Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၆.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ခြိမ်းခြောက်ခံနေရသော ရိုဟင်ဂျာများထံရောက်ရှိခြင်း

(14 August 2012 ရက်စွဲပါ New York Times မှ Robert Mackey ရေးသားသော Visiting  Myanmar’s threatened Rohingyas ကိုဘာသာပြန်သည်)

  1. ကမ္ဘာ့သဘောထားကို နားထောင်ကာ ရိုဟင်ဂျာများကို မြန်မာနိုင်ငံလက်ခံလိမ့်မည်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်းယူဆ

(Bernama News မှ 15 August 2012 ရက်စွဲပါ“ Dr Mahathir optimistic Myanmar will listen to world opinions and accept Rohingya” သတင်းကို ဘာသာပြန်ဆိုသည်)

  1. တရုတ်-မြန်မာရဲများက လောက်ကိုင်မူးယစ်ဂိုဏ်းကို ဖမ်းဆီး

(China Daily မှ 16 August 2012 ရက်စွဲပါ“Chinese, Myanmar police bust drug gang” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ထိုင်းသတင်းထောက် နာမည်ပျက်စာရင်းကို ဦးသိန်းစိန် ပယ်ဖျက်ပေးမည်

(Bangkok Post မှ 16 August 2012 ရက်စွဲပါ“ Thein Sein foaxe blacklist ” သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

ခြိမ်းခြောက်ခံနေရသော ရိုဟင်ဂျာများထံရောက်ရှိခြင်း

(14 August 2012 ရက်စွဲပါ New York Times မှ Robert Mackey ရေးသားသော Visiting  Myanmar’s threatened Rohingyas ကိုဘာသာပြန်သည်)

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လေ့လာသူများနှင့် အကူအညီပေးရေးလုပ်သားများကို တရားဝင်တားဆီးထားသော်လည်း ဗြိတိန် နိုင်ငံ၏ Channel 4 News သည် အင်္ဂါနေ့က ထိုဒေသမှ ပေးပို့နိုင်ရန် စီမံနိုင်ခဲ့သည်။

ဗြိတိသျှသတင်းအဖွဲ့သည် စစ်တွေမြို့အပြင်ဖက်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်နေသော ရိုဟင်ဂျာစခန်းတွင် ရိုက်ကူးခဲ့ပြီး မွတ်ဆလင်များက ၎င်းတို့၏ အိမ် များ ကို မီးရှို့ခဲ့သည်ဟု မဖြစ်နိုင်သော စွပ်စွဲမှုများ ပြုလုပ်ခဲ့သော မြို့ထဲမှ ဗုဒ္ဓဘာသာဝင်များကိုလည်း တွေ့ဆုံမေးမြန်းခဲ့သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူ အညီပေးရေးအုပ်စုများသည် မွတ်ဆလင်များအပေါ်တွင် မျက်နှာသာပေး၍ ဘက်လိုက်ကြောင်း ဗုဒ္ဓဘာသာဝင်များက သတင်းထောက်များအား ပြောကြား ကြသည်။

မြန်မာနိုင်ငံက ၎င်းတွင်နေထိုင်လျက်ရှိသော ရိုဟင်ဂျာ ရှစ်သိန်းခန့်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်လျက်ရှိသည်။ ၎င်းတို့၏ဘိုး ဘွားများသည် ၁၉ရာစုဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးအစတွင် ထိုနေရာသို့ရောက်လာကြောင်း အငြင်းပွားနိုင်သော သီအိုရီကို လက်ခံ၍ ငြင်းဆိုခြင်းဖြစ်သည်။ ပြီးခဲ့သည့်လက အစိုးရသည် ၎င်းတို့အားလုံးကို နှင်ထုတ်ရန် အဆိုပြုခဲ့သည်။ ထို့ကြောင့် အချို့ရိုဟင်ဂျာများသည် ဘင်္ဂလားဒေရှ့်နယ်စပ်ကိုဖြတ်၍ ဒုက္ခ သည်အဖြစ် ထွက်ပြေးရန် ကြိုးစားမှုများကို ဖြစ်စေသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံ ဒက္ကားတက္ကသိုလ်မှ စီးပွားရေးပညာရှင် Moshahida Sultana Ritu ၏ အဆိုအရ ဒုက္ခသည်များများစွာ ဝင်ရောက်လာခြင်း ကြောင့် အချို့ဘင်္ဂလားဒေရှ့်လူမျိုးများကြားတွင် ရိုဟင်ဂျာဆန့်ကျင်ရေးစိတ်များ ပေါက်ဖွားလာမည်ကို စိုးရိမ်ရကြောင်း သိရှိရသည်။ အစပိုင်းတွင် ဘင်္ဂလားဒေရှ့်အစိုးရသည် ဒုက္ခသည်များကို အကူအညီမပေးဘဲ မူရင်းနေရာသို့ ပြန်သွားရန် မောင်းထုတ်ခဲ့သည်။

ထို့အပြင် Ms. Sultana Ritu က ပြောကြားခဲ့ရာတွင် မြန်မာအစိုးရသည် ၎င်း၏ လုံခြုံရေးတပ်ဖွဲ့များကို အသုံးပြု၍ အိမ်များကိုမီးရှို့ခြင်း၊ လူများစွာ သတ်ခြင်းများနှင့် ရိုဟင်ဂျာများကို ၎င်းတို့၏ ရွာများမှ ရွေ့ပြောင်းစေခြင်းများကို အဓမ္မပြုလုပ်ခဲ့ကြောင်း ပြောသည်။ ရိုဟင်ဂျာများကို တိုက်ခိုက်နေခြင်းသည် လူမျိုးရေးအရ ပြင်းထန်သော ဖြစ်ရပ်များမဟုတ်ဘဲ အစိုးရကနောက်ခံပြု၍ လုပ်ဆောင်နေသော လူမျိုးတုံးလုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါပါမောက္ခက ပြောကြားခဲ့သည်။

 --------------------------------------------------------------------------------------------------------------------------------

 ကမ္ဘာ့သဘောထားကို နားထောင်ကာ ရိုဟင်ဂျာများကို မြန်မာနိုင်ငံလက်ခံလိမ့်မည်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်းယူဆ

(Bernama News မှ 15 August 2012 ရက်စွဲပါ“ Dr Mahathir optimistic Myanmar will listen to world opinions and accept Rohingya” သတင်းကို ဘာသာပြန်ဆိုသည်)

ရိုဟင်ဂျာ မွတ်ဆလင်များအား နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့်အညီ လက်ခံရေးနှင့်ပတ်သက်သည့် အိမ်နီးချင်းနိုင်ငံများ၊ အခြားကမ္ဘာ့ နိုင်ငံများ၏ သဘောထားကို မြန်မာခေါင်းဆောင်များ နားထောင်ကြလိမ့်မည်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာက အကောင်းမြင်မှတ်ချက် ပေးသည်။

ယခုလက်ရှိခေါင်းဆောင်များသည် အရင်ကခေါင်းဆောင်ဟောင်းများနှင့် အယူအဆခြင်းကွဲပြားကြောင်းကို မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဒီမို ကရေစီဖြစ်စဉ်က ပြသနေသည်ဟု မဟာသီယာက ဆိုသည်။ သို့သော် ရိုဟင်ဂျာများကို လက်သင့်ခံရမည့်လုပ်ငန်းစဉ်သည် အချိန်ယူရဖွယ်ရှိသည်ဟု ၎င်း ကသုံးသပ်သည်။

“လက်ရှိ မြန်မာခေါင်းဆောင်တွေဆီမှာ ထူးခြားကွဲပြားတဲ့အတွေးအမြင်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အိမ်နီးခြင်းတွေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ သ ဘောထားကို သူတို့လုံးဝဂရုမစိုက်ဘဲ လစ်လျူရှုလိမ့်မယ်လို့ မထင်ပါဘူး။ အချိန်ယူရမယ်ဆိုပေမယ့်လည်း ရိုဟင်ဂျာတွေကို သူတို့လက်ခံပေးမှာပါ” ဟု ဝန် ကြီးချုပ်ဟောင်း မဟာသီယာက Perdama Leadership Foundation ရုံးခန်းတွင် သတင်းထောက်များအား ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

--------------------------------------------------------------------------------------------------------------------------------

တရုတ်-မြန်မာရဲများက လောက်ကိုင်မူးယစ်ဂိုဏ်းကို ဖမ်းဆီး

(China Daily မှ 16 August 2012 ရက်စွဲပါ“Chinese, Myanmar police bust drug gang” သတင်းကို ဘာသာပြန်ဆိုသည်)

တရုတ်နှင့်မြန်မာရဲများက နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးဂိုဏ်းကို ပူးပေါင်းနှိမ်နင်းကာ သံသယရှိသူ၁၁ဦးနှင့် မူးယစ်ဆေးဝါး ၆၀၀ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့သည်ဟု ဗုဒ္ဓဟူးနေ့ထုတ် သတင်းများက ဆိုသည်။

ယူနန်ပြည်နယ်မှ ရဲများနှင့်မြန်မာရဲများ ပူးပေါင်းကာ မြန်မာနိုင်ငံနယ်စပ် လောက်ကိုင်ဒေသမှ မူးယစ်ဆေးစက်ရုံတစ်ခုကို ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး၊ မီ သိုင်းအင်ဖက်တာမင်း ၃၄၇ကီလိုဂရမ်နှင့် ထရာမာဒေါ၁၂၀ကီလိုဂရမ်ကို သိမ်းဆည်းခဲ့သည်ဟု တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောကြားသည်။

မစ္စတာမူရောင်ဟောင်ဆိုသူ အမျိုးသားတစ်ဦးက မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချရန် မြန်မာနယ်စပ်၌ ဦးဆောင်လှုပ်ရှားနေသည်ဟူသော သ တင်းကို ယူနန်မူးယစ်ဆေးတပ်ဖွဲ့က မေလတွင် ရရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် နှစ်လကြာတွင် စုံးစမ်းမှုများ ပြုလုပ်ပြီးနောက် လောက်ကိုင်ရှိ မူးယစ်ဆေးဝါးထုတ်လုပ်သော စခန်းကို ဇူလိုင်၉ရက်တွင်  ဝင်ရောက်စီး နင်းကာ တရားခံ၁၀ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရှိရသည်။

တစ်ချိန်ထဲတွင် ယူနန်ပြည်နယ် လင်တန်မြို့နယ်တွင် တရုတ်ရဲများက မူရောင်ဟောင်ကို ဖမ်းဆီးခဲ့ကြသည်။ တရုတ်ပြည်မကြီးသည် ၂၀၁၂ခုနှစ် အတွင်း မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ထိုင်ဝမ်နိုင်ငံတို့မှ ရဲတပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု ဖြင့် မူးယစ်ဆေးဝါးဆက်စပ်မှုခင်း ၁၁ခုကို အ ရေးယူနှိမ်နင်းခဲ့သည်ဟု တရုတ်ဝန်ကြီးဌာနက ဆိုသည်။

 --------------------------------------------------------------------------------------------------------------------------------

ထိုင်းသတင်းထောက် နာမည်ပျက်စာရင်းကို ဦးသိန်းစိန် ပယ်ဖျက်ပေးမည်

(Bangkok Post မှ 16 August 2012 ရက်စွဲပါ“ Thein Sein foaxe blacklist ” သတင်းကို ဘာသာပြန်ဆိုသည်)

၂၀၀၃ခုနှစ်တွင် ပြုလုပ်ထားသော နာမည်ပျက် blacklist စာရင်းမှ ထိုင်းသတင်းထောက် ၁၅ဦး၏ အမည်များကို ပယ်ဖျက်ပေးမည်ဟု မြန်မာသမ္မ တ ဦးသိန်းစိန်က ကတိပေးလိုက်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဆူခွန်ပေါဆူဝန်နာတက်က မနေ့ကပြောကြားသည်။

၂၀၀၃ခုနှစ်က နာမည်ပျက်စာရင်းသွင်းထားသော ထိုင်းသတင်းထောက်၁၅ဦး၏ အမည်စာရင်းနှင့်ဓါတ်ပုံများကို ဌာနဆိုင်ရာ တာဝန်ရှိသူများထံမှ ရရှိသည်နှင့်တပြိုင်နက် မြန်မာသမ္မတက ပယ်ဖျက်မိန့်ပေးလိမ့်မည်ဟု ဆူခွန်ပေါက ဆိုသည်။

တရားဝန်နှစ်ရက်ကြာ ခရီးစဉ်ကို ယနေ့အဆုံးသတ်လိုက်သော ကာကွယ်ရေးဝန်ကြီး ဆူခွန်ပေါက၎င်းနှင့် လိုက်ပါလာသည့် သတင်းထောက်အုပ် စုအား “ယခုဆောင်ရွက်ချက်သည် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။

၎င်းက သမ္မတဦးသိန်းစိန်ထံ သွားရောက်တွေ့ဆုံခဲ့မှုနှုတ်ဆက်ရင်း ဆွေးနွေးခဲ့သော ကိစ္စများထဲတွင် သတင်းထောက် နာမည်ပျက် စာရင်းကိစ္စ အ ပြင် နယ်မြေပိုင်နက်ကျူးကျော်မှု၊ လက်နက်နှင့်မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု တို့ဖြင့် ဖမ်းဆီးခံထားရသော ထိုင်း(၉၂)ဦးတို့၏ကိစ္စလည်း ပါဝင်သည်ဟု သိရှိရသည်။

၂၀၀၂ခုနှစ် ထိုင်း-မြန်မာနယ်ခြားဆက်ဆံရေး ဆိုးဝါးသွားခဲ့စဉ် အချိန်ကာလတွင် ၎င်းထိုင်းသတင်းထောက် ၁၅ဦးက မြန်မာဆန့်ကျင်ရေး ဆောင်းပါးများ ရေးသားကာ မြန်မာအစိုးရကို သိက္ခာချပုတ်ခတ်ခဲ့သည်ဟု မြန်မာအာဏာပိုင်များက သတ်မှတ်ကာ နာမည်ပျက် စာရင်းသွင်း ထားခြင်းဖြစ် သည်။ ထိုစဉ်က ထိုင်းစစ်တပ်ကလည်း ရှမ်းပြည်နယ်ရှိ UWSAစစ်တပ်၏ ဘိန်းထုတ်လုပ်မှုနောက်ကွယ်တွင် မြန်မာအစိုးရရှိနေသည်ဟု စွပ်စွဲပြောကြားခဲ့ သည်။

ထိုအချိန်မှစ၍ နာမည်ပျက်စာရင်းဝင် ထိုင်းသတင်းထောက်များကို မြန်မာနိုင်ငံသို့ ခရီးသွားလာခွင့် ဗီဇာမပေးတော့ပါ။ အဆိုပါ သတင်းထောက် များအနက် အချို့မှာ Bangkok Post နှင့် Nation သတင်းဌာနများအတွက် အလုပ်လုပ်နေသူများ ဖြစ်သည်ဟုသိရှိရသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment