Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၂.၁၀.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် ရေကြီးမှုကြောင့် ဒါဇင်ပေါင်းများစွာ သေဆုံး (သို့) ပျောက်ဆုံးလျက်ရှိ

(21 Oct 2011 ရက်စွဲပါ BBC News မှ Burma flash floods leave dozens or missing ကို ဘာသာပြန်သည်)

  1. မလေးရှား ကမ်းလှမ်းထားသော စစ်သင်တန်းများ တက်ရန် မြန်မာတပ်ဖွဲ့ဝင်များ စေလွှတ်မည်

(Bernama News မှ 21 Oct 2011 ရက်စွဲပါ “ Myanmar to send troops for military courses in Malaysia” သတင်းကို ဘာသာပြန်သည်)

  1. ရေနံချောင်း၌  Interra ကရေနံတွင်း စတင်တူးဖော်

(21 Oct 2011 ရက်စွဲပါ The Business Times မှ Yeo Aigi ရေးသားသော Interra Starts drilling well in Myanmar ကိုဘာသာပြန်ပါသည်)

  1. ချောင်ပိတ်အမိခံရသော ကြမ်းကြုတ်သော အာဏာရှင်တစ်ဦး၏ ဥပမာဖြစ်သော ကဒါဖီ

(21 Oct 2011 ရက်စွဲပါ Foreign Policy In Focus မှ Russ Wellen ရေးသားသော Gaddafi just another tyrant who painted himself into a corner ကိုဘာသာပြန်ပါသည်)

  1.  တရုတ်နှင့် မြန်မာတို့ ပြောခဲ့သော ကတိစကားအတိုင်း လုပ်ဖို့လိုသည်ပာု ဝမ်ကျားပေါင်ပြောကြား

(Reuters မှ 21 Oct 2011 ရက်စွဲပါ “Wen Says China, Myanmar Should Stick to Their Word” သတင်းကိုဘာသာပြန်ဆိုသည်)

*************************************************************************************

မြန်မာနိုင်ငံတွင် ရေကြီးမှုကြောင့် ဒါဇင်ပေါင်းများစွာ သေဆုံး(သို့) ပျောက်ဆုံးလျက်ရှိ

( 21 Oct 2011 ရက်စွဲပါ BBC News မှ Burma flash floods leave dozens or missing ကို ဘာသာပြန်သည်)

မြန်မာပြည်အလယ်ပိုင်းမှ လာသော သတင်းများအရ ရေကြီးမှုကြောင့် ဒါဇင်ပေါင်းများစွာသော လူများ သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများ ဖြစ်လျက်ရှိသည်ဟု ဆိုသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပခုက္ကူမြို့တွင် မြစ်ရေလျှံမှုများ ကြာသပတေးနေ့က ဖြစ်ပွားခဲ့သည်။

ဒေသခံများက BBC သို့ ပြောကြားရာတွင် ၎င်းတို့သည် အလောင်း ၅၀ ကျော် တွေ့ရှိထားကြောင်း၊ ဒေသခံ တာဝန်ရှိသူများမှ မည်သို့မျှ ပြောကြားခြင်း မရှိသေးဟု ပြောပြသည်။

အိမ်ပေါင်း ၂၀၀ ခန့် ရေမျှောသွားပြီး လူပေါင်းများစွာ ပျောက်ဆုံးလျက်ရှိကြောင်း သတင်းများက ဆိုသည်။

“အချို့လူတွေ၊ တိရိစ္ဆာန်တွေ၊ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ရေတက်လာတော့ မျှောပါသွားတယ်” ဟု AFP က ဘုန်းကြီးတစ်ပါး ပြောပြသည်ကို ပြန်လည်ဖော်ပြခဲ့သည်။

အရှေ့တောင်အာရှတွင် ဇူလိုင်လမှ စတင်သော မုတ်သုန်ရာသီ၏ ပုံမှန်မဟုတ်သော မိုးသည်းထန်မှုကြောင့် ပြင်းထန်သော ရေလွှမ်းမိုးမှုကို ခံနေရသည်။

ထိုင်းနိုင်ငံတွင် ပြည်နယ်အားလုံး၏ သုံးပုံတစ်ပုံသည် ရေကြီးမှုဒဏ် ခံနေရပြီး၊ မြို့တော် ဘန်ကောက်ကိုပင် ခြိမ်းခြောက်နေပြီ ဖြစ်သည်။ ကမ္ဘောဒီးယားတွင်လည်း ဆိုရွားစွာ ထိခိုက်လျက်ရှိသည်။

*************************************************************************************

မလေးရှား ကမ်းလှမ်းထားသော စစ်သင်တန်းများ တက်ရန် မြန်မာတပ်ဖွဲ့ဝင်များ စေလွှတ်မည်

( Bernama News မှ 21 Oct 2011 ရက်စွဲပါ “ Myanmar to send troops for military courses in Malaysia” သတင်းကို ဘာသာပြန်သည်)

မလေးရှား လက်နက်ကိုင်တပ်ဖွဲ့နှင့် စစ်ဖက်အရာရှိကောလိပ်မှ ကမ်းလှမ်းထားသော စစ်သင်တန်း ၁၆ မျိုး အနက်မှ ၉ မျိုးကို တက်ရောက်ရန် အတွက် မြန်မာနိုင်ငံက ၎င်း၏ တပ်ဖွဲ့ဝင်များ စေလွှတ်ရန် စီစဉ်နေသည်ဟု သိရှိရသည်။

အဆိုပါ ကမ်းလှမ်းချက်ကို ကြာသပတေးနေ့ကစ၍ မလေးရှားသို့ ၃ ရက်ခရီးစဉ် ရောက်ရှိနေသော မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းထံ ပေးအပ်ထားပြီး ဖြစ်သည်ဟု မလေးရှား ကာကွယ်ရေးဝန်ကြီး ဒါတွတ် ဆရီ ဒေါက်တာ အာမက်ဇာဟစ်ဟာမီဒီက ပြောကြားသည်။

သောကြာနေ့က ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်းနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောကြားရာတွင် မလေးရှား ကာကွယ်ရေးဝန်ကြီး အာမက်ဇာဟစ်က ယခု ကမ်းလှမ်းမှုသည် နှစ်နိုင်ငံအကြား စစ်ဖက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကြိုးပမ်းမှု အစီအစဉ်တစ်ရပ်ဖြစ်သည်ဟု ပြောဆို ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသည် ၎င်း၏ လက်နက်တပ်ဆင်မှုနှင့် ကာကွယ်ရေးပစ္စည်းလုပ်ငန်း ခေတ်မှီအောင် ကြိုးပမ်းသည့်အနေဖြင့် မလေးရှား နိုင်ငံထုတ် ကာကွယ်ရေး လက်နက်ပစ္စည်းများကို လေ့လာရန်၊ ဝယ်ယူရန် စိတ်ဝင်စား နေသည်ဟု အာမက်ဇာဟစ်က ဆိုသည်။

သို့ဖြစ်၍ မလေးရှားထံမှ ဝယ်ယူဖွယ်ရှိသော လက်နက်ပစ္စည်းများကို တန်ဖိုးနှင့် အရည်အသွေး အကဲဖြတ်မည့် အကြီးတန်းအရာရှိ ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ရန် မြန်မာတို့က သဘောတူလိုက်ပြီဟု ဝန်ကြီးက ပြောကြားသည်။

ယခု ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၏ ခရီးစဉ်သည် ယခင်က မြန်မာ ကာကွယ်ရေးဝန်ကြီး မလေးရှားသို့ နောက်ဆုံးအကြိမ် လာရောက်ပြီးနောက်ပိုင်း နှစ်ပေါင်း ၃၀ အကြာတွင် ပထမဆုံး ပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။

လာမည့် ဒီဇင်ဘာလတွင် ပြုလုပ်မည့် “လန်ကာဝီ” နိုင်ငံတကာ ရေကြောင်းနှင့် လေကြောင်းပြပွဲ၊ ညီလာခံနှင့် အာရှကာကွယ်ရေးပြပွဲ များတွင် လည်း မြန်မာ ကာကွယ်ရေးဝန်ကြီးဌာနက ပါဝင်ဆင်နွှဲလိမ့်မည်ဟု အာမက်ဇာဟစ်က ပြောကြားသည်။

လတ်တလော မလေးရှားနိုင်ငံရောက် မြန်မာကာကွယ်ရေးဝန်ကြီးသည် ကာကွယ်ရေး လက်နက်ပစ္စည်းများ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ် နေသော Sapura အုပ်စုနှင့် Airod ကုမ္ပဏီသို့လည်း သွားရောက်ကြည့်ရှုခဲ့သည်ဟု သိရှိရသည်။

*************************************************************************************

ရေနံချောင်း၌ Interra ကရေနံတွင်း စတင်တူးဖော်

(21 Oct 2011 ရက်စွဲပါ The Business Times မှ Yeo Aigi ရေးသားသော Interra Starts drilling well in Myanmar ကိုဘာသာပြန်ပါသည်။)

Interra Resources Limited ၏ Gold petrol Joint Operating Company Inc သည် မြန်မာနိုင်ငံတွင် တွင်းပောာင်းများကြားရှိ ကွက်လပ် များတွင် တူးဖော်သော ရေနံတွင်းအမှတ် YNG 3241 ကို စတင် တူးဖော်နေပြီဖြစ်သည်။

YNG 3241 သည် ယခုနှစ်ရေနံချောင်း ရေနံမြေတွင် စတုတ္ထမြောက် တူးဖော်သော တွင်းဖြစ်သည်။

အဆိုပါတွင်းတွင် အပြီးသတ် အစီအစဉ်ရိုးရိုးကိုသာ အသုံးပြုမည်ဖြစ်သောကြောင့် ကုန်ကျစရိတ်မှာ သက်သာမည် ဖြစ်ပြီး၊ လက်ရှိ ရန်ပုံငွေဖြင့်ပင် လုံလောက်မည်ဖြစ်သည်။

၎င်းတွင်းတွင် ရေနံကို L900FT နှင့် 1600FT ကြားရှိ အလွှာမှ ထုတ်ယူရန် ရည်မှန်းထားရာ အဆိုပါ အလွှာမှ ရေနံများသည် ပတ်ဝန်းကျင်ရှိ တွင်းများသို့ စီးဆင်းသွားခြင်း မရှိသေးပေ။

တူးဖော်ခြင်းမှ ရလဒ်များကို ရက်သတ္တပတ် လေးပတ်အတွင်း ရလိမ့်မည်ပာု Interra က ခန့်မှန်းပါသည်။

သို့သော် အဆိုပါ တွင်းမှ ကုန်ကျစရိတ် ပြန်ရနိုင်သော ပိာုက်ဒရိုကာဗွန် သို့မပာုတ် အမြတ်ရနိုင်သော ထွက်ရှိမှု ရမည်/မရမည်ကို မသေချာ သေးကြောင်း ကုမ္ပဏီက သတိပေးပြောကြားခဲ့ပါသည်။

Interra Resources Limited ကို ရေနံရှာဖွေ ထုတ်လုပ်ရေးလုပ်ငန်းများ ခေါင်းစဉ်အောက်တွင် SGX Catalist နှင့် ASX စာရင်းတွင် စတော့ ရှယ်ယာစာရင်းဝင် တင်ထားပါသည်။

*************************************************************************************

ချောင်ပိတ်အမိခံရသော ကြမ်းကြုတ်သော အာဏာရှင်တစ်ဦး၏ ဥပမာဖြစ်သော ကဒါဖီ

(21 Oct 2011 ရက်စွဲပါ Foreign Policy In Focus မှ Russ Wellen ရေးသားသော Gaddafi just another tyrant who painted himself into a corner ကိုဘာသာပြန်ပါသည်။)

ကဒါဖီနှင့် ဆက်ဒမ်ပာူစိန် တို့ကဲ့သို့သော မတရား ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ခဲ့သော အာဏာရှင်တို့၏ ကံကြမ္မာကို မည်သူမျှ ကာကွယ် တားဆီး မပေးနိုင်ခဲ့ပေ။ Dictator Watch တွင် Poland Watson က မြန်မာနိုင်ငံ၏ စစ်အစိုးရ (ရွေးကောက်ပွဲဖြင့် အရပ်သားအစိုးရ အသွင်ပြောင်းခဲ့သူ) ကို ဥပမာပေး၍ ရှင်းလင်းထားသည်။

မြန်မာပြည်သာ လွတ်လွတ်လပ်လပ်ဖြစ်သွားခဲ့လျှင် ဗိုလ်ချုပ်များ ဘာတွေကြုံတွေ့ရမည်ဆိုသည်ကို စိတ်ကူး ကြည့်ကြပါ။ ပထမအချက်အားဖြင့် ၎င်းတို့ အသတ်ခံရကောင်း ခံရနိုင်သည်။ အသွင်ကူးပြောင်းရေး ကာလအတွင်း၌ပင် ရုတ်တရက်ပြောင်းလဲမှုများဖြစ်ပြီး ဗိုလ်ချုပ်များကို ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များကပင် အာဏာသိမ်းမှုမှတဆင့် တိုက်ခိုက်မှုများ ဖြစ်နိုင်သည်။ သို့မပာုတ် ပြည်သူများ၏ တိုက်ခိုက်မှုများကိုလည်း ခံရနိုင်သည်။ ဒုတိယအချက်အားဖြင့် ၎င်းတို့သည် အသတ်မခံရသည့်တိုင် ဖမ်းဆီးခြင်းကို ခံရနိုင်သည်။ ၎င်းတို့သည် စစ်ရာဇဝတ်မှုများ ကျုးလွန်မှုဖြင့် စွဲချက် တင်ခံရပြီး၊ ၎င်းတို့ အစိုးရဆန့်ကျင်သူများကို ဖမ်းဆီးနှိပ်စက်ခဲ့သည့် အင်းစိန်ထောင်တွင် အဆုံးသတ်နိုင်ဖွယ် ရှိသည်။ တတိယ အချက်အားဖြင့် ၎င်းတို့သည် ၎င်းတို့၏ မိသားစုများ၊ မိတ်ဆွေများအပါအဝင် စည်းစိမ်ချမ်းသာ၏ အစိတ်အပိုင်း အတော်များများ ဆုံးရှုံးရဖွယ်ရှိသည်။ ပိုင်ဆိုင်သမျှ အားလုံးကို စင်ကာပူရှိ ဘဏ်တွင် ဖွက်ထားနိုင်သည်မပာုတ်ပေ။ ၎င်းတို့ ပိုင်ဆိုင်သည်ပာု ယူဆရသော စီးပွားရေးလုပ်ငန်းများ ပြည်သူပိုင်သိမ်း ခံရနိုင်သည်။အတိုချုပ်ပြောရလျှင် ၎င်းတို့အားလုံး ဆုံးရှုံးသွားနိုင်သည်။

သို့မပာုတ် Foreign policy တွင် Daniel Drezner ရေးသားခဲ့သကဲ့သို့- ရိုးရိုးပြောရလျှင် ခေါင်းဆောင်များသည် အကယ်၍ ၎င်းတို့ အာဏာဆုံးရှုံးခဲ့ရလျှင် အသေဆိုးနှင့် သေရမည်ပာု ထင်မြင်လာလျှင် အာဏာတည်မြဲနေရေးအတွက် အင်အားသုံးရန် စိတ်ပြင်းထန်လာမည်ဖြစ်သည်။ သို့ဆိုလျှင် လစ်ဗျားကို ချီးကျူးရမည်ဖြစ်သည်။ သို့သော် လစ်ဗျား အဖြစ်အပျက်ကြောင့် အရှေ့အလယ်ပိုင်းရှိ Bashir Assad ကဲ့သို့သောသူများသည် အာဏာဆက်လက် တည်မြဲနေစေရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ကြတော့မည်ဖြစ်ပြီး၊ သို့ တည်မြဲစေရန် မည်သည့် နည်းကိုမဆို အသုံးပြုလိမ့်မည်ဖြစ်သည်။ နယ်စပ်ဖြတ်ကျော် ပဋိပက္ခများ ဖန်တီးခြင်း အပါအဝင်နည်းပေါင်းစုံ သုံးလိမ့် မည်ဖြစ်ပါသည် ပာု ဆိုရတော့မည်ဖြစ်သည်။

*************************************************************************************

တရုတ်နှင့် မြန်မာတို့ ပြောခဲ့သော ကတိစကားအတိုင်း လုပ်ဖို့လိုသည်ပာု ဝမ်ကျားပေါင်ပြောကြား

(Reuters မှ 21 Oct 2011 ရက်စွဲပါ “Wen Says China, Myanmar Should Stick to Their Word” သတင်းကို ဘာသာ ပြန်ဆိုသည်)

“တရုတ်နှင့် မြန်မာနိုင်ငံတို့သည် ၎င်းတို့ ပူးတွဲအကောင်အထည်ဖော်နေသော စီမံကိန်းများနှင့် ပတ်သက်သည့် ကတိများ၊ စကားများကို တည်အောင် ထိန်းသိမ်းကြရမည်” ပာု တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တောင်ဘက် အိမ်နီးခြင်း မြန်မာနိုင်ငံမှ ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးကို ပြောကြား ကာ မပြေလည်နိုင်သေးသော ရေလှောင်တမံ သဘောကွဲလွဲမှုများကို ရည်ညွှန်းလိုက်သည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရုတ်ကုမ္ပဏီများ ငွေကြေးမြှုပ်နှံ လာရောက်တည်ဆောက်နေသော ဒေါ်လာ ၃.၆ ဘီလျံတန် အငြင်းပွားဖွယ် ရေလှောင်တမံနှင့် ပတ်သက်ပြီး မြန်မာပြည်သူများက သီတင်းပတ်ပေါင်းများစွာ ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြကာ နောက်တွင် စက်တင်ဘာလကုန်၌ သမ္မတ ဦးသိန်းစိန်က အဆိုပါ စီမံကိန်းကို ရပ်ဆိုင်းထားခဲ့သည်။

အရေးကြီးသော တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ အကောင်အထည်ဖော်နေခြင်းသည် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက် ဖြစ်သည်ပာု ဝန်ကြီးချုပ် ဝမ်ကျားပေါင်က မြန်မာဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးကို ပြောကြားခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီ အာဘော် People’s Daily သတင်းစာက ဖော်ပြထားသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များ လက်မှတ်ထိုးခဲ့ကြသည့် စီမံကိန်းများနှင့် ပတ်သက်သည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် သူတို့၏ ကတိကဝတ်များကို ဖြည့်ဆည်းရန် နှစ်နိုင်ငံစလုံးက တည်တည်ကြည်ကြည် လုပ်ဆောင်ကြရမည်ဖြစ်ပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု သန်စွမ်း တိုးတက်အောင် သေချာလုပ်ဆောင်ကြရမည်ပာု ဝမ်ကျားပေါင် ကပြောကြားခဲ့သည်။

မြန်မာ ဒု-သမ္မတ ဦးတင်အောင်မြင့်ဦးသည် အခြားအာဆီယံခေါင်းဆောင်များနှင့်အတူ တရုတ်တောင်ပိုင်း နန်နင်း မြို့တော်တွင် ဖွင့်လှစ်မည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမတိုင်မှီ တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ဦးတင်အောင်မြင့်ဦးက မြစ်ဆုံအကြောင်းကို ပြောကြားခြင်းမရှိသော်လည်း မြန်မာတာဝန်ရှိသူများက “တရုတ်တို့ဖက်မှ ထိုကိစ္စကို အစဖော် လိမ့်မည်” ပာု အစောပိုင်းကပင် ပြောဆိုထားကြသည်။

မြန်မာ ဒုတိယသမ္မတက ၎င်း၏နှစ်နိုင်ငံသည်လည်း ပူးပေါင်းဆောင်ရွက်မှုရှိသော ဆက်ဆံရေးပုံစံကို တန်ဖိုးထားပါကြောင်း၊ ကိစ္စရပ်များ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို တက်တက်ကြွကြွ ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ပာု တရုတ်နေ့စဉ်ထုတ် သတင်းစာက ရေးသား ထားသည်။

မိမိတို့ နှစ်နိုင်ငံ ဆက်ဆံရေးသည် သမိုင်း၏ စမ်းသပ်မှုကို ယခင်ကလည်း ကြံ့ကြံ့ခံ ရပ်တည်ခဲ့ကြသည်ပာု မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး လီဂျမ်ပွာာက Ximhua သတင်းဌာနသို့ ပြောကြားခဲ့သည်။

အတိတ်မှာကော၊ နောင်အနာဂတ်မှာကော ဘာပြဿနာမှ မရှိပါဘူး၊ တရုတ်နိုင်ငံပာာ မြန်မာနိုင်ငံကို အမြဲတမ်း နားလည်ပေးပြီး သူတို့ရဲ့ ဖွံ့ဖြိုးမှုလမ်းကြောင်း လွတ်လပ်စွာရွေးချယ်တာကို အားပေးနေပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီလုပ်ငန်းစဉ် အပါအဝင်နိုင်ငံရဲ့ အချုပ်အချာအာဏာကို လုံခြုံအောင် ထိန်းသိမ်းစောင့် ရှောက်တာကိုလည်း ထောက်ခံအားပေးနေပါတယ် ပာု တရုတ်သံအမတ်ကြီးက စကားလုံးချိုချိုများ ပြောကြားပါသည်။

ယခင် စစ်တပ်အုပ်ချုပ်သူများ ၂၀၀၆ ခုနှစ်က သဘောတူထားခဲ့သော စီမံကိန်းများကို ရပ်ဆိုင်းလိုက်ခြင်းသည် (အနောက်နိုင်ငံများ ကြာမြင့်စွာ ပစ်ပယ်ထားမိသော) မြန်မာနိုင်ငံတွင် တရုတ်တို့ စီးပွားရေးအင်ပါယာ ချဲ့ထွင်နေမှုအပေါ် မမျှော်လင့်သော စိန်ခေါ်မှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း အများစုက သုံးသပ်ရှုမြင်ကြသည်။

ပြီးခဲ့သောနှစ်များအတွင်း မြန်မာခေါင်းဆောင်များသည် ၎င်းတို့နိုင်ငံ၏ စွမ်းအင်ရင်းမြစ်များကို အရောင်းမြှင့်ရန်နှင့် အနောက် Sanctions ပိတ်ဆို့မှုကို တန်ပြန်ပာန်ချက် ထိန်းရန်အတွက် တရုတ်တို့ထံမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ကြိုဆိုခဲ့ကြသည်။

ထိုကဲ့သို့ ရေနံနှင့် ဓာတ်ငွေ့အမြွှာပိုက်လိုင်း တည်ဆောက်ခြင်းအပါအဝင် တရုတ်နှင့် မြန်မာ စီးပွားရေး၊ နိုင်ငံရေး ဆက်ဆံမှုများ နီးကပ်လာချိန် တစ်ချိန်ထဲ၌ အပြန်အလှန်သံသယများလည်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့သည်။

မြန်မာပြည်မြောက်ပိုင်း မေခနှင့် မလိခမြစ်ဆုံတွင် တည်ဆောက်မည့် အငြင်းပွားဖွယ် ကြီးမားလွန်းသော ရေလှောင်တမံသည် စင်ကာပူနိုင်ငံ အရွယ်အစားခန့်ရှိသော ဧရိယာများ ရေနစ်မြှုပ်သွားစေမည် ဖြစ်သောကြောင့် ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့ကြသည်။

တရုတ်အာဏာပိုင်များကမူ ယင်းစီမံကိန်းသည် ပတ်ဝန်းကျင်ထိခိုက်မှု ကြီးကြီးမားမားမရှိပဲ မြန်မာနိုင်ငံ ဖွံ့ဖြိုး ရေးကို ကျေးဇူးပြုလိမ့်မည်ပာု ခုခံ ပြောဆိုခဲ့ကြသည်။

*************************************************************************************

                 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment