Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၇.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. တတိယအကြိမ် မြန်မာစာနယ်ဇင်းသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေးပြုလုပ်
  2. နိုင်ငံသားအမည်ခံ လုပ်ငန်းအား ရက် ၉၀အတွင်း တရားဝင်ပြောင်းလဲမှတ်ပုံတင်ရမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. KIO/KIA တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး NLD သတင်းထုတ်ပြန်
  2. ဖက်ဆစ်ဝါဒထက် ဒီမိုကရေစီဝါဒ ခေတ်စားရမည်ဆိုသည့် ကြေညာချက် ၈၈မျိုးဆက် ထုတ်ပြန်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

တတိယအကြိမ် မြန်မာစာနယ်ဇင်းသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေးပြုလုပ်

၂၀၁၂ မတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ City Star ပာိုတယ်၌ တတိယအကြိမ် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းရေးလုပ်ငန်း အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာစာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးခြင်းနှင့် အများပြည်သူတို့၏ လက်တွေ့ဘ၀အား အကျိုးကျေးဇူးဖြစ်စေနိုင်သော သတင်းလွတ်လပ်ခွင့်အား ဖော်ထုတ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန် (Protection  of Freedom of Press)၊ အများ ပြည်သူတို့၏ အကျိုးစီးပွားနှင့် စတုတ္ထမဏ္ဍိုင်အဖြစ် တည့်မတ်စွာရပ်တည်နိုင်ရေးအတွက် ဂျာနယ်လစ်များ၏ လွတ်လပ်စွာ ရပ်တည်လှုပ်ရှား သတင်းရယူ ရေးသားဖော်ထုတ်နိုင်ရေး များစွာအရေးပါသည့်အတွက် ဂျာနယ်လစ်အခွင့်အရေးကို  ကာကွယ်စောင့်ရှောက်ရန် (Protection of Journalist)၊ ဂျာနယ် လစ်များ အချင်းချင်းကြားတွင် ဖြစ်စေ၊ ဂျာနယ်လစ်များနှင့် အများပြည်သူအကြား၌ဖြစ်စေ၊ ဂျာနယ်လစ်များနှင့် အခြားမဏ္ဍိုင်ကြီး သုံးရပ်အကြား၌ ဖြစ်စေ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာပါက ယင်းပြဿနာများကို ညှိနှိုင်းအဖြေရှာသွားရန်နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းမှုများ ပြုလုပ်သွားရန် တို့ဖြစ်ကြောင်း သိရသည်။

မြန်မာစာနယ်ဇင်းသမဂ္ဂဖွဲ့စည်းရေး တတိယအကြိမ်ပြုလုပ်သည့် အစည်းအဝေး၌ To Protect The Freedom of Expression နှင့် To Defend The Rights of All Journalists ပာူသည့် ဆောင်ပုဒ်နှစ်ခုအား ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာစာနယ်ဇင်းသမဂ္ဂ လုပ်ငန်းအညှိနှိုင်းအစည်းအဝေး မတ်လ ၁၀ရက်နေ့တွင် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီး မတ်လ ၁၈ရက်နေ့တွင် ဒုတိယ အကြိမ် ပြုလုပ်ခဲ့ကာ ယင်း ဒုတိယအကြိမ်အစည်းအဝေးပွဲ၌ မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး ယာယီကော်မတီကို ဖွဲ့စည်းခဲ့သည်။

“အခုလို စာနယ်ဇင်းသမဂ္ဂဖြစ်လာစေဖို့အတွက် အကုန်လုံးက ဝိုင်းဝန်းပြီးလုပ်ဆောင်နေတဲ့အပေါ်မှာ အထူးကြိုဆိုပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဖြစ်နေတာက စာနယ်ဇင်းလွတ်လပ်မှု မရှိသေးတာပဲ။ သတင်းထောက်တွေကလည်း မရေးရဲလို့ မရေးဘူး။ စာပေစိစစ်ကလည်း ခွင့်မပြုဘူး။ ဒီတော့ ပြည်သူတွေကလည်း သတင်းမှန်ကို မသိရဘူး။ ခုချိန်မှာ စာနယ်ဇင်းကဏ္ဍမှာအထူးလိုအပ်နေတာက စာနယ်ဇင်းသမားတွေကို ကာကွယ်ပေးမယ့် အဖွဲ့ အစည်းတွေပဲ။ ဒါမှလည်း မီဒီယာသမားတွေ သတင်းမှန်ကို ရေးရဲမှာပေါ့”ပာု ပြည်တွင်းဂျာနယ်တစ်ခုမှ အယ်ဒီတာတစ်ဦးက ဆိုသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံသားအမည်ခံ လုပ်ငန်းအား ရက် ၉၀အတွင်း တရားဝင်ပြောင်းလဲမှတ်ပုံတင်ရမည်

ပြည်တွင်း၌  နိုင်ငံသားအမည်ခံ နိုင်ငံခြားသားပိုင်ကုမ္ပဏီများအား အစိုးရသစ်လက်ထက်တွင် ပြန်လည် အရေးယူမည် မပာုတ်သော်လည်း ရက် ပေါင်း ၉၀အတွင်း အမှန်အတိုင်း ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန် ကြေညာ ခဲ့သည်။

“နိုင်ငံသားအမည်နဲ့ နိုင်ငံခြားသားပိုင်ကုမ္ပဏီတွေကို ခွင့်ပြုထားတဲ့ ရက် ၉၀အတွင်းမှာတော့ အရေးယူတာတွေ လုပ်မှာမပာုတ်ပါဘူး။ မှန်မှန်ကန် ကန်နဲ့ ဒီကုမ္ပဏီကတော့ နိုင်ငံခြားပိုင်ကုမ္ပဏီဖြစ်လို့ မှတ်ပုံတင်ခွင့်ပြုပါဆို သတ်မှတ်ချက်တွေနဲ့ ခွင့်ပြုပေးမှာပါ။ ဒါပေမယ့် ဒီလိုမှတ်ပုံမတင်ဘဲ ဆက်ပြီး လုပ်နေမယ်ဆိုရင်တော့ အရေးယူရမှာပါ”ပာု မြန်မာ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်တွင်း၌ နိုင်ငံသားအမည်ခံ၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော နိုင်ငံခြားသားပိုင်ကုမ္ပဏီများအား တရားဝင် မှတ်ပုံတင်ခွင့်ပြုရာတွင် ရာနှုန်း ပြည့် နိုင်ငံခြားသားပိုင်ကုမ္ပဏီအဖြစ် လည်းကောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များနှင့် ဖက်စပ်ပြုလုပ်၍ လည်းကောင်း အခြေအနေပေါ်မူတည်၍ လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံခြားသားပိုင်ကုမ္ပဏီ မှတ်ပုံတင်ပြုလုပ်တဲ့အချိန်မှာ လုပ်ငန်းတွေကို ရပ်နားထားရမှာဖြစ်ပါတယ်။ ဒီလို ရပ်နားထားတဲ့အချိန်မှာ ကုမ္ပဏီမှာရှိ တဲ့ လုပ်သားတွေရဲ့ လုပ်ခလစာကိုတော့ ပုံမှန်အတိုင်း ကုမ္ပဏီက ပေးနေရမှာပါ။ လုပ်သားတွေကို ထုတ်ပယ်တာ၊ လျှော့ချတာတွေကို လုံးဝ လုပ်ကိုင်ခွင့် ပေးမှာမပာုတ်ပါဘူး”ပာု ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက်မှ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ တရှိန် ထိုးဝင်ရောက်လာခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ရေးဆွဲလျက်ရှိ ကြောင်း သိရသည်။

Ref:Yangon Time

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

တိုင်းရင်းသားလူမျိုးအရေး ဆွေးနွေးရန် ဒီချုပ်ဥက္ကဋ္ဌ ကေအန်ယူနဲ့ တွေ့မည်

တိုင်းရင်းသားလူမျိုးအရေးနှင့် ပတ်သက်၍ ဆွေးနွေးရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် အစိုးရနှင့် ငြိမ်ချမ်းရေးကိစ္စများဆောင်ရွက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သော KNUအဖွဲ့နှင့် ဧပြီလဆန်းပိုင်းတွင် တွေ့ဆုံရန်ရှိကြောင်း KNUအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ရန်ကုန်မှာ ဧပြီလ ၄ရက်နေ့ကနေစပြီး အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တွေ့ဖို့ရှိပါတယ်။ တွေ့ဖို့ကို ကေအန်ယူက အထွေထွေအ တွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့ ဗိုလ်ချုပ် စောမူတူးဆေးဖို့တို့ ဦးဆောင်ပြီး ၃၁ရက်နေ့မှာ သွားမှာပါ။ ဒေါ်စုနဲ့တွေ့ဖို့ကတော့ ဧပြီလဆန်းပိုင်းလောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်တွေ့မှာပေါ့။ ပြီးရင် ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ တိုင်းရင်းသားအရေးတွေကို တိုက်တွန်းပြောဆိုမှာဖြစ်တယ်”ဟု အထက်ပါပုဂ္ဂိုလ်မှ ဆက်လက် ပြောကြားသည်။

ထိုကဲ့သို့တွေ့ဆုံမှုသည် ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံမည်ဖြစ်ပြီး ကေအန်ယူအဖွဲ့အပါအဝင် တိုင်းရင်းသားအဖွဲ့များ ပူးပေါင်း၍ စစ်မှန် သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအား တညီတညွတ်တည်း ထုတ်ပြန်ခဲ့ကြပြီး ယင်းထုတ်ပြန်ကြေညာချက်အား ဒေါ်အောင်ဆန်းစုကြည်မှ ထောက်ခံထားကြောင်းကိုလည်း သတင်းများအရ သိရသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ကရင်နိုင်ငံရေးပါတီများအချို့နှင့် ကရင်အဖွဲ့အစည်းအချို့တို့ကိုလည်း တွေ့ဆုံသွားမည်ဖြစ်သည်ဟုလည်း သတင်းရရှိသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ဖက်ဆစ်ဝါဒထက် ဒီမိုကရေစီဝါဒ ခေတ်စားရမည်ဆိုသည့် သဝဏ်လွှာတစ်စောင်အား ၈၈မျိုးဆက်မှ ပေးပို့

၂၀၁၂ခုနှစ် မတ်လ ၂၇ရက်နေ့တွင် ပြုလုပ်ကျင်းပသည့် ၆၇နှစ်မြောက် တော်လှန်ရေးနေ့အခမ်းအနားသို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတစ်ချို့ပါသည့် သဝဏ်လွှာတစ်စောင်အား ပေးပို့ခဲ့သည်ဟု သိရသည်။

“ဒီကြေညာချက်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပြောသွားတဲ့ ဒီမိုကရေစီဝါဒနဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှား တွေ့ရနိုင်တဲ့အတွက်ကြောင့် ဒီမိုကရေစီ ဝါဒကို ခေတ်စားလာအောင်လုပ်ဖို့ဆိုတဲ့ စကားလည်း ပါပါတယ်”ဟု ၈၈မျိုးဆက် ကျောင်းသားတစ်ဦးမှ ပြောကြားသည်။

ယင်းသဝဏ်လွှာထဲတွင် ဒီမိုကရေစီစနစ်အား တည်ထောင်မည်ဆိုပါက အစိုးရမှ ပြည်သူစိတ်ပြောင်းလဲ၍ အစိုးရဝန်ထမ်းများ မဟုတ်တော့ဘဲ ပြည်သူ့ဝန်ထမ်းများအဖြစ် ပြောင်းလဲရန်လိုအပ်ပြီး ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံတွင်ရှိရမည့် အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ရမည်ဖြစ်ကြောင်း လည်း ပါရှိသည်ဟု ၎င်းမှ ထပ်မံပြောကြားသည်။