Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၇.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

ဟီလာရီကလင်တန်နှင့် တရုတ်ခေါင်းဆောင်တို့တွေ့ဆုံ

(BBC သတင်းဌာနမှ 5 September 2012 ရက်စွဲပါ Clinton meets China leaders amid South China Sea tension ကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

ဟီလာရီကလင်တန်နှင့် တရုတ်ခေါင်းဆောင်တို့တွေ့ဆုံ

(BBC သတင်းဌာနမှ 5 September 2012 ရက်စွဲပါ Clinton meets China leaders amid South China Sea tension ကိုဘာသာပြန်ဆိုသည်)

တောင်တရုတ် ပင်လယ်ပြင်အတွင်း ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုများကြောင့် တင်းမာမှုများ ဖြစ်ပေါ်နေစဉ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က တရုတ်နိုင်ငံသို့ သွားရောက်ပြီး သမ္မတဟူဂျင်တောင်နှင့် တွေ့ဆုံကြောင်း သိရသည်။

အမေရိကန်-တရုတ် ချစ်ကြည်ရင်းနှီးမှုမှာ ခိုင်မာမှုရှိသော အုတ်မြစ်ပေါ်တွင် အခြေခံကြောင်း သမ္မတ ဟူဂျင်တောင်နှင့် မတွေ့ဆုံမီ ဟီလာရီ ကလင်တန်က ပြောကြားသည်။

သို့သော် တရုတ်နိုင်ငံပိုင် မီဒီယာက တရုတ်ပြည်နှင့် အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံများအကြား ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွင် အမေရိကန် ပြည်ထောင်စု ဝင်ရောက်ပတ်သက်မှုကို ပြင်းထန်စွာ ဝေဖန်သည်။

"အမေရိကန် ပြည်ထောင်စုသည် တရုတ်နှင့် ဒေသတွင်း နိုင်ငံများအကြား စိတ်ဝမ်းကွဲပြားအောင် သွေးထိုးပေးပြီး မိမိအတွက် အကျိုးအမြတ်ဖြစ် ထွန်းအောင် ကြိုးပမ်းနေသည်" ဟု တရုတ်နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြခဲ့သော သုံးသပ်ချက် ဆောင်းပါးက ဆိုသည်။

ဟီလာရီ ကလင်တန်သည် တရုတ်နိုင်ငံသို့ စက်တင်ဘာလ ၄ရက်နေ့တွင် ရောက်ရှိခဲ့ပြီး သမ္မတ ဟူဂျင်တောင်နှင့် စက်တင်ဘာ ၅ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ၎င်းနှင့် တရုတ်ဒုတိယ သမ္မတ ဇီကျားပင်(နောင်သမ္မတ ဖြစ်လာမည်ဟု တစ်ပေးခံနေရသူ)တို့ တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း တိကျရှင်းလင်းမှု မရှိသော အကြောင်းအရင်းများကြောင့် အစီအစဉ် ဖျက်သိမ်းခဲ့ရသည်။

အမြတ်မရှိ

တရုတ်ပြည်သူ့ ခန်းမဆောင်ကြီးတွင် သမ္မတ ဟူဂျင်တောင်နှင့် တွေ့ဆုံရာ၌ ဟီလာရီ ကလင်တန်က နှစ်နိုင်ငံ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုမှာ ခိုင်မာမှု ရှိကြောင်း ပြောဆိုသည်။

"ကျွန်မတို့အနေနဲ့ သဘောတူညီမှုရှိတဲ့ နယ်ပယ်တွေနဲ့ သဘောတူညီမှု မရှိတဲ့ နယ်ပယ်တွေမှာ လွန်စွာပွင့်လင်းမှုရှိတဲ့ သဘောနဲ့ စူးစမ်းရှာဖွေ နိုင်ကြပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်စွမ်း ရှိတာကို ကြည့်မယ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ရင့်ကျက်မှုရှိပြီး ရှေ့အနာဂတ်မှာ ပိုမိုတိုးတက် ကောင်းမွန်အောင် လုပ်ဆောင်နိုင်မယ့် အခွင့်အရေးတွေ ရှိလာမယ်လို့ ထင်မြင်မိပါတယ်"ဟု ဟီလာရီ ကလင်တန်ကပြောသည်။

ဟီလာရီ ကလင်တန်သည် အင်ဒိုနီးရှားနိုင်ငံမှ တရုတ်ပြည်၊ ဘေဂျင်းမြို့တော်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ တရုတ်ခေါင်းဆောင်နှင့် တွေ့ဆုံ ဆွေးနွေးမှုများသည် တောင်တရုတ် ပင်လယ်ပြင်တွင်း တရုတ်နိုင်ငံနှင့် နယ်နိမိတ်အငြင်းပွားမှု၊ ယင်းအငြင်းပွားမှုများကိုဖြေရှင်းရာ၌ အာဆီယံ အဖွဲ့၏ အခန်းကဏ္ဍ အစရှိသည်တို့ကို အဓိက အလေးပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပိုင်နက်အငြင်းပွားသည့် ကိစ္စများတွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် မည်သည့်ဘက်မှ ရပ်တည်မှုမရှိကြောင်း ဟီလာရီ ကလင်တန်က အသိပေး ပြောဆိုပြီး အာဆီယံ နိုင်ငံများအနေဖြင့် အဆိုပါကိစ္စများကို အတူတကွ ပူးပေါင်းဖြေရှင်းရန် တိုက်တွန်းသည်။ တရုတ် နိုင်ငံခြားရေးဝန်ကြီး Yang Jiechiနှင့် အတူပူးတွဲပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဒေသတွင်းတင်းမာမှုများ လျော့ကျသွား စေရေးအတွက် တရုတ်နှင့် အာဆီယံ နိုင်ငံများ အကြား လုပ်ကိုင်ဆောင်ရွက်မှုဆိုင်ရာ စည်းမျည်းစည်းကမ်းများ ထုတ်ဖော်သင့်ကြောင်း ဟီလာရီ ကလင်တန်ကပြောသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးကမူ တောင်တရုတ် ပင်လယ်ပြင်တွင်း လွတ်လပ်မှုနှင့် ရေကြောင်းသွားလာရေး လုံခြုံမှုတို့ အခိုင်အမာ ရှိစေရေးအတွက် တရုတ်နိုင်ငံက အာမခံကြောင်း ပြောဆိုသည်။ သို့သော် တောင်တရုတ် ပင်လယ်ပြင်ကိစ္စတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ ရှင်းရှင်း လင်းလင်းနှင့် ပြတ်ပြတ်သားသားပင် ဖြစ်သည်ဟု ဆိုသည်။  

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment