Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၃.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. မြန်မာမီဒီယာအတွက် ပြောင်းလဲလာသော ခံယူချက်များ

(11 Nov 2011 ရက်စွဲပါ Thailand outlook မှ Dan Waiter ရေးသားသော Perception shift M Myanmar media ကို ဘာသာပြန်ဆိုသည်)

 

  1. မြန်မာနိုင်ငံ အပေါ် သတိထားလျက်

(22 November 2011 ရက်စွဲပါ The Diplomat မှ Joshua Kurlantzick ရေးသားသော Being Cautious on Burma ကို ဘာသာပြန်ဆိုသည်)

****************************************************************

မြန်မာမီဒီယာအတွက် ပြောင်းလဲလာသော ခံယူချက်များ

(11 Nov 2011 ရက်စွဲပါ Thailand outlook မှ Dan Waiter ရေးသားသော Perception shift M Myanmar media ကို ဘာသာပြန်ဆိုသည်)

(ရေးသားသူ Dan Waiter သည် ချင်းမိုင်အခြေစိုက် အလွတ်သတင်းစာဆရာဖြစ်ပါသည်)

           လွန်ခဲ့သော လေးနှစ်က ဖြစ်သည်။ ပြည်ပရောက် မီဒီယာတစ်ခုဖြစ်သည့် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) မှ ဗီဒီယိုသတင်းထောက်တစ်ဦးသည် မြန်မာစစ်သားတစ်ဦးက ဂျပန်သတင်းထောက် Kenji Nagai အား မသတ်မီ မြေကြီးသို့ တွန်းလှဲနေသည်ကို ဗီဒီယိုရိုက်ယူနိုင်ခဲ့သည်။

                အဆိုပါ ဗီဒီယိုမှာ ရွှေဝါရောင်တော်လှန်ရေးကာလတွင် DVB မှရိုက်ကူးခဲ့သော ဗီဒီယိုများမှ တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း ထုတ်လွှင့်ပြသနိုင်ခဲ့သည်။

                ထိုသို့ ပြသခြင်းသည် မြန်မာစစ်အစိုးရ၏ သွေးထွက်သံယိုနှိပ်စက်မှုများနှင့် အစိုးရ လက်လှမ်းမမှီသောနေရာမှ အစိုးရကို စောင့်ကြည့်နိုင်သော လွတ်လပ်သော မီဒီယာတစ်ခုလိုအပ်ပုံကို ထိထိရောက်ရောက် ပြောပြနိုင်ခဲ့သည်။

                ယနေ့အချိန်တွင်တော့ လူသိများသော DVB၊ ဧရာဝတီနှင့် မဇ္ဈိမ မှ အစပြု၍ တိုင်းရင်းသားများအတွက် လုပ်ဆောင်ပေးနေသော အေဂျင်စီများ သည် ငွေကြေးထောက်ပံ့မှုဆိုင်ရာ အခက်အခဲများကို ပြင်းထန်စွာ ကြုံတွေ့နေရသည်။ DVB တွင် ဒေါ်လာသုံးသိန်း အလွဲသုံးစားပြုမှုသည် DVB ၏ သိက္ခာကို ကျဆင်းစေပြီး ယင်းကြောင့် ၎င်း၏ လျို့ဝှက်ဗီဒီယို သတင်းထောက်အများစု ထွက်ခွာသွားခဲ့ကြသည်။ ထို့ကြောင့် အဖွဲ့၏လုပ်ငန်းဆောင်ရွက်ရာတွင် အရေးပါ သူများ မရှိတော့ပေ။

                ထို့အပြင် မြန်မာနိုင်ငံတွင်း သတင်းလွတ်လပ်ခွင့်များ အံ့သြဖွယ် လျင်မြန်စွာတိုးတက်လာခြင်းကလည်း ပြည်ပရောက်မီဒီယာများ၏ အနာဂါတ်ကို မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် တော်လှန်ရေးတစ်ခုဖြစ်ခဲ့လျှင် ရုပ်မြင်သံကြားမှ ပြသဦးမည်လော။ ပြသဦးမည်ဆိုလျှင်လည်း မည်သူပြ မည်နည်း။

                သမ္မတ ဦးသိန်းစိန်သည် မတ်လ (၃၀)ရက်နေ့ ၎င်း၏ အဖွင့်မိန့်ခွန်းတွင်မီဒီယာများ၏ ကဏ္ဍကို စတုတ္ထမဏ္ဍိုင်အဖြစ် လေးစားရန်ပြောကြားခဲ့ရာ၊ ယခင်က ပြောခဲ့ဘူးခြင်းမရှိပေ။ စောင့်ကြည့်သူများက ယုံကြည်မှုမရှိ၍ မသိလိုက် မသိဖာသာနေခဲ့မိကြသည်။ ဗိုလ်ချုပ်ကြီးပောာင်းသစ် ကမ္ဘာပေါ်တွင် ကန့်သတ်မှု အများဆုံး၊ ဆင်ဆာအများဆုံးရှိသော မီဒီယာဝန်းကျင်ရှိသောနိုင်ငံတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

                ဦးသိန်းစိန်က ထိုသို့ပြောသော်လည်း ထိုအချိန်တွင် သတင်းထောက် (၂၅)ဦးခန့်မှာ အကျဉ်းထောင်ထဲတွင် ရှိနေဆဲဖြစ်သည်။ စစ်အစိုးရသည် ပြည်တွင်း အသံလွှင့်မီဒီယာများတွင် စစ်တပ်ဝါဒဖြန့်အစီအစဉ်များ ထုံမွှမ်းထားပြီး လုံးဝထိန်းချုပ်ထားသည်။ ဦးသိန်းစိန်၏ စကားလုံးများသည် လေသာ ဖြစ်သည်ပာု သက်သေပြရန် မဖြစနိုင်သေးပေ။ ပြောင်းလဲမှုများ ထွက်ပေါ်လာပြီး မြန်ဆန်သော ပြောင်းလဲမှုနှုန်းကို ဝေဖန်သုံးသပ်သူအများစုကပင် အံ့သြကြရသည်။ မြန်မာအစိုးရ၏ ရယ်စရာကောင်းသော သတင်းစာမီဒီယာများတွင် “မိုးလုံးပြည့် မုသာဝါဒများဖြင့် တိုင်းပြည်ကိုဖျက်ဆီးနေသည်” ပာူသော ဆောင်ပုဒ်များဖြင့် BBC ၊ VOAနှင့် RFA တို့ကို တိုက်ခိုက်နေမှုများအား ရပ်ဆိုင်းခဲ့သည်။DVB နှင့် ဧရာဝတီ ဝက်ဆိုဒ်များကို ယခင်ကပိတ်ထားခဲ့သော်လည်း ယခုအခါ ဖွင့်ပေးခဲ့သည်။ သို့သော် မြန်မာနိုင်ငံသားများ၏ ၁%ကသာ အင်တာနက်အသုံးပြုနိုင်ဆဲဖြစ်သည်။

                နေပြည်တော်တွင် လွှတ်တော်အစည်းအဝေးများ ဖော်ပြနိုင်ရန် နိုင်ငံခြားနှင့် ပြည်တွင်း သတင်းထောက်များကို ကန့်သတ်မှုများဖြင့် ခွင့်ပြုခဲ့သည်။ အစိုးရတာဝန်ရှိသူများလည်း ယခင်က မည်သူ့ကိုမျှ ဖြေကြားခွင့်မရှိသော်လည်း ပြီးခဲ့သည့်လများအတွင်း မီဒီယာများနှင့် ပိုမိုတွေ့ဆုံလာသည်။ အောက်တို ဘာလလယ်က အလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်းသည် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများကိစ္စနှင့် ပတ်သက်၍ DVB သတင်းထောက်နှင့် အင်တာဗျူးခဲ့သည်။ ယခုတစ်ကြိမ်သည် ဝန်ကြီးတစ်ဦးအနေဖြင့် အစိုးရကဆန့်ကျင်သော မီဒီယာတစ်ခုနှင့် တွေ့ဆုံခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

                အရေးအကြီးဆုံးတစ်ခုမှာ အစိုးရ၏ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ ပြောင်းလဲမှုများဖြစ်သည်။ ဇွန်လက အစိုးရသည် အားကစား၊ ဖျော်ဖြေ ရေး၊ နည်းပညာ၊ ကျန်းမာရေးနှင့် ကလေးစာပေများကို စာပေစိစစ်ရေးသို့ မတင်ပဲ ထုတ်ဝေခွင့်ပြုကြောင်း ကြေညာခဲ့သည်။

                စာပေစိစစ်ရေးသည် အပတ်စဉ် လစဉ် ထုတ်နေသော စာစောင်(၃၅၀) ခန့်အား တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခြင်းမရှိတော့ပဲ ယခင်က ဖြတ် တောက်ခဲ့သော ပြည်ပရောက်မီဒီယာအယ်ဒီတာများ၊ အတိုက်အခံများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် အင်တာဗျူးများကို ခွင့်ပြုခဲ့သည်။ ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ပုံများကိုလည်း ခွင့်ပြုခဲ့သည်။

                “ဆင်ဆာ လျှော့ပေးလာတာတွေပာာ အရေးပါလှပြီး၊ ဒီလောကထဲကလူတွေ ထင်ထားတာထက်ကို ပိုမြန်ဆန်နေပါတယ်” ပာု အမည်မဖော်လိုသူ ရန်ကုန် အခြေစိုက် အယ်ဒီတာတစ်ဦးက Asia Times Online ကို အီးမေးလ်ဖြင့် ပြောကြားခဲ့သည်။ “သတင်းထောက်တွေပာာ အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍကို ဝေဖန်ဖို့နဲ့ ပြည်သူတွေရဲ့ ဝေဖန်ချက်တွေကိုးကားဖော်ပြဖို့ ကဏ္ဍကျယ်ကျယ်ပြန့်ပြန့်ရလာပါပြီ။ နိုင်ငံရေးအကျဉ်းသားကိစ္စလို အရင်က ထိလို့မရတဲ့ ကိစ္စတွေ ဖော်ပြခွင့်ရလာပါတယ်။ အစိုးရအပေါ်လည်း ဘာလုပ်ပေးပါ။ ညာလုပ်ပေးပါ စသည်ဖြင့် တောင်းဆိုခွင့်ရလာတော့ ကျွန်တော်ကတော့ အပေါင်းလက္ခဏာ ဆောင်တယ်လို့ ထင်ပါတယ်” ပာု ၎င်းကပြောသည်။

                နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး အခြေအနေများမှာလည်း ပိုမိုမျှတလာသည်။ “မြန်မာပြည်သူတွေ ဘယ်လောက်ဆင်းရဲနေပြီဆိုတာ ပြောနိုင်လာပြီ။ အရင်က ဆင်းရဲလို့မရဘူး” ပာု DVB ၏ ချင်းမိုင်ဗျူရိုအကြီးအကဲ တိုးဇော်လတ်က ပြောသည်။

                ဝေဖန်သုံးသပ်သူတွေအများစုက ပြောင်းလဲမှုများကို ကြိုဆိုနေကြချိန်တွင် အချို့က ပြောဆိုရာတွင် တင်းကြပ်သော ဆင်ဆာအောက်တွင် ဆယ်စု နှစ်ပေါင်းများစွာ နေခဲ့ရသဖြင့် မြန်မာနိုင်ငံမှ သတင်းထောက်အများစုသည် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုမရှိခြင်း၊ သတင်းလွတ်လပ်ခွင့်ကို ကျင့်သုံးရာတွင် အကျွမ်းတဝင်မရှိခြင်းများ ရှိကြောင်း ညွှန်ပြကြသည်။ “အစိုးရကလည်းပြောခဲ့ပြီးပြီ။ ဆင်ဆာမရှိတော့ရင် သတင်းစာဆရာတွေပာာ ကိုယ်ရေးတာကို ကိုယ်တာဝန်ယူဖို့ လိုအပ်တယ်လို့ ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီ စာနယ်ဇင်းလောကထဲမှာ သင်ကြားပို့ချပေးတဲ့ သင်တန်းတွေမရှိပါဘူး” ပာု ၎င်းက ပြောပြ သည်။

                “တစ်ပါးသူကိုနှိမ်ခြင်း၊ မကောင်းရေးသားခြင်း၊ တခါတရံ သတင်းရင်းမြစ်ကို ဖော်ပြဖို့ကအစ စာနယ်ဇင်းသဘောတူညီချက်တွေကို လိုက်နာရမယ် ဆိုတာ သိတာနည်းပါတယ်” ပာု ၎င်းက ပြောသည်။

                အနှစ်နှစ်ဆယ် စာနယ်ဇင်းအတွေ့အကြုံရှိ ရန်ကုန်အခြေစိုက်လွတ်လပ်သော သတင်းစာဆရာ ခင်မောင်ညိုက ပြောကြားရာတွင် ယခင်က အယ်ဒီတာများသည် အငြင်းပွားဖွယ် ကိစ္စများကို ဆင်ဆာများကသာ တာဝန်ယူဖြတ်တောက်သည်ပာု လွယ်လွယ်နားလည်ထားကြသည်ပာု ဆိုသည်။ ယခု အချိန်တွင်မူ အယ်ဒီတာများကသာ ခက်ခဲသော ဆုံးဖြတ်ချက်များ ချရမည်ဖြစ်ပြီး ပုံနှိပ်မှုများအတွက် ၎င်း တို့တာဝန်ယူရသည်။ “အခုတော့ ဖိအားများတဲ့ အချိန်ပေါ့” ပာု ၎င်းကပြောသည်။ “အခုတော့ ကျွန်တော်တို့ သူဋ္ဌေးနဲ့ အစိုးရကြား ဆက်ဆံရေး၊ မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်ရေးအကြောင်း တွေ ပြောနိုင်လာပါပြီ။ အရင်တစ်နှစ်က ဒါမျိုးရေးလို့မရခဲ့ပါဘူး” ပာု ၎င်းကပင်ဆိုသည်။

                အခြားနယ်ပယ်များတွင် တိုးတက်နေသည့် နည်းတူ သတင်းစာဝန်းကျင်တွင်လည်း ပြောင်းလဲမှုများရှိနေရာ အချို့ စောင့်ကြည့်လေ့လာသူများက အမှန်တကယ်ပြောင်းလဲမှုများ ရှိနေပြီပာု သုံးသပ်ကြသည်။ သြဂုတ်လက ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ တွေ့ဆုံအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က သူမအား ထောက်ခံသူများကို ပြောင်းလဲမှုအတွက် အခွင့်အလမ်းများရှိကြောင်း ပြောဆိုခဲ့သည်ပာု သတင်းများ တွင် ဖော်ပြခဲ့သည်။

                နောက်တစ်လတွင် ဦးသိန်းစိန်သည် ပြည်သူလူထု၏ အမြင်အတိုင်း လိုက်လျော၍ ဒေါ်လာ ဘီလီယံချီ၍ တန်သော မြစ်ဆုံဆည်တည်ဆောက်ရေးကို ရပ်တန့်ခဲ့သည်။ ထိုအထဲတွင် သတင်းစာဆရာ(၃) ဦး အနည်းဆုံးပါဝင်ပါသည်။ နောက်ထပ် ထပ်မံလွှတ်ပေးမည်ပာုလည်း ယုံကြည်ရသည်။

ရောထွေးနေသော သတင်းစကားများ

              သုံးသပ်သူများ၊ သံတမန်များနှင့် နိုင်ငံတကာ NGO များ အများစုက သမ္မတသစ်၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များ၏ ဆွဲဆောင်မှုကို ခံကြရ သော်လည်း အချို့မှာ သံသယဖြင့် စောင့်ကြည့်နေဆဲဖြစ်သည်။ ၎င်းတို့က မြန်မာနိုင်ငံကို သံလက်သီးဖြင့် ရာစုနှစ် တစ်ဝက်ခန့် အုပ်ချုပ်ခဲ့သော စစ်တပ်တွင် အမြင့်ဆုံးရာထူးအထိ ရရှိသူတစ်ဦးက ရည်ရွယ်ချက်ကို မေးခွန်းထုတ်ခဲ့ကြသည်။

                အချို့ကလည်း အစိုးရတွင်း မဖြေရှင်းနိုင်သေးသော သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့ ပါဝင်သော ပြုပြင်ပြောင်းလဲရေးစိတ်ဓာတ်ရှိသော ဝန်ကြီးများနှင့် ဒုသမ္မတ ဦးတင်အောင်မြင့်ဦး ခေါင်းဆောင်သော ပိုမိုသဘောထား တင်းမာသူများကြား တိုက်ပွဲကို ညွှန်ပြ၍ သတိကြီးစွာထားရမည့် အကြောင်းများပာု ဆိုကြသည်။

                သဘောထားတင်းမာသော အုပ်စုတွင် မြန်မာနိုင်ငံ၏ မီဒီယာလောက တာဝန်ရှိပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းလည်းပါဝင်သည်။ သတင်းစာလွတ်လပ်ခွင့်သည် အကျိုးများမှုထက်စာလျှင် ပြဿနာများကိုသာ ယူဆောင်လာမည်ဖြစ်ကြောင်း မကြာသေးမီက ဦးကျော်ဆန်းက ပြည်သူ့ လွှတ်တော်တွင် ပြောကြားခဲ့သည်။ သတင်းစာလွတ်လပ်ခွင့်ပေးခဲ့ပါက မြန်မာနိုင်ငံတွင် ပရမ်းပတာ မတည်ငြိမ်မှု ဖြစ်နိုင်ကြောင်း အန္တရာယ်ကြီးသော ပုရွက်ဆိတ် ကျင်နီကောင် ကိုက်သည်နှင့် ဆက်စပ်ပြောကြားခဲ့သည်။

                တစ်ချိန်တည်းမှာပင် DVB သတင်းထောက် (၁၄) ဦးမှာ ထောင်ထဲတွင်ရှိနေဆဲဖြစ်ပြီး ဘုန်းတော်ကြီးများကို အင်တာဗျူးခြင်းကြောင့် ၂၀၀၉ ခုနှစ်က ထောင်ဒဏ်(၂၇) နှစ် ချမှတ်ခြင်းခံရသော လှလှဝင်းလည်းပါဝင်သည်။ စက်တင်ဘာလက ထောင်ဒဏ်ရှစ်နှစ်ချမှတ်ခြင်း ခံထားရသော အသက်(၂၁) နှစ်ရှိ စည်သူဇေယျမှာ ရေရေရာရာ မရှိသော၊ တစ်ခါတစ်ရံ ဖိနှိပ်မှုပြုသကဲ့သို့ရှိသော အီလက်ထရွန်းနစ်ဥပဒေဖြင့် ဆယ်နှစ် ထပ်မံ ချမှတ်ခံခဲ့ရသည်။ ဒါကြောင့် ကျွန်တော်တို့က မီဒီယာနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေ အပေါ်ယုံကြည်မှုမရှိပါဘူး” ပာု တိုးဇော်လတ်က ပြောသည်။

                မြန်မာနိုင်ငံတွင် ငြင်းခုန်စရာ အကြောင်းအရာများ ထွက်ပေါ်လာသော်လည်း ပြည်တွင်းရှိ မီဒီယာများတွင် ဆွေးနွေးခွင့်မပြုသည့် အကြောင်း အရာများ ရှိနေဆဲဖြစ်သည်။ အတိအကျဆိုရလျှင် နာဂစ်ဆိုက်ကလုံးအပြီး ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော အငြင်းပွားဖွယ် ၂၀၀၈ အခြေခံဥပဒေကို ဝေဖန်ခွင့် မပေးခဲ့ပေ။ အခြေခံဥပဒေတွင် ယခင် လူသတ်ကောင် စစ်အစိုးရ၏ အဖွဲ့ဝင်ပောာင်းများကို အရေးမယူနိုင်သော လွတ်ငြိမ်းချမ်းသာခွင့်ပေးထားပြီး အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိုလည်း သမ္မတအထက်တွင် အာဏာပေးထားသည်။

                လွန်ခဲ့သော နှစ်ပေါင်း(၆၀) ကတည်းက ရန်ပွဲများဖြစ်နေသော ဝေးလံသော အရပ်မှ တိုင်းရင်းသားများနှင့် ပဋိပက္ခများကို သတင်းစာများတွင် ဖော်ပြခွင့်ပြုခြင်း မရှိပေ။ ဇွန်လ (၉)ရက်နေ့က မြန်မာစစ်တပ်သည် (၁၇) နှစ်သက်တမ်းရှိ အပစ်အခတ်ရပ်စဲထားမှုကို ချိုးဖောက်၍ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) နှင့် တိုက်ပွဲများ ဆင်နွဲခဲ့ပါသည်။

                ပြည်ပမီဒီယာများဖြစ်သော ကချင်သတင်းအုပ်စုနှင့် ရှမ်းသံတော်ဆင့်သတင်းများကမြန်မာစစ်တပ်သည် ပဋိပက္ခများ စတင်ကတည်းက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ကြောက်မယ်ဖွယ်ကျူးလွန်ခဲ့ကြသည်ပာု ဆိုကြသည်။ မကြာမီက ကချင်သတင်းတွင် တရုတ်နယ်စပ် အနီး၌ အသက်(၂၈)နှစ်အရွယ် ကချင်အမျိုးသမီးတစ်ဦးအား ဖမ်းဆီးပြီး အုပ်စုလိုက် မတရားကျင့်သည်ပာု ဖော်ပြထားသည်။

                ထိုင်းနိုင်ငံရှိ လူ့အခွင့်အရေးအုပ်စုဖြစ်သော ကချင်အမျိုးသမီးအသင်း၏ အောက်တိုဘာလ အစီရင်ခံစာဖြစ်သော “Burma’s Cover-up war: Atrouties Against The Kachin People” တွင် အထက်ပါကဲ့သို့ ကျူးလွန်မှုများကို အထောက်အထားများနှင့် ဖော်ပြထားသည်။ မြန်မာစစ်တပ်သည် အမျိုးသမီးများအား အဓမ္မပြုကျင့်မှု အားစစ်ပွဲ၏ လက်နက်သဖွယ်အသုံးပြုနေဆဲ ဖြစ်သည်။

                အဆိုပါ ပဋိပက္ခများ အကြောင်းကို ပြည်တွင်းရှိမီဒီယာများတွင် ဖော်ပြခွင့်မရှိသေးပေ။ ကချင် သတင်းအုပ်စုမှ အယ်ဒီတာနော်ဒင်က ပြောကြားရာ တွင် ရန်ကုန်အခြေစိုက်သတင်းထောက်များအား ပဋိပက္ခ ဖြစ်နေသော ဒေသများသို့ မသွားရန် အာဏာပိုင်များက တားမြစ်ထားသည်ဟုဆိုသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် ရန်ကုန်နှင့် နေပြည်တော်တွင် ဖြစ်ပျက်နေသည်များကို အာရုံပြုပြီး၊ ကချင်ပြည်နယ်တွင် ဖြစ်ပျက် နေသည်များ မျက်နှာလွှဲ ထားအောင် အလှည့်စားခံနေရသည်ဟု ၎င်းက ငြင်းချက်ထုတ်သည်။

                “အစိုးရက တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရေးတွေလုပ်နေပါတယ်ဆိုပြီး အနောက်နိုင်ငံအစိုးရ တွေကို လှည့်စားနေပါတယ်။ အဲဒီအချိန်မှာ ကချင် ပြည်သူ တွေကို တိုက်ခိုက်နေပါတယ်”ဟု နော်ဒင်ကပြော သည်။

                Human Rights Watch မှ မြန်မာနိုင်ငံအပေါ် အကြီးတန်းသုတေသနပြုသူ David Mathieson က ပြောကြားရာတွင် မြန်မာစစ်တပ်သည် တိုင်းရင်းသားဒေသများတွင် အမျိုးသမီးများအား အဓမ္မပြုကျင့်သော ဖျော်ဖြေရေးယဉ်ကျေးမှုကို ပျော်မွေ့နေကြောင်းပြောပါသည်။ “ဒီကိစ္စတွေကို ပြည်တွင်းက မီဒီယာအများစုက လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း မဖော်ပြနိုင်သေးသရွေ့၊ ပြည်ပမီဒီယာတွေက နေရာတစ်ခုကနေ ပြောနေရဦးမှာပဲလို့ ကျွန်တော် ထင်တယ်”ဟု ၎င်းက ပြောခဲ့သည်။

                ပြည်ပမီဒီယာတစ်ခုဖြစ်သော ဧရာဝတီကို တည်ထောင်သူ အယ်ဒီတာအောင်ဇော်ကလည်း ထိုအမြင်မျိုးကို ဖော်ပြခဲ့ဖူးသည်။ “တစ်ခါတစ်ရံပြည်သူ တွေက ပြောကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ ပုံနှိပ်ဖြန့်ဝေလို့ရပြီဖြစ်လို့၊ ငါတို့သတင်းစာလွတ်လပ်ခွင့်ရပြီ လို့ပြောကြတယ်။ ဒါပေမယ့် ဒါဟာ ကလေးလေးလှမ်းတဲ့ ခြေလှမ်းသေးလေးလောက်ပဲရှိပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ အဓမ္မကျင့် ခံရမှုတွေ၊ ထောင်ထဲမှာရှိတဲ့ ထောင်သား တွေ အကြောင်း ရေးလို့ရလို့လား။ ဘယ်သူမှရေးလို့မရဘူး။ ဒါတွေကို ပြည်ပမီဒီယာတွေကပဲရေးနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

                စာပေစီစစ်ရေးသည် အစောပိုင်းက မြန်မာဘာသာဖြင့် ထုတ်ဝေသော ဂျာနယ်တစ်စောင်တွင် အောင်ဇော်နှင့် အင်တာဗျူးကို ခွင့်ပြုခဲ့သော်လည်း၊ Myanmar Times နှင့် အောင်ဇော်အင်တာဗျူးကို မကြာခင် ကခွင့်မပြုခဲ့ပေ။

                ပြည်ပရောက်မီဒီယာများသည် ပြည်တွင်းမီဒီယာများတွင် ဖော်ပြခွင့်မရနိုင်သည့် အမှန် တကယ်အရေးကြီးသော သတင်းများကို ဖော်ပြခဲ့ခြင်း အတွက် အသိအမှတ်ပြုမှုကို ရယူသင့်သည်။ ၂၀၁၀ ဇွန် လက DVB သည် မြန်မာနိုင်ငံ၏ လျို့ဝှက်သော နျူကလီးယားအစီအစဉ်များကို ဖွင့်ထုတ် လိုက်ခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းသို့ al-Jazeera မှ လွှင့်ထုတ်ခဲ့ပြီး သတင်းစာများ၏ ရှေ့စာမျက်နှာများကို နေရာယူခဲ့သည်။ သြဂုတ်လက မဇ္ဈိမ၏ သတင်းများတွင် ရေနံတွင်းတူးသူ Transocean နှင့် မြန်မာနိုင်ငံမှ မူးယစ်ရာဇာများ၏ ဆက်သွယ်မှုကို ရေးသားခဲ့ရာ New York Times သတင်းစာ မျက်နှာဖုံးတွင် နေရာယူခဲ့ပြီး၊ အမေရိကန်အစိုးရ ပင် ထိုကုမ္ပဏီကို စုံစမ်းစစ်ဆေးရေးပြုလုပ်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။

ဒုက္ခရောက်ရမှုများ

                မြန်မာနိုင်ငံအနေဖြင့် ပြည်ပရောက်နေသော မီဒီယာများလိုအပ်နေဆဲဟူသော သာဓကများရှိ နေသည့်တိုင်၊ အဆိုပါ မီဒီယာများသည် ငွေထောက်ပံ့ သူများ၏ ရန်ပုံငွေလျော့ချမှုများကြောင့် ငွေရေးကြေးရေး ပြဿနာများကို ပြင်းထန်စွာကြုံတွေ့ရလျက်ရှိပါသည်။ အဆိုပါမီဒီယာများကို အဓိကငွေထောက်ပံ့နေသူများ မှာ ဆွီဒင်၊ နော်ဝေနှင့် ဒိန်းမတ်အစိုးရများ၊ အမေရိကန်အခြေစိုက် National Endowment for Democracy နှင့် Open Societies Initiative တို့ဖြစ်ကြပါသည်။ တစိတ်တပိုင်းအားဖြင့် အထွေထွေဘတ်ဂျက်ဆိုင်ရာများက အနောက်နိုင်ငံအလှူရှင်များအား ဖိအားပေးခြင်း ကြောင့်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အချို့အလှူရှင်များ သည် ပြည်ပရောက်အုပ်စုများသို့ ပေးနေသောငွေများကို မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့များသို့ ပေးလာခြင်းကြောင့် ဖြစ်သည်။

                ပြီးခဲ့သည့်နှစ်က ဒိန်းမတ်အစိုးရ၏ ရန်ပုံငွေမပေးတော့ခြင်းကြောင့် လစဉ်ထုတ်သတင်းမဂ္ဂဇင်းအား မရပ်မဖြစ် ရပ်နားခဲ့ရပါသည်။ ဒိန်းမတ်သံရုံး သည် အရေးမကြီးသည့်ကိစ္စအတွက် ဧရာဝတီအပေါ် အစာ မကြေဖြစ်ခဲ့ပါသည်။ ဒိန်းမတ်သံတမန်တစ်ဦး၏ ပေါက်ကြားသွားသော အီးမေးလ်တွင် ဧရာဝတီမှ ဝန်ထမ်းတစ် ဦးက အဆက်မပြတ်စေရန်ကြိုးစားမှုတွင် စာချုပ်ပါကတိများကို ချိုးဖောက်သည်ဟု ဆိုထားသည်။

                “သူတို့ဟာ အလှူရှင်တွေအပေါ် လုံးလုံးမှီခိုတဲ့ အလွယ်လမ်းကိုပိုနှစ်သက်ပုံရပါတယ်”ဟု ဆိုထားသည်။ ဧရာဝတီမဂ္ဂဇင်းကလည်း အိပ်ဖွင့် ပေးစာဖြင့် ပါဝင်သောအကြောင်းအရာများနှင့် အချိန်ကိုက် ပေါက်ကြားအောင်ပြုလုပ်မှုများတွင် မမှန်ကန်သောကြောင်းအရာများပေါ်တွင် အခြေခံခြင်းနှင့် တမင် စိတ်အခန့် မသင့်အောင် ပြုလုပ်ခြင်းဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့သည်။

                ယခုနှစ်တွင်လည်း DVB ကို ရန်ပုံငွေဒေါ်လာတစ်သန်း ဖြတ်တောက်ခြင်းကြောင့် အစီအစဉ် အတော်တော်များများကို ဖျက်ပစ်ခဲ့ရသည်။ ထိုအချိန်မှစ၍ DVB အတွက် အခြေအနေများဆိုးရွားခဲ့ရသည်။ စက်တင်ဘာလတွင် မဲဆောက်အခြေစိုက် DVB ဝန်ထမ်းသုံးဦးသည် မြန်မာနိုင်ငံတွင်းရှိ သတင်းထောက်များ အားပေးရန် ရှိသော ဒေါ်လာသုံးသိန်း အလွဲသုံးစားပြုမှုပေါ်ပေါက်ခဲ့သည်။ ထိုစဉ်ကတည်းက DVB ၏ ဗီဒီယို သတင်းထောက် အတော်များများသည် DVB မှ ထွက်ခွာသွားကြပြီး Burma VJ ဟူသော အဖွဲ့သစ်ကို တည် ထောက်ခဲ့ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ သတင်းများကို ပြင်ပမီဒီယာများကို ပြန်လည်ရောင်းချရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

                DVB အမှုဆောင်ဒါရိုက်တာအေးချမ်းနိုင်နှင့် ၎င်း၏ဒုတိယလူ ခင်မောင်ဝင်းတို့မှာ စွပ်စွဲထား သော ရာဇဝတ်မှုတွင် ပါဝင်ခြင်းမရှိသော်လည်း၊ စုံစမ်း စစ်ဆေးသည့် ကာလတွင် နေရာမှ ဖယ်ပေးခဲ့ရသည်။ အဆိုပါအမှုသည် DVB ကို အဆိုးဆုံးအခြေအနေသို့ မရောက်စေခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် အလှူရှင် များသည် တိုင်းပြည်တွင်းရှိအဖွဲ့များကို မျက်နှာသာပေးသည့်အနေဖြင့် ရန်ပုံငွေဆက်ပေးနေခြင်းကြောင့်ဖြစ် သည်။

                အချို့စောင့်ကြည့်လေ့လာသူများအတွက် ပြည်ပရောက်မီဒီယာ၏ ပြဿနာများသည် လုံးလုံး ဖြစ်ထိုက်လှသည်တော့မဟုတ်ပေ။ ရန်ကုန်အခြေစိုက် လေ့လာ သုံးသပ်သူတစ်ဦးက ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဒီမိုကရေစီလှုပ်ရှားမှုများနှင့် အားကောင်းသော ဆက်ဆံရေး ရှိသော ပြည်ပရောက်မီဒီယာသည် မြန်မာနိုင်ငံတွင်း တိုးတက်လျက်ရှိသော ပြည်သူများ၏ တည်ရှိမှုကို အသိအမှတ်ပြု ရန် မလုပ်ဆောင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံတွင်းရှိပြည်သူအများစုက သူမ၏ ပြည်သူများဘဝတိုးတက်ရေးစွမ်း ဆောင်နိုင်မှုကို အယုံအကြည်လျော့ပါးလာကြောင်း ၎င်းကဆိုသည်။

                ပြည်တွင်းရှိမီဒီယာများ အကန့်အသက်များနှင့် ရှိနေခြင်းကြောင့် ပြည်ရောက်မီဒီယာမှာ မရှိမဖြစ်ကဏ္ဍမှ လုပ်ဆောင်နေရဆဲဖြစ်သော်လည်း ၎င်းတို့ သည် လွတ်လပ်သော သတင်းအဖွဲ့အစည်းဖြစ်ရ မည့်အစား မတူခြားနားသော အတွေးသစ်များပါသော ကြော်ငြာစာရွက်များအဖြစ်သာ လုပ်ဆောင်နေ သည်။ “သူတို့ရှိနေဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဒီထက်ပိုကောင်းတာကိုပဲလိုအပ်တာပါ”ဟု ၎င်းကပြောသည်။

                ပြည်ပရောက်အုပ်စုများအချိန်နှင့် အမျှခက်ခဲမှုများရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံတွင်း တိုး ပွားလာနေသော လူထုအခြေပြုလှုပ်ရှားမှုများသည် အလှူရှင်များ၏ အလှူငွေများဖြင့် တိုး၍အမြတ်ထွက်လျက် ရှိသည်။ ဖေဖော်ဝါရီလက မြန်မာ၊ ထိုင်းနှင့် ကမ္ဘောဒီးယားဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mikael Winther က Agence France – France – Press သို့ ပြောကြားရာတွင် ဒိန်းမတ်သည် မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒ ပြောင်းလဲမှုမရှိကြောင်း ပြောကြားခဲ့သည်။ “ဒါပေမယ့် အခုကျွန်တော်တို့ဟာ မြန်မာနိုင်ငံအတွင်းကို အရင်က ထက်ပိုမိုထိတွေ့ဆက်ဆံမှာပါ။ မြန်မာနိုင်ငံတွင်းက ခံစားနေရတဲ့ ပြည်သူတွေ အတွက် ဆင်းရဲမှုတွေကို ဦးစားပေးတဲ့ အထောက်အပံ့တွေ ပေးသွားမှာပါ” ဟု ၎င်းက ဆိုသည်။

ပြည်တွင်းတွင် တက်ကြွစွာလှုပ်ရှားနေသော လူထုအခြေပြု အဖွဲ့အစည်းတစ်ခုမှာ နေဝင်းမောင် လုပ်ဆောင်နေသော အကျိုးအမြတ်မယူသော Myanmar Egress ဖြစ်သည်။ ၎င်းသည် ယေးလ် တက္ကသိုလ်တွင် ပညာသင်ခဲ့ပြီး၊ သတင်းစာဆရာဟောင်းတစ်ဦးဖြစ်သည်။ ၎င်းသည် တိုင်းပြည်စီးပွားရေး တိုး တက်ရေးအတွက် အစိုးရနှင့် ဆက်ဆံရေး ပြုလုပ်ရန် ထောက်ခံခဲ့သူဖြစ်သည်။

၎င်း၏ တတိယအင်အားစုသည် မြန်မာဗိုလ်ချုပ်များနှင့်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီလှုပ်ရှားမှုများနှင့်လည်းကောင်း မတူ ခြားနားသော လိုင်းတစ်ခုဖြစ်ပြီး၊ သံတမန်အများစုနှင့် ပြည်တွင်းရှိ နိုင်ငံတကာ လူသားချင်းစာနာသော အုပ်စုများ၏ ထောက်ခံမှုကို ရရှိသည်။ Egress ၏ လှုပ်ရှားမှုများတွင် လူထုအသိုင်းအဝိုင်းကြား လှုပ်ရှားမှုများနှင့် သတင်းစာပညာများအတွက် သုတေသနနှင့် လေ့ကျင့်ရေးအစီအစဉ်များ ပါဝင်သည်။ နေဝင်းမောင်အပေါ် ပြည်ပရောက်မီဒီယာမှ သတင်းစာဆရာများက နှစ်သက်မှုမရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ အစိုးရနှင့် ရင်းနှီးသော ဆက်ဆံရေး နှင့် စစ်တပ်မိသားစုမှ ဆင်းသက်လာသော ရာဇဝင်တို့ကြောင့်ဖြစ်သည်။

တချို့စောင့်ကြည့်လေ့လာသူများက တိုင်းပြည်၏ အနာဂတ်မသေချာသေးချိန်တွင် အလှူရှင်များက ပြည်ပရောက်မီဒီယာများကို ပစ်ပယ်လာမှုကို သတိထား၍ သဘောတူညီမှုမရှိကြပေ။ “လွန်ခဲ့တဲ့ လေးနှစ် ၂၀၀၇ အရေးအခင်းကို DVB က ဖော်ပြနိုင်ခဲ့တော့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပေါ်ပြူလာ ဖြစ်ခဲ့တာပေါ့”ဟု Mathieson က ပြောသည်။ “အခုမြန်မာနိုင်ငံမှာ လမ်းဖွင့်ပေးလာပြီး၊ ပြောင်းလဲမှုအတွက် လက္ခဏာတွေ ရှိလာတော့ လူတွေက Egress ကိုပဲ စဉ်းစားလာကြတယ်။ ဒါပေမယ့် ခင်ဗျားတို့ရဲ့ ငွေတွေကို တစ်နေရာတည်း စီးဆင်းသွားဖို့တော့ မလိုအပ်ပါဘူး။ ခြင်းတစ်လုံးတည်းကိုပဲ ကြက်ဥတွေ ထည့်နေတာနဲ့ပတ်သက်လို့စကား အခြေအတင်ပြောဖို့ လိုလာပါပြီ” ဟု၎င်းက ပြောသည်။

အကယ်၍သာ မြန်မာနိုင်ငံသည် လက်ရှိလမ်းကြောင်းအတိုင်း ဆက်သွားနေမည်ဆိုပါက ပြည်တွင်း အဖွဲ့အစည်းများနှင့် ပြည်ပအဖွဲ့အစည်း များကြား အလှူငွေများနှင့် ပတ်သက်၍ ပြိုင်ဆိုင်မှုများပိုမို တိုးပွားလာမည်ဖြစ်သည်။ “အနာဂတ်ကို မြင်နိုင်သမျှကြည့်ရင် ပြည်ပရောက်မီဒီယာတွေဟာ ကဏ္ဍတစ်ခုမှာ ဆက်ရှိနေဦးမှာပါ။ ဒါပေမယ့် အချိန်နဲ့အမျှ ကိုယ့်ကိုယ်ကို အံဝင်နေအောင်လုပ်နေဖို့ကတော့ သူတို့အပေါ်မှာပဲ တည်ပါတယ်”ဟု ရန်ကုန် အခြေစိုက် အယ်ဒီတာကပြောသည်။ “ကျွန်တော်ထင်တယ် ပြည်တွင်းမှာလဲ ရွေးစရာ လမ်းကြောင်းတွေရှိနေတော့ အလှူရှင်တွေအနေနဲ့ ဒီအဖွဲ့အစည်း တွေကို ငွေကြေးဆက်ထောက်ပံ့နေဖို့ဆို ရင် သူတို့ ပိုမိုအဆင့်မြင့်တဲ့ တောင်းဆိုမှုတွေလုပ်လာပါလိမ့်မယ်”ဟု ၎င်းကပြောသည်။

မြန်မာသတင်းစာဆရာများအား လေ့ကျင့်သင်ကြားရေးတွင် အကူအညီပေးနေသော နိုင်ငံတကာ မီဒီယာ ဖွံ့ဖြိုးရေးအဖွဲ့တစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောကြားရာတွင် အချို့ပြည်ပရောက် မီဒီယာအဖွဲ့အစည်းများတွင် ထောက်ပံ့ငွေပေါ်တွင် မှီခိုသည့် စိတ်နှင့် မိမိကိုယ်ကိုကျေနပ်နေသည့် စိတ်များ လွှမ်းမိုးနေသည်ဟု ဆိုသည်။ အများစုမှာ လုပ်နိုင်သည်ထက်ပို၍ လုပ်ကြကြောင်း၊ ပုဂ္ဂိုလ်ရေးနာမည်ရရေးကြိုးစားမှုများကြောင့် အရည်အသွေးမှာ ထင်သ လောက် မရှိဖြစ်ခဲ့ရကြောင်း၊ အဖွဲ့အစည်းက ရှင်းပြသည်။

ဆက်လက်ရှင်သန်ရေးအတွက်ဆိုလျှင် အဆိုပါ မီဒီယာအေဂျင်စီများသည် မိမိတို့ဘာတွေ အကောင်းဆုံး လုပ်နိုင်မည်ဆိုသည်ကိုသာ အာရုံပြုရန် လိုအပ်သည်ဟု အဖွဲ့အစည်း၏ စီမံကိန်းဒါရိုက်တာက ငြင်းချက်ထုတ်သည်။ “သူတို့ကိုယ်သူတို့ ပြန်ကြည့်ဖို့ လိုပါတယ်။ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ငါတို့ ဘယ်လိုနေရာနဲ့ သင့်တော်မလဲလို့ ပြောရမှာပါ။ အရင်က ရည်မှန်းချက်တွေလည်း စွန့်ဖို့လိုအပ်ရင် စွန့်ရမှာ ပါ”ဟု ၎င်းက ပြောသည်။

ပြည်ပရောက်မီဒီယာများအတွက် ရေရှည်မှန်းချက်မှာ လွတ်လပ်သော မြန်မာနိုင်ငံသို့ပြန်ရန် ဖြစ်သည်။ ပြည်ပရောက် သတင်းစာဆရာများ အနေဖြင့် အိမ်ပြန်ရန် လုံခြုံမှုရှိပြီဟု ခံစားမှုမရရှိနိုင်မီ အချိန်ကလေးတစ်ခုတော့ ဖြတ်သန်းရဦးမည်ဖြစ်သည်။ “သင့်တော်တဲ့ အချိန်အခါတော့ ရောက်လာ မှာပါ။ ဒါပေမယ့် ကျွန်တော်တို့ သိက္ခာရှိရှိနဲ့ အိမ်ပြန်ချင်ပါတယ်”ဟု အောင်ဇော်ကပြောသည်။ “ကျွန်တော်တို့ဘယ်သူ့ကိုမှ ခယမနေချင်ပါဘူး။ မြန်မာပြည် ပြန်ကာ ထောင်ထဲဝင်သလို ခေါင်းငုံ့ပြီး ဝင်မသွားချင်ပါဘူး။ ကျွန်တော်အဲဒီပုံနဲ့ မပြန်ချင်ပါဘူး။ ဘယ်သူမှလဲ အဲဒီလိုမပြန်ချင်ပါဘူး။ ကျွန်တော်နှစ်ပေါင်း ၂၀ နေခဲ့တာတွေဟာ ထောင်နှစ်တစ်ရာလောက်ကျသွားနိုင်ပါတယ်။ တရား မဝင်ဘူးလေ။ အခုဒီမှာလုပ်နေတာတွေ မြန်မာနိုင်ငံမှာလုပ်လို့ရရင် ကျွန်တော် ပြန်မယ်”ဟု ၎င်းကပြောသည်။

                       *****************************************************************************

မြန်မာနိုင်ငံ အပေါ် သတိထားလျက်

(22 November 2011 ရက်စွဲပါ The Diplomat မှ Joshua Kurlantzick ရေးသားသော Being Cautious on Burma ကို ဘာသာပြန်ဆိုသည်)

(Joshua Kurlantzick သည် Council on Foreign Relation မှ အရှေ့တောင် အာရှဆိုင်ရာ ဖဲလိုး ဖြစ်သည်။)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်သည် ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံသို့သွားရောက်မည်ဟူသော ကြေညာချက်နှင့်အတူ နှစ်ပေါင်း ၅၀ ကျော် အတွင်း ဤကဲ့သို့ အဆင့်မြင့် အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦး၏ ပထမဦးဆုံးခရီးစဉ် ဖြစ်ခြင်းကြောင့် အမေရိကန်-မြန်မာ ဆက်ဆံရေးသည် လျင်မြန်စွာပြောင်းလဲဖြစ်ပေါ်နေခြင်းကို အချိန်နှင့် အမျှလိုက်၍ပင် မမှီနိုင်အောင်ရှိရသည်။ တစ်ခါတရံ ကျုနိုပ်သည် မြန်မာနိုင်ငံအကြောင်း ယခုလိုရေးရ လိမ့်မည်ဟု စိတ်ပင်မကူးမိခဲ့ပေ။ ကလင်တန်၏ ခရီးစဉ်မှာ နီးကပ်နေပြီဖြစ်ခြင်းကြောင့် ယခုမှစ၍မည်သို့ ခရီးဆက်ကြမည်ဆိုသည်ကို စစ်ဆေးကြည့်ရှု ရန်မှာ မလုပ်မဖြစ် အရေးပါလှသည်။ သမ္မတသစ်ဦးသိန်းစိန်၏ အစိုးရသည် အနှစ်နှစ်ဆယ်အတွင်း အခြားအစိုးရများထက်စာလျှင် လမ်းဖွင့်ပေးရန် လုပ်ပေး ခဲ့သည်။ သို့သော် အဆိုပါ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်တိုးတက်မှုရှိမရှိ အစိုးရကို အောက်ပါ အဓိကပေတံများဖြင့် စောင့်ကြည့်သင့်လှပေသည်။

(၁) ဦးသိန်းစိန်သည် ဝါရင့်နေသော စစ်တပ်၊လွှတ်တော် နှင့် အဓိကဝန်ကြီးဌာနများကဲ့သို့သော အရေးကြီးသည့် အာဏာ၏ဗဟိုချက်များ၏ ကျောထောက် နောက်ခံပြုမှုကို ဆက်လက်ရရှိသလော။ ယခုအထိတော့ ၎င်းသည် ထောက်ခံမှုရရှိနေပုံပေါ်သည်။ စစ်တပ်မှတပ်မှူးများက သမ္မတကို ထောက်ခံ မည်ဟု ဆိုခဲ့ကြသော်လည်း၊ ၎င်းတို့၏ သစ္စာရှိမှုမှာ မသေချာလှသေးပေ။ ထိပ်တန်းဗိုလ်ချုပ်တော်တော်များများသည် ၎င်းတို့ အဆိုပါရာထူးရောက်ရှိလာခြင်း အတွက် ယခင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပေါ်တွင် ကျေးဇူးများရှိနေဆဲဖြစ်သည်။ သို့သော် အချို့စစ်တပ်မှထိပ်တန်းပုဂ္ဂိုလ်အချို့က အကယ်၍ ၎င်းတို့သည် ပြုပြင် ပြောင်းလဲမှုများကို ဆက်လက်ထောက်ခံပါက 2015 ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် သမ္မတ သို့မဟုတ် ထိပ်တန်းနေရာများ ရနိုင်သည်ဟူသော အမြင် ရှိနေကြသည်။

သို့သော် အချို့အရာရှိကြီးများက ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ဖြစ်ပေါ်နေပါက စစ်တပ်က ယခင်ပြုလုပ်ခဲ့သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ပေးခံရမှုများ ဖြစ်လာနိုင်သည်ဟု စိုးရွံ့နေမှုများရှိသည်ဟု သတင်းများကဆိုသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံခြားမှ အဓိက ပါဝင်ပတ်သက်မှုများသည် ဦးသိန်းစိန်၏ အာဏာအခြေခိုင် တည်ငြိမ်ရေးကို အနီးကပ်ထိတွေ့လုပ်ဆောင်ပေးရန်လိုအပ်လှပေသည်။ 2000 ခုနှစ် အစောပိုင်း ကာလများက အမေရိကန်နှင့် အခြားနိုင်ငံများမှ ပုဂ္ဂိုလ်များသည် အလားအလာရှိသော ပြုပြင်ပြောင်းလဲရေးသမား ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ရာထူးမှ အနားပေးခဲ့ရာ ကြီးစွာအံ့သြခဲ့ကြရသည်။ ပြန်စဉ်းစားကြည့်လျှင် ခင်ညွန့်သည် ၎င်း၏အောင်မြင်မှုအတွက် တကယ်တမ်းအာဏာကို အခြေခိုင် အောင် တည်ဆောက်နိုင်ခဲ့ခြင်း မရှိသေးပေ။

(၂) နေ့စဉ်အုပ်ချုပ်ရေးစနစ်တွင် ပြုပြင်ပြောင်းလဲရေးများကို မည်သို့ကောင်းစွာ အကောင်အထည်ဖော်မည်နည်း။ မြန်မာနိုင်ငံတွင် အလွန်တစ်ရာ ညံ့ဖျင်းသော ယန္တရားရှိသည်ဖြစ်ရာ စီးပွားရေးပုဂ္ဂလိကပိုင်ဖြစ်ရေး၊ ပိတ်ဆို့ထားမှုများ ဖြေလျှော့ရေး၊ စစ်တပ်မှစစ်တပ် ပီသအောင်ပိုမိုပြုလုပ်ရေးစသည့် မူဝါဒသစ်များ အကောင်အထည်ဖော်ရာတွင် ကျရှုံးမှုများရှိမည်ကို မျှော်လင့်ထားရမည် ဖြစ်သည်။ အတိတ်ကလည်း ခေါင်းဆောင်ဟောင်းများ ချမှတ်ခဲ့သော အချို့လေးစားလောက်သည့် ရည်မှန်းချက်များကို အောက်ခြေတွင် အကောင်အထည်ဖော်လိုစိတ်မရှိခြင်းများကြောင့် လုံးလုံးမှေးမှိန်ပျောက်ကွယ်မှုများ ရှိခဲ့ဖူးသည်။ ဦးသိန်းစိန်သည် မြန်မာနိုင်ငံကို ဈေးကြီးကြီးပေးဝယ်ရလေမလား။ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးများ မအောင်မြင်၍ နောက်ကြောင်း ပြန်လှည့်သည် အချိန်တွင် ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ခဲ့သူများ ပြစ်ဒဏ်ချခံရမည်ကို ကြောက်ရွံ့သည့် အစိုးရတာဝန်ရှိသူများ နှင့် ဗျူရို ကရက် များ မည်မျှရှိလေမည်နည်း။

(၃) ဒေါ်အောင်ဆန်းစုကြည်မှ လွဲ၍ အခြားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ သာမန်အဖွဲ့ဝင်များသည် ရန်ကုန် ၊ မန္တလေး မဟုတ်ပဲ တိုင်းပြည်၏အခြား ဒေသများတွင် မည်မျှအထိလွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရမည်နည်း။ Obama  အစိုးရသည်လည်းပြီးခဲ့သည့် အမေရိကန်အစိုးရနည်းတူ ၎င်း၏မူဝါဒ အတော်များများကို ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားထင်ဟပ်မှုပေါ် မူတည်ချမှတ်ခဲ့ရာ၊ သမ္မတ Obama သည် ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံ အကြောင်း ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဆက်ဆံရေးပိုမိုပြုလုပ်ရေးကို မရှိမဖြစ်ထောက်ခံသည်ဟု ပြောကြားခဲ့ကြောင်းကို ထည့်သွင်း ပြောကြားခဲ့သည်။ သေချာအောင်ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်က Nelson Mandela ကဲ့သို့ပင် အရေးပါသော ဇာတ်ကောင်ဖြစ်သည်။ NLD နှင့် အခြားအတိုက်အခံပါတီများ လှုပ်ရှားနိုင်ခွင့် ရှိမရှိ အမှန်တရားကို အကဲဖြတ်ရန် ပိုမိုကျယ်ပြန်သော မှန်ဘီလူးလိုအပ်မည် ဖြစ်သည်။ အမှန်တရားကို ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ၏ ပြင်းထန်သော နှိပ်ကွပ်ခံရမှုမှ ကင်းလွတ်ခွင့် ရခဲ့သည်သာဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် အခြား နိုင်ငံခြားမှ အဓိက ပါဝင်ပတ်သက်သူများသည် မြန်မာနိုင်ငံတွင် သေးငယ်သော မြို့ငယ်များအထိ သွားရောက်၍ အတိုက်အခံပါတီများ ပါတီရုံး ဖွင့်ခြင်း၊ ဆိုင်းဘုတ်ထောင်ခြင်း နှင့် မိန့်ခွန်းပြောခြင်းများကို မည်မျှထိ ထိထိရောက်ရောက် လွတ်လွတ်လပ်လပ် ဆောင်ရွတ်နိုင်သည်ကို အနီးကပ် လေ့လာသင့်ပေသည်။

(၄) အမေရိကန်၊ ဥရောပ၊ ဩစတြေးလျ၊ ကုလသမဂ္ဂ နှင့် ဂျပန် တို့မှအစပြု၍ ထိတွေ့ဆက်ဆံလာခြင်းအပေါ် မြန်မာအစိုးရက မည်သို့တုန့်ပြန်မည်နည်း။ အခြား ဒီမိုကရေစီများက အကူအညီများ ပိုမိုဖွင့်ပေးသွားရန်ရှိနေချိန်တွင် အမေရိကန်က သံတမန်ဆက်ဆံရေး တိုးမြှင့်ခြင်း၊ မြန်မာအစိုးရနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံခြင်းများ ပြုလုပ်လာသည်။ ယခင် မြန်မာအစိုးရများလက်ထက်က ပြင်ပကမ္ဘာနှင့် ဆက်ဆံရေးကို တရုတ် (ထိုင်းနိုင်ငံနှင့်) နှင့် ဆက်ဆံရေး၊ အတိုးအလျော့ ပြုလုပ်နိုင်ရေး အတွက်သာ စိတ်ဝင်စားခဲ့ရာ၊ ဆက်ဆံရေးမှာ အနောက်နိုင်ငံနှင့် ပြေလည်မလိုရှိလိုက် အေးခဲသွားလိုက်နှင့် ရှိခဲ့သည်။

(၅) တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခကို ဖြေရှင်းရန် အစိုးရက မည်မျှအထိ လေးနက်သနည်း။ မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် များနှင့် ဆွေးနွေးမှုအသစ်များ ပြုလုပ်ရန်တွန်းအားပေးလျက်ရှိရာ၊ အထောက်အကူပြုနိုင်မည့် ငြိမ်းချမ်းရေးကော်မတီများ ဖွဲ့စည်းခဲ့သည်။ သို့သော် တချိန်တည်းမှာပင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကဲ့သို့သော အုပ်စုများကို ချဉ်းကပ်ရာတွင် ခက်ခဲလျက်ရှိသည်။ တိုင်းပြည်တွင် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် တက်ကြွနေသည်ဟု ထင်ရချိန်တွင် မြောက်ဖက်နှင့်အရှေ့မြောက်ရှိ တိုင်းရင်းသားဒေသများတွင် လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ် ကထက်စာလျှင် ပို၍တည်ငြိမ်ဖြစ်လာသည်ကို တွေ့ရသည်။ အဆိုပါ ပဋိပက္ခများအတွက် အဖြေကို မရှာနိုင်မချင်း၊ မြန်မာနိုင်ငံတွင် စစ်မှန်သော စနစ်တကျ ပြောင်းလဲမှုများ ဖြစ်လာနိုင်မည် မဟုတ်ပေ။

***************************************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment