Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၀.၈.၂၀၁၁

ဘာသာပြန်သတင်းများ

အိန္ဒိယနှင့်အာဆီယံ ဆက်သွယ်ရေးလမ်းကြောင်းကလည်း တရုတ်နှင့်လမ်းကြောင်းကဲ့သို့ အရေးပါဟုပညာရှင်ပြော

(8 August 2011 ရက်စွဲပါ The Nation မှ Sasithorn Ongdee ရေးသားသော Links to India and ASEAN as vital as links to China, experts says ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် အာဆီယံ၊ တရုတ်သို့ သယ်ယူပို့ဆောင်ရေး အဆက်အသွယ်ကောင်းများ၏ အထောက်အကူ ပြုမှုကြောင့် ဒေသတွင်း ရင်းနှီးမြှပ်နှံမှု ဗဟိုဌာန ဖြစ်လာရန် အလားအလာကောင်းများ ရှိသည်ဟု ထိပ်တန်းခွဲခြမ်း စိတ်ဖြာလေ့လာသူ တစ်ဦးက ပြောသည်။

တရုတ်နှင့် သယ်ယူပို့ဆောင်ရေး အဆက်အသွယ်များသည် စက်မှုလုပ်ငန်းအတွက် တွန်းအားဖြစ်သည်ဟု ချဉ်းကပ်ပြောဆိုမှုများမှာ အမြင်ကျဉ်းရာ ရောက်သည် ဟု Thammasat Business School မှ တွဲဖက်ပါမောက္ခ Dr Ruth Banomyong ၏ အဆိုအရ သိရှိရသည်။

ထိုင်းနိုင်ငံ ၏ အလားအလာများ နှင့် အခွင့်အလမ်းများကို ကြည့်ရှုရန် ပိုမိုကျယ်ပြန့်သော ရှုဒေါင့်ရှိရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။ ထိုင်းနိုင်ငံ မည်သည့်နေရာတွင် ရပ်တည်နေသည် ဆိုသည်ကိုပြောရန် အာဆီယံနှင့် အိန္ဒိယတို့ကို ထည့်သွင်း စဉ်းစားရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

ထိုင်း၊ အာဆီယံ နှင့် အရှေ့အာရှ တို့၏ စီးပွားရေး အင်အားသည် နိုင်ငံတကာ ထုတ်လုပ်မှု ကွန်ယက် ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင် မူတည်နေသည် ဟု Ruth က ပြောသည်။

နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုသည် နိုင်ငံအမျိုးမျိုးတွင် ရှိသော ကုန်ပစ္စည်းပေးသွင်းသူ၊ ထုတ်လုပ်သူနှင့် ဖြန့်ဖြူးသူများပေါ် မူတည်၍ ဦးတည်ချက် အမျိုးမျိုးဖြင့် ကွဲပြားလျက် ရှိသည်။ သုတေသန လေ့လာမှု အများစုသည် အဆိုပါ စီးပွားရေး ပထဝီဝင် အသစ် ( new economic gepgraphy ) ကို လေ့လာလျက် ရှိကြသည်။

ယနေ့ လက်ရှိအားဖြင့် ဂျပန်နိုင်ငံသည် အရင်ကထက်စာလျှင် သူ့တိုင်းပြည်တွင်း တွင် ထုတ်လုပ်မှု ကို အခြေခံမှု မှာ လျော့နည်းလာပြီ ဖြစ်သည်။ ယခင်က ဒေသတစ်ခုတွင် အဓိက အခြေစိုက်ပြီး စက်ရုံများ စုစည်းထားမှုမှာ ပုံမှန်လို ဖြစ်ခဲ့ဘူးသည်။

ဥပမာအားဖြင့် အမေရိကန်ရှိ Detroit သို့မဟုတ် ဂျပန်နိုင်ငံမှာ Toyota city တို့ ဖြစ်သည်။ သို့သော် ယခုအခါ တိုယိုတာသည် ၎င်း၏ ထုတ်လုပ်မှု အခြေစိုက်မှု အား ဂျပန်နိုင်ငံ ပြင်ပ အဓိကအားဖြင့် အာရှ တွင် ထားရှိလာသည်။

“ ရည်ရွယ်ချက်မှာ ပိုမိုနက်ရှိုင်းသော စီးပွားရေး စုစည်းမှုရှိရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှု ကျဉ်းမြောင်းရေး အတွက် ဖြစ်ပါတယ် ” ဟု Ruth က ပြောသည်။ ထိုကဲ့သို့ ပြောင်းလဲမှုတွင် အဓိက မောင်းနှင်အား မှာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ဆက်သွယ်မှုပင် ဖြစ်သည်။

အဆိုပါ ရည်မှန်းချက်များ အောင်မြင်စေရန် Ruth က အကြံပြုရာတွင် ဝင်ငွေ အလယ်အလတ်ရှိ နိုင်ငံများသည် စက်မှုဆိုင်ရာ စုဖွဲ့မှုများ ပြုလုပ်၍ ဖန်တီးမှု အသစ်များ ပြုလုပ်ရမည်ဟု ဆိုသည်။ စက်မှုကို အခြေခံအဖြစ် လုပ်ဆောင်နိုင်ရန် နီးစပ်သော တိုင်းပြည်များသည် ထုတ်လုပ်မှု ကွန်ရက်များ လုပ်ဆောင်ရန် အသိပညာများပေး၍ တွန်းအားပေးရမည် ဖြစ်ပြီး၊ ခေတ်နောက်ကျ ကျန်ခဲ့သော တိုင်းပြည်များကလည်း စက်မှုဖွံ့ဖြိုးမှု အသစ် ဖြစ်ပေါ်နိုင်ရန် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦးများ တည်ဆောက်ထားသင့်သည်။

ဒေသတွင်း စက်မှု အခြေခံသော နိုင်ငံများမှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ပုလဲမြစ် မြစ်ဝကျွန်းပေါ် နှင့် မနီလာတို့ ဖြစ်သည်ဟု ၎င်းက ပြောသည်။ စိန်ခေါ်မှုမှာ တစ်ဦးစီ ချိတ်ဆက်နိုင်ရေး ဖြစ်ပြီး၊ ဈေးသက်သာသော၊ အချိန်ကုန်သက်သာသော၊ ပို၍ စိတ်ချရသော သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦ တိုးတက် ဖြစ်ပေါ်ရေး ဖြစ်သည်။

အာရှ ( ၁၃ ) နိုင်ငံ၊ အာဆီယံ နှင့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ တို့ 2030 တွင် စီးပွားရေးအရ စုစည်းမှု တိုးတက် ဖြစ်ပေါ်ရေးအတွက် ခြေလှမ်းအဆင့် ( ၄ ) ဆင့်ကို Ruth က ထောက်ခံ ပြောကြားခဲ့သည်။ ၎င်းကို Economic Research Institute for ASEAN and East Asia ( ERIA ) က Mekong India Economic Corrider ( MIEC ) အပေါ် ရှေ့ပြေး လေ့လာချက် တွင် ဖော်ပြထားသည်။

လိုအပ်သော တိုးတက်မှု အချို့မှာ ပထမ အဆင့်အားဖြင့် ကမ္ဘောဒီးယားနိုင်ငံ Neak Loueng ရှိ မဲခေါင်မြစ်ပေါ်တွင် တံတားထိုးရေး၊ ဒုတိယ အဆင့် ထိုင်းနိုင်ငံ ကချာနာပူရီ နှင့် ထားဝယ် လမ်းသစ် ပြီးစီးရေး၊ တတိယ အဆင့် အဖြစ် MIEC ကြား အကောက်ခွန် လုပ်ငန်းများ တည်ရှိရေး၊ စတုတ္ထအဆင့် အနေဖြင့် ထားဝယ် နှင့် မဒရပ် ဆိပ်ကမ်းကြား ပင်လယ်လမ်းကြောင်းသစ် ဖြစ်ပေါ်ရေးတို့ ဖြစ်သည်။ အဆိုပါ ပင်လယ်လမ်းကြောင်းသစ် သည် အခြား အဓိက ဆိပ်ကမ်းများ အချင်းချင်း ဆက်သွယ်ရေး အရေးကြီးသကဲ့သို့ အရေးပါ ပါသည်။

“ GDP ရာခိုင်နှုန်း တိုးတက်ရေး အတွက် ထားဝယ်ရဲ့ သက်ရောက်မှု အများကြီး ရှိပါမယ် ” ဟု Ruth က ပြောသည်။

အကျိုးအမြတ် ခံစားရမည့် နိုင်ငံများမှာ မြန်မာ နှင့် ကမ္ဘောဒီးယား တို့ဖြစ်သည်။ အဆိုပါ တိုင်းပြည်များသည် လက်ရှိအားဖြင့် အနည်းငယ်သော GDP သာ ရှိရာ၊ အဆိုပါ စီးပွားရေး ဖြစ်ပေါ်မှု အသစ်များပေါ် မှ ဖွံ့ဖြိုး တိုးတက်မှုများ ရရှိနိုင်မည် ဖြစ်သည်။

အကယ်၍ MIEC သည် မြောက်ပိုင်းမှ လမ်းကြောင်းများ ကို မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် ၏ အလယ်ပိုင်း ဒေသများမှ တဆင့် စုစည်းနိုင်ခဲ့လျှင် ကချာနာပူရီ နှင့် နိုင်ငံ အားလုံးသည် အကျိုးခံစားကြရမည် ဖြစ်သည်။

ကမ္ဘောဒီးယား၊ မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် တို့သည် ကြီးစွာသော အကျိုးခံစားရမည် ဖြစ်သည်။ ထိုင်းနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့သည် သိသာသော အကျိုးအမြတ် ရနိုင်ပြီး၊ နောက်မှ လိုက်၍ ဘင်္ဂလားဒေ့ရှ် နှင့် ဗီယက်နမ် တို့ လည်း ခံစားရမည် ဖြစ်သည်။ GDP တန်ဖိုးအရ သိသာစွာ မြင့်တက်လာမည် ဟု အဆိုပါ ပညာရှင် က ခန့်မှန်းခဲ့သည်။

သို့သော် အဆိုပါ လမ်းကြောင်းများ ဆက်စပ်မိရုံဖြင့် မလုံလောက်ကြောင်း၊ ဒေသတွင်း နိုင်ငံများကြား ကွန်ရက် တစ်ခု ဖန်တီး တည်ဆောက်ထားရန် လိုကြောင်း ပြောသည်။

“ ဒေသတွင်း ဆက်သွယ်မှု ကို ကူညီပံ့ပိုးတဲ့ အနေနဲ့ အစိုးရ ဟာ ကုန်သွယ်ရေး နဲ့ ရင်းနှီးမြှပ်နှံမှု ကို စရိတ် အနည်းငယ်ဆုံး၊ အလွယ်ကူဆုံးနဲ့ စိတ်အချရဆုံး လတ်လပ်စွာစီးဆင်းခွင့် တိုးမြှင့်ပေးသင့်ပါတယ် ” ဟု Ruth က အကြံပြုသည်။

လက်ရှိအားဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန ၏ သယ်ယူပို့ဆောင်ရေး၊ လမ်းကြောင်းမူဝါဒ နှင့် စီမံကိန်းရုံး ( OTP ) သည် အိမ်နီးချင်း တိုင်းပြည်များ နှင့် ဆက်စပ်သည့် လမ်ကြောင်း အမျိုးမျိုး ၏ အခြေခံ အဆောက်အဦး တိုးတက်အောင် စီမံချက်ချ လုပ်ဆောင်နေသည်။

မဲခေါင်ကို ဖြတ်၍ လမ်းများ တံတားများ၊ နိုင်ငံအနှံ့ နှစ်လမ်းသွား ရထားလမ်းများ၊ Pak Bara နှင့် Satun ရှိ ရေနက်ဆိပ်ကမ်းများ၊ Songkhla ရှိ ကွန်တိန်နာ ဆိပ်ကမ်း၊ Chiang Saen ရှိ မြစ်တွင်း ဆိပ်ကမ်း၊ Laem Chabang ရေနက်ဆိပ်ကမ်း တတိယအဆင့် လုပ်ငန်းများနှင့် မြန်နှုန်းမြင့် ရထားလိုင်းများ အားလုံး ပါဝင်သည်။

“ ဒါပေမယ့် တရုတ်နိုင်ငံ တောင်ပိုင်း နဲ့ လာအို၊ ထိုင်း နဲ့ မလေးရှား တို့ နဲ့ ဆက်သွယ် တဲ့ မြန်နှုန်းမြင့် ရထားလိုင်း ကိစ္စကတော့ တရုတ် အစိုးရ နဲ့ ညှိနေတုန်းပဲ ရှိပါသေးတယ်။ နောက်အစိုးရ ရဲ့ ဆုံးဖြတ်ချက် ကိုလည်း စောင့်ရပါမယ် ” ဟု OTP ၏ ခေတ္တ စီမံရေး ဒါရိုက်တာ Peraphon Thaworn supacharoen က ပြောသည်။

 *************************************************************************************

အမေရိကန် ဆီနိတ်တာ Webb အာရှ ခရီး လှည့်မည်

(Radio Netherlands Worldwide မှ 10 Aug 2011 ရက်စွဲပါ “ US Senator Webb to visit Asia ” သတင်းကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံကို ဝေဖန် ကန့်ကွက်သူ၊ မြန်မာနိုင်ငံ နှင့် ထိတွေ့ဆက်ဆံခြင်း ကို ထောက်ခံသူ အမေရိကန် ဒီမိုကရက်တစ် အထက်လွှတ်တော် အမတ် Jim Webb သည် သြဂုတ်လ ၁၂- ၂၅ ရက် ခရီးစဉ် တွင် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံများ သို့ သွားရောက်မည် ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ တွင် သူ၏ ရုံးခန်း က ကြေငြာချက် ထုတ်ပြန်သည်။

အထက်လွှတ်တော်ဆီးနိတ်၏ အရှေ့အာရှ နှင့် ပစ္စဖိတ်ရေးရာ နိုင်ငံခြားဆက်ဆံရေး ဆပ်ကော်မတီ ၏ ဥက္ကဌ အဖြစ် ဆောင်ရွက်နေသော Jim Webb သည် ခရီးတစ်ထောက် ရပ်နားရာ နေရာတိုင်းတွင် နိုင်ငံ အကြီးအကဲများ၊ နိုင်ငံခြားရေးမူဝါဒ နှင့် စစ်ဖက် တာဝန်ရှိ ပုဂ္ဂိုလ်များအပြင် စီးပွားရေး ဦးဆောင် ပုဂ္ဂိုလ်များကိုပါ တွေ့ဆုံရန် စီစဉ်ထားသည် ဟု သိရှိရသည်။

ဆီနိတ်တာသည် ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်သစ် ယင်လပ်ရှင်နာဝပ်ထရာ အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ယခင် ဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဗဲ့ဂျာဂျီးဗား နှင့်လည်း တွေ့ဆုံကာ ယခင်လ က ထိုင်းရွေးကောက်ပွဲ နှင့် အမေရိကန် - ထိုင်း ဆက်ဆံရေး ကိစ္စများကို ဆွေးနွေးမည် ဟု ဆိုသည်။

စင်ကာပူတွင်မူ နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စများ၊ တ)