတမ်းမပါပဲ တစ်ဆင့်ပြန်ရောင်း” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရခိုင်ပါတီမှ တရားစွဲဆိုခြင်းခံထားရသည့် အမတ်နှစ်ဦး အနိုင်ရ

၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တရားစွဲဆိုထားသည့် ရခိုင်တိုင်းရင်းသားများ တိုးတတ်ရေးပါတီ ကျောက်ဖြူမြို့နယ်မှ အမတ် ၂ ဦး အမှုအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ဆုံးဖြတ်ချက်ချခဲ့ရာ တရားစွဲဆို ခြင်း ခံထားရသည့် ရခိုင်တိုင်းရင်းသားများ တိုးတတ်ရေးပါတီမှ အမတ်နှစ်ဦးစလုံးအား အနိုင်ပေးလိုက်ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၁၅ ရက်နေ့၌ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စီရင်ချက်ချထားပေးကြောင်း၊ အမှုနှစ်ခုစလုံး၌ မိမိတို့ပါတီမှ အမတ်များ အနိုင်ရရှိကြောင်း၊ အနိုင်ရရှိသည့် အမတ်များမှာ ကျောက်ဖြူမြို့နယ် အမျိုးသား လွှတ်တော်အမတ် ဦးအုံးတင်နှင့် ပြည်နယ်လွှတ်တော်အမတ် ဦးကျော်လွင်တို့ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။