Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၁.၁၂.၂၀၁၁

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှု မြှင့်တင်ရန် မြန်မာလိုလား

(Daily News မှ 11 Jan 2011 ရက်စွဲပါ “Bangladesh-Myanmar keen to increase trade:envoy” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည် ပါတီအကြီးအကဲ ဥက္ကဋ္ဌဖြစ်လာ

(The Nation မှ 11 Jan 2011 ရက်စွဲပါ “Suu Kyi becomes party chief” သတင်းကို ဘာသာပြန်ဆိုသည်)

**********************************************************************************

ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှု မြှင့်တင်ရန် မြန်မာလိုလား

(Daily News မှ 11 Jan 2011 ရက်စွဲပါ “Bangladesh-Myanmar keen to increase trade:envoy” သတင်းကို ဘာသာပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းလွင်က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားအပြန်အလှန် ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်ဆံမှုများ မြှင်တင်ရန် မျှော်လင့်ထားမှုများကို မနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

အထက်ပါ အစည်းအဝေးကို စစ်တကောင်း ကုန်သည်ကြီးများနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး အသင်းချုပ်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးသွားများအတွက် ပြည်ဝင်ခွင့် ဗီဇာ လုပ်ထုံး လုပ်နည်း အဆင့်ဆင့်ကို အချိန်တိုအတွင်း လျှော့ချဆောင်ရွက်ပေးသွားမည်ပာု သံအမတ်ကြီး ဦးမင်းလွင်က ဆိုသည်။ “စီးပွားရေးခရီးစဉ် မှန်သမျှအတွက် ဗီဇာကို တစ်ရက်အတွင်း ထုတ်ပေးသွားမည်။ ဗီဇာကိစ္စ လွယ်ကူသွားတော့မည်” ပာု ဦးမင်းလွင်က ပြောကြားသည်။

ဦးမင်းလွင်က ဆက်လက်၍ ဘင်္ဂလားဒေ့ရှ်မှ မြန်မာသို့ တိုက်ရိုက် သင်္ဘောလမ်းကြောင်းများ မကြာမီ စတင်တော့မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အဖွဲ့ဝင်များပါဝင်သော ဖက်စပ်ရေကြောင်း ပို့ဆောင်ရေးကော်မတီကိုလည်း ဖွဲ့စည်းပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံစီးပွားရေး လုပ်ကိုင် ဆောင်ရွက်မှုများ လွယ်ကူစေရန်အတွက် ဘင်္ဂလားဒေ့ရှ်မှ မြန်မာသို့ တိုက်ရိုက်ကားလမ်းများ ဖောက်လုပ်ရေးကိုလည်း ဦးမင်းလွင်က အလေးထား ပြောဆိုသည်။

ဦးမင်းလွင်က ရိုပာင်ဂျာဒုက္ခသည်ကိစ္စနှင့် ပတ်သက်၍ ပြောဆိုရာတွင် ထိုကိစ္စသည် နိုင်ငံရေးကိစ္စ ဖြစ်၍ နှစ်နိုင်ငံ နိုင်ငံရေး ဆွေးနွေးမှုများနှင့် နားလည်သဘောပေါက်မှုများမှ တဆင့် ဖြေရှင်းရလိမ့်မည်ပာု ပြောကြားခဲ့သည်။ စစ်တကောင်း ကုန်သည်ကြီးများအသင်း UMFCCI ၏ ဥက္ကဋ္ဌ AM Mahbub Chowdhury ကလည်း အကယ်၍ ပို့ကုန်လုပ်ငန်းရှင်များအား အခွန်လျှော့ပေါ့ပေးမည်ဆိုပါက မြန်မာဈေးကွက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ဝင်ရောက်နိုင်လိမ့်မည်ပာု ပြောကြားခဲ့သည်။

**************************************************************************

ဒေါ်အောင်ဆန်းစုကြည် ပါတီအကြီးအကဲ ဥက္ကဋ္ဌဖြစ်လာ

(The Nation မှ 11 Jan 2011 ရက်စွဲပါ “Suu Kyi becomes party chief” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ တပ်မတော်လွှမ်းမိုးထားသော လွှတ်တော်တွင်းသို့ ဝင်ရောက်ရန်အတွက် ကြားဖြတ် ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသော မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် (ဥက္ကဋ္ဌ) ဖြစ်လာပြီပာု ပါတီပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့တွင် ပြောကြားသည်။ ယခုအခါ ပြုပြင်ပြောင်းလဲစ နိုင်ငံ၏ ပင်မနိုင်ငံရေးရေစီးကြောင်းထဲသို့ ပြန်လည်ဝင်ရောက် ရပ်တည်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သော နိုဘယ်ဆုရှင်၊ လူထုခေါင်းဆောင် သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က သူမ ပါဝင်ထူထောင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဦးဆောင် ပဲ့ကိုင်တော့မည်ဖြစ်သည်။ “ပါတီ ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်မှုအရ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီဥက္ကဋ္ဌ ဖြစ်သွားပါပြီ” ပာု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက AFP သို့ပြောကြားခဲ့သည်။

******************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment