Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂.၈.၂၀၁၁

ဘာသာပြန်သတင်းများ

နေပြည်တော်တွင် ထောင်ပေါင်း များစွာသော အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်

(1 Aug 2011 ရက်စွဲပါ Building and World worker’s international မှ “Thousands of construction workers lose jobs in Burma’s Capital, Naypyidaw”  ကို ဘာသာ ပြန်ဆိုသည်)

                မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် ဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းများ ရပ်နားခဲ့ရခြင်းကြောင့် ထောင်ပေါင်းများစွာသော အလုပ် သမားများ အလုပ်လက်မဲ့ ဖြစ်ကြရကြောင်း (Building and World worker’s International-BWI) က သိရှိရသည်ဟုဆိုသည်။ အစိုးရက အဆိုပါ စီမံကိန်းများတွင် ကုန်ကျစရိတ်များ ဖြတ်တောက်ရန် ကြိုးစားခြင်းကြောင့် စီမံကိန်းများ ရပ်နားသွားပြီး အလုပ်သမားများမှာ လွန်ခဲ့သော သုံးလ ကတည်းက လုပ်ခများမရဟု စွပ်စွဲမှုများ ရှိခဲ့သည်။

                Burmanet မှ အစီရင်ခံစာအား ကိုးကားဖော်ပြရလျှင် နေပြည်တော်မှ နေ့စဉ်အလုပ်သမား (၃,၀၀၀) ခန့် ထွက်ခွာနေကြပြီး ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်နားကြောင်း ကြေညာသည့် ပထမအပတ်တွင် အလုပ်သမား (၂၀,၀၀၀) ခန့် ပြန်သွားခဲ့သည်ဟု FTUB မှ အထွေထွေ အတွင်းရေးမှူး မောင်မောင်က ပြောသည်။ စစ်တပ်၊ ဝန်ကြီးများ၊ ဒုတိယ သမ္မတများနှင့် ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများသာ ကျန်ရှိပြီး၊ ကျန်ရှိသော လုပ်ငန်း များ ရပ်နားသွားပြီဟု သတင်းကဆိုသည်။ ကုမ္ပဏီအများစုသည် ၎င်းတို့၏ကန်ထရိုက်များ၊ အလုပ်သမားများအားပေးရန် ကြွေးမြီများ ကျန်နေပြီး၊ နောက်ထပ်အလုပ်ရရန်လည်း အခွင့်အလမ်း မရှိပေ။ ယခု ဆောက်လုပ်ရေးစီမံကိန်းများ ရပ်နားမှုမှာ သုံးလမှ တစ်နှစ်အထိ ကြာနိုင်ကြောင်း ခန့်မှန်း ကြသည်။

                BWI မှ ရှင်းလင်းပြတ်သားစွာ ပြောလိုသောအချက်မှာ ဆောက်လုပ်ရေး စီမံကိန်းအားလုံးမှ အချက်အလက် ပြည့်စုံသော စာချုပ်များအပါအဝင် အခြေခံအလုပ်သမား စံများကို လိုက်နာရမည် ဖြစ်သည်။ ယခု ဖြစ်ပျက်ခဲ့သည်များတွင် တရားဝင် လုပ်ငန်းစဉ်အဆင့်ဆင့် ပြုလုပ်မှုမရှိခဲ့ပဲ ထောင်ပေါင်း များစွာသော အလုပ်သမားများ၏ လုံခြုံရေးနှင့် ကျန်းမာရေးကို အကာအကွယ်ပေးမှု အားနည်းခဲ့သည်။ အလုပ်သမားများသည် အလုပ်ရှာဖွေရရှိရေးတွင် ပိတ်ပင်မှုများ မလုပ်သင့်ပဲ ရသင့်သော လုပ်ခများနှင့် လုပ်ငန်းပြီးစီးမှုအတွက် ရသင့်သောလုပ်ခများ ရသင့်ကြသည်။

                မြန်မာနိုင်ငံတွင် အရပ်သား အစိုးရသစ်သည် အလုပ်သမားအပေါ် ခေါင်းပုံဖြတ်မှုမှ အကာအကွယ်ပေးခြင်း၊ အလုပ်မှ ရသင့်သောအကျိုးများ အပြည့်အဝခံစားနိုင်ရေး အပါအဝင် ပြုပြင်ပြောင်းလဲမှုများ လုပ်ရမည် ဖြစ်သည်။ ထို့အပြင် အစိုးရသည် ၎င်း၏ လုပ်ဆောင်ချက်များတွင် ပွင့်လင်း မြင်သာမှုရှိမှသာ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လွတ်လပ်စွာ ဖွဲ့စည်းခွင့်အပါအဝင် မြန်မာနိုင်ငံ၏ အလုပ်သမားနှင့်လူမှုရေးစံများသည် ကမ္ဘာက အသိအမှတ်ပြုသော နိုင်ငံတကာ အဆင့်ဖြစ်ရေးအတွက် ဒေါက်တိုင်များ ဖြစ်လာမည် ဖြစ်သည်။

                BWI က မြန်မာအစိုးရအား တောင်းဆိုလိုသည်မှာ ဆောက်လုပ်ရေးကဏ္ဍတွင် အလုပ်သမားများ၏ ရပိုင်ခွင့်များကို အကာအကွယ်ပေးရန်၊ ၎င်းတို့၏ အလုပ်မှ အပြည့်အဝခံစားမှုရရှိရန်နှင့် ခေါင်းပုံဖြတ်မှုကင်းရန် ဖြစ်သည်။ အလုပ်သမားများကို လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်း ခွင့်နှင့် ဝင်ရောက်ခွင့် ပြုရမည် ဖြစ်သည်။ သို့မှသာ သမဂ္ဂများသည် ၎င်းတို့ကိုယ်စား အခြေခံအခွင့်အရေးများ တောင်းဆိုနိုင်မည် ဖြစ်သည်။ ယခုအချိန် တွင် အားလုံး လျစ်လျူရှုခံထားရသည်။

**********************************************

အိန္ဒိယ NHPC က မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်း ၂ ခု အကောင်အထည်ဖေါ်ရန် ရူပီးငွေသန်းပေါင်း တစ်သိန်းခွဲ ရင်းနှီးမြှုပ်နှံရန်ရှိ

(The Economic Times မှ 1 Aug 2011 ရက်စွဲပါ “NHPC to invest Rs 15 k or developing 2 projects in Myanmar” သတင်းကို ဘာသာ ပြန်ဆိုသည်)

                အိန္ဒိယနိုင်ငံပိုင် ရေအားလျှပ်စစ် ကုမ္ပဏီ NJPC သည် အိမ်နီးချင်း မြန်မာနိုင်ငံတွင် အကောင်အထည် ဖေါ်နေသည့် စီမံကိန်း နှစ်ခုအတွက် ရူပီးငွေ သန်းပေါင်း တစ်သိန်းခွဲခန့် ရင်းနှီးမြှပ်နှံသွားမည်ဟု သိရှိရသည်။

                “မြန်မာနိုင်ငံ ချင်းတွင်းမြစ်ပေါ်က ၁၂၀၀ မဂ္ဂါဝပ် ထမန်သီ ရေအားလျှပ်စစ်နှင့် ၆၆၀ မဂ္ဂါဝပ် ရွှေဇရက် ရေအားလျှပ်စစ် စီမံကိန်းအတွက် အသေးစိတ် စီမံကိန်း အစီရင်ခံစာ ကို NHPC က စီစဉ်ပြင်ဆင်နေပါတယ်” ဟု ကုမ္ပဏီ က ထုတ်ပြန်ကြေညာသည်။

                ရေအားလျှပ်စစ် ၁ မဂ္ဂါဝပ်အတွက် ထုတ်လုပ်မှု စရိတ် မှာ ရူပီးငွေ ၈ ကုဋေ ခန့်မှန်းခြေ ကုန်ကျမည်ဟုလည်း သိရှိရသည်။ လတ်တလော NHPC တွင် ၅၂၉၅ မဂ္ဂါဝပ် စုစုပေါင်း ထုတ်လုပ်ပေးနိုင်သည့် လည်ပတ်နေဆဲ ရေအားလျှပ်စစ် စက်ရုံ ၁၄ ခု ရှိနေသည်။ ထို့အပြင် နီပေါနိုင်ငံ မှ ၆၀ မဂ္ဂါဝပ် ဒီဗီဂက် ရေအားလျှပ်စစ်နှင့် ဘူတန်နိုင်ငံမှ ၆၀ မဂ္ဂါဝပ် ဘူရီချူ စီမံကိန်း တို့ကိုလည်း NHPC က အကောင်အထည်ဖေါ်ခွင့် ရရှိထားသည်။

                ထို့အတွက် မြန်မာ၊ ဘူတန်နှင့် တာဂျစ်ကစ္စတန် စသော နိုင်ငံများမှ ရေအားလျှပ်စစ် ဖွံ့ဖြိုးရေး နယ်ပယ်တွင် NHPC က ၎င်း၏ နည်းပညာ ကျွမ်းကျင်မှုများကို ဖြန့်ဖြူးလျက်ရှိသည်။ NHPC ကုမ္ပဏီသည် နိုင်ငံတကာ စီမံကိန်းများ ကိုလည်း တိုးချဲ့လျက်ရှိပြီး ပြည်ပတွင် ရနိုင်သမျှ ရေအား လျှပ်စစ် အလားအလာများကို ရှာဖွေလျက်ရှိသည်။

                တစ်ချိန်တည်းတွင် ဘူတန်နိုင်ငံမှ ၆၇၀ မဂ္ဂါဝပ် ချမ်ကာချူ နှင့် ၁၈၀၀ မဂ္ဂါဝပ် ကူရီဂေါင်ဂရီ စီမံကိန်းများ အတွက်လည်း အသေးစိတ် စီမံကိန်း အစီရင်ခံစာကို NHPC က ပြင်ဆင်နေသည်။ ထို့အပြင် NHPC က Orissa Hydro Power Ltd OHPC နှင့် Orissa အစိုးရ တို့ဖြင့် ပြည်နယ်တွင်း စုစုပေါင်း ၃၂၀ မဂ္ဂဝပ် ထုတ်လုပ်နိုင်မည့်  ရေအားလျှပ်စစ် စီမံကိန်း ၃ ခု အကောင်အထည်ဖေါ်ရေး နားလည်မှု စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုး ထားသည် ဟု သိရှိရသည်။

************************************************

ကဘော်ချိုင့်ဝှမ်း ခွဲဝေပေးပစ်မှုအတွက် တာဝန်ရှိမှုများကို စာတမ်းဖတ်ပွဲတွင် ပြန်လည် ဖော်ထုတ်

(The Sangai Express မှ 30 July 2011 ရက်စွဲပါ “Seminar relives pangs of parting Kabaw Valley” သတင်းကို ဘာသာ ပြန်ဆိုသည်)

                ကဘော်ချိုင့်ဝှမ်း အကြောင်းနှင့် မဏိပူရတွင် အေးချမ်းအောင် ဘယ်လိုလုပ်မလဲဆိုသည့် အကြောင်းအရာနှင့် ပတ်သက်သော ၂ ရက်ကြာ ပြည်နယ် အဆင့် စာတမ်းဖတ်ပွဲ၏ ပထမနေ့တွင် မဏိပူရ ယူနီဗာစီတီမှ ဒေါက်တာဘွဲ့ရ ပညာရှင် Budha Kamei က “မြေသြဇာကောင်းသော ကဘော်ချိုင့်ဝှမ်းကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့မှုအတွက် တာဝန်ရှိသူများကို မဏိပူရ ပြည်သူများက လုံးဝခွင့်မလွှတ်နိုင်ကြောင်း ” ပြောကြားခဲ့သည်။

                Dr Sures Centre for Foreign Studies နှင့် Placement, imphal in association with Cultural and Historical Research Trust, Manipur တို့ ကမကထပြု စီစဉ်သော စာတမ်းဖတ်ပွဲကို ပြည်နယ် ဗဟိုစာကြည့်တိုက် ခန်းမ တွင် စနေနေ့မှ စတင် ကျင်းပသည်။ “မဏိပူရ စော်ဘွား ပေါင်းစုံ၏ အုပ်ချုပ်မှုလက်ထက်က ကဘော်ချိုင့်ဝှမ်း နယ်နိမိတ်” စာတမ်းကို ဖတ်ကြားရာတွင်  စာတမ်းရှင် Butha Kamai က “အိန္ဒိယ၏ ပထမဆုံး ဝန်ကြီးချုပ် ပန်ဒစ် ဂျဝါဟလာ နေရူးသည် မဟာရာဂျာစော်ဘွား ဂမ်ဘီဆင်းလက်ထက်က သိမ်းပိုက်ရရှိခဲ့သော မြန်မာနယ်နိမိတ်ကို ပြန်ပေးသည့် သဘော တူညီချက်မှတစ်ဆင့် ၁၉၅၃ ခုနှစ်တွင် ကဘော်ချိုင့်ဝှမ်းကို မြန်မာနိုင်ငံသို့ လက်ဆောင်ပေးပစ်ခဲ့သည်” ဟု ပြန်လည် ဖော်ထုတ်တင်ပြခဲ့သည်။

ကဘော်ချိုင့်ဝှမ်း ဆက်နွယ်မှုခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြသော ဝါရင့်သတင်းထောက် Irengbarn Arum ကလည်း “ပန်ဒစ်နေရူးက ကဘော်ချိုင့်ဝှမ်းကို မြန်မာနိုင်ငံသို့ ပေးလိုက်ခြင်းဖြင့် ပြန်လည်အကဲဖြတ်ခြင်းသည် အရေးကြီးပြီး စိတ်ဝင်စားစရာ ကောင်းလိမ့်မည်” ဟု ပြောကြားသည်။

မဏိပူရယူနီဗာစီတီမှ ပါမောက္ခ M Jaykumar နှင့် Senior citizens for society အထွေထွေအတွင်းရေးမှူး ပါမောက္ခ L Sadananda တို့က သဘာပတိအဖြစ် ဆောင်ရွက်ကြသော အဆိုပါ စာတမ်းဖတ်ပွဲတွင် မဏိပူရပြည်နယ် မောကွန်းတိုက်မှ N Indramani က “စော်ဘွားပေါင်းစုံလက်ထက်မှ ကဘော်ချိုင့်ဝှမ်း၏ အနီးစပ်ဆုံး နယ်နိမိတ်” စာတမ်းကိုလည်းကောင်း၊ Human Rights Law Network မှ ဒါရိုက်တာ Rakesh Meihoubarn က “ကဘော်ချိုင့်ဝှမ်းအား ဥပဒေလမ်းကြောင်းအရ ပိုင်ဆိုင်မှု” စာတမ်းကိုလည်းကောင်း၊ မဏိပူရ ကျန်းမာရေးဌာနမှ ဒါရိုက်တာဟောင်း Th Sureah က “ကဘော်ချိုင့်ဝှမ်းနဲ့ ပတ်သက်လို့ ကျွန်ုပ်တို့ ဘာလုပ်နိုင်မလဲ” စာတမ်းကိုလည်းကောင်း အသီးသီး ဖတ်ကြားတင်ပြခဲ့သည်။

သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ စာတမ်းများ ဖတ်ကြားတင်ပြမှုအပြီးတွင် လွတ်လပ်စွာ ဆွေးနွေးခြင်း အစီအစဉ်ကိုလည်း ကျင်းပခဲ့သည်ဟု သိရှိရ သည်။

*****************************************

တရုတ်တွင် ပို့ကုန် ကျဆင်းမှုကြောင့် ဇူလိုင်လတွင် ကုန်ထုတ်လုပ်မှု နှေးကွေး

(1 Aug 2011 ရက်စွဲပါ BBC News မှ China manufacturing slows in July as exports dip ကို ဘာသာ ပြန်ဆိုသည်)

                တရုတ်နိုင်ငံတွင် ထုတ်ကုန်အတွက် မှာယူမှုများ နည်းပါးခဲ့ခြင်းကြောင့် ဇူလိုင်လတွင်လည်း ကုန်ထုတ်လုပ်မှုများ ဆက်လက်နှေးကွေးခဲ့သည်။

                ဝယ်ယူမှု မန်နေဂျာအညွှန်း ( purchasing managers index PMI ) သည် ပြီးခဲ့သည့်လက 50.9 မှ 50.7 သို့ ကျဆင်းခဲ့သည်ဟု တရုတ် ဝယ်ယူရေးနှင့် သယ်ယူပို့ဆောင်ရေး အဖွဲ့ချုပ် (CFLP) က ပြောကြားသည်။

                တရုတ်က ၎င်း၏အပူချိန် ပြင်းထန်နေသော စီးပွားရေးကို အေးအေးဆေးဆေး ဖြစ်စေရန် လုပ်ဆောင်လျက်ရှိပြီး၊ ငွေဖောင်းပွမှုနှုန်း ကျဆင်း အောင် ပြုလုပ်လျက်ရှိသည်။

                CFLP က ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားရာ၌ ကိန်းဂဏန်းများသည် စီးပွားရေးတိုးတက်မှုနှုန်း တည်ငြိမ်သည့်ဖက်သို့ ဦးတည်နေသည်ဟု ဖော်ပြထားသည်။

                PMI သည် 100 ပေါ်တွင် အခြေခံ တိုင်းတာသောစကေး ဖြစ်ပြီး စက်မှုထုတ်လုပ်မှုကို ရုတ်တရက် သိနိုင်ရန် ပြဆိုပါသည်။ PMI သည် 50 အောက်သို့ ပြနေပါက လှုပ်ရှားမှုများ ကျုံ့ဝင်သွားမှုကို ပြသသည်။

မှာယူမှုများ ကျဆင်းခြင်း

                အစိုးရသည် သုံးနှစ်အတွင်း ထိန်းမနိုင်သိမ်းမရ တက်နေသော ငွေဖောင်းပွမှုကို တင်းကြပ်စွာ ကိုင်တွယ်ရန် ကြိုးစားလျက် ရှိသည်။

                ငွေဖောင်းပွမှုကို ရေရှည်သွားနိုင်သည့် အဆင့်တွင် ရှိရန် လုပ်ဆောင်မှုများသည် စီးပွားရေး လှုပ်ရှားမှုများကို နှေးကွေးစေသည်။ လုပ်ဆောင်မှု များတွင် ဘဏ်တိုးနှုန်းများ မြှင့်တင်ခြင်းနှင့် ဘဏ်များ အရန်ငွေထားရှိငွေ တိုးမြှင့်ခြင်းများ ပြုလုပ်ခဲ့သည်။

                တစ်ချိန်တည်းမှာပင် ပြည်ပမှ တရုတ်လုပ်ပစ္စည်းများ မှာယူမှုမှာလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ အကြောင်းမှာ ဥရောပနှင့် အမေရိကန်တို့မှ စီးပွားရေးများသည် ကြွေးမြီပြဿနာများနှင့် ပြည်တွင်း စီးပွားရေး ပြဿနာများကြောင့် ဖိအားဝင်နေခြင်း ဖြစ်သည်။

                HSBC မှ Qu Hongbin ၏ အဆိုအရ ယခုနောက်ဆုံး တရုတ် PMI ကိန်းဂဏန်းများသည် ဆက်တိုက် တင်းကြပ်စွာ ဆုပ်ကိုင်မှုများ၊ ပြည်ပမှ မှာယူမှုများ ကျဆင်းခြင်းကြောင့် ထုတ်လုပ်မှု ကဏ္ဍ၏ တိုးတက်မှု မျှခြေ နှေးကွေး သည်ကို ပြဆိုသည်။

*********************************************

ဆင်ပေါ် ရောက်နေသူမှာ တရုတ်သာဖြစ်၊ အိန္ဒိယ မဟုတ်

(28 July 2011 ရက်စွဲပါ Daily News Analysis မှ Jabin T Jacob ရေးသားသော When the US is in the room, China is the elephant, not India ကို ဘာသာ ပြန်သည်)

                အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒုတိယ အကြိမ် အိန္ဒိယ- အမေရိကန် မဟာဗျူဟာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် လာရောက်စဉ်က အိန္ဒိယနိုင်ငံအနေဖြင့် အရှေ့သို့ ကြည့်ရုံကြည့်မနေပဲ၊ ဆက်ဆံရေး ပြုလုပ်၍ လှုပ်ရှားမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ သို့သော် နယူးဒေလီအတွက် ပြဿနာမှာ တရုတ်နှင့် ဖြစ်နေသော နယ်ခြားပြဿနာကိုသော်လည်းကောင်း၊ သို့မဟုတ် မြန်မာနိုင်ငံတွင် တရုတ်၏ လွှမ်းမိုးမှုကို ကျော်၍ နေရာရရန်သော်လည်းကောင်း ကျော်လွန်၍ စဉ်းစားရန် စွမ်းရည်မရှိခြင်းကြောင့်ပင် ဖြစ်သည်။ စီးပွားရေး ခေါင်းစဉ်တပ်သော ဆက်ဆံမှုများသာ ပေါ်ထွက်ခဲ့ပြီး၊ အိန္ဒိယသည် အာရှပစိဖိတ်တွင် နိုင်ငံရေးနှင့် စစ်ရေးအရ လက်လှမ်းမှီရေးတွင် သတိထားလွန်း အားကြီးနေသည်။

                လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျနှင့် အမေရိကန် ရေတပ်များ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်ခဲ့ရာ တရုတ်က ထုတ်ပြန်ချက်များ ပြုလုပ်လာသော အခါ အမြန်ဆုံး ရပ်ဆိုင်းသွားခဲ့သည်။

                ယခု နောက်ထပ်ရရှိလာသော အခွင့်အလမ်းတစ်ခုမှာ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသော ARF အစည်းအဝေး တွင် အမေရိကန်- အိန္ဒိယ- ဂျပန် သုံးနိုင်ငံ ဆွေးနွေးပွဲ စတင်နိုင်ခဲ့ခြင်း ဖြစ်ပြီး၊ ကလင်တန်လည်း တက်ရောက်ခဲ့သည်။ အဆိုပါ သုံးနိုင်ငံအနေဖြင့် ပုံမှန် စစ်ရေးလေ့ကျင့်မှုများနှင့် ပင်လယ်ဓမြ နှိမ်နှင်းရေး၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ် ထူထောင်ရေးကဲ့သို့ စစ်ဆင်ရေးများ၊ ထိုမှတဆင့် အစိုးရ အကြီးအကဲအဆင့် ဆွေးနွေးပွဲများကို တရုတ်၏ ဖိအားပေးမှု ကို ဂရုမစိုက်ပဲ လုပ်ဆောင်နိုင်ခြင်း ရှိ မရှိ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

                တချိန်တည်းမှာပင် တရုတ်သည် တောင်တရုတ်ပင်လယ်တွင် မနှစ်ကတည်းက စစ်ရေးအရ ရန်လိုမှုများကြောင့် သံတမန်ရေး အရ ဖိအား ပေးမှုများ ခံနေရသည် ဖြစ်ရာ ထိုအချက်ကလည်း စိတ်ဝင်စားဖွယ် အချက်တစ်ခု ဖြစ်သည်။

                ထို့အတူပင် အိန္ဒိယ- အမေရိကန် မဟာဗျူဟာ ဆွေးနွေးပွဲ ကို ဗဟိုအာရှ၊ အနောက်အာရှ၊ လက်တင်အမေရိကနှင့် အာဖရိကနှင့် ပူးတွဲ ဆောင်ရွက်ရေး၊ ဆက်ဆံရေးများ ပါဝင်နိုင်အောင် တိုးချဲ့ရေးဆုံးဖြတ်ချက်များသည် မကြာသေးမီနှစ်များ အတွင်း ထိုဒေသများတွင် တရုတ်၏ တိုးချဲ့ လာသော လှုပ်ရှားမှုများနှင့် ညှိနှိုင်းရန် လိုအပ်မည်ကို သိလာရသည်။

                အမေရိကန်သည် ကမ္ဘာပေါ်တွင် ကျရှုံးမှုများ၊ စီးပွားရေးအရ ကန့်သတ်မှုများ ရှိနေချိန်တွင် မိမိနှင့် သဘောထား တူညီသော လုပ်ဖော် ကိုင်ဖက်များကို ကမ္ဘာတစ်ဝှမ်း အမေရိကန်၏တန်ဖိုးနှင့် အကျိုးစီးပွားကို သေချာစေပြီး အကူအညီပေး လက်လှမ်းမှီရေးသည် အကျိုးပိုများကြောင်း တွေ့မြင်လာသည်။

                ကလင်တန်သည် သူမ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံတူညီသော အချက်များရှိကြောင်း မီးမောင်းထိုးပြခဲ့ပြီ၊ ဒီမိုကရေစီ အသိုင်းအဝိုင်းက ထိုအချက်ကြောင့် နှစ်နိုင်ငံစလုံးသည် အခြားစနစ်များ၊ အခြားနိုင်ငံများနှင့် ဝေးကွာသွားရခြင်း ဖြစ်ကြောင်း ပြောကြသည်။ အိန္ဒိယမူဝါဒ ချမှတ်သူများ အတွက် ပြဿနာမှာ အမေရိကန်သည် မေးခွန်းပါ ဧရိယာကို လိုက်၍ ဒီမိုကရေစီ အလေးပေးခြင်းနှင့် တန်ဖိုးကောက်ယူမှုများက တည်မှီနေခြင်း ဖြစ်သည်။ ယခု လောလောဆယ် အမေရိကန်သည် အာဖကန်နစ္စတန်တွင် အိန္ဒိယ အင်အားအနည်းဆုံးနှင့်သာ ရှိစေလိုပြီး နောင်ပါကစ္စတန်နှင့် ဆက်ဆံရေး မရှုတ်ထွေးစေရန် ဖြစ်သည်။ အရှေ့အာရှတွင် တရုတ်၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ပြောရသည်မှာ အာခံတွင်း တွေ့နေပြီး၊ အိန္ဒိယ ကမူ တရုတ်နှင့် ဆက်ဆံရေး တည်တည်ငြိမ်ငြိမ်ဖြစ်ရန် ကြိုးပမ်းနေရသည်။ အမေရိကန်၏ အာဖကန်နစ္စတန်တွင် အိန္ဒိယ၏ လှုပ်ရှားမှုများ ပိုမို ပြုလုပ်ရေးကို ဆန့်ကျင်မှုနှင့် အရှေ့အာရှတွင် အိန္ဒိယက တန်ဖိုး ကြီးမားမှုကို အခြေခံသော ဆက်ဆံမှုများ ပြုလုပ်ရန် နှောင့်နှေးမှုများသည် အမြင် မကွယ်မှုနှင့် ဟန်ဆောင်မှုများသာ ဖြစ်သည်။

                ဒီမိုကရေစီတန်ဖိုးများကို ဘေးဖယ်ထားပြီးလျှင်တောင် နယူးဒေလီသည် အရှေ့အာရှကို လက်တွေ့ကျကျ ဆက်ဆံရေးကို စိတ်ဝင်စားမည့် သဘော မရှိပေ။ မြန်မာကတော့ ချွင်းချက် ဖြစ်ပေလိမ့်မည်။ သို့သော် အိန္ဒိယသည် ဗီယက်နမ်နှင့် အဆင့်နိမ့်သော ပူးပေါင်း ဆောင်ရွက်မှုများ ပြုနေခြင်း အတွက် မည်သို့ ရှင်းမည်နည်း။ ဗီယက်နမ်၊ တရုတ် နှင့် နောက်ဆုံး စစ်တိုက်ခဲ့သော နိုင်ငံတစ်ခု ဖြစ်ပြီး၊ တရုတ်နှင့် နှစ်ရှည်ကြာကပင် ရေပိုင်နက် အငြင်းပွားမှု ရှိနေသည်။ ဗီယက်နမ်သည် တရုတ်နှင့် ပတ်သက်သော အရေးများတွင် အိန္ဒိယနှင့် ပိုမိုအားကောင်းစွာ ပူးပေါင်း ဆောင်ရွက်လိုသော်လည်း အိန္ဒိယကမူ နှေးကွေး လျက် ရှိသည်။

                နယူးဒေလီမေ့နေသော အချက်မှာ တရုတ်သည် ၎င်းနှင့်အိန္ဒိယတို့၏ အိမ်နီးချင်းများ၏ အမှားများ တွင် ပူးပေါင်း ဆောင်ရွက်လိမ့်မည် မဟုတ် ပေ။ နိုင်ငံတစ်ခုတွင် အိန္ဒိယ၏ လုပ်ကိုင်နိုင်သော နေရာကို ၎င်းတို့က ထိုသို့သာ မျှော်လင့်လိမ့်မည် ဖြစ်သည်။ ဤနေရာတွင် ငြင်းချက်ထုတ်လိုသော အချက်မှာ ပါကစ္စတန် က တရုတ် အတွက် ဖြစ်ရသလို ဗီယက်နမ်ကို ထိုသို့လိုက်၍ တန်းညှိရန် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဟနွိုင်းသည် အစ္စလာမ်မာဘတ် မဟုတ်ခြင်းကြောင့် ဖြစ်သည်။ ဤနေရာတွင် အမေရိကန်၏ အတွေ့အကြုံများကလည်း မှတ်သားရသည်မှာ အကျိုးရှိပါသည်။ ဗီယက်နမ်စစ်၏ အမွေများ ရှိနေသော်လည်း နှစ်နိုင်ငံစလုံးသည် စစ်အေး ကာလ ပြီးဆုံးပြီး ကတည်းက နွေးထွေးသော ဆက်ဆံရေး ရှိခဲ့ပြီး တရုတ်ကို တက်ကြွစွာ ဆက်ဆံခဲ့သည်။

                ကလင်တန်က အိန္ဒိယ၊ အမေရိကန်နှင့် တရုတ်တို့ ကြားတွင် အားကောင်းပြီး အပြုသဘောဆောင်သော ဆက်ဆံရေးမှာ အမြဲတစေ လွယ်ကူ လိမ့်မည် မဟုတ်ကြောင်း သိရှိခဲ့ရသည်ဟု ဆိုသည်။ ထိုသို့ သိရှိရခြင်းကြောင့် အမေရိကန်- အိန္ဒိယ ဆက်ဆံရေးသည် တရုတ်၏ အထိမခံ ရွှေပန်းကန် စိတ်ကို ကြောက်၍ နှေးကွေးသွားရမည်ဟု မဆိုလိုဟု ဆိုသည်။ တစ်ခုခု ဖြစ်လာလျှင် အိန္ဒိယ- ဂျပန်- အမေရိကန် အုပ်စုဖွဲ့မှုသည် မကြာမီ သြစတြေးလျ ပြန်ပါရန်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား တို့ကဲ့သို့ အရှေ့တောင်အာရှ နိုင်ငံများထိ ချဲ့ရမည်ဖြစ်သည်။ အိန္ဒိယသည် အမေရိကန် ပါဝင်ခြင်း မရှိပဲ အထက်ပါ အုပ်စုမျိုးကို ဖန်တီးနိုင်ရပါမည်။

                ၂၁ ရာစု၏ သမိုင်း အများစုသည် အာရှတွင် ရေးရလိမ့်မည်ဟု ကလင်တန်က မှတ်ချက်ပြုခဲ့ရာ နယူးဒေလီသည် စွမ်းအင်နှင့် သယံဇာတများကို ၎င်း၏ ဒုက္ခများနေသော အနောက်ဖက် စစ်မျက်နှာတွင်သာ အာရုံပြုမနေသင့်ပဲ မသပ်မယပ်နှင့် ပြန့်ကျဲနေသော အရှေ့ဖက်အိမ်နီးချင်းများ အပေါ်တွင် လည်း အာရုံပြုသင့်ပေသည်။

**********              **********              ***********


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment