Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၄.၉.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. တရုတ်ပြည်ရောက် အဖမ်းခံမြန်မာမူးယစ်ရာဇာက မဲခေါင်မြစ်လူသတ်မှုကို ၀န်ခံ

(BBC News မှ 22 Sept 2012 ရက်စွဲပါ “Burmese warlord admits murdering sailors in China” သတင်းကို ဘာသာပြန်ဆိုသည်။

  1. တရုတ်နိုင်ငံတွင် တိုယိုတာလုပ်ငန်းများပြန်စ

(24 September 2012ရက်စွဲပါ BBC News မှ China protests: Toyota resumes Chinese operations ကိုဘာသာပြန်ပါသည်)

************************************************************

ဘာသာပြန်သတင်းများ

တရုတ်ပြည်ရောက် အဖမ်းခံမြန်မာမူးယစ်ရာဇာက မဲခေါင်မြစ်လူသတ်မှုကို ၀န်ခံ

(BBC News မှ 22 Sept 2012 ရက်စွဲပါ “Burmese warlord admits murdering sailors in China” သတင်းကို ဘာသာပြန်ဆိုသည်)  

လူသတ်မှုတွင် ပက်သက်ကြောင်း သံသယရှိသူ မြန်မာနိုင်ငံသား ရှမ်းလူမျိုး မူးယစ်ရာဇာနှင့် အဖွဲ့ဝင် ၅ဦးက မဲခေါင်မြစ်အတွင်း တရုတ် သဘောင်္ သား ၁၃ဦးအား သတ်ဖြတ်မှုကို တရုတ်နိုင်ငံ၌ ရုံးတင်စစ်ဆေးရာတွင် ၀န်ခံလိုက်ပြီဟု တရုတ်အစိုးရ အာဘော်မီဒီယာက သတင်းထုတ်ပြန်သည်။

တရုတ်ကုန်သဘောင်္ နှစ်စင်းနှင့် သေဆုံးသူ တရုတ်သဘောင်္သား ၁၃ဦး၏ အလောင်းများကို မဲခေါင်မြစ် ထိုင်းနိုင်ငံ ဖက်ခြမ်းတွင် အောက်တိုဘာ လက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းလူသတ်မှုနှင့် ပတ်သက်၍ စွပ်စွဲခံရသော စိုင်းနော်ခမ်းသည် ထိုင်း၊ လာအို၊ မြန်မာ ၃နိုင်ငံ ထိစပ်ရာ ရွှေတြိဂံဒေသမှ အင်အားအကြီးဆုံး မူးယစ် ရာဇာတစ်ဦး ဖြစ်သည်ဟု ယုံကြည်ရသည်။

မူးယစ်ဆေးဝါး မှောင်ခိုမှုများကြောင့် လူသိများသော ယင်းဥပဒေမဲ့ ဒေသတွင် လှုပ်ရှားနေသော စိုင်းနော်ခမ်းသည် ဆယ်နှစ်ကျော်ခန့် ဖမ်းဆီးမရ နိုင်သူဟု သတ်မှတ်ခံရသူ ဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သော ဧပြီလကုန်တွင် စိုင်းနော်ခမ်းကို လာအိုနိုင်ငံဖက်တွင် ဖမ်းဆီးနိုင်ခဲ့ပြီး လူသတ်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ပြန်ပေး ဆွဲမှု များဖြင့် တရားစွဲဆိုရန် တရုတ်နိုင်ငံသို့ ပို့ပေးခဲ့ရသည်။ ကူးမင်းမြို့ တရားရုံးက ၄င်းတို့ခြောက်ဦးကို နောက်ရက်တွင် ပြစ်ဒဏ်ချမှတ်မည်ဟု သိရှိရသည်။

လာအို၊ ထိုင်း၊ မြန်မာ ၃နိုင်ငံမှ အာဏာပိုင်များကို တရုတ်နိုင်ငံက နော်ခမ်းကိစ္စနှင့် ပက်သက်၍ ဖိအားပေး ခဲ့သည်ဟု BBCသတင်းထောက် Jonathan Headက ဘန်ကောက်မှ သတင်းပေးပို့သည်။

သို့သော်လည်း ယခုအမှုကိစ္စနှင့် ပက်သက်၍ မရှင်းလင်းသေးသော အချက်များစွာ ကျန်နေသေးသည်ဟု သတင်းထောက်က ဆိုသည်။ အဆိုပါ လူသတ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် သံသယရှိသော ထိုင်းစစ်သား ၉ဦး၏ အမှုကိုလည်း ထိုင်းနိုင်ငံတွင် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။

စိုင်းနော်ခမ်းသည် တရုတ်သဘောင်္များကိုသာ တိုက်ခိုက်လုယက်နှောင့်ယှက်သူဖြစ်ပြီး ယခုကဲ့သို့ တရုတ်နိုင်ငံသို့ ခေါ်ဆောင်တရားစွဲဆို ခံရခြင်း အပေါ် ဒေသခံ လူထုက ကျေနပ်မှုမရှိကြဟု ရှမ်းသတင်းဌာနများက ရေးသားကြသည်။

--------------------------------------------------------------------------------------------------------------------------------

တရုတ်နိုင်ငံတွင် တိုယိုတာလုပ်ငန်းများပြန်စ

(24 September 2012ရက်စွဲပါ BBC News မှ China protests: Toyota resumes Chinese operations ကိုဘာသာပြန်ပါသည်)

နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ ဆန္ဒပြမှုများ အပြီးတွင် တရုတ်နိုင်ငံ၌ တိုယိုတာ မော်တော်သည် ၎င်း၏လုပ်ငန်းများ ပြန်လည်လုပ်ဆောင်နေပြီ ဖြစ်သည်။

ပြီးခဲ့သည့် အပတ်က ဂျပန်ကား ကုမ္ပဏီ အရောင်းပြခန်းများ တိုက်ခိုက်ခံရပြီး၊ အချို့ထုတ်လုပ်မှုများ ရပ်ဆိုင်းသွားခဲ့သည်။ အခြားဂျပန် စီးပွားရေး လုပ်ငန်း များသည်လည်း ပြီးခဲ့သည့် အပတ်အကုန် ဆန္ဒပြမှုများ အားပျော့သွားချိန်တွင် လုပ်ငန်းများ ပြန်လည်လုပ်ဆောင် လျက်ရှိသည်။

တရုတ်မြို့ကြီးများတွင် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများ လမ်းမပေါ်သို့ ထွက်လာခဲ့ကြသည်။  ဂျပန်နိုင်ငံ၏ အကြီးဆုံး ကားကုမ္ပဏီကြီးများ ဖြစ်သော တိုယိုတာ၊ နစ်ဆန်းနှင့် ဟွန်ဒါတို့တည်ရှိသော တရုတ်အရှေ့ပိုင်း ဆိပ်ကမ်းမြို့ Qingdaoမြို့တွင် ကိုယ်စားလှယ်များ အားလုံးတိုက်ခိုက်ခံရ ကြောင်း သတင်းများ ပေးပို့ခဲ့ကြပြီး စက်ရုံများတွင် ထုတ်လုပ်မှုများ ရပ်ဆိုင်းခဲ့သည်။

ဟွန်ဒါသည် သောကြာနေ့တွင် တရုတ်နိုင်ငံရှိ ထုတ်လုပ်မှုအချို့ကို ပြန်လည်လုပ်ဆောင်နေကြောင်း သတင်းများက ဆိုသည်။ အခြားထိခိုက် ခဲ့သော ဂျပန်ကုမ္ပဏီများမှာ လျှပ်စစ်ကုမ္ပဏီ ဖြစ်သော ဆိုနီ၊ Fast Retailing၏ လက်အောက်ခံ စတိုးဆိုင်ကြီးများ ဖြစ်သော Aeonနှင့် Uniqlo Apparelတို့ ဖြစ်ကြသည်။

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment