Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၎.၄.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ရန်ကုန် အဆောက်အအုံနှင့် မြေကွက်များ ပုဂ္ဂလိကလုပ်ကိုင်ရန် လွှဲပြောင်းမည်
  2. သီလဝါ၌ ကိုရီးယားနှင့် ပူးပေါင်း၍ ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကျန်ရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်စာရင်း ကြေညာ
  2. ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် အစိုးရနှင့် KNU ငြိမ်းချမ်းရေးဆွေးနွေးမည်
  3. ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံတကာမှ အပြူသဘောဆောင် တုန့်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ရန်ကုန် အဆောက်အအုံနှင့် မြေကွက်များ ပုဂ္ဂလိကလုပ်ကိုင်ရန် လွှဲပြောင်းမည်

ရန်ကုန်မြို့တော်၏ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရန်ကုန်မြို့ရှိ အဆောက်အအုံနှင့် မြေကွက်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးရေးအတွက် ပိာုတယ်တွေ၊ ရှော့ပင်းမောလ်တွေ၊ အထူးကုဆေးရုံတွေ၊ ကလေးကစားကွင်းတွေ တည်ဆောက်ဖို့ အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လုပ်ကိုင်ဖို့ လွှဲပြောင်းပေးမှာပါ။ ပြီးတော့ ရန်ကုန်မြို့တော်မှာ မြို့ပြဖွံ့ဖြိုးရေးအတွက် တခြား လုပ်ကိုင်ချင်တာတွေအ တွက်လည်း လုပ်ကိုင်ခွင့်တွေကို ချထားပေးမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ထိုသို့ ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးမှု လုပ်ငန်းများအတွက် လုပ်ငန်းရှင်များအား လုပ်ကိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် တွင်ရှိသည့် ပန်းဘဲတန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်-၁၆စီ၊ မြေကွက်အမှတ်-၃အေ၊ ဗိုလ်ချုပ် ဈေးသစ်+လပာာပြင်ဈေးနေရာ၊ မင်္ဂလာတောင်ညွှန့်မြို့နယ် မြေတိုင်းရပ်ကွက် (၁၁)၊ မြေကွက်အမှတ်(၁)နှင့်(၂)၏ တစ်စိတ်တစ်ဒေသ ကန်ပတ်လမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်ရှိ သိမ်ဖြူယာဉ်မောင်း လေ့ကျင့် ရေးကွင်း၊ ကမာရွတ်မြို့နယ်၊ မြေတိုင်းရပ်ကွက်-၃၇ဂျီ၊ ၃၇ အက်ဖ်နှင့် ၈၂၊ မြေကွက်အမှတ်(၁)၏ အစိတ်အပိုင်း၊ (၈)ရပ်ကွက်၊ ကျွန်းတောလမ်း၊ နာနတ် တောလမ်းနှင့် ပာံသာဝတီလမ်းကြားနေရာတို့အား လုပ်ကိုင်နိုင်ရန် တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြို့တော် မြိုပြဖွံ့ဖြိုး လှပစေရေးအတွက် ခုလို ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပေးလိုက်တာပာာ နိုင်ငံတော်အနေနဲ့ ဝန်ပေါ့သွား နိုင်ပါတယ်။ ရန်ကုန်မြို့က စည်ပင်ပိုင်နေရာတွေကိုသာမကဘဲ ကျန်နေရာအချို့ကိုလည်း မြို့ပြ ဖွံ့ဖြိုးရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဆောင် ရွက်ခွင့် ပေးလိုက်မယ်ဆိုရင် မကြာသေးမီကာလအတွင်းမှာကို ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးလာမှာပါ”ပာု စီးပွားရေးလေ့လာနေသူတစ်ဦးက ဆိုသည်။

                 Ref: (ရန်ကုန်တိုင်းမ်)

-----------------------------------------------------------------------------------------------------------------------------------

သီလဝါ၌ ကိုရီးယားနှင့် ပူးပေါင်း၍ ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

သီလဝါ စက်မှုဇုန်၌ ကိုရီးယားနှင့် မြန်မာနိုင်ငံရှိ အမှတ်(၂)လျှပ်စစ်ဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည် ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို တစ်နှစ်အတွင်း တည်ဆောက်သွားမှာပါ။ ဒီကထွက်တဲ့ ဓာတ်အားတွေကို သီလဝါ စက်မှုဇုန်အ တွက် သီးသန်