Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၈.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း (၁)

  1. အနောက်နိုင်ငံများက ကြားဖြတ်ရွေးကောက်ပွဲကို အရေးယူမှုများ ဖြေလျော့နိုင်ရန် စောင့်ကြည့်နေကြသည်

(27 March 2012 ရက်စွဲပါ Reuters မှ Martin Petty ရေးသားသော West waits on Myanmar vote to start sanctions scale-back ကို ဘာသာပြန်သည်)

****************************************

ဘာသာပြန်သတင်းများ

အနောက်နိုင်ငံများက ကြားဖြတ်ရွေးကောက်ပွဲကို အရေးယူမှုများ ဖြေလျော့နိုင်ရန် စောင့်ကြည့်နေကြသည်

(27 March 2012 ရက်စွဲပါ Reuters မှ Martin Petty ရေးသားသော West waits on Myanmar vote to start sanc tions scale-back ကို ဘာသာပြန်ဆိုသည်)

အနောက်နိုင်ငံများသည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်တွင် နေရာတစ်နေရာပေးမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံမှ ကြားဖြတ်ရွေးကောက်ပွဲများ ချောမောစွာ ပြီးမြောက်သွားရန် လိုလားလျက် ရှိသည်။ သို့မှသာ ယင်းတို့သည် အရေးယူမှုများ စတင်ရုတ်သိမ်းလျက် ယင်း တို့၏ ကုမ္ပဏီများ မြန်မာနိုင်ငံမှ ကြားဖြတ် ရွေးကောက်ပွဲများ ချောမောစွာပြီးမြောက်သွားရန် လိုလားလျက် ရှိသည်။ သို့မှသာ ယင်းတို့သည် အရေးယူမှုများ စတင် ရုတ်သိမ်းလျက် ယင်းတို့၏ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံစေမည် ဖြစ်သည်။

မြန်မာ အရပ်သားအစိုးရသည် လွန်ခဲ့သည့်တစ်နှစ် ယင်း အာဏာရလာကတည်းက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အံ့အားသင့်ဖွယ် လုပ် ဆောင်လာခဲ့သည်။

အနောက်နိုင်ငံ ကုမ္ပဏီများကလည်း မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် တန်းစီလျက် ရှိသည်။ မြန်မာနိုင်ငံသည် အိန္ဒိယနှင့် တရုတ်ကြားတွင်ရှိပြီး စွမ်း အင်၊ ငွေကြေးဝန်ဆောင်မှု၊ တယ်လီဖုန်းဆက်သွယ်ရေး နှင့် ခရီးသွားကဏ္ဍများတွင် ကြီးမားသော အလားအလာများ ရှိသည်။

သံတမန်များက ပြောကြားရာတွင် အကယ်၍ ရွေးကောက်ပွဲများကို အများက လက်ခံခဲ့ပါက ဗီဇာ ပိတ်ပင်ထားခြင်းနှင့် ပိုင်ဆိုင်မှုများ ထိန်းသိမ်း ထားခြင်း ကဲ့သို့သော အမေရိကန်၏ အရေးယူမှုများ ရုတ်သိမ်းသွားဖွယ် ရှိကြောင်း၊ ဥရောပသမဂ္ဂကလည်း သစ်နှင့် ကျောက်မျက်သတ္တုများတွင် ရင်းနှီး မြှုပ်နှံမှု ပိတ်ပင်ထားခြင်းကို ရုတ်သိမ်းသွားနိုင်ကြောင်း ဆိုသည်။

သို့သော် ရွေးကောက်ပွဲများ တရားမျှတကြောင်း ဒေါ်အောင်ဆန်းစုကြည်က လက်မထောင် မီးစိမ်းပြရန် လိုအပ်သည်။

"တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရက်တစ် အတိုက်အခံတွေက ဧပြီလ (၁)ရက် ရွေးကောက်ပွဲတွေက ကောင်းမွန်ကြောင်း အတည် ပြုချက်ရခဲ့ရင်၊ အမေရိကန် အစိုးရ အပိုင်းကလဲ အပေါင်း လက္ခဏာဆောင်ပြီး၊ အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ဆောင်မှုတွေ ရှိလာပါလိမ့်မယ်" ဟု ဝါရှင် တန်အခြေစိုက် U.S Campaign for Burma မှ Jennifer Quigley က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၊ ကနေဒါ နှင့် သြစတြေးလျတို့ကလည်း ထိုသို့ လုပ်ဆောင်မည် ဖြစ်ကြောင်း ကြိုတင်ပြောဆိုထားကြသည်။ တနင်္လာနေ့က သြစ တြေးလျ နိုင်ငံခြားရေး ဝန်ကြီး Bob Carr သည် ယင်း၏ ကမ္ဘောဒီးယားခရီးစဉ်တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ယင်းတို့၏ အရေးယူမှုများကို တစ်ဆင့်ခြင်း ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ သို့သော် ရုတ်သိမ်းပေးမည့် အရေးယူမှုတစ်ခုခြင်းအပေါ် အတိုက်အခံနှင့် တိုင်ပင်မှုများ ပြုလုပ်သွားမည် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် ဝေခွဲမရ ဖြစ်နေပုံရသည်။ အကယ်၍ သူမသည် ရွေးကောက်ပွဲရလဒ်ကို အကျုံးဝင်သော အကြောင်းပြချက်များဖြင့် ငြင်းချက် ထုတ်ခဲ့မည်ဆိုလျှင်၊ အရေးယူမှုများကလည်း အင်နှင့်အားနှင့် ဆက်လက်ရှိနေမည်ဖြစ်ရာ၊ အပြောင်းအလဲကို လိုလား နေသော သန်းပေါင်းများစွာသော မြန်မာလူထုကြားတွင် သူမ၏ ပုံရိပ်ထိခိုက်ဖွယ်ရှိကြောင်း သုံးသပ်သူ အချို့က ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်က အရေးယူမှုတွေကို အစိုးရဆီက သူမလိုချင်တာ တောင်းနိုင်အောင် ကိုင်ထားတဲ့ လက်နက်သဖွယ် ရှုမြင်နေပါတယ်။ ဒါဟာ အန္တရာယ် အလွန်များတဲ့ မူဝါဒပါပဲ" ဟု အရေးယူမှုများကို ဝေဖန်ခဲ့သူ ဝါရှင်တန်၏ Georgetown တက္ကသိုလ်မှ David Steinberg က ပြောကြား ခဲ့သည်။

"ဘာကြောင့်လဲဆိုတော့ …. သူမကို ဆင်းရဲမွဲတေမှုကို ဦးစားပေး နားလည်ပေးဖို့ ဖြစ်လာအောင် တွန်းပို့နေတာပါပဲ။ မဟုတ်ရင်တော့ သူမကို ထိ ခိုက်နိုင်ပါတယ်" ဟု ယင်းက ပြောသည်။

ရွေးကောက်ပွဲနေ့တွင် တိုင်ကြားမှုများ ထွက်ပေါ်လာနိုင်သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၄၉)နှစ်ခန့် စစ်တပ်မှ အုပ်ချုပ်လာခဲ့ခြင်းကြောင့် ရွေး ကောက်ပွဲ ကျင်းပသည့် အတွေ့အကြုံမှာ အကန့်အသတ်နှင့်သာ ရှိခဲ့ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တပ်နောက်ခံပြု USDP ပါတီကို မျက်နှာသာ ပေး၍ မသမာမှုများရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခဲ့ကြပါသည်။

သံတမန်အများစုက မြန်မာနိုင်ငံမှ အုပ်ချုပ်သူများသည် ရိုးသားသည်ဟု ယုံကြည်ကြသည်။ ယင်းတို့သည် လွှတ်တော်ကြီးကို တရားဝင် အသိအ မှတ်ပြုလာကြရေးအတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီကို လွှတ်တော်သို့ ဝင်လာစေလိုကြသည်။

သို့သော် NLD သည် ရလဒ်အတွက် ဖြစ်လာနိုင်သော အငြင်းပွားမှုများအတွက် အကြောင်းတရားများကို ရှာဖွေထားပြီး ဖြစ်သည်။ မဲဝယ်ကြောင်း စွပ်စွဲမှု၊ မဲစာရင်းတွင် သေဆုံးသူများ ပါဝင်နေမှု အပါအဝင် သမ္မတကိုပင် မဲပေးရာတွင် သြဇာ လွှမ်းမိုးမှုရှိရန် ကြိုးစားနေသည်ဟု ပြောဆိုမှုများ ရှိနေ သည်။

အစိုးရကလည်း မျက်နှာသာ မပေးပဲ ရွေးကောက်ပွဲ စောင့်ကြည့်သော အစစ်အမှန် မစ်ရှင်များကို ခွင့်မပြုခဲ့ပေ။ ပြီးခဲ့သည့် အပတ်က အရှေ့ တောင်အာရှမှ ငါးဦး၊ အမေရိကန်၊ အီးယူနှင့် အခြားနိုင်ငံများမှ နှစ်ဦးစီကို လေ့လာသူများအဖြစ် အချိန်နောက်ကျမှ ဖိတ်ကြားခဲ့သည်။

ရွေးကောက်ပွဲရလဒ်ကို မကြည့်ပဲဆိုလျှင် အရေးယူမှုများ မည်သို့ မြန်မြန် ရုတ်သိမ်းသွားမည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။ အရေး ယူမှုများကို တစ်ကြိမ်တည်းနှင့် အားလုံး ရုတ်သိမ်းရန်မှာ မဖြစ်နိုင်ပေ။ အနောက်တိုင်းမှ ရင်းနှီးမြှုပ်နှံသူများမှာ အချိန်နှင့်အမျှ ပြိုင်ဆိုင်နေရခြင်းကြောင့် စိတ်စောလျက် ရှိသည်။ အာရှမှ ကုမ္ပဏီများသည် အခွင့်အလမ်းများရှာရန် မြန်မာနိုင်ငံအတွင်းသို့ သွားရောက်လျက်ရှိပြီး အလျင်အမြန်သိမ်းလျက် ရှိသည်။

အီးယူသည် ဧပြီလ (၂၃) ရက်နေ့တွင် ယင်း၏ အရေးယူမှုကို ပြန်လည် သုံးသပ်မည်ဖြစ်ရာ ဝါရှင်တန်ထက် စော၍ လျော့ပေးဖွယ် ရှိသည်။

အီးယူအဖွဲ့ဝင်နိုင်ငံမှ သံတမန်အချို့၏အဆိုအရ ရွေးကောက်ပွဲသည် အများကလက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း မီးစိမ်းပြခဲ့ပါလျှင် အီးယူ နိုင်ငံခြားရေးရာ ကောင်စီမှ မဲပေး၍ အရေးယူမှု အချို့ ဖယ်ရှားနိုင်ကြောင်း သိရှိရသည်။

လက်နက် ရောင်းဝယ်မှုနှင့် ကုန်သွယ်မှု ပိတ်ပင်ထားခြင်းများသာ ကျန်ခဲ့မည် ဖြစ်သည်။ ထိုကိစ္စ ရုတ်သိမ်းရန် အနည်းဆုံး တစ်နှစ်ခန့် ကြာမည် ဖြစ်ကြောင်း အချို့သံတမန်များက ပြောသည်။

ရွေးကောက်ပွဲသည် တရားမျှတခဲ့ပါက ကနေဒါကလည်း အရေးယူမှုများကို စတင်ရုတ်သိမ်းမည်ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူတစ်ဦးက Reuters သို့ ပြောသည်။

အမေရိကန် ပြည်ထောင်စုအနေဖြင့် ယခု ပြိုင်ပွဲတွင် ဘေး၌ကျန်ရစ်နိုင်သည်။ ယင်း၏ ရှုတ်ထွေးသော ပင့်ကူမျှင်ကဲ့သို့ တစ်ခုနှင့်တစ်ခု ထပ်နေ သော အရေးယူမှုများကို အလျင်အမြန် ဖြေလျော့ရန် လုံးဝ မလွယ်ကူပေ။ ကွန်ဂရက်တွင် ပါတီနှစ်ခုလုံးမှ အရေးယူမှု ရုတ်သိမ်းရေးအတွက် ထောက်ခံ သည့်တိုင် မလွယ်ကူလှပေ။

အမေရိကန်တို့၏ အရေးယူမှုများမှာ ဖက်ဒရယ် ဥပဒေငါးခု၊ သမ္မတ၏ အမိန့်လေးခုတို့ဖြင့် ၁၉၉၀ နှင့် ၂၀၀၈ ခုနှစ်အတွင်း ချမှတ်ထားခြင်း ဖြစ် သည်။ အရေးယူမှု တစ်ခုစီကိုလည်း ရုတ်သိမ်းရမည့် အခြေအနေများ၊ ကုန်ဆုံးရက်များနှင့် အခြား အခြေအနေ အမျိုးမျိုး ထည့်သွင်းထားသည်။

မြန်မာနိုင်ငံတွင် အချို့ အခြေအနေများဖြစ်သော အတိုက်အခံနှင့် ဆက်ဆံရေး ပြုလုပ်ခြင်း၊ မီဒီယာလွတ်လပ်ခွင့်အချို့ ပေးခြင်းများကို လုပ် ဆောင်ခဲ့ပြီး ဖြစ်သည်။

သို့သော် အချို့ ဥပဒေတွင် လိုအပ်ချက် ဖြစ်သော နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးရန်နှင့် ပတ်သက်၍ ထောင်ထဲတွင် မည်မျှကျန် သည်ကို မည်သူမျှ မသိနိုင်။ အမေရိကန်သမ္မတ ကျေနပ်အောင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု အကျိုးစီးပွားနှင့် မပတ်သက်တော့ကြောင်း ကိစ္စများမှာ မလွယ်ကူပေ။

သို့သော် ထိုအရာများ အားလုံးသည် မြန်မာနိုင်ငံအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုကို လျှော့ချလိုသော ကုမ္ပဏီများ အလုံးအရင်း ဝင်ရောက်ရင်း နှီးမြှုပ်နှံလိုသော အမေရိကန်အတွက် အကောင်းအဆိုး ဆုံးဖြတ်ရန် လုံလောက်သော လက္ခဏာများ မဟုတ်သေးပေ။

"လူတိုင်းက မြန်မာနိုင်ငံကို ခုန်ဝင်နေကြတဲ့အချိန်မှာ အမေရိကန်အနေနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ဘေးရောက်နေတော့ ကိုယ်လိုချင်တဲ့ နေရာ မရနိုင်ပါဘူး" ဟု အငြိမ်းစား ကမ္ဘာ့ဘဏ် တာဝန်ရှိသူနှင့် မြန်မာ့စီးပွားရေး ပညာရှင် Bradley Badson က ပြောကြားခဲ့သည်။

"အခု သူတို့မှာ ရှုတ်ထွေးပြီး ဥပဒေဆိုင်ရာတွေ အထပ်ထပ်နဲ့ ကြက်သွန်နီအခွံနွှာရသလို တစ်လွှာခြင်း ဖယ်ထုတ်ရမှာပါ။ မူဝါဒ ပြောင်းသွားပြီ ဆို ရင်တောင် ဒီ ကန့်သတ်ထားတဲ့ ဥပဒေတွေကိုရုတ်သိမ်းဖို့ အချိန်ယူရပါလိမ့်မယ်" ဟု ယင်းက ပြောသည်။

************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment