Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၅.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ရေအားလျှပ်စစ်

*****************************************

ဆောင်းပါးကဏ္ဍ

ရေအားလျှပ်စစ်

(မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၂၉ ၊ အမှတ် ၅၆၇ မှ ကောက်နုတ်ဖော်ပြချက်)

မြင့်သန်းကျော်

ရန်ကုန်မြို့တော်ကို မီးအလှည့်ကျပေးလိုက်တော့ မြို့တော်ကြီးမှာ လှုပ်လှုပ်ရှားရှားတွေ အများကြီး ဖြစ်ကြရပါတယ်။ ယနေ့ကမ္ဘာမှာ လျှပ်စစ်ဟာ အရာရာနဲ့ပတ်သက်နေပြီလို့ ပြောရမတတ်ပါပဲ။ မီးဖြတ်တာ ကမ္ဘာနဲ့ အဆက်ဖြတ်ခံရတာပါပဲ။ နောက်ဆက်တွဲက စက်ရုံတွေ ဒီဇယ်ဈေးမြင့်နေတဲ့အချိန်မှာ မီးစက်တွေနဲ့ စက်တွေလည်ပတ်ရတော့ ထုတ်လုပ်ရေးစရိတ်တွေ တက်မယ်။ လျှပ်စစ်နဲ့ပတ်သက်သမျှ လုပ်ငန်းတွေမှာ အပိုကုန်ကျစရိတ်တွေ ရှိလာပါ တယ်။ ဒါတွေကို ထုတ်လုပ်သူတွေနဲ့ ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းရှင်တွေက ခဏတာ စိုက်ထုတ်ကျခံရပေမယ့် နောက်ဆုံးမှာတော့ သုံးစွဲသူတွေဟာ တန် ဖိုးကြီးကျခံ သုံးစွဲရတော့တာပါပဲ။ ဒါဟာ မြန်မာနိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံးနေရာတစ်ခုရဲ့ နစ်နာမှုပါပဲ။

နောက်အကျိုးဆက်က အဲဒီဒေသနဲ့ စီးပွားရေးဆက်နွှယ်မှုတွေရှိနေရတဲ့ တစ်ပြည်လုံးနဲ့ ဆက်သွယ်မှုပါ။ မြန်မာပြည်ရဲ့ အဓိကစီးပွားရေးမြို့တော် များကို စီးပွားရေးအထောက်အကူပြုတဲ့ လျှပ်စစ်ကို လုံလောက်အောင်မပေးနိုင်တာဟာ တစ်ပြည်လုံးကို တိုးတက်မှုမရှိစေတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ် လာပါလိမ့်မယ်။ စက်မှုဇုန်တွေ ဘယ်မှာပဲရှိပါစေ၊ အလုံးအရင်းလိုက်က ရန်ကုန်တိုင်းထဲမှာဖြစ်နေတော့ ရန်ကုန်ဧရိယာမီးမမှန်တာနဲ့ ငွေကြေးဖောင်းပွမှု တွေကို မလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ်။ ကုန်ဈေးနှုန်းတွေ မြင့်တက်လာပါမယ်။ ရေဖိုး၊ တယ်လီဖုန်းပြောခ၊ ကားရပ်နားခ၊ လမ်းတံတားဖြတ်သန်းခ၊ ဘီး ခွန်၊ လျှပ်စစ်မီတာခ၊ နိုင်ငံတော်ရဲ့ မီးရထားခ အကောက်ခွန်ကင်းလွတ်ခွင့်ရ Company ရဲ့ ယာဉ်စီးခ၊ အသီးသီးတွေရဲ့အခ ဈေးနှုန်းအမျိုးမျိုးကလည်း မသက်မသာရှိနေစဉ်မှာ မြန်မာပြည်ရဲ့ လူနေထူထပ်ဆုံးနေရာ ရန်ကုန်မြို့တော်ကြီးမှာ စည်ပင်သာယာက သူသတ်မှတ်ထားတဲ့ သူတို့ရောင်းတဲ့ အမှိုက် အိတ်နဲ့မှ အမှိုက်သိမ်းမယ့်အခြေအနေ ဖြစ်လာပြန်တယ်။

ရေးချင်တာက အခွန်အတုပ်ကြီးလေးခြင်းကိုပါ။ ခုလို မီးမမှန်လို့ဖြစ်လာမယ့် ကုန်ဈေးနှုန်း ကြီးမြင့်လာတာကလည်း နူရာဝဲစွဲ လဲရာသူခိုးထောင်း ဖြစ်လာပြန်ပါပြီ။ ဆိုးတာက ကုန်ဈေးနှုန်းတွေဟာ တက်ပြီးရင် ပြန်မကျတော့ ပြည်သူတွေမှာ ခါးစည်းခံရုံမှအပ တခြားမရှိတော့ဘူးပေါ့။ ပြည်သူဟာ ၀န် ထမ်းဖြစ်နေရင် လာဘ်စားဖို့ဘက်ကို ကျိန်းသေ ဦးတည် လာနိုင်ပြီပေါ့။

လျှပ်စစ်နဲ့ နိုင်ငံရေးဘက် ခဏရေးပါရစေ။ ရုရှားပြည်ကြီးမှာ ၁၉၁၇ အောက်တိုဘာလမှာ လီနင်ခေါင်းဆောင်တဲ့ တော်လှန်ရေးသမားတွေ ဇာဘု ရင်နန်းတော်ကို တစ်ဟုန်ထိုး ၀င်ရောက်တိုက်ခိုက်ပြီး ဇာဘုရင်မိသားစုကို အဆုံးစီရင်ကာ ပစ္စည်းမဲ့အာဏာရှင်ဝါဒအဖြစ် ကွန်မြူနစ်အာဏာရှင်စနစ်ကို တည်ထောင်ခဲ့ပါတယ်။ လီနင်ဟာ ရုရှားနိုင်ငံကြီးကို လျှပ်စစ်ဓာတ်အား ဖူလုံရေးမူဝါဒချမှတ်ပြီး ရေအားလျှပ်စစ်တွေ အလျှံပယ်ရအောင် ကြံဆောင်ခဲ့ ပါတယ်။ သူနောက်ဆက်ခံတဲ့ အာဏာရှင်အသီးသီးဟာ လျှပ်စစ်ဓာတ် အားရရှိရေး ဆက်လက်ဆောင်ရွက်တဲ့အတွက် ကွန်မြူနစ်စနစ်ရုရှားဟာ လျှပ်စစ်နဲ့ ပတ်သက်ရင် အဆင်ပြေခဲ့ပြီး အကျိုးဆက်က လျှပ်စစ်ကြောင့် အသေးစားစက်မှုလုပ်ငန်းများ ဖြစ်ပေါ်လာလို့ အထိုက်အလျောက် တိုးတက်လာခဲ့ပါတယ်။ လျှပ်စစ်လုံလောက်မှုနဲ့ စက်ပစ္စည်းတွေ၊ စစ်လက်နက်ပစ္စည်းတွေ၊ လေယာဉ်တွေထုတ်ရင်း အင်အားရှိလာတဲ့နောက်ပိုင်း ကမ္ဘာစစ်ကြီးနှစ်ခုမှာ သူ့ရဲ့အင်ပါ ယာကို တဖြည်းဖြည်းချဲ့ထွင်နိုင်ခဲ့တာ ဆိုဗီယက်ယူနီယံအဖြစ်ထိ အရှိန်အ၀ါ ထွန်းတောက်ခဲ့ပါတယ်။ အထိုက်အလျောက်တိုးတက်မှုရှိရာက စစ်ရှုံးဂျာမနီ ကို မဟာမိတ်တွေနဲ့အပြိုင် ၀င်သိမ်းရင်း ဂျာမန်ပညာရှင်တွေကိုရသွားပြီး ကမ္ဘာရဲ့ ပထမဆုံးဂြိုဟ်တု၊ ပထမဆုံးလူလိုက်ပါတဲ့ ဂြိုဟ်တုတွေ အသီးသီး လွှတ် တင်နိုင်သည်အထိ အောင်မြင်ခဲ့တာဟာ လျှပ်စစ်မီးလုံလောက်မှုက ပံ့ပိုးပေးလိုက်တဲ့ အသေးစားကနေ အကြီးစားစက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးသွားတယ်ဆို တဲ့ ဥပမာပါ။ နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်မှု အဓိကစွမ်းအားတွေထဲမှာ လျှပ်စစ်စွမ်းအင်ဟာ အရေးပါတဲ့နေရာမှာ ပါဝင်ပါတယ်။ အုပ်စိုးမှုမှုတစ်ခုဖြစ်တဲ့ ကွန်မြူနစ်စနစ်နိုင်ငံဟာ လျှပ်စစ်ဖူလုံမှုကျေးဇူးကြောင့် စစ်လက်နက်ပစ္စည်းမျိုးစုံထုတ်ပြီး ကမ္ဘာရဲ့ လက်နက်တင်ပို့မှု ထိပ်တန်း နိုင်ငံတစ်နိုင်ငံ ဖြစ်လာပေမယ့် အုပ်ချုပ်မှုမှာ ဒီမိုကရေစီကျင့်စဉ် မကျင့်သုံးနိုင်တဲ့အတွက် ဒီမိုကရေစီဝါဒအသားကျနေတဲ့ အမေရိကန်ကို မယှဉ်နိုင်ခဲ့ပါ။ ဒါကြောင့် ရုရှားအာဏာရှင်တစ်ယောက်က အမေရိကန်ကို အမီလိုက်ရေး ကြွေးကြော်လှုံ့ဆော်စဉ်က အမေရိကန်ကိုမီရင် ဘာလုပ်ပေးမလဲမေးတော့ မီရင် ကျော်တက်မယ် ဖြေတယ်ပေါ့။ မေးတဲ့လူက ကွန်မြူနစ်စနစ်ကို နာကြည်းလွန်းလို့ မီရင်တော့ ကျွန်တော် ဆင်းနေခဲ့မယ်တဲ့လေ။ သရော်စာတစ်ခုပါ။ ၁၉၉၀ ခုနှစ်မှာ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသည်ထိ စနစ်ဆိုးကြီးတစ်ခု နှစ်ပေါင်း ၇၀ ကျော် ရပ်တည်နိုင်ခဲ့တာ လျှပ်စစ်ဓာတ်အား လုံလောက်ခြင်းရဲ့ အကျိုး ကြောင့် စက်မှုဖွံ့ဖြိုးခြင်းတွေက ကျားကန်ပေးထားလို့ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးမြို့ကြီးတွေမှာ လျှပ်စစ်စွမ်းအင်မလုံလောက်ရင် ကုန်ဈေး နှုန်းတွေတက်ပြီး ငွေကြေးဖောင်းပွမှု ကြီးထွားလာပါမယ်။ တစ်နှစ်နဲ့ပြီးမယ့် ကိစ္စတော့မဟုတ်ပါ။ ရေရှည်ခံစားနေကြရမှာပါ။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဟာ ရေအားလျှပ်စစ်သာ အဓိကအသုံးပြုပါတယ်။ ရေအားလျှပ်စစ်အတွက် ရေကာတာတွေကို တည်ဆောက်ရာမှာ သတ် မှတ်တဲ့ ရေလှောင်တမံကို မတည်ဆောက်မီမှာ ရေစီးအားတွေကို အသေအချာလေ့လာစိစစ်ပြီးမှ တည်ဆောက်တာပါ။ နွေရာသီအတွက် လိုအပ်တဲ့ ရေ ပမာဏလှောင်ထားနိုင်ဖို့ကိုပါ တွက်ချက်ရပါတယ်။ ရေစီးဝင်မှု အနည်းဆုံးပမာဏအပေါ် အခြေခံပြီး ပုံစံပြုရတာပါ။ ရေအားလျှပ်စစ်ဟာ ရပ်ထားရင် အပျက်များပါတယ်။ နွေရာသီ တိုင်းစက်တွေ လျော့လည်တယ်ဆိုတာ မရှိရအောင် ပုံစံ Design မှာပါပြီး ဖြစ်ရပါတယ်။ ခုလိုဖြစ်လာတဲ့ အကြောင်းထဲက ဖြစ်နိုင်တာတစ်ချက်က ရေလှောင်တမံကို မူလသတ်မှတ်တဲ့ အမြင့်ပေရောက်သည်ထိ မဆောက်လို့ ဖြစ်နိုင်ပါတယ်။ ဆည်ကြီးတွေဟာ ကြီးရင်ကြီးသ လောက် အမြင့်ပေလျော့ရင် အကျိုးမဲ့တတ်ပါတယ်။ သတ်မှတ်တဲ့ အမြင့်ပေထိ တည်ဆောက်ခြင်းဟုတ်မဟုတ် ပြန်ပြီး လေ့လာဆန်းစစ်သင့်ပါတယ်။ ပေါင်းလောင်းရေကာတာဆိုရင် သတ်မှတ်အမြင့်ထိ မတည်ဆောက်လိုက်ရဘဲ ရေအားလျှပ်စစ်ကို ထုတ်လိုက်တယ်ဆိုတဲ့သတင်း ကြားဖူးခဲ့ပါတယ်။ ရေ အားလျှပ်စစ်ထုတ်တဲ့ ရေကာတာကြီးတွေရဲ့ ရေကာတာအမြင့်တွေကို မူရင်းပုံစံ Design အတိုင်း ဖြစ်မဖြစ် ပြန်လည်လေ့လာဆန်းစစ်ပြီး အဖြေ ရှာသင့် ပါတယ်။ တကယ်လို့ သတ်မှတ်အမြင့်ပေထက် လျှော့ဆောက်ထားရင် ဧရိယာကြီးလွန်းတဲ့ ရေကာတာတွေမှာ တည်ဆောက်တဲ့ စရိတ်ငွေတွေဟာ သိန်း ထောင်သောင်းချီတဲ့ လေလွင့်မှုကြီးတွေပါပဲ။ မူလသတ်မှတ်ပြီး Design ပုံစံပါ အမြင့်ပေထက် လျှော့ဆောက်ထားပြီး မူလသတ်မှတ်ငွေ ကျခံသုံးစွဲပြီးဖြစ် နေရင်တော့ ကြီးမားလွန်းတဲ့ လွဲမှားမှုကြီးတစ်ခုပါပဲ။ လတ်တလောမှာလည်း တည်ဆောက်ဆဲ၊ တည်ဆောက်ဖို့လျာထားဆဲ ရေအားလျှပ်စစ်စီမံကိန်းကြီး တွေရှိပါတယ်။ ဆောက်တဲ့ရေအားလျှပ်စစ်တွေကို အိမ်နီးချင်းနိုင်ငံကိုရောင်းစားဖို့ ရည်ရွယ်တာမျိုးတွေလည်း ပြန်စဉ်းစားပေးစေချင်ပါတယ်။ ရေအားလျှပ် စစ်စီမံကိန်းကြီးတွေမှာ ရေလှောင်တမံတွေကို မူလသတ်မှတ်တဲ့ စံချိန်စံညွှန်းအတိုင်းအတာ ရေကာတာသတ်မှတ်တဲ့ အမြင့်အထိ ရောက်အောင် တည် ဆောက်ပေးပါမှ အောင်မြင်တဲ့ ရေအားလျှပ်စစ်လုပ်ငန်းကြီးတွေ ရေရှည်တည်တံ့နိုင်မယ် ထင်မိကြောင်းပါခင်ဗျား။

  *****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment