Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂-၁၂-၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. အကျင့်ပျက်ခြစားမှုပြ စာရင်းတွင် အိန္ဒိယ အောက်သို့ ကျဆင်း

(1st Dec 2011 ရက်စွဲပါ BBC News မှ India Transparency International corruption index blow ကို ဘာသာ ပြန်ဆိုသည်)

  1. ပြုပြင်ပြောင်းလဲရေး ကျယ်ပြန့်လာခြင်းနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေးကိစ္စ

(30 Nov 2011 ရက်စွဲပါ The Wall Street Journal မှ Investing in Myanmar as Reforms spread ကို ဘာသာ ပြန်ဆိုသည်)

********************************************

အကျင့်ပျက်ခြစားမှုပြ စာရင်းတွင် အိန္ဒိယ အောက်သို့ ကျဆင်း

(1st Dec 2011 ရက်စွဲပါ BBC News မှ India Transparency International corruption index blow ကို ဘာသာ ပြန်ဆိုသည်)

              အိန္ဒိယနိုင်ငံသည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စောင့်ကြည့်သောအဖွဲ့၏ နှစ်ပတ်လည်စာရင်းတွင် အဆင့် (၈) ခု ကျဆင်းသွားခြင်းကြောင့် အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်သော သိက္ခာကျဆင်းခဲ့ရခြင်းကြောင့် ထိခိုက်လျက် ရှိသည်။

                Transparency International Corruption Perception သည် စုစုပေါင်း (၁၈၃) နိုင်ငံအနက် အကောင်းဆုံး ၁၀ နိုင်ငံနှင့် အဆိုးဆုံးနိုင်ငံများအထိ ပါဝင်သည်။ အိန္ဒိယသည် ၂၀၁၀ ခုနှစ်က အဆင့် ၃.၃ ရှိခဲ့ရာမှ ၃.၁ သို့ ထိုးကျခဲ့ပြီး နိုင်ငံအလိုက် အမှတ်စဉ် ၈၇ မှ ၉၅ ထိ ကျဆင်းခဲ့သည်။ အိန္ဒိယအစိုးရ သည် အကျင့်ပျက်ခြစားသည့်အမှု  အတော်များများ တက်ခဲ့ပြီး ပါလီမန်တွင် အဓိက ဥပဒေသစ် တင်သွင်းလျက်ရှိသည်။

ပါလီမန်၏ ဆောင်းတွင်း အစည်းအဝေးကာလသည် နိုဝင်ဘာ ၂၂ တွင် စတင်မည်ဖြစ်ပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဥပဒေကို ဦးစားပေး ဆွေးနွေးမည်ဖြစ်သည်။ သို့သော် အောက်လွှတ်တော်တွင် အခြားအရေးကိစ္စ အတော်များများကသာ အသံထွက်လျက်ရှိပြီး အကျင့်ပျက် ခြစားမှုနှင့် ပတ်သက် ၍ ဥပဒေကြမ်းဆိုင်ရာ ဘာမျှမလုပ်ရသေးပေ။

ပြည်သူများ၏ တိုင်ကြားမှုလက်ခံမည့်အဖွဲ့

                စာရင်းအသစ်တွင် အဆင့် ၇၅ တွင် ရှိသောတရုတ်ထက် အောက်တွင် ရှိပြီး ၁၃၄ နေရာတွင် ရှိသော ပါကစ္စတန်၏ အပေါ်တွင် ရှိသည်။ နီပေါသည် ၁၅၄ နေရာတွင်ရှိပြီး တောင်အာရှတွင် အနိမ့်ဆုံးတွင်ရှိသည်။

                နယူးဇီလန်သည် စာရင်း၏ ထိပ်ဆု့းတွင်ရှိပြီး ဆိုမာလီယာမှာ အောက်ဆုံးတွင်ရှိသည်။ နိုင်ငံအားလုံး၏ သုံးပုံနှစ်ပုံ သည် ရမှတ် ၅ မှတ်အောက်တွင် ရရှိကြသည်။ “အကျင့်ပျက်ခြစားမှုဟာ ကမ္ဘာတစ်ဝှမ်း နိုင်ငံအတော်များများမှာ ရောဂါစွဲသလို ဖြစ်နေပြီ” ဟု Transparency International က ပြောသည်။

                အိန္ဒိယအစိုးရသည် ယခုအခါ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားသူများက ဥပဒေသစ်ကို အတည်ပြုရန် ဖိအားပေးခံနေရပြီး၊ ပြည်သူများ၏ မတရား တိုင်ကြားမှုများ လက်ခံနိုင်မည့် Jan Lokpal ဟူသောအဖွဲ့ကို ခွင့်ပြုရန် တောင်းဆိုနေကြသည်။

                အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကို ဦးဆောင်သူ Anna Hazare သည် သန်းပေါင်းများစွာ၏ ထောက်ခံမှု ရရှိထားပြီး၊ ၎င်းက အစာ ငတ်ခံ ဆန္ဒပြမှု ပြန်လည် စတင်မည်ဖြစ်ကြောင်းနှင့် ဥပဒေသစ်ထွက်မလာပါက လမ်းမပေါ် ဆန္ဒပြမှုများ လုပ်ဆောင်မည်ဟု သတိပေးခဲ့သည်။ Hazare သည် သြဂုတ်လက ၁၂ ရက်ကြာ အစာအငတ်ခံ ဆန္ဒပြခဲ့သည်။ တိုင်းပြည်မှ ဒေါ်လာ ၃၉ ဘီလီယံ (ပေါင်စတာလင် ၂၃ ဘီလီယံ) ကုန်ကျခဲ့သော တယ်လီကွန် စီမံကိန်း ၏ မရိုးသားမှုမှာ အစိုးရကို ထိခိုက်သောအမှုများ အနက် တစ်ခုဖြစ်သည်။

                                        ************************************************************************************

ပြုပြင်ပြောင်းလဲရေး ကျယ်ပြန့်လာခြင်းနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေးကိစ္စ

(30 Nov 2011 ရက်စွဲပါ The Wall Street Journal မှ Investing in Myanmar as Reforms spread ကို ဘာသာ ပြန်ဆိုသည်)

                မြန်မာအစိုးရသည် ပြုပြင်ပြောင်းလဲရေး လမ်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနေသောကြောင့် ရင်းနှီးမြှုပ်နှံသူ အများစုသည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သင့် မသင့်၊ ဝင်မည်ဆိုပါက မည်သည့်အချိန်တွင် ဝင်ရောက်ရမည်ကို စဉ်းစားလျက်ရှိကြသည်။

                အောက်တွင် မြန်မာနိုင်ငံသို့ သွားရောက်ရင်းနှီးမြှုပ်နှံသူများအတွက် အကောင်းအဆိုးကို ဖော်ပြပေးမည် ဖြစ်သည်။

                ပထမအနေနှင့် အပေါင်းလက္ခဏာဆောင်သော လက္ခဏာများကို ဖော်ပြမည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် ဗုဒ္ဓဟူးနေ့ တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ရာ နှစ်ပေါင်းငါးဆယ်အတွင် ပထမဦးဆုံးအကြိမ် ဖြစ်သည်။ သူမအနေဖြင့် စီးပွားရေးအရ အရေးယူမှုများကို ဖြေ လျှော့ပေးနိုင်မည် မဟုတ်သော်လည်း ဝေဖန်သုံးသပ်သူအများစုက ဆွေးနွေးမှုများတွင် ထိုကိစ္စပါဝင်မည်ဟု ယုံကြည်နေကြသည်။ ရန်ကုန်ရှိ ဥရောပ သံတမန် တစ်ဦးကမူ လာမည့် ဧပြီလ အီးယူအနေဖြင့် အရေးယူမှုများကို ပြန်လည်သုံးသပ်ချိန်တွင် အရေးယူမှုများ အားနည်း သွားစေရန် ၎င်းအစိုးရအား တွန်းအား ပေးလျက်ရှိသည်။

                နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်မှာ တစ်နှစ်ရှိပြီ ဖြစ်သည်။ စစ်တပ်နောက်ခံပြု အရပ်သား အစိုးရသည် မီဒီယာတွင် ကန့်သတ်ထားမှုများကို ဖြေလျော့ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် စီးပွားရေးအရ ဖြေလျော့မှုများကို တွန်းအားပေးခြင်းကြောင့် သူမသည် လွှတ်တော်တွင် ပါဝင်အရွေးခံမည်ဟု မျှော်လင့်ရပေသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှုရှိစေရန် အစိုးရ သည် နိုင်ငံခြား ငွေလဲဈေးနှုန်း အမျိုးမျိုးရှိနေသော ၎င်း၏ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းကို ရှင်းရှင်းလင်းလင်းဖြစ်စေရန် နည်းလမ်းများ ရှာဖွေလျက် ရှိသည်။ မြန်မာစစ်အစိုးရသည် နှစ်ပေါင်းများစွာ နီးစပ်သူစီးပွားရေးသမားများကိုသာ မျက်နှာသာပေး လုပ်ကိုင်စေရာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ပို၍ လုပ်သာကိုင် သာ စေရန် ဥပဒေများ အဆိုပြုလျက်ရှိသည်။ အပြင်လူများ စီးပွားရေးနှင့် အခြေခံပစ္စည်းများအပေါ် ပိုမိုထိန်းချုပ်ခွင့်ပေးမည်ဟုလည်းဆိုသည်။

                မြန်မာနိုင်ငံတွင် ဆိုးဝါးသော လူ့အခွင့်အရေး အခြေအနေများကြောင့် လွန်ခဲ့သော ၁၅ နှစ်မှစ၍ အမေရိကန် ပြည်ထောင်စုသည် အရေးယူမှုများ ချမှတ်ထားခဲ့ရာ အမေရိကန်ကုမ္ပဏီများ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမပြုလုပ်ရန် တင်းကြပ်စွာတားမြစ်ထားသည်။ သို့သော် အာရှမှ ကုမ္ပဏီများနှင့် ဥရောပ၏ အချို့ အစိတ်အပိုင်းများမှ ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် ပိုမိုလွတ်လပ်ခွင့်ရကြသည်။ အမေရိကန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံသို့ ကုန် ပစ္စည်း ရောင်းချခြင်းကိုမူ ကန့်သတ်ထားခြင်း မရှိပေ။ သို့သော် ၎င်းတို့သည် ငွေကြေးဆိုင်ရာကိစ္စများ၊ လက်နက်ကိစ္စများ၊ အစိုးရအဖွဲ့ဝင်များနှင့် အရေးယူမှု ပြုလုပ်ထားသော သူဋ္ဌေးကြီးများကို ဆက်ဆံခြင်းမပြုရန် တားမြစ်ထားသည်။

                ယခု သတင်းဆိုးများကို ဖော်ပြမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလားအလာများကြီးမားသည်ဆိုသော်လည်း၊ အတားအဆီးများ ရှိနေဆဲဖြစ်သည်။ ၎င်း၏ သန်း(၅၀) ဝန်းကျင်ရှိသော လူဦးရေသည် စပိန် လူဦးရေထက် များသော် လည်း၊ အာရှတွင် အဆင်းရဲဆုံး နိုင်ငံများတွင် ပါဝင်နေသည်။ ဆိပ်ကမ်း များ မှာ ပောာင်းနွမ်းနေပြီး၊ အခြေအနေ ဆိုးဝါးနေသည်။ အချို့နေရာများတွင် လျှပ်စစ်မီးလုံလောက်မှုမရှိပေ။ ရင်းနှီးမြှုပ်နှံသူများ မကြာခဏ စောဒကတက် သော ကိစ္စမှာ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းပင်ဖြစ်သည်။ အလုပ်သမားခများမှာ ဈေးပေါခြင်းကြောင့်၊ ကိုရီးယားနှင့် ဂျပန် အထည်ချုပ် လုပ်ငန်းများ သည် ပမာဏနည်းသော်လည်း ထိုအပေါ်မှ အမြတ်ထုတ်နိုင်ခဲ့သည်။ သို့သော် တိုင်းပြည်က ပိုမို ပွင့်လာသည်နှင့်အမျှ အလုပ်သမားခများ တက်လာနိုင်သည်။ ထိုသို့ လုပ်ခများတက်လာမှသာ ကြမ်းတမ်းသော စစ်တပ် အုပ်ချုပ်မှုကြောင့် မလွတ်နိုင်သော ဆင်းရဲတွင်း သံသရာမှာ ထွက်ပေါက်ရလာနိုင်သည်။

                ပြည်သူအများစုသည်လည်း အစိုးရသည် ပြုပြင်ပြောင်းလဲမှုများ အဆက်မပြတ်လုပ်ဆောင်ရန် အလေးအနက် မရှိပာု ယုံကြည်နေကြဆဲဖြစ်သည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများသည် လမ်းကြောင်းရှင်းအောင် ရွေးချယ်သွားသင့်သည်။ စိုးရိမ်ပူပန်မှုကို တိတိပပဆိုရလျှင် တိုင်းရင်းသားများနေထိုင်ရာ ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေဆဲ ပာူသော သတင်းများပင်ဖြစ်သည်။

                အထက်ပါ အရေးကိစ္စများကို လစ်လျူရှုမည့် ရင်းနှီးမြှုပ်နှံသူများအတွက်မူ သဘာဝသယံဇာတများသည် အဓိက ဆွဲဆောင်သည့် အရာများ ဖြစ် သည်။ သဘာဝဓာတ်ငွေ့၊ သစ်နှင့် ကျောက်မျက်ရတနာများသည် စစ်အစိုးရကို ချမ်းသာစေ ခဲ့ရာ ဝေဖန်သုံးသပ်သူများ ပြောခဲ့သကဲ့သို့ တရားမျှတမှု မရှိ သော စိတ်ဓာတ်များဖြင့် လုပ်ဆောင်သွားခဲ့ကြခြင်းဖြစ်သည်။ အများစုက ယခုကဲ့သို့ လမ်းပွင့်လာမှုများသည် အဆိုပါကဏ္ဍများကို တရားဝင်ဖြစ်အောင် လုပ်ပေးနိုင်မည်ပာု မျှော်လင့်ကြ ပြီး သတ္တုကဏ္ဍနှင့် စွမ်းအင်စီမံကိန်းများစွာ လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်ပာု ဆိုသည်။ အချို့ကပြောကြားရာတွင် ၎င်းတို့အနေဖြင့် ကုန်ကြမ်းများကို ထုတ်ယူရန်ပင် အခက်အခဲများရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ရာ၊ ထိုကိစ္စ ဝန်ဆောင်မှု ပေးနိုင်မည့် ကုမ္ပဏီများ အခွင့် အလမ်းရှာနိုင်ပေသည်။

                တစ်ချိန်တည်းမှာပင် သုံးသပ်သူများက စိုက်ပျိုးရေးကဏ္ဍတွင် အခွင့်အလမ်းများ ပိုမိုရှိနိုင်မည်ပာု မျှော်လင့်လျက် ရှိသည်။ အစိုးရသည် ကျေးလက် ဒေသများတွင် ငွေကြေးပိုမိုထောက်ပံ့ရန် အစီအမံများ ပြုလုပ်လျက်ရှိရာ အခြေခံ လယ်ယာသုံးကိရိယာများနှင့် ဆည်မြောင်းအခြေခံအဆောက်အဦး ကဏ္ဍတွင် အကြီးဆုံးဆန်တင်ပို့သူဖြစ်ခဲ့ရာ၊ ပြုပြင် ပြောင်းလဲမှုများ ပိုမိုလုပ်ဆောင်ပါက ထိုနေရာ ပြန်ရနိုင်သည်ပာု ပညာရှင်များကပြောသည်။

                နှစ်ပေါင်းများစွာအတွင်း ပာိုတယ်များ အခန်းပြည့်လာမှုကြောင့် ပာိုတယ်လုပ်ငန်းရှင်များကလည်း အခွင့်အလမ်းများ ရှာဖွေလျက်ရှိသည်။ အနောက် နိုင်ငံသားများအတွက်မူ ရင်းနှီးမြှုပ်နှံမှုအတွက် ရွေးချယ်စရာများ အကန့်အသတ်နှင့် ရှိနေဆဲဖြစ်သည်။ သို့သော် တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာ နိုင်ငံ ပြင်ပမှ လူသိသော စတော့ဈေးကွက်ဝင်လုပ်ငန်းများကို စတင် လုပ်ဆောင်နိုင်သည်။

                ရွေးချယ်စရာ တစ်ခုမှ စင်္ကာပူ စတော့စာရင်းဝင် Yorna Strategic Holdings ဖြစ်ပြီး၊ ၎င်းသည် အိမ်ရာ ဖွံ့ဖြိုးမှု လုပ်ငန်းနှင့် ဇီဝစွမ်းအင် စက်ရုံများ မြန်မာနိုင်ငံတွင် လုပ်ဆောင်လျက်ရှိသည်။ သို့သော် ၎င်း၏ဈေးကွက် ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ သန်း(၅၀) ဝန်းကျင်သာရှိသည်။ ၎င်းကို ရင်းနှီးရောင်း ဝယ် မှု နည်းပါးသေးသော်လည်း တရုတ်အခြေခံပစ္စည်း ဈေးကွက်တွင်လည်း စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ထိုင်းနိုင်ငံစတော့ဈေးကွက် စာရင်းဝင်သော Italian-Thai Development PLC သည် ဘီလီယံဒေါ်လာ များစွာတန်သော ဆိပ်ကမ်းနှင့် အခြေခံအဆောက်အဦး စီမံကိန်းကို လုပ်ဆောင်မည့် ကန်ထရိုက် ဖြစ်သည်။ ထိုဆိပ်ကမ်းသည် ဒေသတွင်းသို့ ကုန်စည်များ ဝင်ရောက်သည့် မြန်မာနိုင်ငံ ဝင်ပေါက်ဖြစ်လာသည်။ သို့သော် အဆိုပါ စီမံကိန်းတိုးတက်မှုမှာ မသေချာ သည့် အဆင့်တွင်ရှိနေပါသေးသည်။

                ကြီးမားသော နိုင်ငံပေါင်းစုံက မြန်မာနိုင်ငံကို ထည့်တွက်ခဲ့ကြသော်လည်း ၎င်းတို့သည်  ၎င်းတို့ကမ္ဘာတစ်ဝှမ်း လုပ်ဆောင်နေမှုများ၏ အစိတ်အပိုင်း အနည်းငယ်ခန့်သာ ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားကြသည်။ ထိုအထဲတွင် ပြင်သစ်၏ Total၊ တရုတ်၏ ပောာင်ကောင်စတော့စာရင်းဝင် ရေနံကုမ္ပဏီ CNOOC၊ တောင်ကိုရီးယား၏ Posco၊ ၎င်း၏ ဒေဝူး အင်တာနေရှင်နယ်သည် အထည်ချုပ်စက်ရုံလုပ်နေသည်မှာ နှစ်ပေါင်း(၂၀) ခန့်ရှိပြီဖြစ်ပြီး၊ ဓါတ်ငွေ့ ရှာဖွေရေး စီးပွားလည်း ရှိကာ ထိုင်းနိုင်ငံ၏ PTT လည်း တစ်ဦးအပါအဝင် ဖြစ်သည်။

                ထည့်သွင်းစဉ်းစားရမည့် သတိပေးရန်အချက်များရှိပါသေးသည်။ မြန်မာနိုင်ငံတွင်းမှ အများစုက စစ်တပ်မှ သဘောထား တင်းမာသူများသည် ယခု လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲမှုများကို ချေဖျက်ပြီး နောက်ကြောင်း ပြန်လှည့်မည်ကို စိုးရိမ်လျက်ရှိသည်။ပြည်ပရောက် အုပ်စုများက ပြောကြားရာ တွင် ယခုလုပ်ဆောင်နေသော ပြောင်းလဲမှု များသည် အရေးယူမှုများ ရုတ်သိမ်းရေးအတွက် လိမ်ညာလုပ်ဆောင်နေခြင်းသာ ဖြစ်သည်ပာုဆိုသည်။ တက်ကြွ လှုပ်ရှားသူများက အစိုးရသည် ဆန့်ကျင်သူအများစုကို ထောင်ထဲတွင် ထားရှိဆဲဖြစ်ပြီး၊ စီးပွားရေး၏ အကောင်းဆုံး အစိတ် အပိုင်းများကို ၎င်းတို့နှင့် ရင်းနှီး သော စီးပွားရေးသမားများအတွက် ချန်ထားလိမ့်ဦးမည်ပာု စိုးရိမ်ဆဲဖြစ်ကြောင်း ဆိုသည်။

                အရေးယူမှုများ ရှိနေသော တိုင်းပြည်များမှ ရင်းနှီးမြှုပ်နှံသူများသည် ရင်းနှီးမြှုပ်နှံခြင်းမပြုမီ ရှေ့နေနှင့် တိုင်ပင်သင့်သည်။ ဥပဒေများမှာ လက်တစ်လုံးခြား နိုင်လှသည်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ ပြင်ပမှ ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံခြင်းကို တားမြစ်ထားသည်။ ထိုကုမ္ပဏီများသည် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်း များကြောင့် အမြတ်များမှာ သိသိသာသာ များပြားနေလျက် ရှိသည်။

***********************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment