Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မျှော်လင့်ချက်များရှိနေသော ဟီလာရီကလင်တန်၏ မြန်မာပြည်ခရီးစတင်

(30 Nov 2011 ရက်စွဲပါ BBC News မှ ‘Hopeful’ Hillary Cliton starts Burma visit ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုအပေါ် ပုံအောယုံကြည်စွန့်စားရန် ဒေါ်အောင်ဆန်းစုကြည် အဆင်သင့်ရှိ

(Reuters သတင်းမှ 30 Nov 2011 ရက်စွဲပါ “Myanmar’s Suu Kyi ready to gamble on Political reform” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

 

  1. ICG ၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သော အစီရင်ခံစာသစ်

(30 Nov 2011 ရက်စွဲပါ Myanmar : A New Peace Initiative ကို ဘာသာ ပြန်ဆိုသည်)

              ***********************************************

မျှော်လင့်ချက်များရှိနေသော ဟီလာရီကလင်တန်၏ မြန်မာပြည်ခရီးစတင်

(30 Nov 2011 ရက်စွဲပါ BBC News မှ ‘Hopeful’ Hillary Cliton starts Burma visit ကို ဘာသာပြန်ဆိုသည်)

              အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာရာ နှစ်ပေါင်းငါးဆယ် အတွင်း ထိုသို့ အကြီးတန်း အမေရိကန် သံတမန်တစ်ဦးအနေဖြင့် ပထမဆုံးခရီးစဉ်ဖြစ်သည်။ Mrs. Cliton က ပြောကြားရာတွင် အစိုးရလုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲမှုများသည် ပြောင်းလဲမှုများ ပို၍ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေနိုင်သောကြောင့် သူမအနေဖြင့် မျှော်လင့်ချက် ရှိကြောင်းဆိုခဲ့သည်။

                သူမသည် နှစ်ရက်တာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ သမ္မတဦးသိန်းစိန်နှင့် လည်းကောင်း တွေ့ဆုံမည်ဖြစ်သည်။ သူမ အရှေ့မှ မည်သည့် အမေရိကန်နိုင်ငံရေးပုဂ္ဂိုလ်မျှ စစ်တပ်မှ အာဏာသိမ်းသော ၁၉၆၂ ကတည်းက မြန်မာ နိုင်ငံသို့ သွားရောက်ခဲ့ခြင်းမရှိပေ။ ထိုစဉ် ကတည်းက မြန်မာနိုင်ငံသည် ခန့်မှန်း၍မရနိုင်သော စစ်အာဏာရှင်လက်အောက်သို့ ရောက်ရှိခဲ့ရာ ကျယ်ကျယ်ပြန့်ပြန့် ပစ်ပယ်ထားခဲ့သည်။

                စစ်တပ်သည် ပြီးခဲ့သည့်နှစ်က ရွေးကောက်ပွဲများပြုလုပ်ခဲ့ပြီး အာဏာကို စစ်တပ်နောက်ခံပြု အရပ်သားအစိုးရသို့ လွှဲပေးခဲ့သည်။ သို့သော် ဦးသိန်းစိန်၏ အစိုးရသစ်သည် ပြုပြင်ပြောင်းလဲရေးဆိုင်ရာခြေလှမ်း အချို့ကိုလှမ်းခဲ့သည်။

တိုးတက်မှု၏ အရိပ်အယောင်

                Mrs. Cliton သည် ဗုဒ္ဓဟူးနေ့ နေ့လယ်တွင် မြန်မာနိုင်ငံမြို့တော် နေပြည်တော်သို့ ရောက်ရှိခဲ့သည်။ သူမသည် ကြာသပတေးနေ့တွင် ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ရန်ကုန်မြို့သို့ သွားရောက်မည်ဖြစ်သည်။ အစောပိုင်းက သူမသည် တောင်ကိုးရီး ယားတွင် သတင်းထောက်များအား ပြောကြားခဲ့ရာတွင် အစိုးရသည် ပြောင်းလဲမှုများ ပြုလုပ်ရန် မည်သို့ကတိကဝတ်များရှိသည်ကို သူမကိုယ်တိုင်ကိုယ်ကျ တွေ့လို သည်ဟု ဆိုခဲ့သည်။ “ကျွန်မတို့ရော အခြားတိုင်းပြည်တွေကပါ ဒီတိုးတက်မှုအရိပ်အယောင်တွေအပေါ်မှာ မျှော်လင့်ချက် တော်တော် ရှိခဲ့ပါတယ်။ ပြည်သူတွေရဲ့ အကျိုးဖြစ်စေမယ့် ပြောင်းလဲမှုအရွေ့တွေ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်” ဟု သူမက ပြောသည်။

                အစိုးရသည် ရွေးကောက်ပွဲဥပဒေများကို ပြင်ဆင်ခြင်း၊ ဆန္ဒပြမှုပိတ်ပင်ထားခြင်းများကို ပြင်ဆင်ခြင်းများ ပြုခဲ့သည်။ ထို့အပြင် နိုင်ငံရေးအကျဉ်း သား အချို့ကိုလည်း လွှတ်ပေးခဲ့သည်။ အဆိုပါ ပြောင်းလဲမှုများအတွက် အာဆီယံ အဖွဲ့ကြီးက ဆုလဒ်ချီးမြှင့်ခဲ့ပြီးဖြစ်ရာ မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ်တွင် အဖွဲ့ကြီး၏ ဥက္ကဋ္ဌအဖြစ် ခွင့်ပြုရန် သဘောတူခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံ တင်ခဲ့သည်။ NLD သည် နိုင်ငံရေးစနစ်၏ အပြင်ဖက်တွင် နှစ်ပေါင်းနှစ်ဆယ်ခန့် ရပ်တည်ခဲ့ရပြီး၊ ဒေါ်အောင်ဆန်းစုကြည် သည်လည်း နှစ်ပေါင်း အတော်ကြာ နေအိမ်အကျယ်ချုပ်နှင့် နေထိုင်ခဲ့ရသည်။ NLD က ပြီးခဲ့သည့်နှစ်က ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ခေါင်းဆောင်များ ရွေးကောက်ပွဲ မဝင်နိုင်အောင် တားဆီးထားခဲ့ခြင်းကြောင့်ဟုဆိုသည်။

                ယခုအခါ ထိုဥပဒေများ ပြောင်းလဲသွားခဲ့ပြီး ပါတီကလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ပြောခဲ့သည်။ သို့သော် ဝေဖန်သူများ က ပြောကြားရာတွင် နိုင်ငံရေးအကျဉ်းသားများစွာ ထိန်းသိမ်းထားဆဲဖြစ်ပြီး၊ အစိုးရ တပ်များနှင့် တိုင်းရင်းသားသူပုန်များအကြားတွင် ပြင်းထန်သော တိုက်ပွဲ များ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သည်ဟု ဆိုကြသည်။

                            **********************************************************************

မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုအပေါ် ပုံအောယုံကြည်စွန့်စားရန် ဒေါ်အောင်ဆန်းစုကြည် အဆင်သင့်ရှိ

(Reuters သတင်းမှ 30 Nov 2011 ရက်စွဲပါ “Myanmar’s Suu Kyi ready to gamble on Political reform” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

              မြန်မာဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် လက်ရှိအစိုးရ၏ ဥခွံပေါက်စ ပြုပြင်ပြောင်းလဲမှုများကို အမှန် တကယ်ပာု ပုံအောယုံကြည်ရန် အဆင်သင့်ဖြစ်နေပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် အခွင့်အလမ်းကို ဖမ်းဆုပ်လျက်ရှိကြောင်း ဗုဒ္ဓပာူးနေ့တွင် ပြောကြား လိုက်သည်။

                မြန်မာနိုင်ငံ ရန်ကုန်မြို့နေအိမ်မှ ပြုလုပ်သော ရှားရှားပါးပါး လူထုရုပ်မြင်ဗီဒီယိုဆွေးနွေးပွဲ video conference တွင် ပြုံးရွှင်ကြည်လင်နေသော ဒေါ်အောင်ဆန်စုကြည်က “သူမအား ၁၅ နှစ်ခန့် ဖမ်းဆီးထိန်းသိမ်းခဲ့သော နိုင်ငံမှ တာဝန်ရှိသူအချို့သည် အပြောင်းအလဲလုပ်ရန် လိုအပ်ကြောင်း နားလည် သိရှိ သွားကြပြီပာု သူမအနေဖြင့် ယူဆကြောင်း” ပြောကြားခဲ့သည်။ မြန်မာအစိုးရ၏ လတ်တလော ပြုပြင်ပြောင်းလဲမှုများကို သူမက “ဒီအရာတွေ တကယ် မှန်ကန်လေးနက်တယ်လို့ ကျွန်မတို့ မျှော်လင့်ထားတာပါ” “ဒီအပေါ်မှာ ယုံကြည်ပြီး စွန့်စားဖို့ ကျွန်မတို့ ပြင်ဆင်ရလိမ့်မယ်လို့ ထင်ပါတယ်။ အရာ ခပ်သိမ်း အာမခံ နိုင်တဲ့အရာဆိုတာ မရှိပါဘူး” ပာု သုံးသပ်ပြောကြား သည်။

                နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံရောက် ပထမဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန် နေပြည်တော်သို့ ခြေချသည့်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဝန်ကြီး ကလင်တန်အနေဖြင့် အရှေ့တောင်အာရှမှ မိုက်မဲစွာ တံခါးပိတ်ထားခဲ့ သော မြန်မာနိုင်ငံမှ ခေါင်းဆောင်သစ်များက ပိုမို ပြုပြင်ပြောင်းလဲရေးကို မောင်းခတ် ကြေညာအောင် တွန်းအားပေးလိမ့်မည်ပာု မျှော်လင့်ရသည်။

                ဒေါ်အောင်ဆန်းစုကြည်က လာမည့် လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲများတွင် သူမဝင်ရောက် ယှဉ်ပြိုင်မည်ပာု အတည်ပြုပြောကြားသည်။ သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် မနှစ်က လွှတ်တော် ရွေးကောက်ပွဲ များကို သပိတ်မှောက်ခဲ့သော်လည်း ယခုအခါ လွှတ်တော်ထဲသို့ ဝင်ရန်၊ နိုင်ငံတစ်ဝှမ်း ရုံးခွဲများဖွင့်ရန် သတင်းစာစောင် စတင်ထုတ်ဝေရန် မျှော်လင့်ထားသည်ပာု သူမကဆိုသည်။ ပြီးခဲ့သည့် လအနည်းငယ်အတွင်း ထွက်ပေါ်လာတဲ့ အခွင့်အလမ်းတွေအပေါ်မှာ ကျွန်မတို့ အကောင်းဆုံး လုပ်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ် ပာု သူမက ဆက်လက်ပြောကြား၍ သူမ၏နိုင်ငံတွင် ဒီမိုကရေစီပေါ်ထွန်းလာတော့မည်ပာု သတိထားအကောင်းမြင်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။ “မြန်မာပြည်သူအများစုက ဒီမိုကရေစီစနစ်ကို အေးချမ်းစွာ အလိုက်သင့် ကူးပြောင်းဖို့ ဆန္ဒရှိကြတယ်လို့ ကျွန်မ စိတ်ချ ယုံကြည်ထားပါတယ်” ပာု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

                ဝါရှင်တန်ရှိ အမေရိကန် နိုင်ငံခြားရေးရာကောင်စီတွင် တက်ရောက်နားထောင်ကြသော ပရိသတ်နှင့် အချိန် ကြာကြာ မေးကြ၊ ဖြေကြရာတွင် ဒေါ်အောင်ဆန်းစုကြည်က သွက်လက်ချောမွေ့သော အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆို ခဲ့သည်။ ထိုသို့ သူမက မှတ်ချက်ပေးပြောဆိုရာတွင် သူမ၏ မျက်နှာကို ရုပ်မြင်ပိတ်ကားပေါ်တွင် ပြသထားပြီး အင်တာနက် Singnal တခါတရံ အားနည်းသွားခြင်းကြောင့် သူမ၏ စကားလုံးများ ပြတ်တောက်မှုရှိခဲ့သည်။

                “ကျေးဇူးအများကြီးတင်ပါတယ်။ နောက်တစ်ကြိမ်ဆိုရင် ညသန်းခေါင်အချိန်မှာ ဆွေးနွေးကြတာပေါ့” ပာု မြန်မာ နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု အကြား အချိန်ကွာပာမှုကို သူမက ရယ်စရာပြောဆိုကာ နှုတ်ဆက်ပါသည်။

အပြောင်းအလဲလုပ်ဖို့လိုသည်ကို အချို့တာဝန်ရှိသူများ သိရှိကြ

              မနှစ်က ရွေးကောက်ပွဲများအပြီး လွှတ်တော်ခေါ်ယူ၍ အရပ်ဖက်အစိုးရသစ် အာဏာလွှဲပြောင်းယူချိန်တွင် မြန်မာနိုင်ငံ၌ ရာစုနှစ်ဝက် စစ်ဖက်က တိုက်ရိုက် အုပ်ချုပ်မှု အဆုံးသတ်သွားခဲ့သည်။

                 မနှစ်က နာမည်ပျက်ရွေးကောက်ပွဲများအပြီးတွင် တပ်မတော်အစိုးရ၏ အာရုံပြောင်းလှည့်စားမှုရလာဒ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်း လွတ်မြောက်ခဲ့သော်လည်း ထို့နောက် လအနည်းငယ်အတွင်း အာဏာလွှဲပြောင်းယူ လိုက်သော အစိုးရသစ်က မီဒီယာများကို ကြီးကြီးမားမား လွတ်လပ်ခွင့် ပေးထားသည့်အပြင် နိုင်ငံရေးအကျဉ်းသား အချို့ကိုလည်း မကြာမီက လွှတ်ပေးလိုက်ပြီဖြစ်သည်။

                “အစိုးရအဖွဲ့ထဲက တစ်ချို့ကတော့ မြန်မာနိုင်ငံ ဒီလမ်းအတိုင်း သွားလို့မရတော့ဘူးဆိုတာကို သိနေကြပါပြီ။ သူတို့က ပြုပြင်ပြောင်းလဲရေး လုပ်ကြလိမ့်မယ်လို့ ကျွန်မယူဆပါတယ်” ပာု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

                မြန်မာနိုင်ငံ၌ တရားဥပဒေ မှန်ကန်မျှတ စနစ်ကျစွာ စိုးမိုးမှု Rule of Law ဖြစ်ပေါ်လာရေးသည် နိုင်ငံရေး အကျဉ်းသားများအားလုံး ချက်ခြင်း လွှတ်ပေးခြင်းထက် ပို၍ပင်အရေးကြီးပြီး အကယ်၍ စစ်မှန်သော ဥပဒေစိုးမိုးမှုမရှိပါက ယနေ့လွတ်လာသော နိုင်ငံရေးအကျဉ်းသားများ မနက်ဖြန်တွင် ပြန်လည် ဖမ်းဆီးခံရနိုင်သည်ပာု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုသည်။ သူမက ဆက်လက်၍ “မြန်မာနိုင်ငံတွင် စီးပွားရေး ပြုပြင်ပြောင်းလဲနေ သကဲ့သို့ တိုင်းရင်းသားပဋိပက္ခ ပြီးဆုံးရေး သည်လည်း အလားတူ အရေးကြီးကြောင်း” ပြောကြားသည်။

                ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် အမေရိကန်-မြန်မာ ထိတွေ့ဆက်ဆံမှုကို သဘောကျကြောင်း၊ ကလင်တန်၏ ခရီးစဉ်ကြောင့် ဆက်ဆံ ရေး ပိုကောင်းလာအောင် လမ်းပွင့်သွားမည်ပာု မျှော်လင့်ကြောင်း၊ သို့သော် မြန်မာ နိုင်ငံမှ ဖြစ်ရပ်များကို နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်နေမည် ပာု ရှင်းလင်းစွာ အသိပေးရန် လိုအပ်ကြောင်း မှတ်ချက်ပေး ပြောဆိုသည်။ “တကယ်လို့ နိုင်ငံရေးလုပ်တဲ့သူတွေကို နောက်တစ်ကြိမ် ထပ်ပြီး ဖမ်းဆီးပြီဆိုရင် တော့ တစ်ကမ္ဘာလုံးက ပြတ်ပြတ်သားသား ကျယ်ကျယ်လောင်လောင် ဝိုင်းဝန်းအောင်ပာစ် သတိပေးဖို့လိုလိမ့်မယ်လို့ ကျွန်မထင်ပါတယ်” ပာု သူမက ထုတ်ဖော် ပြောဆိုသည်။ စီးပွားရေး ဦးဆောင်ပုဂ္ဂိုလ်များ အနေဖြင့်လည်း သူတို့၏ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးသော တရားဝင် ရာသီဥတု ဝန်းကျင် ကိုသာ မျှော်လင့်ကြကြောင်း ရှင်းလင်းစွာအသိပေးကြပါ ပာု သူမကတိုက်တွန်းသည်။

                ကွယ်လွန်သူ မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့တပ်မတော်၏ ၄၉ နှစ်ကြာ သက်ဦးဆံပိုင် အုပ်ချုပ်ရေးကာလအတွင်း ခိုင်မာ တည်ကြည်စွာ ဆန့်ကျင်ခဲ့သူ ဖြစ်သော်လည်း ဗိုလ်ချုပ်ပောာင်းများ နေရာအပြည့် ယူထားသော ယခု အရပ်ဖက် အစိုးရသစ်နှင့် တွေ့ဆုံဆွေးနွေးရန် လိုလားကြောင်းကို ပြသခဲ့သည်။ တိုင်းပြည်အတွက် ဘာအကောင်းဆုံးလဲ ဆိုသည်ကို လုပ်ပေးချင်သူများ လက်ရှိမြန်မာ့တပ်မတော်နှင့် လက်ရှိ အစိုးရထဲတွင် ရှိနေပြီပာု သူမက ယုံကြည်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

                “ဒီ ပြုပြင်ပြောင်းလဲရေးကို သူတို့(တာဝန်ရှိသူ အာဏာပိုင်များ) အားလုံးက ထောက်ခံဖို့ မဖြစ်နိုင်သလို အစိုးရ နဲ့ ပူးပေါင်း ဆောင်ရွက်တာကိုလည်း ဒီမိုကရေစီ လှုပ်ရှားမှု ရေစီးထဲက လူတိုင်းက သဘောကျဖို့၊ မဖြစ်နိုင်ပါဘူး။ ဒီလို သဘောကွဲလွဲမှုမျိုးက ရှိပြီးသား ဖြစ်ရမှာပါ။ အဲ့ဒါပာာ နိုင်ငံရေးပါပဲ” ပာု သူမ က ဆိုသည်။

                ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် တာဝန်ယူနိုင်မှုပာူသော အရာကို ယုံကြည်ထားသော်လည်း အနာ ကျက်အောင် အထောက်အကူပြုမည့် အမျိုးအစားကိုသာ ရွေးချယ်လိုသည်ပာု ပြောကြားသည်။ ဘာကြောင့်များ ဒါလောက် တည်ငြိမ်လန်းဆန်းနေသလဲပာု မေးမြန်းသောအခါ သူမက “ကျွန်မတို့ အတိတ်ကို မဖြစ်မနေ ရင်ဆိုင်ရမှာပါ။ မေ့ပျောက်ပစ်လို့ မရနိုင်ပါဘူး။ ဒါပေမယ့်လည်း အတိတ်ရဲ့ ခါးသီးမှုတွေကိုတော့ သတိရနေဖို့မလိုအပ်ပါဘူး” ပာု ဖြေကြား သည်။

                ဒေါ်အောင်ဆန်းစုကြည်က သူမနှင့် အမေရိကန်ပြည်ထောင်စု၏ ရင်းနှီးသော ဆက်ဆံရေးကို မြန်မာအစိုးရက လုံးဝကြည်လင်သွားပြီဖြစ်ပြီး မြန်မာ နိုင်ငံကို သူမ ဒုက္ခပေးလိုခြင်းမရှိခဲ့ကြောင်း နားလည်သဘောပေါက်သွားပြီပာု ထင်မြင်ယူဆထားသည်။

                နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးခြင်းအပါအဝင် အမေရိကန် ကွန်ဂရက်လွှတ်တော်က သတ်မှတ်ထားသော အခြေအနေများ ဖြစ်ပေါ်လာ ချိန်တွင် မြန်မာနိုင်ငံအပေါ် အရေးယူထားသော Sanctions များကို ဝါရှင်တန်က ရုတ်သိမ်းပေးသင့်သည်ပာု သူမက အကြံပြုပြောကြားသည်။

                မြန်မာ့ ဒီမိုကရေစီ တန်ဘိုးများကို အိမ်နီးခြင်း အိန္ဒိယနိုင်ငံက ပိုမိုမြှင့်တင်ပေးခြင်းကို သူမအနေဖြင့် မြင်တွေ့ လိုပြီး၊ တရုတ်နိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံ ရေးကိုလည်း ထိန်းသိမ်းနိုင်ဖို့ သူမအနေဖြင့် မျှော်လင့်သည်ပာု ဒေါ်အောင်ဆန်းစုကြည်က အိမ်နီးခြင်း နှစ်နိုင်ငံအကြောင်း ထည့်သွင်းပြောဆိုသည်။ သူမကဆက်လက်၍ မြန်မာနိုင်ငံမြောက်ဖျားတွင် တရုတ်နိုင်ငံက ငွေကြေးစိုက်ထုတ်တည်ဆောက်နေသော ဒေါ်လာ ၃.၆ ဘီလျံတန် တမံစီမံကိန်းကို ရပ်ဆိုင်း ထားရန် သမ္မတဦးသိန်းစိန်က မကြာသေးမှီက ဆုံးဖြတ်ခဲ့ခြင်း၏ အရေးကြီးဆုံးအရာမှာ ဤနိုင်ငံတွင် မိခင်မြစ်တစ်စင်း အဖြစ်တင်စားကြသော ဧရာဝတီ မြစ်၏ အောက်ပိုင်းဒေသများကို ဆိုးကျိုး သက်ရောက်နိုင်ခြင်းကို မကျေနပ်ကြသော မြန်မာပြည်သူတို့၏ သဘောထားကို သမ္မတကြီးက လေးစားစွာ နားထောင်ခြင်းပင်ဖြစ်သည်ပာု သုံးသပ်ပြောကြားသွားခဲ့သည်။

                ***************************************************************************************************************

ICG ၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သော အစီရင်ခံစာသစ်

(30 Nov 2011 ရက်စွဲပါ Myanmar : A New Peace Initiative ကို ဘာသာ ပြန်ဆိုသည်)

              မြန်မာနိုင်ငံ၏ အစိုးရသစ်သည် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်သော ကတိများအပေါ် လုပ်ဆောင်ပြခဲ့ပြီး နောက် တိုင်းရင်းသားများနှင့် နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်အပေါ် ဖြေရှင်းနိုင်ရေး အတွက် မြင်သာထင်သာ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်မှုများ ရှိလာသည်။

                International Crisis Group မှ Myanmar : A New Peace Initiative အမည်ဖြင့် နောက်ဆုံး အစီရင်ခံစာ တစ်ခုကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံသို့ မလာရောက်မီ တစ်ရက်နှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် အပစ်အခတ်ရပ်ရန်မူအားဖြင့် သဘောတူညီမှုရရှိပြီး ရက်များ မကြာမီတွင် ထုတ်ပြန်ခဲ့သည်။ ၎င်းအစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ လွတ်လပ်ရေးရပြီးရက်များကတည်းက တိုင်းပြည်ကို တဖြည်းဖြည်းဆုတ်ယုတ်ပျက်စီးစေခဲ့ သော တိုင်းရင်းသား ပြဿနာများနှင့် လက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်းရေးအတွက် အခွင့်အလမ်းများကို စစ်ဆေး ရှာဖွေခဲ့သည်။

                သမ္မတဦးသိန်းစိန်သည် တိုင်းရင်းသားအရေး၏ အရေးကြီးပုံကို အသိအမှတ်ပြုခဲ့ပြီး၊ အမျိုးသားဦးစားပေးအဖြစ် လုပ်ကိုင်ရန် ကတိပြုခဲ့သည်။ ယခု အခါ မြန်မာနိုင်ငံသည် အဆိုပါ ပဋိပက္ခများကို စေ့ငုစွာ ဖြေရှင်းရေန် အခွင့်အလမ်း ရှိနေပြီဖြစ်သည်။ သမ္မတသည် လက်နက်ကိုင်အုပ်စုများနှင့် ဆွေးနွေးမှု များ စတင်ခဲ့ပြီး၊ နယ်ခြားစောင့်တပ် ပြောင်းလဲရေး ကဲ့သို့သော ကြိုတင်သတ်မှတ်ချက်များကို စွန့်လွှတ်ခဲ့သည်။ ၎င်းသည် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဘူးသော တိုင်းရင်းသားအရေးကို နိုင်ငံရေးအရ အဖြေရှာနိုင်မည့် အမျိုးသားကွန်ဖရင့်တစ်ခု ကျင်းပရန် အဆိုပြုခဲ့သည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အချို့အစိတ် အပိုင်းများတွင် ပြင်းထန်သော တိုက်ခိုက်မှုများ ရှိသော်လည်း အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု သည် အရှိန်အဟုန်ရနေပြီဆိုသည်ကို ထင်ရှားစွာ တွေ့နိုငပေသည်။

                “ရေရှည်တည်တံ့မယ့် အဖြေဟာ စစ်ပွဲတွေရပ်ရုံနဲ့တင် မပြီးပါဘူး” ဟု ICG ၏ အရှေ့တောင်အာရှ စီမံကိန်း ဒါရိုက်တာ Jim Della- Giacoma က ပြောသည်။ “တိုင်းရင်းသားပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ ကိုးကွယ်တဲ့ ဘာသာ ပေါင်းစုံရှိတဲ့ မြန်မာနိုင်ငံမှာ အဲဒီကွဲပြားခြားနားမှုတွေကို လက်ခံမှသာ စစ်မှန်တဲ့ အမျိုးသားပြန်လည်စည်းလုံးရေးနဲ့ စုစည်းမှု ကို ရနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

                သို့သော် ရေရှည်ငြိမ်းချမ်းရေးဆိုသည်မှာ လုံးဝသေချာလှသည်တော့ မဟုတ်သေးပေ။ တိုင်းရင်းသားများ၏ မကျေနပ်သော အယူအဆများသည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရကတည်းက ဖြစ်ရာ အမြစ်တွယ်နေပြီ ဖြစ်သည်။ ၁၉၈၈ ခုနှစ်က တာဝန်ယူခဲ့သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အချို့နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များ လက်မှတ်ရေးထိုး၍ ယာယီလုပ်ဆောင် ခဲ့သည်။ အဆိုပါ အပစ်အခတ်ရပ်မှုများသည် တိုင်းရင်းသားပြဿနာများအတွက် အရေးပါသော အဖြစ်အပျက်များ ဖြစ်သင့်သော် လည်း ထိုသို့မဖြစ်ခဲ့ပေ။ သဘောတူညီချက်များသည် အေးခဲသွားခဲ့ပြီး၊ ကတိပြုထားသော နိုင်ငံရေးအရ ဆွေးနွေးမှုများ လည်း အကောင်အထည် ပေါ်မလာခဲ့ပေ။ အဆိုပါ သဘောတူ ညီမှုများသည် စစ်အစိုးရက အခြေခံဥပဒေအစိုးရမတိုင်မီ လက်နက်ကိုင် တိုင်းရင်းသားတပ်များ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရန် ကြိုးစားသောအခါ ပျက်ပြယ်သွားခဲ့သည်။

                အမှန်တကယ် ငြိမ်းချမ်းရေး သေချာစေရန်မှာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပြင် များစွာလုပ် ဆောင်ရန် ကျန်နေသေးသည်။ ထိုသို့ လုပ်ဆောင်ရာတွင် တိုင်းရင်းသားပြည်သူ များ၏ တရားမျှတခြင်းမရှိဟု ယူဆချက်များနှင့် ဖြစ်လိုသည့်ဆန္ဒများကို ဖော်ထုတ်ရန်လိုသည်။ သာတူညီမျှ အခွင့်အရေး များကို အာမခံရမည်ဖြစ်သည်။ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရမည်။ ဒေသဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ပိုမိုခွင့်ပြုရမည်။ အသိုင်းအဝိုင်းများကြား ယုံကြည်မှု တည်ဆောက်ရမည်။

                နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ထောက်ခံကူညီရာတွင် အရေးကြီးသော ကဏ္ဍတွင် ရှိနေသည်။ သဘောပေါက် နားလည်သင့်သည်မှာ ငြိမ်းချမ်းရေးအတွက် အောင်မြင်မှုများမှာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ရန် သို့မဟုတ် အရေးယူမှုများ စတင် ရုတ်သိမ်းခြင်း မပြုမီ ဆောင်ရွက်ရမည့် ကိစ္စများဖြစ်သည်ဆိုသည့် အချက် ဖြစ်သည်။ အဓိက ပါဝင်ပတ်သက်နေသူများကို တိုက်ခိုက်နေမှုများ ရပ်ဆိုင်းရေး အတွက် ကိုယ့်နည်းကိုယ့်ဟန် အဖြေရှာ ရေးနှင့် နိုင်ငံရေးအရ သဘောတူညီမှုများ အမြန်တိုးတက်ရရှိရေး အားပေးခြင်းသည် အနောက်နိုင်ငံ၏ စံများဖြစ် သော နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကိစ္စများတွင် စံမှီရေးအတွက် များစွာအထောက်အကူပြုမည်။

                “အဓိက ပဋိပက္ခတွေ ရှိနေသေးသမျှ အောင်မြင်တဲ့ပြုပြင်ပြောင်းလဲမှု ဖြစ်လာဖို့ ခက်ခဲပါတယ်” ဟု ICG ၏ အာရှ အစီအစဉ်ဒါရိုက်တာ Robert Templer က ပြောသည်။ “ဒီပြဿနာတွေဟာ တိုင်းပြည်တစ်ခုလုံးကို ထိခိုက် ပျက်စီးစေပါ တယ်။ ဒီတော့ အုပ်စုတွေအားလုံးက ဒီလုပ်ငန်းစဉ်မှာ ပါလာဖို့ ကြိုးစား အားထုတ်ရပါမယ်။ အဟောင်းတွေ ပြီးသွားပြီလို့ ပြောရမယ့်အစား ပဋိပက္ခတွေအတွက် ခေတ်သစ်တစ်ခု အစဖြစ်နေပြီလို့ ဆိုရပါမယ်” ဟု ၎င်းက ဆိုသည်။

                       ************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment