Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၃.၇.၂၀၁၁

ဘာသာပြန်သတင်းများ

တောင်တရုတ်ပင်လယ် အငြင်းပွားရေးအတွက် အကြိုညှိနှိုင်း သဘောတူညီမှု ကလင်တန် ချီးကျူး ပြောဆို

(22 july 2011 ရက်စွဲပါ AP မှ Matthew Lee ရေးသားသော Clinton hails deal on South China Sea disputes ကို ဘာသာပြန်သည်။)

မဟာဗျူဟာကျသော တောင်တရုတ်ပင်လယ်တွင် နယ်မြေတောင်းဆိုမှုများနှင့် ပတ်သက်သော အငြင်းပွားမှုများကို ငြိးချမ်းစွာ ဖြေရှင်းရန် တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများအကြား အကြိုသဘောတူညီမှုအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ချီးကျူး ပြောဆိုခဲ့ပါသည်။

သောကြာနေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပသော အရှေ့တောင်အာရှ ဒေသတွင်းလုံခြုံရေး ဖိုရမ်၏ အရန်တွေ့ဆုံမှုအဖြစ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံရာတွင် ကလင်တန်က နှစ်ဖက်စလုံးအား သဘောတူညီမှု ရရှိရေး လမ်းညွှန်ခဲ့ပါသည်။ နယ်မြေ တောင်းဆိုမှုများနှင့် ပတ်သက်၍ ငြိမ်းချမ်းသော ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးသည် အမေရိကန်၏ အမျိုးသားလုံခြုံရေး အကျိုးစီးပွားဖြစ်သည်ဟု အမေရိကန်က ပြောကြားခဲ့ပါသည်။

မကြာသေးမီလမျာအတွင်း ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ တစိတ်တပိုင်း တောင်းဆိုထားသော နယ်မြေတွင် ရေနံရှာဖွေနေမှုအား တရုတ်က ဝင်ရောက် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့ကြပါသည်။ ထိုနယ်မြေများကို တိုင်ဝမ်၊ ဘရူနိုင်းနှင့် မလေးရှားတို့ကလည်း တောင်းဆို ထားကြပါသည်။

မကြာသေးမီလများအတွင်း ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ တစိတ်တပိုင်းတောင်းဆိုထားသော နယ်မြေတွင် ရေနံရှာဖွေနေမှုအား တရုတ်က ဝင်ရောက် ခြိမ်းခြောက်မှုများ ပြုခဲ့သည်ဟု စွပ်စွဲခဲ့ကြပါသည်။ ထိနယ်မြေများကို တိုင်ဝမ်၊ ဘရူနိုင်းနှင့် မလေးရှားတို့ကလည်း တောင်းဆိုထားကြပါသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

 မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများ တိုးတက်၊ ချည်းကပ်မှု အသစ်ပြုရန် အချိန်ဖြစ်

(22 July 2011 ရက်စွဲပါ The Huffington Post မှ Matthew Smith ရေးသားသော Time for approach to Burma: War Crimes mountains ကို ဘာသာပြန်ပါသည်။)

မြန်မာနိုင်ငံ၏ စစ်ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထား စာတမ်းမျာ ထွက်ပေါ်လျှက် ရှိပါသည်။ ပြီးခဲ့သည့် သီတင်းပတ်က Human Rights Watch (HRW) နှင့် Karen Human Rights Group (KHRG) တို့သည် စာမျက်နှာ (၇၀)ပါ မြန်မာနိုင်ငံ အရှေ့ပိုင်း စစ်ဖြစ်နေသော ဒေသတွင် သာမန်အကျဉ်းသားများအား မြန်မာစစ်တပ်အတွက် လက်နက်များ၊ ရိက္ခများ၊ သွေးထွက်သံယို နှိပ်စက်၍ သယ်ပိုးစေခြင်း၊ လူသားဒိုင်းအဖြစ် ရှေ့မှတက်ခိုင်းခြင်းများ ပြုလုပ်နေမှုများအတွက် သက်သေအထောက်အထားများ ပါဝင်သည့် အစီရင်ခံစာတစ်စောင် ထွက်ပေါ်ခဲ့ပါသည်။

“Dead Men Walking – Convict Porters on the Front Lines in Eastern Burmas” အမည်တပ်ထားသော အဆိုပါ အစီရင်ခံစာအရ အချို့သော အကျဉ်းသားပေါ်တာများမှာ ချဲထီရောင်းခြင်းကဲ့သို့သော သာမန်ပြစ်မှုသေး များကိုသာ ကျူးလွန်သူများ ဖြစ်ကြသည်ဟု ဆိုပါသည်။ အဆိုပါ ပြစ်မှုများအတွက် ၎င်းတို့အား ကြမ်းတမ်းပြီး၊ အန္တရာယ်များသော အလုပ်ကို မြန်မာစစ်တပ်အတွက် အဓမ္မခိုင်းစေလျက် ရှိပါသည်။ (၆၃) နှစ်ကြာနေပြီ ဖြစ်သည့် မြန်မာစစ်တပ်နှင့် ကရင်အတိုက်အခံများကြား ပြည်တွင်းစစ်အတွင်းသို့ အသုံးချခံများအဖြစ် အသုံးပြုခဲ့ပါသည်။

ထွက်ပြေးလွတ်မြောက်လာသော အကျဉ်းသားပေါ်တာ (၅၈) ဦးအား HRW နှင့် KHRG တို့က တွေ့ဆုံမေးမြန်းခဲ့ရာ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာမှ ယနေ့တိုင် အသုံးပြုခဲ့သည်။ ထောင်ပေါင်းများစွာသော အကျဉ်းသားနှင့် သာမန်လူ ပေါ်တာများ၏ အတွေ့အကြုံများကို ပြောပြကြပါသည်။

အဆိုပါ အစီရင်ခံစာ မထွက်မီ ရက်ပိုင်းအလိုခန့်က ကျွန်ုပ်သည် ထိုင်း-မြန်မာ နယ်စပ်တွင် မြန်မာစစ်တပ်မှ ထွက်ပြေးလာသော စစ်သက် (၂၀) နှစ်ခန့်ရှိ တပ်ပြေးနှစ်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ တပ်ပြေးတစ်ဦးက ၎င်း၏ တပ်ရင်းသည် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်  လှည့်လည်စဉ် ပေါ်တာများ ခေါ်ယူမှုမှာ သာမန်လုပ်ရိုးလုပ်စဉ်ဖြစ်ကြောင်း တိုင်းရင်းသား တပ်များကို တိုက်ခိုက်ပြီး၊ ဒေသခံတိုင်းရင်းသားအား အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုပါသည်။ ပေါ်တာများတွင် အချို့မှာ တိုင်းရင်းသား အရပ်သားများဖြစ်ပြီး၊ ပုံမှန်အားဖြင့် ပြစ်မှုကျူးလွန်သူများ ဖြစ်ကြသည်ဟု ၎င်းကပြောပါသည်။ ထို့နောက် ၎င်းက တွေ့ကြုံခဲ့ရသော မသိနားမလည်သည့် တိုင်းရင်းသား အရပ်သားများအား ရည်ရွယ်ချက်ဖြင့် တရားဥပဒေပြင်ပမှ သတ်ဖြတ်ခြင်းများကို ပြောပြခဲ့ပါသည်။ အချို့မှာ မကြာသေးသော မတ်လက ကယားပြည်နယ်တွင် ဖြစ်ပျက်ခဲ့ပုံကို ပြောပြပါသည်။ လူများကို ခေါင်းကို စွပ်ထားပြီး ဒူးထောက်ခိုင်းကာ တပ်ကြပ်ကြီးမှ သေနတ်ဖြင့် ပစ်သတ်ကြောင်း၊ ၎င်းနှင့် အခြားသူများက ကြည့်နေကြသည်ဟု ပြောပါသည်။

HRW နှင့် KHRG တို့ကလည်း အလားတူ အထောက်အထားများ ရှိရာ မြန်မာစစ်တပ်က အသုံးမပြုလိုတော့သော ပေါ်တာများကို သတ်ပစ်ခဲ့မှု အချို့ရှိပါသည်။

ထိုကျူးလွန်မှုများသည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းပင် ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် မည်သည့် တိုင်းပြည်မှ ဂျီနီဗာ ကွန်ဗင်းရှင်းပါ လိုက်နာရန် အချက်များနှင့် ကင်းလွတ်နေသော တိုင်းပြည်မရှိရပေ။ ဂျီနီဗာ ကွန်ဗင်းရှင်းတွင် လူနှင့်အသက်အန္တရာယ်ကို ရက်စက်ခြင်းအား တားမြစ်ခြင်းနှင့် လူသားဆန်စွာ ပြုမူရန် အခွင့်အရေးများအပါအဝင် စစ်တပ်၏ ချုပ်ကိုင်မှု အောက်တွင် ပြည်သူများ၏ ရပိုင်ခွင့်များ ပါဝင်ပါသည်။ ပေါ်တာများကို မိုင်းရှိသော နေရာများတွင် စစ်သားများရှေ့မှ သွားခိုင်းခြင်း၊ ချုံခိုတိုက်ခိုက်ခံရချိန်များတွင် လူသားဒိုင်းသဖွယ် ပြုခြင်းများကို နိုင်ငံတကာ ဥပဒေတွင် တားမြစ်ထားပါသည်။

“Dead Men Walking” အစီရင်ခံစာအရ လူသားဒိုင်းအဖြစ် အသုံးပြုရန် အမိန့်ပေးသူသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။

၂၀၁၀ ခုနှစ် မတ်လက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့်ပတ်သက်သော ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Ojea Quintana သည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်ပြသော အစီရင်ခံစာတွင် မြန်မာနိုင်ငံမှ နိုင်ငံတကာ ပြစ်မှုကျူးလွန်ခြင်းများအတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် ထောက်ခံတင်ပြခဲ့ပါသည်။ ကျူးလွန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပြီး စဉ်းစားရန်ပင် မဖြစ်နိုင်သော ရက်စက်မှုများ ပြုလုပ်ခြင်းများအတွက် သံသယ ဖြစ်ဖွယ်မလိုသော တုန့်ပြန်မှုပင် ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ဒုက္ခသည် အများဆုံးမွေးထုတ်သည့် ပဉ္စမမြောက် တိုင်းပြည်မှ ခေါင်းဆောင်များအား ထိုသို့ထင်မြင်ပြုမူခြင်းမှာ တရားမျှတမှု ရှိပါသည်။ လွန်ခဲ့သော သုံးနှစ်အတွင်း အတင်းအဓမ္မလုပ်အားပေး စေမှုများနှင့် ပတ်သက်၍ ILO သို့ တိုင်စာများ နှစ်ဆတိုးလာသော တိုင်းပြည်ကို နိုင်ငံတကာအရေးယူမှု ပြုရန် တောင်းဆိုမှုမှာ သဘာဝကျပါသည်။ အထောက်အထားမရှိသော အမှုများ များစွာရှိပေလိမ့်ဦးမည်။ သို့သော နိုင်ငံတကာ အသိုင်းအဝိုင်းက ခြေလှမ်းများ တုန့်နှေးလျှက်ရှိပါသည်။ စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် ကမ္ဘာပေါ်တွင် ထောက်ခံသော နိုင်ငံ (၁၆)နိုင်ငံသာ ရှိသေးရာ နည်းလွန်းလှပါသည်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံကို အရေးယူဆောင်ရွက်ရေး အတွက် အထွေထွေညီလာခံမှတဆင့်သော်လည်းကောင်း၊ လူ့အခွင့်အရေးကောင်စီမှ တဆင့်သော်လည်းကောင်း အခွင့်အာဏာပေးရန် တာဝန်ရှိပါသည်။ နယူးယောက်က နေပြည်တော်သို့ ကြမ်းကြမ်းပြော၍လည်းမရ။ အနုနည်းနှင့် ပြော၍လည်း အလုပ်မဖြစ် ဖြစ်နေပေရာ အသစ်တစ်ခု လုပ်ဆောင်ရန် အချိန်ရောက်နေပြီ ဖြစ်ပါသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

မဲခေါင်ရေလှောင်တမံ စီမံကိန်း ရပ်ဆိုင်းထားသည့်အတွက် လာအိုကို အမေရိကန် ချီးကျုး

(Associated Press မှ 12 July 2011 ရက်စွဲပါ “US praises Laos for suspending Maekhong dam Project”သတင်းကို ဘာသာ ပြန်ဆိုသည်။)

အရှေ့တောင်အာရှ၏ သေးငယ်သော ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် လာအိုနိုင်ငံက မဲခေါင်မြစ်ပေါ်တွင် ပိတ်၍ ဆောက်မည့် ရေလှောင်တမံ စီမံကိန်းကို ပြန်လည်စတင်ရန် လတ်တလောအစီအစဉ် မရှိကြောင်း ပြောကြားခဲ့ပြီး နောက်တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးရာဝန်ကြီး ဟီလာရီကလင်တန်က လာအိုနိုင်ငံသည် လေးစားစရာကောင်းသည့် အပြုအမှုကို ရှေ့ဆောင်လမ်းပြ လုပ်ပြခဲ့ကြောင်း ချီးကျူး ဂုဏ်ပြု ပြောကြား လိုက်သည်။

လာအိုတို့ ဆိုင်းငံ့ထားသည့် စီမံကိန်းသည် မြန်မာ၊လာအို၊ထိုင်း၊ကမ္ဘောဒီးယားနှင့်ဗီယက်နမ်နိုင်ငံတို့ကို ကွေ့ဝိုက်ဖြတ်သန်း စီးဆင်းနေကြသည့် မဲခေါင်မြစ်ကို ပိတ်မည့် ပထမဆုံးရေလှောင်တမံ ဖြစ်သည်ဟု ဆိုပါသည်။တရုတ်နိုင်ငံက ၎င်းတို့၏ မြစ်ဖျားပိုင်းကို တမံပိတ်ထားပြီး၊ ဖြစ်၍ ထိုသို့ မပိတ်ပါက မိုင် ၃၀၀၀ (ကီလိုမီတာ ၄၉၀၀)ရှည်သော မဲခေါင်မြစ် အနေဖြင့် လွတ်လပ်စွာ စီးဆင်းခွင့် ရရှိမည် ဖြစ်ပါသည်။

အတိုက်အခံလှုပ်ရှားသူများကက လာအိုနိုင်ငံမှ စီမံကိန်းသည် ရေလှောင်တမံ ၁၀ ခုကျော်မကောသော ရေစီးလမ်းကြောင်းကို ဖြစ်ပေါ်စေနိုင်ကြောင်းနှင့် သန်းပေါင်းရာချီသော ပြည်သူတို့၏ ဘဝများကို ထိခိုက်နိုင်ဖွယ် ရှိကြောင်း သတိပေးပြောဆိုထားသည်။

သောကြာနေ့က ပြုလုပ်သော သက်ဆိုင်ရာနိုင်ငံများမှ ဝန်ကြီးများ အစည်းအဝေးတွင် ဝန်ကြီးကလင်တန်က “ဒါဟာ မဲခေါင်မြစ်ကို အတူတကွ ပိုင်ဆိုင်ကြတဲ့ နိုင်ငံတွေ အားလုံးအတွက် သတိပြုစရာ ကိစ္စပါ”ဟု ပြောကြားသည်။

“ဘာကြောင့်လဲဆိုရင် ၎င်းတို့ထဲက ဘယ်သူမဆို ရေလှောင်တမံ ပိတ်လိုက်ပြီဆိုတာနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ စားနပ်ရိက္ခာ ဖူလုံရေး အပေါ်စိန်ခေါ်မှုတွေ၊ဒေသခံ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုတွေစတဲ့ အကျိုးဆက်တွေကို ၎င်းတို့အားလုံး ခံစားရမှာပါ”ဟု သူမက ဆက်လက်ပြောဆိုသည်။

ဒေါ်လာ ၃.၅ ဘီလျှံကုန်ကျမည့် အဆိုပါဇာရာဘူရီ ရေလှောင်တမံစီမံကိန်းကို ကျွမ်းကျင်ပညာရှင်များ ပြန်လည်လေ့လာစစ်ဆေးမှု ပြီးဆုံးသည်အထိ ဆိုင်းငံ့ထားမည်ဟု လာအိုကမေလတွင် ကြေငြာခဲ့ပါသည်။ယင်းရေအား လျှပ်စစ်စီမံကိန်းသည် လာအိုနိုင်ငံ၏ နည်းပါးလှသော အဓိကရင်းမြစ်များထဲမှ တစ်ခုဖြစ်ပြီး၊ ယင်းစီမံကိန်းမှ ရသောဝင်ငွေနှင့် နိုင်ငံတော် စီးပွားရေး၊လူမူရေးဖွံဖြိုး တိုးတက်မှုကို  တွန်းအားပေးခိုင်းမည်ဟု မှုလက မျှော်လင့်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းစီမံကိန်းကို ဆက်လက်ဆိုင်းငံ့ထားမည်ဟု လာအိုက သောကြာနေ့တွင် ပြောကြားကြောင်း အာရှဆိုင်ရာ အမေရိကန် ထိပ်တန်းသံတမန် Kurt Campbell က ထုတ်ဖော်ပြောဆိုသော်လည်း အသေးစိတ် အချက်အလက်များ မပါဝင်နိုင်ပါ။

ယင်းသို့ ရေလှောင်တမံသည် မဲခေါင်မြစ်၏ ပင်မရေစီကြောင်းကို သိသာစွာထိခိုက်စေမည် မဟုတ်ဟု လာအိုအာဏာပိုင်တို့က ပြောကြားခဲ့သော်လည်း ပတ်ဝန်းကျင် ထိမ်းသိမ်းရေး လှုပ်ရှားသူများ၊ သိပ္ပံပညာရှင်များ နှင့်အခြားနိုင်ငံများမှ ပြန်ပြင်၍ မရသည့် ထိခိုက်မှု ဖြစ်လာလိမ့်မည်ဟု သတိပေး ပြောဆိုထားသည်။

ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို သေသေချာချာစစ်ဆေး အကဲဖြတ်လို့ပြီးတဲ့ အထိ ဆည်အသစ်ဆောက်ဖို့ စဉ်းစားထားတာမှန်သမျှ ရပ်ဆိုင်းထားကြပါလို့ သက်ဆိုင်ရာ နိုင်ငံအားလုံးကို ကျွန်မတိုက်တွန်းချင်ပါတယ်ဟု ကလင်တန်က ပြောကြားခဲ့သည်။

 ××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာနိုင်ငံကိုအရေးယူရန် အလားအလာရှိကြောင်း ကလင်တန်သတိပေး

(Irish Times မှ 22 July 2011 ရက်စွဲပါ Clindon warns Burma of sanctions သတင်းကို ဘာသာပြန်ဆိုသည်။)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာအစိုးရအနေဖြင့် အမေရိကန်ပြည် ထောင်စုနှင့်ဖြစ်စေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်ဖြစ်စေ ဆက်ဆံရေးကောင်းအောင် ကြိုးစားရန် တောင်းဆိုလိုက်ပြီး သို့မဟုတ်ပါက အရေးယူ ဒဏ်ခတ်ခံရမည့် အလားအလာနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သတိပေး ပြောဆိုလိုက်ပါသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေးအတိုက်အခံအုပ်စုများ၊ တိုင်းရင်းသား အုပ်စုများနှင့် စစ်မှန်သော ဆွေးနွေးမှုစတင်ခြင်းတို့ကို မြင်တွေ့လိုကြောင်း ဝန်ကြီးကလင်တန်က အာဆီယံ ၁၀ နိုင်ငံ အစည်းအဝေးတွင် ယနေ့ပြောကြားသည်။

ရွေးချယ်စရာကတော့ ရှင်းရှင်းလင်းလင်းပါပဲ။ သူတို့ မြန်မာအစိုးရအနေနဲ့ ဒီလိုကိစ္စတွေကို လုပ်ဆောင်ပြပြီး သူတို့ရဲ့ မြန်မာပြည်သူတွေ စိတ်ချယုံကြည်လာမှုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယုံကြည်မှု တို့ကို ပြန်ရအောင် ယူမလား၊ ဒါမှမဟုတ် အရင်ကလမ်းဟောင်းအတိုင်းဆက်ပြီး သွားမှာလားဆိုတာကို ရွေးချယ်နိုင်ပါတယ် ဟု သူမက ဆက်လက်ပြောကြားသည်။

အကယ်၍ မြန်မာအစိုးရက ပြောင်းလဲတိုးတက်မှုကို လုပ်ဆောင်ပြခြင်းမရှိပါက အရေးယူဆောင် ရွက်နိုင်မည့် အခွင့်အရေးကို အမေရိကန်ပြည်ထောင်စုက အရံသင့်ပြင်ဆင်ထားသည်ဟု အာဆီယံအစည်း အဝေးကျင်းပနေသည့် အင်ဒိုနီးရှားဘာလီကျွန်းတွင် အမေရိကန် အစိုးရတာဝန်ရှိသူတစ်ဦးက သတင်းထောက်များအား ယနေ့ပြောကြားသည့် မစ္စစ်ကလင်တန်က “သူမ၏ နိုင်ငံသည် အမေရိကန်-အာဆီယံ ဆက်ဆံရေးတွင် ပိုမိုထင်ရှားသည့် အတားအဆီးများထဲမှ တစ်ခုကို လျော့သွားစေသည့် ခြေလှမ်း တစ်ခုအဖြစ် မြန်မာအစိုးရနှင့် တိုက်ရိုက်ဆွေးနွေးခြင်း၊ အာဆီယံ၏ အကြံဥာဏ်ကို ရယူခြင်းတို့ကို ပြုလုပ်ခဲ့ သည်ဟု ပြောကြားသည်။

ထို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက လက်နက်ကုန်သွယ်မှုတားဆီးသည့် ဆုံးဖြတ်ချက် ချမှတ်ခြင်းခံထားရသော မြောက်ကိုရီးယားနှင့် မည်သည့် ကုန်သွယ်မှုကိုမဆို မြန်မာနိုင်ငံက ချက်ခြင်းရပ် ဆိုင်းပေးရန် အမေရိကန်ပြည်ထောင်စုက ဆက်လက်တောင်းဆိုဦးမည်ဟု အမေရိကန် တာဝန်ရှိသူက ဆိုပါ သည်။ နိုင်ငံခြားရေးဝန်ကြီးကလင်တန်သည် လစ်ဗျားနှင့် ဆီးရီးယား မငြိမ်သက်မှုများမှသည် အိန္ဒိယနှင့် ကုန်သွယ်ရေး၊ အာရှတိုက်၏ မဟာဗျူဟာမြောက်ကိစ္စရပ်များအထိ ကျယ်ပြန့်သော ကိစ္စရပ်များများစွာကို မဟာမိတ်နိုင်ငံများနှင့် တိုင်ပင်ဆွေးနွေးရန်အတွက် ထွက်ခွာလာမည့် ၁၂ ရက်ကြာ ကမ္ဘာတစ်ပတ်ခရီးစဉ်၏ အစီအစဉ်တစ်ရပ်အဖြစ် အာဆီယံအစည်းအဝေးသို့ ရောက်ရှိနေခြင်းဖြစ်သည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment