Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၁.၇.၂၀၁၁

ပြည်တွင်းသတင်းများ

ရန်ကုန်မြို့ပတ်ရထား ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိပြေးဆွဲလျက်ရှိသော မြို့ပတ်ရထားလုပ်ငန်းကို စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအတွက် မြန်မာ့ မီးရထားမှ ပုဂ္ဂလိကပိုင်အဖြစ်  လွှဲပြောင်းပေးရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိအချိန်၌ ရန်ကုန်မြို့ရှိ မြို့ပါတ်ရထား ပြေးဆွဲပေးနေမှုများကို ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားလုပ်ငန်းမှ ဆောင်ရွက်ပေး လျက်ရှိပြီး နောက်ပိုင်းတွင် မြို့ပတ်ရထားများကို ပုဂ္ဂလိကပိုင်အဖြစ်သို့ လွှဲပြောင်းပေးမှုများ ပြုလုပ်ပြီးစီးပါက ပြည်ပနိုင်ငံများမှ အဆင့်မြင့်မီးရထား စက်ခေါင်းများကို ဝယ်ယူကာ ရန်ကုန်မြို့ရှိ မြို့ပတ်ရထားစနစ်တွင် အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မြို့ပတ်ရထားလုပ်ငန်းအား ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုရန် လုပ်ကိုင်လိုသည့် ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင် များအား နေပြည်တော်ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့ကတည်းကပင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ရုံးအမှတ် (၂၉) နေပြည်တော်သို့ လာရောက်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “ရန်ကုန်မြို့မှာရှိတဲ့ မြို့ပါတ်ရထားစနစ်ကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းပေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင်းကို စနစ်တကျလွှဲပြောင်းမှုတွေ ပြုလုပ်ပေးနိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ တိုင်းရင်းသား ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးမှု တွေကို ဇူလိုင်လ တတိယပတ်ကစပြီး ပြုလုပ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

မီးရထားကို အသုံးပြုသူအများစုသည် အခြေခံလူတန်းစားများဖြစ်သည့်အတွက် ပုဂ္ဂလိကပိုင်အဖြစ်သို့ လွှဲပြောင်းပေးပြီး နောက်ပိုင်းတွင် ဈေးနှုန်းများ အဆမတန်ပြောင်းလဲမှု မရှိအောင် အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့၌ တစ်နေ့လျှင် ခရီးသည်ပေါင်း ၃ သန်းမှ ၄ သန်းခန့်အတွင်း သွားလာလျက်ရှိပြီး ၈၅% မှာ ဘတ်(စ်) ကားအသုံးပြုကာ ၃% သည် မြို့ပတ်ရထားဖြင့် သွားလာလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပတ်ရထားလုပ်ငန်းကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် ဖိတ်ခေါ်ခြင်းသည် အစိုးရသစ်တက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ခေါ်ယူခြင်း ဖြစ်ကြောင်း သိရသည်။

(မြန်မာပို့စ်(ဂလိုဘယ်)၊ အတွဲ-၁၊ အမှတ်(၁၈) ပါ “ရန်ကုန်မြို့ပတ်ရထားလုပ်ငန်းအား ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များအား လွှဲပြောင်း ပေးမည်” နှင့် Bi Weekly၊ အတွဲ-၄၊ အမှတ်-၁၆ ပါ “ရန်ကုန်မြို့ရှိ မြို့ပတ်ရထားပြေးဆွဲမှု လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းမှုများ ပြု လုပ်သွားမည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်။)

-----------------------------------------------------------------------------------------------------------------------------------

ရေကြောင်းအင်ဂျင်နီယာ လက်မှတ်တုများနေသည့်အတွက် လက်မှတ်အစစ်များ အခက်တွေ့နိုင်

ရေကြောင်းအင်ဂျင်နီယာ လက်မှတ်အတုများ များပြားလာနေသည့်အတွက် နောင်တွင် ရေကြောင်းအင်ဂျင်နီယာ လက်မှတ်အစစ်ရှိသူများအနေဖြင့် အခက်အခဲတွေ့လာနိုင်ကြောင်း မြန်မာနိုင်ငံရေကြောင်း အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရေကြောင်းအင်ဂျင်နီယာ လက်မှတ်အတု ကိုင်ဆောင်ထားကြသူများမှာ နယ်ပယ်တစ်ခုခု၌ လစာနည်းနည်းဖြင့် အလုပ်ဝင်ရောက်လုပ်ကိုင် နိုင်ကြသော်လည်း ရေကြောင်းအင်ဂျင်နီယာ လက်မှတ်အစစ်ကိုင်ဆောင်ထားသူများမှာမူ ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း မရှိကြောင်း၊ ရေကြောင်းအလုပ် လုပ်ကိုင်ရာတွင်လည်း နိုင်ငံတကာအသိုင်းအဝိုင်းမှ အထင်မသေးနိုင်ရန် လက်မှတ်တုကိုင်ဆောင်ထားသူများကို ဖော်ထုတ်သင့်ကြောင်း ၎င်းက ဆက် လက် ပြောကြားခဲ့သည်။

ရေကြောင်းအင်ဂျင်နီယာလောက၌ အဓိကဖြစ်ပွားလျက်ရှိသည့် ပြဿနာမှာ လက်တွေ့လုပ်ကိုင်နိုင်မှုစွမ်းရည် နည်းပါးခြင်းဖြစ်ပြီး မျိုးဆက်သစ် ရေကြောင်းအင်ဂျင်နီယာ လက်မှတ်အစစ်ရှိသူများမှာလည်း အလုပ်အကိုင် အခွင့်အလမ်းရရှိမှု နည်းပါးလျက်ရှိကြောင်း သိရသည်။ ယခု ပြဿနာ များသည် နောင်အခါ ရေကြောင်းအင်ဂျင်နီယာထုကြီးကိုပါ ရိုတ်ခတ်လာနိုင်သည်ဟု ဆိုသည်။

လက်တွေ့ပိုင်းဆိုင်ရာများတွင် တိုးတက်အောင် လုပ်ကိုင်နိုင်ခြင်းမရှိပါက နောင် ၅ နှစ်မှ ၁၀ နှစ်အတွင်းတွင်  မျိုးဆက်သစ် ရေကြောင်းအင်ဂျင် နီယာများ၌ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းရရှိမှု အခက်အခဲဖြစ်လာနိုင်ကြောင်း သိရသည်။

(Popular News၊ အတွဲ-၃၊ အမှတ်-၂၈ ပါ “ရေကြောင်းအင်ဂျင်နီယာ လက်မှတ်ပွားများနေခြင်းကြောင့် အစစ်များ အခက်တွေ့နိုင်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်။)

-----------------------------------------------------------------------------------------------------------------------------------

ကြိုးဖုန်းများအတွက် ကြိုတင်ငွေဖြည့်ကဒ် အောက်တိုဘာလအတွင်း စမည်

ကြိုးဖုန်းများကို ကြိုတင်ငွေပေးကဒ်ဖြင့် အသုံးပြုခြင်းကို ယခုနှစ် အောက်တိုဘာလမှ စတင်ကာ ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အော်တိုတယ်လီဖုန်းဌာနမှ သိရသည်။

ထိုသို့ကြိုတင်ငွေပေးကဒ်ဖြင့် အသုံးပြုခြင်းကို အဆင့်သုံးဆင့်ခွဲကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့်ကို အောက်တိုဘာလတွင် လည်းကောင်း၊ ဒုတိယအဆင့်ကို ဒီဇင်ဘာလနှင့် တတိယအဆင့်ကို လာမည့်နှစ် မတ်လအတွင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ဆောင်ရွက်ရာတွင် ပထမအဆင့် ဂဏန်းခုနစ်လုံးပါ ကြိုးဖုန်းများ၊ ဒုတိယအဆင့်တွင် မြို့ကြီးများရှိ ကြိုးဖုန်းများနှင့် တတိယအဆင့် တွင် တစ်နိုင်ငံလုံးအသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဟု ၎င်းကဆက်လက် ပြောကြားသည်။

ထိုသို့ ကြိုးဖုန်းများကို ကြိုတင်ငွေပေးကဒ်စနစ်သို့ ပြောင်းလဲရာတွင် မြန်မာတစ်နိုင်ငံလုံးရှိ တယ်လီဖုန်းလိုင်း ပေါင်း ၅ သိန်းခန့်ကို ပြောင်း လဲပေးသွားမည်ဟုဆိုသည်။ ယခုကဲ့သို့ ကြိုတင်ငွေဖြည့်ကဒ်စနစ်သို့ ပြောင်းလဲရခြင်းမှာ အသုံးပြုသူများ ဖုန်းဘီလ်ဆောင်ရသည့်ကိစ္စ အဆင်ပြေစေရန် ပြောင်းလဲခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက လိုင်းဖုန်းများကို ကြိုတင်ငွေပေးကဒ်ဖြင့် ပြောင်းလဲအသုံးပြုနိုင်အောင် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုနှင့် ဆွေးနွေးနေကြောင်း ပြောကြားသည်။

ယခုကဲ့သို့ ကြိုတင်ငွေပေးကဒ်စနစ်သို့ ပြောင်းလဲလိုက်သော်လည်း တယ်လီဖုန်းခေါ်ဆိုခများကို ပြောင်းလဲသွားမည် မဟုတ်ကြောင်း၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ဖုန်းခေါ်ဆိုခများကို မြို့တွင်းတစ်မိနစ်လျှင် ၁၅ ကျပ်ဖြစ်ပြီး နယ်ဝေးနှင့် မိုဘိုင်းခေါ်ဆိုမှုများအတွက် တစ်မိနစ်လျှင် ၂၅ ကျပ် ဖြစ်ကြောင်း သိရသည်။

(မြန်မာပို့စ်ဂလိုဘယ် အမှတ် (၁၈)ပါ “ကြိုးဖုန်းများကြိုတင်ငွေပေးကတ်ဖြင့် အသုံးပြုခြင်းကို အောက်တိုဘာလအတွင်း စတင်အသုံးပြု နိုင် မည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်။)

-----------------------------------------------------------------------------------------------------------------------------------

အစိုးရသစ်လက်ထက် ဘဏ်တိုးနှုန်းပြုပြင်ရန် ကျန်ရှိသေး

မြန်မာနိုင်ငံ၌ နိုင်ငံတော်အစိုးရသစ် စတင်တာဝန်ယူပြီးချိန်မှစ၍ ရက် ၁၀၀ အတွင်း ပို့ကုန်ခွန်လျှော့ချခြင်း၊ ပင်စင်လစာ တိုးမြှင့်ခြင်းစသည့် ကိစ္စရပ်များကို ဆောင်ရွက်ပြီးဖြစ်သော်လည်း ဘဏ်တိုးနှုန်းများ ပြင်ဆင်ရန် ကျန်ရှိနေသေးကြောင်း စီးပွားရေးပညာရှင်များက ပြောကြားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး၌ ပေါ်ပေါက်လာသည့် အစိုးရသစ်၏ သတ်တမ်းမှာ နုနေသေးသော်လည်း အချို့ကိစ္စရပ်များတွင် ဖြေလျော့မှုများ ပြုလုပ်လာကြောင်း၊ လက်ရှိနိုင်ငံတော်အစိုးရသစ်မှ ပို့ကုန်ခွန်လျှော့ချခြင်း၊ ပင်စင်လစာ တိုးမြှင့်ပေးခြင်းများ ပြုလုပ်လာသည့်အတွက် ပြည်သူများမှာ ကုန်ဈေးနှုန်း တက်လာမည်ကို စိုးရိမ်နေကြသော်လည်း ယခုထိတိုင် တည် ငြိမ်လျက်ရှိနေသေးကြောင်း၊ ထပ်မံ၍ အစိုးရသစ်မှ ဘဏ်တိုးနှုန်းများပြင်ဆင်ရန် ပာု ကြားသိထားသော်လည်း တရားဝင်ပြောဆိုခြင်းမျိုး မရှိသေးကြောင်း ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ဘဏ်များတွင် အတိုးနှုန်းသတ်မှတ်ချက်များမှာ ဘဏ်၌ ငွေလာရောက်အပ်နှံသူများအတွက် အတိုးနှုန်း ၁၂ ရာခိုင်နှုန်းပေးပြီး ဘဏ်မှ ချေးငွေယူသူများအတွက် အတိုးနှုန်း ၁၇ ရာခိုင်နှုန်းပေးဆောင်ရန် သတ်မှတ်ထားပြီး စက်မှုလုပ်ငန်းများအတွက် ငွေလာရောက်ချေးယူပါက အတိုးနှုန်း ၁၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

ယခုကဲ့သို့ ဘဏ်အတိုးနှုန်းပြောင်းလဲပြုပြင်သင့်ကြောင်းနှင့် ပတ်သတ်၍ ဘဏ်လုပ်ငန်းပညာရှင်တစ်ဦးကလည်း ဘဏ်လုပ်ငန်း ပြုပြင်ပြောင်း လဲမှုများ လုပ်မည်ဆိုပါက အမြင်ကျယ်ရန်အရေးကြီးကြောင်း၊ မိမိနိုင်ငံ၏ စီးပွားရေးအခြေအနေ၊ အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးအခြေအနေနှင့် ကမ္ဘာ့ စီးပွားရေးအခြေအနေများကို မျက်ချေမပြတ် စောင့်ကြည့်နေရမည်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ စီးပွားရေးအခြေအနေကိုကြည့်၍ ဘဏ်များရှိ အတိုးနှုန်းများ ကိုလည်း အတိုးအလျော့ဖြင့် ထား ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(Messenger၊ အတွဲ-၂၊ အမှတ်-၉ ပါ “ပို့ကုန်ခွန်လျှော့ချခြင်း၊ ပင်စင်တိုးမြှင့်ခြင်းများအပြင်၊ ဘဏ်တိုးနှုန်းများပါ ပြင်ဆင်နိုင်ပာု စီးပွားရေး ပညာရှင်နှင့် လုပ်ငန်းရှင်များဆို” သတင်းအား အကျဉ်းချုံး ဖော်ပြသည်။)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများကို အစည်းအဝေးခေါ်

ရန်ကုန်၊ ဇူလိုင် ၂၁။

နေပြည်တော်တွင် အခြေစိုက်သော ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးခေါင်းဆောင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၃၇ ပါတီအား နေပြည်တော်သို့ အစည်းအဝေးတက်ရောက်ရန် ဇူလိုင်လ တတိယရက်သတ္တပတ်က အကြောင်းကြားစာ ပို့လိုက်ကြောင်း သိရှိရသည်။

ယင်းအကြောင်းကြားစာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉(စ)၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပုဒ်မ ၈(ဋ)နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၃ တို့အရ နိုင်ငံရေးပါတီများအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ကြီးကြပ်လမ်းညွှန်ခြင်းပြုရန် တာဝန်ရှိပါသဖြင့် အစည်းအဝေးတက်ရောက်ရန် ဖိတ်ခေါ်ခြင်း ဖြစ်သည်ဟု ပါရှိကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မှတ်ပုံတင်ထားသည့် ပါတီတစ်ခုစီမှ ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူထားသူများသာ တက်ရောက်ရန် လိုအပ်ပြီး အစည်းအဝေးအား လာမည့် ဇူလိုင် ၂၇ ရက်မနက် ၁၀ ၂နာရီတွင် နေပြည်တော်ရှိ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမဆောင်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

မတူကွဲ ပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှလည်း ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်နိုင်ငံရေးပါတီများအား ယင်း အစည်းအဝေးသို့ အတူတကွ သွားရောက်ကြရန် ဇူလိုင် ၂၅ ရက်နောက်ဆုံးထား၍ ယင်းတို့၏ ပါတီဌာနချုပ်အား ဆက်သွယ်ရန် အကြောင်းကြားထားကြောင်း သိရှိရသည်။

ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယနိုင်ငံခရီး၌ မြန်မာအကြောင်း ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ သုံးရက်ကြာ တရားဝင် ခရီးအဖြစ် သွားရောက်လည်ပတ်ခဲ့ပြီး ၎င်းခရီးစဉ်၌ မြန်မာနိုင်ငံအရေးကိစ္စများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်အမ်ကရစ်ရှနာနှင့် တွေ့ဆုံ၍ အကြမ်းဖက် နှိမ် နင်းရေး၊ အရပ်ဘက် နျူကလီးယားပူးပေါင်းဆောင်ရွက်ရေးများအပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

၎င်း ဆွေးနွေးပွဲ၌ မြန်မာ့အရေးကိစ္စရပ်နှင့် ပတ်သက်၍    မြန်မာနိုင်ငံရှိ လက်ရှိအစိုးရသစ်၏ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းများသည် အခြေ အနေ ဆိုးဝါးနေဆဲပင် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ မိတ်ဖက်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံအနေနှင့်လည်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအာဏာပိုင်များကို မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးသွားရန် တိုက်တွန်းပေးစေလိုကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ပီာလာရီကလင်တန်က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ၂၀၁၀ ရွေးကောက်ပွဲအပြီး၌ ပေါ်ပေါက်လာသည့် အရပ်သားအစိုးရသစ်အနေနှင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများနှင့် မည်ကဲ့သို့ အလုပ်ဆက်လက်လုပ်ကိုင်သွားမည်ဆိုသည့် ကိစ္စရပ်အား အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့က ဆက်လက်စောင့်ကြည့် လေ့လာလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကိစ္စရပ်နှင့် ပတ်သက်၍ ဟီလာရီကလင်တန်မှ “ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရာ တွင် အိန္ဒိယနိုင်ငံအတွက် စီးပွားရေးနှင့် မဟာဗျူပာာရေးရာ အကျိုးစီးပွားများ ရှိနေမည်ဆိုသည်ကို နားလည်သဘောပေါက်ကြောင်း၊ ထိုသို့ မြန်မာ နိုင်ငံနှင့် စီးပွားရေး၊ နိုင်ငံရေးအရ ဆက်ဆံလျက်ရှိသည့်အတွက် အိန္ဒိယနိုင်ငံအနေနှင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ကိစ္စရပ်များကိုပါ ပြောကြားတောင်းဆိုသင့်ကြောင်း” ပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မတရားအချုပ်ခံရသည့်အတွက် လျော်ကြေးရလိုပါက ဥပဒေနှင့်အညီတောင်းခံနိုင်

မတရားအချုပ်ခံရသည့်အတွက် လျော်ကြေးငွေရယူလိုပါက တစ်နှစ်အတွင်း တရားစွဲဆိုနိုင်ကြောင်း သိရသည်။ မတရားအချုပ်ခံရသည့် အတွက် လျော်ကြေးငွေရလိုမှုဖြင့် တရားစွဲဆိုလိုပါက ထိုအချုပ်မှ လွှတ်သည့်နေ့ရက်မှစ၍ တစ်နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်ကြောင်း ကာလစည်းကမ်း သတ်မှတ်ချက်  ဥပဒေအရ သိရသည်။

တရားမကြီးမှုအတွက် သို့တည်းမဟုတ် အယူခံမှုအတွက် သို့တည်းမဟုတ် လျှောက်ထားမှုအတွက် ပြဋ္ဌာန်းထားသော စည်းကမ်းသတ်ကာလ အပိုင်းအခြားကို ရေတွက်ရာတွင် စ၍ရေတွက်သည့် နေ့ရက်ကို ထုတ်ပယ်ရမည်ဖြစ်ကြောင်း စည်းကမ်းသတ်ကာလအပိုင်းအခြား ရေတွက်ခြင်း အခန်းတွင် ဖော်ပြထားသည်။

ထို့အတူ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်းမပြုရဟုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ် မ ၃၇၆ တွင် ပြဋ္ဌာန်းထား သည်ကိုတွေ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၆ တွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်အပြည့်အစုံမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများ ပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့်အညီကြိုတင်ကာ ကွယ်ထားရှိရန်၊ လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲ ဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်း မပြုနိုင် ကြောင်း သိရသည်။

ထို့အပြင် မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတပါး အသက်ကိုဖြစ်စေ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူသည် ဥပဒေနှင့်အညီ ခုခံချေပခွင့် ရှိစေရမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ယင်းပြစ်မှု ကျူးလွန်သည့်အချိန်က အတည်ဖြစ်လျက်ရှိသော သက်ဆိုင်ရာ ဥပဒေအရသာ ပြစ်မှုထင်ရှားစီရင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင်ယင်းဥပဒေအရ ချမှတ် နိုင်သော ပြစ်ဒဏ်ထက်ပို၍ ချမှတ်ခြင်းမပြုရကြောင်း ဖွဲ့စည်းပုံအခြေ ခံ ဥပဒေပုဒ်မ ၃၇၅ နှင့် ၃၇၃ တို့တွင် ပြဋ္ဌာန်းထားသည်။

(Bi Weekly Eleven အတွဲ (၄)၊ အမှတ် (၁၆) ပါ “မတရားအချုပ်ခံရသည့်အတွက် လျော်ကြေးရလိုပါက တစ်နှစ်အတွင်း တောင်းခံရမည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်။)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ပြည်ပနိုင်ငံတွေမှာ သူတို့ရဲ့ပညာရေးငွေကြေးထောက်ပံ့မှုနဲ့ ပညာသင်ဆုရတဲ့သူဟာကျောင်းလခအပါအဝင် အကုန်သုံးစွဲလို့ လောက်တယ်။ ဒီမှာ ခြွင်းချက်အနေနဲ့ ကျောင်းလခက တစ်နှစ်ကို ငါးရာလောက်ပဲ ရှိသေးတယ်။ နိုင်ငံတကာမှာထက် ဒီမှာကကျောင်းလခ ပိုစရိတ်သက်သာတယ်။ ကျောင်း လခနဲ့ ချိန်ဆရင် ပညာသင်ဆုပေးတဲ့ ငွေကြေးပမာဏဟာ ကိုက်ညီမှုရှိနိုင်ပေမယ့် ခေတ်ကာလနဲ့တော့ ဆီလျှော်မှုမရှိတော့ဘူး"

ဇူလိုင် ၂၀ ထုတ် Weekly ELEVEN အတွဲ(၆) အမှတ် (၄၂) တွင်ပါသည့် "ခေတ်နှင့်လျော်ညီသည့် အစိုးရပညာချွန်ဆု၊ ထောက်ပံ့ကြေးကို ချီးမြင့်ရန်စီစဉ်" သတင်းမှ နိုင်ငံခြားသို့ပညာသင်သွားခဲ့ဖူးသော ပါမောက္ခဆရာကြီးတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်အပ်နှံသော မွေးကင်းစကလေးငယ်များမှာ ရန်ကုန်မြို့စွန် ရပ်ကွက်များတွင် စွန့်ပစ်ခံရသော ကလေး ငယ်များနှင့် ဆေးရုံးဝင်းအတွင်း လူသွားလူလာ နည်းပါးလှသော စင်္ကြန်များအတွင်း စွန့်ပစ်ထားခဲ့သော ကလေးငယ်များ ဖြစ်သည်။

"ဆေးရုံကြီးမှာလာစွန့်ပစ်တဲ့ကလေးတွေက နယ်တွေကလာပြီး ခွဲစိတ်မွေးဖွားတဲ့ ကိုယ်ဝန်ဆောင်တွေဆေးရုံက လူတွေမသိအောင် စွန့်ပစ်ထားခဲ့တာမျိုး အဖြစ်များတယ်" ဟု ဒေါက်တာ ဦးအောင်ကြည်ဝင်းက ပြောသည်။

ဇူလိုင် ၁၉ ထုတ် TRUE NEWS အတွဲ (၃) အမှတ် (၁၉) တွင်ပါသည့် "ရန်ကုန်ပြည်သူ့ကလေးဆေးရုံကြီးတွင် စွန့်ပစ်ခံကလေးငယ် တစ်လ လျှင် ပျမ်းမျှ ၁၀ ဦးခန့်ရှိဟုဆို" သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"နောက်ဆိုရင် ဥပဒေထွက်လာတဲ့အခါ မကြိုက်တဲ့ အုပ်ချုပ်ရေးမှူးတွေ မသမာတဲ့ အုပ်ချုပ်ရေးမှူးတွေဆိုရင် တိုင်ကြားနိုင်တယ်။ မသမာဘူးဆိုရင် တရားစွဲခံရမှာဖြစ်ပါတယ်။ ပြည်သူတွေဘက်က အထောက်အထားနဲ့ တိုင်ကြားဖို့လိုတယ်။ ပြည်သူက မသမာမှုကိုငုံ့ခံမနေဘဲ တိုင်ကြားဖို့လိုတယ်။ ပါတီရုံးတွေမှာ မြို့နယ်ကိုယ်စား လှယ်တွေနဲ့လည်း တိုင်ကြားလို့ ရတယ်။ ပြည်သူဘက်ကရပ်တည်သွားမယ်"

ယခုအခါ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် လွှတ်တော်တို့က ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေကြမ်းများကို ရေးဆွဲလျက်ရှိပြီး မကြာမီခေါ်ယူ မည့် လွှတ်တော်အစည်းအဝေးတွင် ဥပဒေတစ်ရပ်ထွက်လာရန် အဆုံးအဖြတ်ခံယူမည် ဖြစ်သည်ဟု စုံစမ်းသိရသည်။

ဇူလိုင် ၂၁ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၂၇) တွင်ပါသည့် "ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားမှုအပေါ် ဝေဖန် စွပ်စွဲ မှုများ ဥပဒေထွက်ရှိလျှင် ရှင်းလင်းကျေလည်သွားမည်ဟု  ပြည်ခိုင်ဖြိုးဗဟိုအလုပ် အမှုဆောင် ဦးအောင်သိန်းလင်း ပြောကြား" သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေခင်ဗျာ။ ကျွန်တော်သိတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတစ်ယောက်ကတော့ အားလပ်ချိန် ခံစားပြီး အေးအေးဆေးဆေး နေတာတွေ့ရပါတယ်။ သူ့မှာ လောလောဆယ် လွှတ်တော်တာဝန် ဘာမှလုပ်ဆောင်စရာ မရှိပါဘူး။ လွှတ်တော်ကိုယ်စားလှယ်ထဲမှာ ကျွန်တော်ရဲ့ မိတ်ဆွေကျူရှင်ဆရာ တစ်ယောက်ရှိပါတယ်။ သူလည်း ကျူရှင် သင်မြဲ၊ သူရဲ့ ကျူရှင်သင်တန်းကို စီမံခန့်ခွဲနေဆဲလို့ သိရပါတယ်။ ပါမောက္ခချုပ် (ငြိမ်း) လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း 'ငြိမ်း' နေတယ်လို့ မိတ်ဆွေနှစ်ဦးက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျာ လွှတ်တော်ကြီးကို efficient ဖြစ်အောင် အချိန်ပြည့် အလုပ်လုပ်ကြဖို့ တိုက်တွန်းပါရစေ။ inefficient ထဲက 'in' ကို ဖျက်ကြပါခင်ဗျာ"

ဇူလိုင် ၂၁ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၁) အမှတ် (၅၂) တွင်ပါသည့် ဆောင်းပါးရှင် ဘိုးလှိုင်၏ "လွှတ်တော် ကိုယ်စားလှယ်များထံ အိတ်ဖွင့်ပေးစာ" ဆောင်းပါးမှ ကောက်နှုတ်ချက်

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု

၆၄နှစ်မြောက် အာဇာနည်နေ့ဖြစ်သော ၁၉ ဇူလိုင်၊ ၂၀၁၁ တွင် ထောင်နှင့်ချီသော ပြည်သူများသည် အာဇာနည်များကို လေးစားသောအားဖြင့် ဂုဏ်ပြုရန် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ် အာဇာနည်ဗိမာန်သို့ အားမန်အပြည့်ဖြင့် တဖွဲဖွဲရောက်ရှိလာကြသည်။ လာရောက် ဂါဝရပြုသော ပြည်သူများမှာ ထင်မှတ်မထားလောက်အောင် များပြားသည့်အတွက် တိုင်းပြည်ကိုချစ်သော အမျိုးသားရေးစိတ်ဓာတ်မှာ လူ့အဖွဲ့အစည်း အတွင်း ကုန်ဆုံး ပျောက်ကွယ်မသွားဟု သုံးသပ်ကြည့်၍ ရနိုင်ပါသည်။ သို့သော် အာဇာနည်ကြီးများကို လေးစားဂုဏ်ပြုနေရုံဖြင့် အာဇာနည်ကြီးများကို အမှန် လေးစားရာမရောက်။ အာဇာနည်ကြီးများ လက်ဆင့်ကမ်းအမွေ (Legacy)ကို အကောင်အထည် ဖော်နိုင်မှသာလျှင် အာဇာနည် ခေါင်းဆောင်ကြီး များကို  လေးစားရာရောက်နိုင်ပေမည်။ သို့ဆိုလျှင် အာဇာနည်ခေါင်းဆောင်ကြီးများ (Legacy) မှာ အဘယ်နည်း...။ (၁) ရရပြီးသား လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ (၂) စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးနှင့် (၃) အမျိုးသားစည်းလုံးညီညွတ်ရေးမှာ အာဇာနည်ခေါင်းဆောင် ကြီးများ၏ Legacy ဖြစ်ပေလိမ့်မည်။

အာဇာနည်ခေါင်းဆောင်ကြီးများ၏ Legacy များကို မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် တစ်ခေတ်တစ်ခါက အသုံးချသွားသည်များလည်း ရှိပါသည်။ ဥပမာအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် ဆိုရှယ်လစ်စီပွားရေးစနစ်ကို အသုံးပြုပြီး စီးပွားရေးတွင်သာမက နိုင်ငံရေးနယ်ပယ်ကိုပါ ဆိုရှယ်လစ်ဝါဒ ကျင့်သုံးအကောင် အထည်ဖော်ခဲ့ခြင်းမျိုး ရှိခဲ့လေသည်။ ထိုအတွက်ကြောင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ တိုင်းပြည်အပေါ် ထားရှိသော စေတနာမျိုးဖြင့်သာ ၎င်းတို့၏ လက်ဆင့်ကမ်းအမွေကို ပြည့်ပြည့်ဝဝကျင့်သုံး အကောင်အထည် ဖော်နိုင်ပေမည်။

အထက်တွင်ဖော်ပြထားသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ Legacy များအနက် အမျိုးသားစည်းလုံး ညီညွတ်ရေးမှာ အရေးကြီးဆုံးနှင့် အကောင်အထည် ဖော်ရအခက်ဆုံး ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသား စည်းလုံးညီညွတ်ရေးရှိမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည့်အပြင် လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်သွားနိုင်မည် ဖြစ်ပေသည်။ ယခုအခါတွင် မြန်မာနိုင်ငံသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်တစ်ခုကို ဖော်ဆောင်နေသည့် ကာလဖြစ်နေပေရာ အကျိုးစီးပွားလွန်ဆွဲပွဲများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ယင်းကို အေးအေး ညောင်းညောင်းဖြင့် ဖြေရှင်းနိုင်သည့် နိုင်ငံရေး အင်စတီကျူရှင်းများ၊ စီးပွားရေးအင်စတီကျူရှင်းများ တည်ဆောက်ရမည့် ကာလလည်း ဖြစ်ပါသည်။ ယင်းကို အောင်အောင် မြင်မြင် မတည်ဆောက်နိုင်ပါက ပေးရမည်တန်ဖိုးမှာ အလွန်ပင်ကြီးမားပါသည်။

မကြာမီကာလတွင် ဖြစ်ပေါ်လာတော့မည့် AFTA တွင် အောင်မြင်ရှင်သန်နိုင်ရန်အတွက် ယခုကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရပေ မည်။ ၎င်းကို နက်နက်နဲနဲသဘောပေါက်နားလည်ဖို့အထူးပင် လိုအပ်ပါသည်။ ယခုအချိန်ထိ ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက် အခွန်အကောက် တံတိုင်း များဖြင့် ကာ၍ ရနိုင်သော်လည်း AFTA ကို အကောင်အထည်ဖော်မည့် ၂၀၁၅ တွင်တော့ အခွန်တံတိုင်းကာမှုများကို ပေါ်ပေါ်ထင်ထင်ကြီး လုပ်ဆောင်၍ ရတော့မည်မဟုတ်။ ဘုံသဘောတူညီချက်ဘောင်အတွင်း၊ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတွင်း၌သာ အကျိုးအမြတ်အများဆုံးရအောင် လုပ်ဆောင်ရတော့မည်။

AFTA စတင်အသက်ဝင်လာချိန်တွင် ကိုယ့်နိုင်ငံမှ ကုန်ပစ္စည်းသည် ကျန်နိုင်ငံများ၏ ကုန်ပစ္စည်းများနှင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်ရပါ မည်။ မယှဉ်ပြိုင်နိုင်ပါက ကိုယ့်ဘက်မှ အရှုံးများနှင့်သာ ရင်ဆိုင်နေရပေမည်။ ထိုအတွက်ကြောင့် ဤနေရာတွင် မေးလိုသည်မှာ AFTA ကိုယှဉ်ပြိုင်နိုင်ရန် ယခုကတည်းက မည်သို့သော ပြင်ဆင်မှုများ ပြုလုပ်ထားပါသနည်းဟူ၍ ဖြစ်လေသည်။ မြန်မာနိုင်ငံအနေဖြင့် အရင်းအနှီးအားဖြင့်လည်းကောင်း၊ လူ့ စွမ်းအားအရင်းအမြစ်အား ဖြင့်လည်းကောင်း အားနည်းနေသေးသည့်အပြင် အစိုးရတစ်ရပ်၏ မူဝါဒဆိုင်ရာ စွမ်းဆောင်ရည်မှာလည်း ဆက်လက် စောင့်ကြည့်ရမည့် အနေအထားပင် မဟုတ်ပါလော။ ယခုအခါတွင် ထားဝယ်ရေနက်ဆိပ်ကမ်းကဲ့သို့သော အထူးစီးပွားရေးဇုန်များကိုလည်း ဥပဒေများ ပြဋ္ဌာန်း၍ အရင်းအနှီးများ ဖိတ်ခေါ်ထားသည်များရှိနေသော်လည်း လာရောက်ရင်းနှီးမည့် နိုင်ငံတကာမှ စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် ပြည်တွင်း၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမည့် အထောက်အပံ့ကောင်းများ ရှိမှသာလျှင် လာရောက်ရင်းနှီးမြုပ်နှံမှာ ဖြစ်လေသည်။

အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးသည်မှာ အမှန်တော့ဖြစ်သော်လည်း စီးပွားရေးဖွံ့ဖြိုးမှု တုန့်ဆိုင်း သွားအောင်လောက်ထိတော့ ဖြစ်သွားမည်မဟုတ်ပါ။ သို့သော် အိမ်နီးချင်းနိုင်ငံများသည် ခေတ်မီရေး လမ်းကြောင်းပေါ်တက်ရောက်လာရာ၌ အနောက် တိုင်း ဘဏ္ဍရေး၊ စီမံခန့်ခွဲမှု၊ နည်းပညာလွှဲပြောင်းရယူနိုင်မှု၊ အစိုးရ မူဝါဒချမှတ်ပေးနိုင်မှုများကို အတုယူနည်းနာပြီးတော့ ဖွံ့ဖြိုးတိုးတက်လာခဲ့သည် မဟုတ်ပါလော။ ထို့အတွက်ကြောင့် အိမ်နီးချင်းနိုင်ငံများမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့် နည်းနာများ (Soft Infrastructure) များကို ရယူနိုင်မည် ဖြစ်သည့်တိုင် တစ်ပတ်နွမ်းသာ ဖြစ်ပေလိမ့်မည်။ အနောက်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီးများ လာရောက်လုပ်ကိုင်မှသာလျှင် အရင်းအနှီး စုဆောင်းမှုများ၊ ဘဏ္ဍရေး အင်စတီကျူးရှင်းများ တည်ဆောက်နိုင်မှုများ၊ ကျွမ်းကျင်လုပ်သားရရှိမှုများ၊ နည်းပညာလွှဲပြောင်းမှုများကို တိုက်ရိုက်ရရှိမည် ဖြစ်ပေသည်။

အနောက်နိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုရယူနိုင်သည့် စီးပွားရေး မော်ဒယ်တစ်ခုဖြစ်သော Washington Consensus ကို ကုန်လွန်ခဲ့သည့် ဆယ်စုနှစ် ၃ ခုလောက်က စပြီး ကမ္ဘာအရပ်ဒေသအသီးသီးတွင် အသုံးပြုရန် စွဲဆောင်စည်းရုံးလေသည်။ တစ်ချို့သောနိုင်ငံများမှာ ယင်းသဘောတူညီချက်ပါ လုပ်ထုတ်လုပ်နည်းများအတိုင်း အကောင်အထည်ဖော် တိုးတက်သွားသည်များရှိသလို တချို့နိုင်ငံများ (အထူးသဖြင့် အရှေ့ အာရှနိုင်ငံများ)မှာမူ ကိုယ့် နည်းကိုယ့်ဟန်ဖြင့် ဖွံ့ဖြိုးတိုးတက်သွားသည်များလည်း ရှိပါသည်။ ယင်းသဘောတူညီချက်အတိုင်း ဖွံ့ဖြိုးတိုးတက်သွားသော နိုင်ငံများကို ကြည့်လိုက်လျှင်လည်း ဆယ်စုနှစ်တစ်စုစာလောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့သော်လည်း နောက်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်သွားခဲ့သည်များ ရှိပါသည်။ ယင်းနှင့်ပတ်သက်ပြီး စာရေးသူ ဖတ်ဖူးသည့် Economic Growth and The Role of Institution စာတမ်းတွင် Washington Consensus မအောင်မြင်ရခြင်းမှာ ယင်း သဘောတူညီချက်ပါ လုပ်ထုံးလုပ်နည်းများ၏ အားနည်ချက်များကြောင့်မဟုတ်။ ကျင့်သုံးသည့် နိုင်ငံ၏ နိုင်ငံရေးအခြေအနေကြောင့်သာ ဖြစ်သည်ဟု အသေအချာစမ်းစစ်ရေးသားထားလေသည်။ ယင်းအချက်မှာ မှန်ကန်မှုရှိသောအချက် ဖြစ် သည်ဟု စားရေးသူ သုံးသပ်မိပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာလည်း အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့ခြင်း၊ မပိတ်ဆို့ခြင်း ဆိုခြင်းထက် အမျိုးသား စည်းလုံး ညီညွတ်ရေးသာ အဓိကကျပေလိမ့်မည်။ အမျိုးသားစည်း လုံးညီညွတ်မှုသာရှိမည်ဆိုလျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို သေချာပေါက် ရယူနိုင်ပါလိမ့်မည်။ အမျိုးသား စည်းလုံးညီညွတ်မှုကို ရယူရာ၌လည်း မတူညီသည့် နိုင်ငံရေးအင်အားစုများကြား တူညီမှုရှိအောင် အတင်းညှိယူ ရမည်မဟုတ်ပါ။ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု၍ သဘောထားကွဲလွဲမှုများကို ညှိုနှိုင်းအဖြေရှာမည်ဟူသော အစွဲမရှိသည့် စိတ်အခံနှင့်သာ အမျိုးသား စည်းလုံးညီ ညွတ်မှုကို ရယူနိုင်မည်ဖြစ်လေသည်။ ထိုအတွက်ကြောင့် လွှတ်တော်တွင်းရှိ နိုင်ငံရေးအင်အားစုများရော၊ လွှတ်တော်ပြင်ပတွင် လှုပ်ရှားနေသော နိုင်ငံရေးအင်အားစုများပါ နိုင်ငံအဖက်ဖက်အံ့မခန်းလောက်အောင် ဖွံ့ဖြိုးတိုးတက်လာစေရန် အာဇာနည်ခေါင်းဆောင်ကြီးများ ပေးခဲ့သည့် လက်ဆင့် ကမ်းအမွေဖြစ်သော အမျိုးသားစည်းလုံးညီညွတ်ရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် တည်ဆောက်ရယူသွားနိုင်ရန် အမှန်တကယ်အရေးကြီး ပါကြောင်း..........။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment