Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၀.၅.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ငွေကြေးအတားအဆီးများကို ၂၀၁၃ နောက်ဆုံးထားဖယ်ရှားရန် မြန်မာစီစဉ်နေဟု IMF ပြော

(Bloomberg News မှ 8 May 2012 ရက်စွဲပါ IMF Says Myanmar Plans to remove kyat constraints by 2013 သတင်းကို ဘာသာပြန်ဆိုသည်)

  1. အရေးယူမှုများရုတ်သိမ်းမှုကြောင့် ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံကို မျက်စိကျ

(10 May 2012 Investors eye off Burma as sanctions lift ကိုဘာသာပြန်ပါသည်)

  1. သမ္မတက ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်း

(AFP သတင်းမှ 9 May 2012 ရက်စွဲပါ "Myanmar Leader reshuffles peace team" သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဆွစ်ဇာလန်က မြန်မာနိုင်ငံအပေါ် အရေးယူမှုများကို ရုပ်သိမ်း

(10 May 2012 ရက်စွဲပါ JOL News မှ Switzerland lifts Myanmar sanctions ကို ဘာသာပြန်ပါသည်)

**************************************

ငွေကြေးအတားအဆီးများကို ၂၀၁၃ နောက်ဆုံးထားဖယ်ရှားရန် မြန်မာစီစဉ်နေဟု IMF ပြော

(Bloomberg News မှ 8 May 2012 ရက်စွဲပါ IMF Says Myanmar Plans to remove kyat constraints by 2013 သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ၂၀၀၃ နှစ်မကုန်မီတွင် နိုင်ငံတကာ ငွေပေးငွေယူကိစ္စများအပေါ် တင်းကြပ်ထားမှုအားလုံးကို ဖယ်ရှားရန် စီစဉ်နေပြီဖြစ်၍ မြန်မာ နိုင်ငံတွင် ကုန်ရောင်းကုန်ဝယ်ပြုလုပ်မည့် ကုမ္ပဏီများအတွက် ပိုမို လွယ်ကူသွားစေလိမ့်မည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ပြေ ကြားသည်။

ယခင်လက ကျပ်ငွေကို နှုန်းရှင်မျှောရန် ဆုံးဖြတ်ချက်ချပြီးနောက်တွင် ငွေပေးငွေယူကိစ္စများအပေါ် ကန့်သတ်ချက်များကို ၂၀၁၂ နှစ်လယ် နောက်ဆုံး ထား ရုပ်သိမ်းရန် စီစဉ်ထားပြီး ထိုအတောအတွင်း ငွေလဲနှုန်း ပြင်ဆင်စုစည်းခြင်းလည်း အပြီးအစီးဆောင်ရွက်ရန် အစိုးရက မျှော်လင့်ထားသည်ဟု ဝါရှင်တန် IMF အဖွဲ့၏ အခန်း ၄ တိုင်ပင်ညှိနှိုင်းမှု အစီရင်ခံစာက ဆိုပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်၊ အရေးပါ၊ အခြေခံကျသော ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် လိုအပ်နေပြီ ၎င်းတို့က သင့်တင့်မျှတစွာ အရှိန်တင်သွားရမည်ဟု IMF က ပြောကြားသည်။

အာရှတိုက်၏ လူဦးရေ ၆၄ သန်းနေထိုင်သော ဖွံ့ဖြိုးမှုအနိမ့်ဆုံး မြန်မာနိုင်ငံတွင် မနှစ်က သမ္မတဦးသိန်းစိန် အာဏာရလာပြီးနောက် အကြီးမားဆုံး ငွေကြေးဈေးကွက်မူဝါဒပြောင်းလဲမှုအဖြစ် ငွေလဲနှုန်း ပေါင်းစုံစနစ်ကို ပြင်ဆင်စုစည်းရန် ကြိုးပမ်းခဲ့ရာတွင် ဧပြီ ၁ ရက်နေ့၌ ၃၅ နှစ်ကြာ ပုံသေငွေလဲနှုန်းစနစ်ကို ဗဟိုဘဏ်က ဖျက်သိမ်းလိုက်ပါသည်။ ယခုကဲ့သို့ ကျပ်ငွေနှုန်းရှင်မျှောခြင်းကြောင့် မှောင်ခိုဈေးကွက်၏ ခြေကုပ်ကို ယိုင်သွားစေ နိုင်သည်။ မနှစ်က ကျပ်ငွေတန်ဖိုး ရုတ်တရက် တက်သွားခြင်းကြောင့် ပို့ကုန်လုပ်ငန်းများကို ထိခိုက်နစ်နာစေခဲ့သည်။

ယခင်စနစ်ဟောင်းသည် လုပ်ငန်းကုန်ကျစရိတ်ကြီးမြင့်စေခြင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကို ယုတ်လျော့စေခြင်း၊ တရားမဝင် လုပ်ကိုင်မှုများကို အားပေးခြင်းနှင့် မလိုလားအပ်သော တန်ဖိုးတက်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်ဟု IMF က ပြောကြားသည်။

မြန်မာနိုင်ငံသည် ၂၀၁၃ နှစ်ကုန် သတ်မှတ်ရက်မတိုင်မီတွင် ငွေလဲလှယ်မှု တားမြစ်ချက်များဖယ်ရှားခြင်း၊ ငွေကြေးပုံစံအမျိုးမျိုးစနစ် (FECနှင့် ဒေါ်လာ) ကို ဖယ်ရှားခြင်းတို့အပါအဝင် ငွေလဲနှုန်းစနစ်ပြင်ဆင်မှု လုပ်ငန်းစဉ်ကို အပြီးသတ်နိုင်အောင် IMF အဖွဲ့၏ အကူအညီနှင့် ဆောင်ရွက်သွားရန် စီစဉ်ထားသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သန်မာတဲ့ ကြီးထွားမှု

တရုတ်၊ အိန္ဒိယတို့နှင့် နယ်နမိတ်ထိစပ်နေပြီး၊ အရှေ့တောင်အာရှ၌ အင်ဒိုနီးရှားပြီးလျှင် ဒုတိယအကျယ်ဝန်းဆုံး မြန်မာနိုင်ငံ၏ သယံဇာတများ တွင် ရာဘာ၊ ကျွန်းသစ်နှင့် သဘာဝဓာတ်ငွေ့အပြင် ရွှေ၊ ကြေးနီ၊ ကျောက်မျက်စသော ဘူမိ ရုပ်ကြွင်းများလည်း ပါဝင်သည်။ နိုင်ငံ၏ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှု GDP သည် ၂၀၁၁- ၂၀၁၂ ဘဏ္ဍနှစ်တွင် ၅.၅ ရာခိုင်နှုန်း တက်လာမည်ဖြစ်ပြီး ရှေ့နှစ်တွင် ၆ ရာခိုင်နှုန်း တက်လာလိမ့်မည်ဟု IMF က ခန့်မှန်းထားသည်။

တကယ်လို့ မြန်မာနိုင်ငံက ကြွယ်ဝတဲ့ သယံဇာတတွေ၊ ပျိုမြစ်တဲ့ လုပ်သားအင်အားစုတွေ၊ တရုတ်အိန္ဒိယလို စီးပွားရေးအမြန်ဆုံး ကြီးထွားနေတဲ့ နိုင်ငံတွေနဲ့ နီးကပ်နေမှုစတဲ့ အားသာချက်တွေကို ရယူနိုင်ဖို့အတွက် အရေးကြီးတဲ့ မလုပ်မဖြစ် ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်သွားမယ်ဆိုရင် သန်သန်မာမာ ကြီးထားလာတာကို မြင်ရနိုင်ပါတယ်”ဟု IMF ၏ မြန်မာမစ်ရှင်အကြီးအကဲ မီရယ်ကာလာဆူလူက အစီရင်ခံစာ၏ နောက်ဆက်တွဲ ထုတ်ပြန် ကြေညာချက်တွင် ပြောကြားသည်။

IMF နှင့် မြန်မာတာဝန်ရှိသူများ၏ ဆွေးနွေးမှုများကို ဇန်နဝါရီလက စတင်ခဲ့ပြီး အစီရင်ခံစာကို မတ်လတွင် ရေးသားခဲ့သည်။ ယခုလို နှစ်ပတ် လည် သုံးသပ်မှုကို လူသိရှင်ကြား ပြုလုပ်ရန် အစိုးရက သဘောတူခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဝါရှင်တန်အခြေစိုက် ကမ္ဘာငွေချေးအဖွဲ့က ဆိုပါသည်။

သမ္မတဦးသိန်းစိန်သည် အာဏာရပြီးနောက်ပိုင်း နိုင်းငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို စည်းရုံးကမ်းလှမ်းခြင်း၊ Sanctions များ ရုတ်သိမ်းသွားလျှင် အနောက်အုပ်စုကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပေါ်ထွက် လာစေရန်အတွက် တံခါးဖွင့်ပေးခြင်းတို့ အပါအဝင် အနောက်အုပ်စုနှင့် ပြန်လည်ဆက်ဆံမည့် အစီအစဉ်များကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကြီးကြီးမားမား မြန်မြန်ဆန်ဆန် ပြောင်းလဲနေခြင်းသည် တန်ဖိုးကြီးသော အမှားများကို ပြုလုပ်မိနိုင်သည်။ သို့သော် စီစဉ်ထား သော ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရန် အချိန်ယူရသည့်တိုင်အောင် အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို ဦးစားပေးရန် လိုအပ်သည်ဟု IMF စီးပွားရေးပညာရှင်များက ပြောကြားသည်။

“မူဝါဒရေးရာကဏ္ဍများစွာမှာ ကြီးစားပြီးမအောင်မြင်တဲ့ကိစ္စတွေ ကြီးကြီးမားမားဖြစ်ပေါ်နေတာဟာ သဘာဝမကျပါဘူး။ စွမ်းဆောင်ရည်ပိုင်းမှာ ကြီးကြီးမားမား အကန့်အသတ်ရှိနေတဲ့အတွက် အင်စတီကျူးရှင်းမျိုးစုံနဲ့ ညှိနှိုင်းလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်”ဟု ကာလာဆူလူက သုံးသပ် ပြောကြား သွား သည်။

******************************

အရေးယူမှုများရုတ်သိမ်းမှုကြောင့် ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံကို မျက်စိကျ

(10 May 2012 Investors eye off Burma as sanctions lift ကိုဘာသာပြန်ပါသည်)

အကယ်၍ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ပြီး အရေးယူမှုများကိုလည်း ဖြေလျော့ပေးမည်ဆိုပါက သယံဇာ တကြွယ်ဝသော မြန်မာနိုင်ငံသည် အာရှ၏ အသစ်ထွက်ပေါ်လာမည့် ကျားတစ်ကောင် ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုများ ရှိနေသည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီများသည် မြန်မာနိုင်ငံတွင် ပြန်လည်ဝင်ရောက် လုပ်ကိုင် နေကြပြီ ဖြစ်ပြီး၊ မြန်မာအစိုးရကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အများအပြား ဝင်လာရန် မျှော်လင့်လျက်ရှိသည်။

သြစတြေးလျနှင့် အမေရိကန်ပြည်ထောင်စုတို့က အရေးယူမှုများ ဖြေလျော့ပေးခဲ့ပြီ ဖြစ်ပြီး၊ ဥရောပသမဂ္ဂကလည်း လက်နက်ရောင်းဝယ်မှုမှအပ အခြား အရေးယူမှုများကို တစ်နှစ်ယာယီ ရုပ်သိမ်းပေးခဲ့သည်။

မြန်မာနိုင်ငံမှ သန်း (၆၀) သော ပြည်သူများအနေဖြင့် လက်ရှိ လုပ်ဆောင်နေသော လုပ်ဆောင်မှုများပေါ်မှ စီးပွားရေးအရ အကျိုးဖြစ်ထွန်းမှုများ ကို မြင်တွေ့နိုင်ရန် အချိန်ယူရဦးမည်ဖြစ်သည်။ သို့သော် မိမိအကျိုးစီးပွားကိုသာ ရှေးရှုသော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများသည် ပြည်သူများ၏ အကျိုး စီးပွားကို မေ့လျော့မည်ကို စိုးရိမ်ရသောကြောင့် စုပေါင်း၍ လူမှုရေးအရ တာဝန်ယူမှုများ ပြုလုပ်ရေးကို အလေးထားပြောကြားမှုများ ရှိနှင့်ပြီး ဖြစ်သည်။

"မြန်မာနိုင်ငံမှာ လုပ်သားအင်အား အများကြီး ရနိုင်ပါတယ်။ ပြည်သူတွေ အလုပ်မရှိပါဘူး။ ဆင်းရဲနေပါ တယ်"ဟု ဖွံ့ဖြိုးတိုးတက်ရေးအကြံပေး Daniel Gelfer က ပြောသည်။

"ကျွမ်းကျင်လုပ်သားရော အကြမ်းလုပ်သားရော များစွာ အလုပ်လိုအပ်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီဟာကွက်ကို ဖြည့်ပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"ဟု ၎င်းက ပြောသည်။

ယခင်က ကုန်သွယ်ရေးအရ ကန့်သတ်ထားမှုများကြောင့် ထိခိုက်နစ်နာခဲ့ရသော စက်မှုလုပ်ငန်းများသည် ပြန်လည် ရှင်သန်နိုင်ရန် ပြင်ဆင်နေ ကြပြီ ဖြစ်သည်။

ထိုအထဲတွင် အထည်ချုပ်လုပ်ငန်းများ ပါဝင်ပြီး၊ အရေးယူမှုများ မချမှတ်ခံရမီက လူသုံးသိန်းကျော်ကို အလုပ်ပေးထားနိုင်ခဲ့ပါသည်။ ယခုအချိန်အထိ အမေရိကန်သို့ ကုန်ပစ္စည်း တင်ပို့မှုကို ခွင့်မပြုပေးပေ။

"ကျွန်မတို့ လက်ရှိ စက်ရုံ (၁၅၀) လောက်မှာ လုပ်သားအင်အား တစ်သိန်းလောက်နဲ့ လည်ပတ်နေပါတယ်။ တစ်ချိန်မှာ လုပ်သားအင်အား သုံးသိန်းခွဲ လောက်ကနေ ခြောက်သောင်းအထိ လျော့ချခဲ့ရဘူးပါတယ်။ ကျွန်မတို့ အလုပ်အကိုင်နေရာတွေ ပေါ်လာအောင် ဖန်တီးနေပါတယ်"ဟု မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်းအဖွဲ့မှ ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

ရန်ကုန်မြို့၏ လမ်းများပေါ်တွင် မြင်နိုင်သော ပြောင်းလဲမှုများ ရှိနေသည်။ လမ်းများပေါ်တွင် ကားသစ်များ တွေ့လာရခြင်း၊ ဆိုင်များတွင် ကုန်ပစ္စည်း အသစ်များ တွေ့လာရခြင်းနှင့် ဆင်းရဲချမ်းသာ မြန်မာပြည်သူများကြားတွင် အံ့သြမှုများ တွေ့နေရခြင်းများ ဖြစ်သည်။

မြန်မာနိုင်ငံမှ ရေနံရှာဖွေရေးကုမ္ပဏီ လုပ်ကိုင်နေသူ ဦးမိုးမြင့်က ၎င်း၏နိုင်ငံတွင် ယခုကဲ့သို့သော ပြောင်းလဲမှုများ ရှိလာမည်ဟု လုံးဝ မမျှော်လင့်ခဲ့ ကြောင်း ပြောသည်။

မြန်မာနိုင်ငံသည် သြစတြေးလျနိုင်ငံ၏ ပြင်ပရင်းနှီးမြှုပ်နှံမှု ပုံစံကို များစွာ လေ့လာသင်ယူနိုင်ကြောင်း ၎င်းက ပြောသည်။

"ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့တာတွေကတော့ အံ့သြစရာပါပဲ။ ကျွန်တော် အသက် (၆၀) ရှိပါပြီ။ ကျွန်တော့်ဘဝမှာ ဒီလိုပြောင်းလဲမှု တွေ့ရ လိမ့် မယ်လို့ မမျှော်လင့်ခဲ့မိဘူး"ဟု ၎င်းက ပြောသည်။

"ကျွန်တော့်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဝင်လာတာ၊ အဆင့်မီကုမ္ပဏီကြီးတွေ ပိုပြီးဝင်လာတာ တွေ့မြင်လိုပါတယ်။ ဥပမာအားဖြင့် သြစတြေးလျ မှာဆို Woodside Petroleum ရှိတယ်၊ BHP ရှိတယ်။ ဒီလိုကုမ္ပဏီကြီးတွေ ဝင်လာတာ မြင်တွေ့လိုပါတယ်။ ဒီလိုကုမ္ပဏီကြီးတွေ ဝင်လာရင် တိုင်းပြည်ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာနဲ့ ပညာရေးဆိုင်ရာ အဆင့်အတန်းအပေါ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ လူလတ်တန်းစားတွေ ကြီးထွားလာဖို့လည်း အထောက်အကူ ပြုပါလိမ့်မယ်"ဟု ၎င်းက ပြောသည်။

******************************

သမ္မတက ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်း

(AFP သတင်းမှ 9 May 2012 ရက်စွဲပါ "Myanmar Leader reshuffles peace team"သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင်ပြောင်းလဲမှုများကို ဟန့်တား နှောင့်ယှက်နေသော သွေးစွန်းသော ပြည်တွင်းစစ်ကို အဆုံးသတ်ရန် နောက်ထပ်တွန်း အားပေးသည့်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို မြန်မာသမ္မတက ပထမဆုံးအကြိမ် ဦးဆောင်ကိုင် တွယ် စီမံ လျက်ရှိသည်ဟု သမ္မတရုံးကဆိုသည်။

နိုင်ငံမြောက်ဖျား ကချင်ပြည်နယ်မှ KIA တပ်များနှင့် ညှိနှိုင်းရာတွင် အတားအဆီးဖြစ်နေသည်ဟု ယူဆရသော ယခင် ကိုယ်စားလှယ်အဖွဲ့ဝင် များကို ဖယ်ရှား၍ ပြင်ဆင်ဖွဲ့စည်းရာတွင် အစိုးရငြိမ်းချမ်းရေး ညှိနှိုင်းမှုအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဦးသိန်းစိန်၏အမည် ပါဝင်လာသည်ဟု သိရှိရသည်။

သမ္မတရုံးမှ မေလ ၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်ပြီး AFP သတင်းဌာနသို့ ဗုဒ္ဓဟူးနေ့ကမှ ရောက်ရှိလာသော အမိန့်ညွှန်ကြားချက်တွင် "အစိုးရ ထိပ်ပိုင်းအဆင့် ညှိနှိုင်းရေးကော်မတီသည် တိုင်းရင်းသားလက်နက်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ဦးဆောင်ကဏ္ဍမှ ပါဝင်သွားမည်"ဟု ဖော်ပြ ထားသည်။

ဆက်လက် ပြုလုပ်သွားမည့် စေ့စပ်ညှိနှိုင်းမှုများတွင် မည်ကဲ့သို့ တိတိကျကျ ပါဝင်မည်ကို အတိအကျ မသိရသေးသော လက်ရှိသမ္မတ (ဗိုလ်ချုပ်ကြီး ဟောင်း) သည် ယခင်က တစ်ကြိမ်မှ အပစ်မရပ်ခဲ့သော ကရင်လွတ်မြောက်ရေး အစည်းအရုံး KNU အုပ်စုနှင့် ဧပြီလတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ သည်။

လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ တောင်တန်းဒေသများကို ဝါးမြိုထားခဲ့သော ပြည်တွင်းစစ်ကို ဦးစားပေးဖြေရှင်းရန် ကြိုးစားနေသော မြန်မာ အစိုးရသည် မကြာသေးမှီ လပိုင်းများအတွင်း လက်နက်ကိုင်အုပ်စုများစွာနှင့် အပစ်ရပ် သဘောတူညီမှုများ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

သို့သော်လည်း မနှစ်က ဇွန်လတွင် ၁၇ နှစ်ကြာ အပစ်ရပ်စဲမှု ကျိုးပျက်သွားခဲ့သော ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ သောကြောင့် ဒေသခံပြည်သူများ သောင်းနှင့်ချီ၍ နေအိမ်များ စွန့်ခွာ ထွက်ပြေးလျက် ရှိသည်။

ကချင် လက်နက်ကိုင် KIA အဖွဲ့က အစိုးရ ညှိနှိုင်းရေးတာဝန်ခံများကို ယုံကြည်မှုမရှိကြောင်း ထုတ်ဖော်ပြောကြားထားပြီး တရုတ်နယ်စပ်အနီး လိုင်ဇာ အခြေစိုက် KIO ဌာနချုပ်ကိုလည်း မြန်မာတပ်များက အကြီးစားထိုးစစ်ဆင်နွှဲရန် ပြင်ဆင်နေသည်ဟု စွပ်စွဲပြောဆိုထားသည်။

လတ်တလောတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီကို လွှတ်တော်တွင် လက်သင့်ခံပေးခြင်း အပါအဝင် အစိုးရသစ်၏ ပြုပြင်ပြောင်းလဲ မှုများကို အသိအမှတ်ပြု တုန့်ပြန်ရန် Sanctions များ စတင်ဖြေလျော့ ရုတ်သိမ်းပေးနေသော နိုင်ငံတကာအသိုင်းအဝိုင်း၏ အဓိကတောင်းဆိုမှုမှာ တိုက်ခိုက်မှုများ အဆုံး သတ်ရေးပင် ဖြစ်သည်။

ပြီးခဲ့သော ဇန်နဝါရီလတွင် ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းရန် ဦးသိန်းစိန် အစိုးရက တပ်မတော်ကို ညွှန်ကြားခဲ့သော်လည်း ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် သမ္မတသည် လက်နက်ကိုင်တပ်ဖွဲ့များအပေါ် အပြည့်အဝသြဇာညောင်းခြင်း မရှိဟူသော မှန်းဆချက်များ အကဲခတ် လေ့လာ သူများအကြား ထွက်ပေါ်လာစေခဲ့သည်။

မနှစ်က အရပ်ဖက် အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏နေရာကို ရရှိခဲ့သော တပ်မတော် အကြီးအကဲ ဗိုလ်ချုပ် ကြီး မင်းအောင်လှိုင်သည်လည်း ယခုအခါ ထိပ်တန်းအဆင့်မြင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွင် ပထမဦးဆုံးအကြိမ် ပါဝင်လာပြီဟု သိရှိရသည်။

******************************

ဆွစ်ဇာလန်က မြန်မာနိုင်ငံအပေါ် အရေးယူမှုများကို ရုပ်သိမ်း

(10 May 2012 ရက်စွဲပါ JOL News မှ Switzerland lifts Myanmar sanctions ကို ဘာသာပြန်ပါသည်)

ဆွစ်ဇာလန်နိုင်ငံသည် ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံအပေါ်အရေးယူမှုများ ဖြေလျော့ပေးခဲ့ရာ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံသော အားဖြင့် အရေးယူမှုများ ဖြေလျော့ပေးခဲ့သော နိုင်ငံများတွင် လောလောဆယ် နောက်ဆုံးနိုင်ငံတစ်ခု ဖြစ်လာပါသည်။

ဆွစ်ဇာလန်သည် လက်နက်ရောင်းဝယ်မှုနှင့် ဖိနှိပ်ရာတွင် အသုံးပြုနိုင်မည့် ပစ္စည်းများရောင်းဝယ်ခြင်းကို ကန့်သတ်ထားခြင်းမှအပ အရေးယူမှုများ အားလုံးကို ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း စီးပွားရေးရာအတွင်း ဝန်ချုပ်ရုံး(SECO)က ပြောကြားပါသည်။

“ဖက်ဒရယ်ကောင်စီ(အစိုးရ)သည် မကြာသေးမီလများအတွင်း မြန်မာနိုင်ငံတွင် အပေါင်းလက္ခဏာဆောင်သော တိုးတက်ဖွံ့ဖြိုးမှုများကို ကြိုဆိုပါ သည်။ ထို့ကြောင့် အဆိုပါ ပြုပြင်ပြောင်းလဲမှုကြိုးပမ်းမှုများကို အရေးယူမှုများ  တစိတ်တပိုင်း ရုတ်သိမ်းပေးခြင်းဖြင့် ထောက်ခံရန် ရည်ရွယ်ပါသည်”ဟု SECO က ကြေညာချက်ထဲတွင် ဖော်ပြထားပါသည်။

အဆိုပါဆုံးဖြတ်ချက်သည် ကြာသပတေးနေ့တွင် စတင် အသက်ဝင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေများ သိသာစွာ ပျက်ယွင်း လာသည်နှင့် အရေးယူမှုများ ပြန်လည်ချမှတ်လိမ့်မည်ဖြစ်ပါသည်။

ဝန်ကြီးများသည် ဧပြီလ(၁၈) ရက်နှင့် (၂၅) ရက်တွင် ကျင်းပသော အစည်းအဝေးများ၌ စီးပွားရေးရာ ဖက်ဒရယ်ဌာနသို့ မေးမြန်းခြင်းမရှိပဲ အရေးယူမှုများ ဖြေလျော့ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

ပြီးခဲ့သည့်လက ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် သမိုင်းဝင်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လက်နက်ရောင်းဝယ်မှုမှလွဲ၍ ကုန်သွယ် ရေး၊ စီးပွားရေးနှင့် လူတစ်ဦးချင်းအပေါ် ချမှတ်ထားသော အရေးယူမှုများကို တစ်နှစ် ရုတ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြပါသည်။

ကနေဒါနှင့် သြစတြေးလျတို့ကလည်း မကြာသေးမီကအရေးယူမှုများကို ဖြေလျော့ပေးခဲ့ကြပြီး၊ ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံက တင်ရှိနေသော ကြွေးမြီ ဒေါ်လာ ၃.၇ ဘီလီယံကို လျှော်ပစ်ခဲ့ပါသည်။

 *************************************************************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment