Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 ၃၀.၆.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာက အာဆီယံ ဥက္ကဌ နေရာယူရေး ကိစ္စအပေါ် အမေရိကန် အထူးကိုယ်စားလှယ်လောင်း စိုးရိမ်

(30 June, 2011 ရက်စွဲပါ AFP မှ Shaun Tandon ရေးသားသော US nominee concerned on Myanmar ASEAN chair  သတင်းကို ဘာသာ ပြန်ဆိုသည် )

မြန်မာနိုင်ငံအတွက် အမေရိကန် အထူး ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခံထားရသူ Derek Mitchell က ယင်းသည် ဒီမိုကရေစီအတွက် ကမ္ဘာကြီး တစ်ခုလုံး ပူးပေါင်း ပါဝင်လာရေး ကြိုးစားမည် ဖြစ်ကြောင်း အာဆီယံက မြန်မာ အစိုးရအား ဥက္ကဌ နေရာအတွက် စဉ်းစား နေခြင်းအား စိတ်ပူကြောင်း ပြောကြားခဲ့သည်။

Derek Mitchell သည် အာရှ အတွက် မူဝါဒ ချက်မှတ်သူဟောင်း တစ်ဦးဖြစ်ပြီး သမ္မတ Obama အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပြုလုပ်ရန် လုပ်ဆောင်သောအခါ မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒ အပေါ် ပထမဆုံး အမေရိကန် ညှိနှိုင်းရေးမှူး အမည်စာရင်း တင်သွင်း ခံရသူ ဖြစ်သည်။

ဆီးနိတ်တွင် ယင်းအား အတည်ပြုမှု အတွက် ကြားနာမှု၌ ယင်းက ပြောကြားရာတွင် ၄င်းသည် မြန်မာ ခေါင်းဆောင်များနှင့် တိုက်ရိုက် ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား စကားပြောရန် ကြိုးစားမည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု အနေဖြင့်လည်း ပေါ်လာသော အခွင့်အရေးကို အလျင် အမြန် ပြုလွယ် ပြင်လွယ် တုန့်ပြန်သင့်ကြောင်း ပါဝင်သည်။

“အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံကို နိုင်ငံတကာ ကတိက၀တ်များကို လိုက်နာသော၊ နိုင်ငံသားများ၏ အခွင့်အရေးကို လေးစား သော၊ ငြိမ်းချမ်း သာယာ ၀ပြောသော ဒီမိုကရေစီနိုင်ငံ ဖြစ်စေရန် ကြိုးစားနေဆဲ ဖြစ်ပါတယ်” ဟု ယခု အကြီးတန်း ပင်တဂွန် တာဝန်ရှိသူ တစ်ဦးဖြစ်နေ သူ Mitchell က ပြောသည်။ “အမေရိကန် ပြည်ထောင်စုဟာ အထက်က ဖော်ပြတဲ့ အချက်တွေကို လိုက်နာလာရေးအတွက် မြန်မာ အစိုးရနဲ့ နှစ်ဦး နှစ်ဖက် လေးစားပြီး အကျိုးရှိမှုကို အခြေခံတဲ့ အပေါင်း လက္ခဏာ ဆောင်တဲ့ ဆက်ဆံရေး ထူထောင်ဖို့ ကြိုးစား နေဆဲပါ” ဟု ယင်းက ပြောသည်။

မြန်မာ အစိုးရသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နယ်သို့ ခရီးထွက်ခြင်း မပြုရန် သတိပေးထားပြီး၊ ဖိအားများ ပေး လာခြင်းကြောင့် Mitchell က အထက်ပါအတိုင်း မှတ်ချက် ပြုခဲ့ခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း စိတ်ပူစွာ တုန့်ပြန်ခဲ့ရာ ဒုတိယ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် Mark Toner က နိုဘယ်ဆုရှင်အား လွတ်လပ်စွာ ခရီးသွားလာခွင့် ပြုရန်၊ သူမ၏ အမြင်အား လွတ်လပ်စွာ ထုတ်ဖော်ခွင့် ပြုရန်နှင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပြည့်ဝစွာ ပါဝင်ခွင့် ပြုရန် မြန်မာ အာဏာပိုင်များ တိုက်တွန်းခဲ့သည်။

Mitchell က ပြောကြားရာတွင် ယင်းသည် ဥရောပ သမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယားနှင့် အထူးသဖြင့် အာဆီယံ ကဲ့သို့သော အဓိက ပလေယာများနှင့် မူဝါဒ ညှိနှိုင်းနိုင်ရန် မျှော်လင့်ကြောင်း ဆိုသည်။

“ကျွန်တော့် အမြင်မှာတော့ ကမ္ဘာတစ်ဝှမ်းက မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံကို ချဉ်းကပ်ဖို့ ညှိနှိုင်းဖို့ ယနေ့အထိ မဖြစ်နိုင် သေးတာဟာ အချို့အချက်တွေ သဘောပေါက် လာတာကိုပါ အားနည်းသွားစေပါတယ်”ဟု Mitchell က ပြောသည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် စဉ်းစားနေတာ ဒီနေ့ မြန်မာနိုင်ငံဟာ ဘယ်နေရာ ရောက်နေလဲလို့ပါ။ အာဆီယံကလည်း မြန်မာနိုင်ငံ ဟာ သူတို့နဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဆိုတာရယ်၊ အဖွဲ့ကြီးကို အရှက်ရအောင် လုပ်နေတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ အသိအမှတ် ပြုကြပါတယ်။” ဟု Mitchell က မေးခွန်းတစ်ခုကို ပြန်လည် ဖြေကြားခဲ့သည်။

“မြန်မာနိုင်ငံအနေနဲ့ ဒီအချက်ကို အာဆီယံက ပြန်လည် ကျေလည်စေရေးနဲ့ နိုင်ငံ တကာ အသိုင်းအ၀ိုင်းကိုရော တစ်ခုခု လုပ်ပြသင့်တယ်လို့ ကျွန်တော်ထင်တယ်။” ဟု ယင်းက ပြောသည်။ အမေရိကန် အစိုးရ တာဝန်ရှိသူများသည် ယခင်က အာဆီယံ ဥက္ကဌ နေရာနှင့် ပတ်သက်၍ 2014 မှာ အချိန် လိုသေးပြီး၊ အဖွဲ့ကြီးကသာ ဆုံးဖြတ်ရမည့် ကိစ္စ ဖြစ်၍ ယခင်က ပွင့်ပွင့်လင်းလင်း အတိုက်အခံ ပြောကြားခဲ့ခြင်း မရှိပေ။

Obama အစိုးရသည် ယခင် အနောက်နိုင်ငံ၏ အထီးကျန်စေရေး မူဝါဒများသည် မအောင်မြင်ဟု ဆိုကာ ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် စကားပြောရန် စတင် လုပ်ဆောင်ခဲ့သည်။ ဥရောပ သမဂ္ဂနှင့် ဂျပန်တို့ကလည်း ဆက်ဆံရေး မြှင့်တင်ခဲ့ကြရာ ဗုဒ္ဓဟူးနေ့က ဂျပန်နိုင်ငံ အကြီးတန်း တာဝန် ရှိသူ တစ်ဦးသည် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံသည် ရှေးယခင်ကတည်းက မြန်မာနိုင်ငံကို ထောက်ခံ ကူညီနေသူဖြစ်သည်။ အိန္ဒိယနိုင်ငံသည်လည်း အဓိက နိုင်ငံခြားရေး မူဝါဒ တွင် အမေရိကန်နှင့် ကွဲပြားမှုများ ရှိရာ မြန်မာ စစ်အစိုးရနှင့် အားကောင်းသော ဆက်ဆံရေးကို ထူထောင်ထားနိုင်သည်။ အာဆီယံကလည်း မြန်မာ နိုင်ငံကို မည်သို့ ဆက်ဆံရမည် ဆိုသည်ကို ယခင်ကတည်းက ကြိုးပမ်းနေခဲ့သည်။ ပြီးခဲ့သည့် နှစ်က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပပြီးနောက် အာဆီယံ နိုင်ငံများသည် အနောက်နိုင်ငံ အရေးယူမှုများ ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ အမေရိကန်နှင့် အတိုက်အခံ အုပ်စုများက နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ အပေါ်ယံ လိမ်းခြယ်မှု တစ်ခုသာ ဖြစ်၍ ဖိအားပေးမှု လျော့မပေးနိုင်ကြောင်း ဆိုသည်။

သို့သော် ကြားနာမှုအတွက် သဘာပတိ လုပ်ခဲ့သူ ဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ဆက်ဆံရန် ကာလရှည်ကြာကပင် ရှေ့နေ လိုက်ပေးခဲ့သူ ဆီနိတ် တာ Jim Webb က အခွင့်အလမ်း အတွက် ပြတင်းပေါက် ပွင့်လာသလို ရှိခြင်းကြောင့် အမေရိကန် ပြည်ထောင်စု အနေဖြင့် Sanction များ ဖြေလျော့ ရေး စဉ်းစား ရန် တောင်းဆိုခဲ့သည်။

Webb က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်း၊ ရွေးကောက်ပွဲတွင် အတိုက်အခံ ပါတီများ ပါဝင်ခွင့် ရခြင်းများကို ညွှန်းဆို၍ ပြောကြား ရာတွင် “ဒီပြောင်းလဲမှုတွေကနေ တာဝန်ခံမှုနဲ့ ပွင့်လင်း မြင်သာမှုတွေ ဖြစ်လာနိုင်တယ် လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ဆိုသည်။ သို့သော် အမေ ရိကန် အမတ် အများစုကမူ မြန်မာနိုင်ငံကို အရေးယူမှုအား ထောက်ခံပြီး ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေး အတွက်လည်း ပူပန်လျက် ရှိကြသည်။

**********************************************************************

ဒေါ်အောင်ဆန်းစုကြည်၏ လွတ်လပ်ခွင့်များကို အာမခံရန် မြန်မာအစိုးရအား အမေရိကန် တိုက်တွန်း

(AFP သတင်းမှ 30 June, 2011 ရက်စွဲပါ “US urges Myanmar to ensure Suu Kyi freedoms”  သတင်းကို ဘာသာ ပြန်ဆိုသည် )

မြန်မာအစိုးရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေး လှုပ်ရှားမှုများ ရပ်ဆိုင်းရန် ပြောကြားခဲ့ပြီး နောက်တွင် နိုင်ငံ ရေး နယ်ပယ်၌ သူမလွတ်လပ်စွာ ပါဝင်လှုပ်ရှားခွင့် ရှိခြင်းကို အာမခံရန် အမေရိကန် ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံကို တိုက်တွန်း လိုက် သည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ ခရီးသွားနိုင်တယ်။ သူမရဲ့အမြင်တွေကို လွတ်လပ်စွာ ပြောဆို နိုင်တယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အပြည့်အ၀ပါဝင်နိုင်တယ် ဆိုတာကို သေချာအောင် အာမခံဖို့ မြန်မာ အာဏာပိုင်တွေကို ၀ါရှင်တန်က တောင်းဆိုထားပါတယ်” ဟု နိုင်ငံခြားရေး ဌာန ဒုတိယ ပြောရေးဆိုခွင့် ရှိသူ Mark Toner က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သူမရဲ့ ဘေးကင်းမှုနဲ့ လုံခြုံမှုအတွက် ကျွန်တော်တို့ စိုးရိမ်နေဆဲပါ ဟု ပြောကြားသော Mark Toner က “တကယ်ကတော့ သူမရဲ့ ဘေးကင်း လုံခြုံမှု၊ မြန်မာနိုင်ငံသားတွေရဲ့ ဘေးကင်း လုံခြုံမှုကို သေချာအောင် အာမခံဖို့ မြန်မာ အာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်” ဟု ဆက်လက် ပြောဆို သည်။

ကမ္ဘာတွင် Burma ဟုသာ လူသိများသော မြန်မာနိုင်ငံမှ အစိုးရက ဒေါ်အောင်ဆန်းစုကြည် အား နိုင်ငံရေး လှုပ်ရှားမှု အားလုံးရပ်ဆိုင်းရန် ပြောကြားခဲ့ပြီး သူမလွတ်မြောက်လာပြီး နောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံအနှံ့ ခရီး ထွက်မည့် အစီအစဉ်များသည် အဓိကရုဏ်းများနှင့် ပရမ်းပတာ အခြေ အနေများ ဖြစ်ပွားစေနိုင်ကြောင်း သတိပေးပြောဆိုခဲ့သည်။

တပ်မတော်အစိုးရ၏ လက်ထဲတွင် ဆယ်စုနှစ် ၂ စုနီးပါး ထိန်းသိမ်းခံခဲ့ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ထံ ပြည်ထဲရေး ၀န်ကြီးဌာနက ရေးသား ပေးပို့သော စာထဲတွင် သူမခေါင်းဆောင်သော ပါတီ၏လှုပ်ရှားမှုများသည် ဥပဒေချိုးဖောက်ရာ ရောက်ကြောင်း ဖော်ပြထားသည်ဟု အစိုးရ အာဘော်နိုင်ငံပိုင်  မီဒီယာက ဆိုသည်။

ယခုကဲ့သို့ နိုင်ငံရေးနှင့် ကင်းကင်းနေရန် အာဏာပိုင်များက ပြောင်ပြောင်တင်းတင်း သတိပေးမှုသည် သူမ မနှစ်က လွတ်မြောက်လာခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ချက်ခြင်းတုန့်ပြန် ပြောဆိုရာတွင် စီစဉ်ထားသော ခရီးစဉ်ကို ပယ်ဖျက်ရန် ရည်ရွယ် ချက် မရှိကြောင်း ရည်ညွှန်းပြောကြားသည်။

*********************************************************************

ဖက်စပ်စီမံကိန်း ဆွေးနွေးပွဲများ ရှိနေသည့်ကြားမှ မြောက်ကိုးရီးယားက တောင်ကိုးရီးယားကို ခြိမ်းခြောက်

(BBC News မှ 29 June, 2011 ရက်စွဲပါ “North Korea issues threat to South amid joint talks” သတင်းကို ဘာသာ ပြန်ဆိုသည် )

တောင်ကိုးရီးယားနှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံသည် ရပ်တန့်နေသော ခရီးသွား တိုးရစ် ဖက်စပ်စီမံကိန်းနှင့် ပတ်သက်၍ ရှားရှားပါးပါး ဆွေးနွေးပွဲ ပြုလုပ်နေကြသော်လည်း တောင်ကိုးရီးယားအပေါ် “မြင့်မြတ်သော လက်တုန့်ပြန် စစ်ပွဲ” ဆင်နွှဲမည်ဟု မြောက်ကိုးရီးယားက ခြိမ်းခြောက် လျက် ရှိသည်။

မြောက်ကိုးရီးယားတို့၏ တပ်မတော်၊ စနစ်နှင့် ဂုဏ်သိက္ခာကို စော်ကားသည့် ဆိုင်းဘုတ်များကို တောင်ကိုးရီးယား စစ်သားများက နယ်စပ်တွင် စိုက်ထူထားကြသည်ဟု ပြုံယမ်းက ပြောကြားသည်။ အတိအကျ မပြောနိုင်သော စစ်ရေးဒဏ်ခတ်မှုများကို တောင်ကိုးရီးယားတို့ ဆိုင်းဘုတ်များ ဖယ်ရှား ၍ တောင်းပန်သည်အထိ အညှာအတာ မဲ့စွာ ဆက်လက်ပြုလုပ်မည်ဟု ထုံးစံအတိုင်း မြောက်ကိုးရီးယားက “မို၏ဂုဏ်” အစဉ်အလာ မပျက် ပြောဆိုခဲ့ သည်။

မနှစ်က တောင်ကိုးရီးယားနိုင်ငံအပေါ် လူ့အသက်များ ထိခိုက်စေသည့် ရန်စတိုက်ခိုက်မှု ၂ ခုကို ပြုံယမ်းက လုပ်ဆောင်ခဲ့ပြီးချိန်မှစ၍ နှစ်နိုင်ငံ အကြား ဆက်ဆံရေးယိုယွင်းလာခြင်း ဖြစ်သည်။ နှစ်ဖက်စလုံးမှ အစိုးရနှင့် ကုမ္ပဏီကိုယ်စားလှယ်များသည် ရပ်တန့်နေသော ခရီးသွားလုပ်ငန်း စီမံကိန်း ကို ဆွေးနွေးကြရန်အတွက် ခရီးသွားများ လည်ပတ်ရာဒေသ ခွမ်ဂန်းတောင်တွင် တွေ့ဆုံခဲ့ကြသည်။

လွန်ခဲ့သော ၃နှစ်က အဆိုပါ ဒေသ အနီးတွင် တောင်ကိုးရီးယား တိုးရစ် တစ်ဦး ပစ်သတ်ခံခဲ့ရပြီး နောက်ပိုင်း တောင်ကိုးရီးယား ကုမ္ပဏီက လုပ်ငန်း လည်ပတ်နေသော စီမံကိန်း ရပ်ဆိုင်းသွားခဲ့ရသည်။ ယခုဆွေးနွေးပွဲတွင် ကုမ္ပဏီများ၏ လုပ်ငန်း အဆောက်အဦ ပိုင်ဆိုင်ခွင့်များကို ချိုးဖောက်ခြင်း မပြုရန် တောင်ကိုးရီးယားဖက်မှ မြောက်ကိုးရီးယားတို့ကို သတိပေးခဲ့သည်ဟု ဆိုးလ်မှ တာဝန်ရှိသူများက ဆိုသည်။ ပြီးခဲ့သော နှစ်တွင် မြောက်ကိုးရီးယားက တောင်ကိုးရီးယား ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုအချို့ကို ထိန်းချုပ်ခဲ့ပြီး အကယ်၍ စီမံကိန်း လုပ်ငန်း ပြန်လည် စတင်ခြင်းမရှိပါက ယခု ထက် ပို၍သိမ်းယူမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ဖူးသည်။

ထိုကဲ့သို့ တာဝန်ရှိသူများက ဆွေးနွေးပွဲများ ပြုလုပ်နေစဉ်တွင် တောင်ကိုးရီးယားအပေါ် ခြိမ်းခြောက်သည့် “ဖန်တစ်ရာတေ စကားလုံး” များကို မြောက်ကိုးရီးယား နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။ နယ်စပ်အနီး စိုက်ထူထားသော ဆိုင်းဘုတ်များသည် စစ်ကြေညာသည့် သဘောဟု ယူဆနိုင်ကြောင်း မြောက်ကိုးရီးယားတို့က ပြောကြားသည်။ မြောက်ကိုးရီးယား အာဏာရှင် မိသားစု၏ ရုပ်ပုံများကို တောင်ကိုးရီးယား အရန် တပ်ဖွဲ့များ သေနတ်ပစ် လေ့ကျင့်ရာတွင် အသုံးပြုခြင်း ကိစ္စသည်လည်း မြောက်ကိုးရီးယားထံမှ လေလုံးထွား ခြောက်လှန့်မှုများ ထွက်ပေါ်စေသည့် လတ်တလော ဖြစ်ရပ်များတွင် ပါဝင်သည်ဟု ဆိုးလ်မှ ဘီဘီစီသတင်းထောက် Lucy Williamson က ဆိုသည်။ ယင်း လေ့ကျင့်မှု အစီအစဉ်ကို တောင်ကိုးရီးယားက ချက်ခြင်း ဆိုသလို ရပ်ဆိုင်းပေးခဲ့သည်။

ပြုံယမ်းက မျက်စိမှိတ် ငြင်းဆိုထားသော်လည်း တောင်ကိုးရီးယား၏ စစ်သင်္ဘောကို မြောက်ကိုးရီးယား တော်ပီဒို ထိမှန်သည့် အထောက် အထားများ ထွက်ပေါ်လာခဲ့ခြင်း၊ တောင်ကိုးရီးယားပိုင် ယွန်ပြောင်းကျွန်းကို မြောက်ကိုးရီးယားက အမြောက်ဖြင့် ပစ်ခတ်ရန်စခြင်း စသည့် လူအသေ အပျောက် ပဋိပက္ခဖြစ်ရပ် ၂ ခု မနှစ်က ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကိုးရီးယားနှစ်နိုင်ငံ ဆက်ဆံရေး စိုးရိမ်စရာ တင်းမာလာခဲ့သည်မှာ ယခုတိုင်ပင် ဖြစ်သည်။

**************************************************************

တရုတ်နှင့် ဗြိတိန် ပေါင် ၁ ဘီလီယံတန်ဖိုးရှိ စီးပွားရေးသဘောတူညီချက်စာချုပ်များ လက်မှတ်ရေးထိုးမည်

(BBC သတင်းကိုဘာသာပြန်ဆိုသည်။)

တရုတ်နှင့် ဗြိတိန်နှစ်နိုင်ငံအကြား စတာလင်ပေါင် တစ်ဘီလီယံကျော်တန်ဖိုးရှိ စီးပွားရေးသဘောတူညီချက် စာချုပ်များ လက်မှတ်ရေးထိုးဖွယ် ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ အဆိုပါသဘောတူညီချက် စာချုပ်များကို တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် ဗြိတိန်နိုင်ငံ၊ ဒေါင်းနင်း လမ်း၌ ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းနှင့် တွေ့ဆုံစဉ် လက်မှတ်ရေးထိုးမည်ဖြစ်သည်ဟု ဆိုသည်။

တရုတ်ဝန်ကြီးချုပ်သည် ဗြိတိန်နိုင်ငံသို့ သုံးရက်တာခရီးစဉ်အဖြစ်သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း၊ မစ္စတာ ဝမ်ကျားပေါင်ကိုယ်တိုင်က တရုတ်ပြည်တွင်းသို့ ဗြိတိန်နိုင်ငံထုတ်ကုန်ပစ္စည်းများတင်သွင်းမှုကို ကြိုဆိုသည်ဟု ထုတ်ဖော်ပြောဆိုထားပြီးဖြစ်ကြောင်း BBC ကဆိုသည်။ တရုတ် ဝန်ကြီးချုပ် ဗြိတိန်နိုင်ငံရှိ Longbridge MG မော်တော်ကားစက်ရုံသို့သွားရောက်လည်ပတ်စဉ် တရုတ်ပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ဆန္ဒပြမှုအနည်းငယ်နှင့်သာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

ဗြိတိန်အစိုးရက တရုတ်နိုင်ငံနှင့် စီးပွားရေးသဘောတူညီမှုများရရှိခြင်းဖြင့် ဗြိတိန်စီးပွားရေး လုပ်ငန်းများ အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များ ရရှိ နိုင်မည် ဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာလည်းဖန်တီးနိုင်မည်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုသည်။ တရုတ်နှင့် ဗြိတိန် လက်မှတ် ရေးထိုးမည့် သဘောတူညီချက်များသည် တရုတ်နိုင်ငံ ပြည်နယ် ဒေသ အသီးသီးရှိ မြို့များတွင် ဗြိတိန်ကုမ္ပဏီကြီးများ ရင်းနှီးမြှုပ်နှံ လုပ်ကိုင် နိုင်မည် ဖြစ်ကြောင်း၊ ဗိသုကာပညာ ဆိုင်ရာ၊ မြို့ပြအင်ဂျင်နီယာဆိုင်ရာ၊ သုတေသနဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခန်းကဏ္ဍများတွင် ဝင် ရောက် လုပ်ကိုင် ခွင့် ရရှိမည်ဖြစ်ကြောင်း သတင်းကဆိုသည်။

လက်ရှိအနေအထားတွင် ဗြိတိန်နိုင်ငံမှ ကြက်၊ ဘဲမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချခွင့်ရရှိထားသည်။ မစ္စတာ ဝမ်ကျားပေါင်နှင့် ဒေးဗစ်ကင်မရွန်းတို့တွေ့ဆုံရာတွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့ဂ်၊ တရားရေး ဝန်ကြီး ဂျော့အော်စဘွန်းတို့ ပါဝင်ပြီး တရုတ်အစိုးရမှ စီနီယာအရာရှိကြီးများလည်းပါဝင်သည်။ တွေ့ဆုံ ဆွေးနွေးရာ၌ နှစ်နိုင်ငံ ယဉ်ကျေးမှု နှင့် ပညာရေးဆိုင်ရာဆက်ဆံရေး ပိုမိုကောင်းမွန် နိုင်ရန် ထည့်သွင်းဆွေးနွေးကြပြီး နိုင်ငံတကာလုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှုအစရှိသော ကမ္ဘာလုံးဆိုင်ရာအရေးကိစ္စများလည်း ထည့်သွင်းခဲ့ ကြောင်း သိရသည်။

ဗြိတိန်အစိုးရ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတစ်ဦးက "တရုတ်နိုင်ငံရဲ့စီးပွားရေးအဆမတန်မြင့်တက်လာမှုဟာ ဗြိတိန်နိုင်ငံအတွက် သတင်း ကောင်းတစ်ခုပါ။ တရုတ်စီးပွားရေးမြင့်တက်လာတဲ့အဓိပ္ပာယ်ကတော့ ကျွန်မတို့ဗြိတိန်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေဆီကို ငွေကြေးတွေပိုပြီး ဝင်ရောက် လာမယ်ဆိုတဲ့သဘောဖြစ်သလို ဗြိတိန်နဲ့ တရုတ်နှစ်နိုင်ငံ စလုံးမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမို ရရှိမယ့် အလားအလာလည်း ဖြစ်ပါတယ်" ဟု ပြောကြားသည်။

"ဤမျှမကသေးပါဘူး။ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုဟာ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စကြီးတွေ ဖြစ်တဲ့ နိုင်ငံတကာလုံခြုံရေး နဲ့ ရာသီဥတု ပြောင်းလဲမှုစတာတွေကို တရုတ်နဲ့ ဗြိတိန်အနီးကပ် ပူးပေါင်း လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းတစ်ရပ်လည်းဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။ တရုတ် ဝန်ကြီးချုပ်ဝမ်ကျားပေါင် Longbridge နှင့် Stratford-Upon-Avon သို့သွားရောက်လည်ပတ်ပြီးနောက် ပြောရေးဆိုခွင့်ရှိသူက ယင်းသို့ ထုတ် ဖော် ပြောဆိုခြင်းဖြစ်သည်။ BBC အဆိုအရ တရုတ်ဝန်ကြီးချုပ်သည် ရှိတ်စပီးယားဝတ္ထုများကို အလွန်ကြိုက်နှစ်သက်သူတစ်ဦးဖြစ်သည်။

ယခုခရီးစဉ်တွင် လန်ဒန်နှင့် ဘာမင်ဂန်အကြား HS2 မြန်နှုန်းမြင့် မီးရထားလမ်းဖောက်လုပ်ရေးစီမံကိန်းတွင် တရုတ်နိုင်ငံ ဝင်ရောက် လုပ်ကိုင် ခွင့် ရရှိရေးအတွက် မစ္စတာဝမ်ကျားပေါင်ကကြိုးပမ်းဖွယ်ရှိသည်။

BBC ၏သံတမန် သတင်းထောက် ဂျော်နသန်မားကတ်စ်က ဗြိတိန်အစိုးရသည် ဝန်ကြီးချုပ်နှစ်ဦး တွေ့ဆုံ ဆွေးနွေးမှုကို ဗြိတိန်-တရုတ် နှစ် နိုင်ငံ စီးပွားရေး တိုးတက်မှုအတွက် မိတ်ဖက်များဆက်ဆံရေးတစ်ရပ်ဖြစ်ပေါ်လာရန် အခွင့်အလမ်းတစ်ရပ်အဖြစ် ရှုမြင်သည်ဟု ဆိုသည်။ ထို့ပြင် လာ မည့် ၂၀၁၅ ခုနှစ်မှစ၍ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှု တန်ဖိုး စတာလင်ပေါင် ၁၀၀ ဘီလီယံအထိ ရောက်ရှိရန်လည်း ပစ်မှတ်ထားရှိထားကြောင်း ၎င်း က ဆိုသည်။

ဗြိတိန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှုသည် ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်း ယမန်နှစ် နိုဝင်ဘာလက ဘေဂျင်းမြို့တော်သို့ သွားရောက် လည်ပတ်ပြီး နောက်ပိုင်း ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment